"စည်းကမ်းပြည့်ဝသောဒီမိုကရေစီ" ကို ဆန့်ကျင်သူ နဲ့ လိုလားသူ ထိပ်တိုက်တွေ့ခြင်း တူမောင်ညို (၂၀၁၃ ခုနှစ်၊ ဧပြီလ ၄ ရက်) ဒေါ်အောင်ဆန်းစုကြည်နှင့်ဗိုလ်မင်းအောင်လှိုင် ထိပ်တိုက်တွေ့ကြပြီဟုပြောလျှင်ရမည်ထင်သည်။ ယခုထိပ်တိုက်တွေ့မှုသည် အပေါ်ယံသဘောထိပ်တိုက်တွေ့ကြခြင်းမဟုတ်။ အခြေခံ အယူအဆချင်း ထိပ်တိုက်တွေ့ကြသည့် သဘောဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က "စစ်အစိုးရအဆက်ဆက် ထောက်ခံကာကွယ်ပြောကြားခဲ့သော စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ ဆိုသည်ကို တစ်လျှောက်လုံး ဆန်ကျင့်ခဲ့တယ်/ နောင်လည်းအမြဲတန်းဆန့်ကျင်သွားမှာဖြစ်တယ်"  လို့ ပြောခဲ့ဖူးသည်။ မတ်လ ၂၇ ရက်နေ့၊  ၆၈နှစ်မြောက် "တပ်မတော်နေ့" မိန့်ခွန်းတွင် ဗိုလ်မင်းအောင်လှိုင်က "တို့တပ်မတော် အနေနဲ့ စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်းရေးကို လိုလားတယ်" လို့ ပြောခဲ့သည်။ သို့အတွက် "စည်းကမ်းပြည့်ဝသောဒီမိုကရေစီ" ကို ဆန့်ကျင်သူနဲ့ လိုလားသူတို့ ထိပ်တိုက်တွေ့ကြရပြီ။ ဗိုလ်မင်းအောင်လှိုင်၏ "စည်းကမ်းပြည့်ဝသောဒီမိုကရေစီကိုလိုလားတယ်" [...]

Read more of this post