ဆူပူလှုံဆော်သူများအဖြစ် သံဃာတော်များကို စွပ်စွဲခြင်း၊ ထိန်းသိမ်းခြင်းများ မပြုရန် တိုက်တွန်း မိုးမခအထောက်တော် ၀၀၃၊ ဧပြီ ၅၊ ၂၀၁၃ မတ်လ ၂၀ ရက်နေ့က မိတ္ထိလာမြို့တွင် အရောင်းအ၀ယ်အချင်းများရာက စတင်ပြီး ဘာသာရေးအသွင် ဆောင်သော အဓိကရုဏ်းဖြစ်ပွားပြီး မြိုံနယ်များအနှံ့ လူစုလူဝေးများဖြင့် ဆူပူမှုများ၊ ဖျက်ဆီးမှုများ ပြန့်နှံ့ခဲ့ရာတွင် အဆိုပါ ဆူပူလှုံဆော် အကြမ်းဖက်သူများကို ဖော်ထုတ်အရေးယူရန် ပြည်တွင်း ပြည်ပမှ ပြည်သူများနှင့် အဖွဲ့အစည်းများက  လက်ရှိအာဏာပိုင်အစိုးရကို တောင်းဆိုလျက်ရှိသည်။ အစိုးရကလည်း ဆူပူလှုံဆော်အကြမ်းဖက်သူများကို ဖော်ထုတ် ဖမ်းဆီး စစ်ဆေးနေကြောင်း ထုတ်ပြန်လျက်ရှိသော်လည်း အတိအကျ ဖော်ပြခြင်း မရှိသေးပေ။ ထိုဖြစ်စဉ်များအတွင်း ကျောင်းသားခေါင်းဆောင် ကိုရဲမင်းဦးကို အစိုးရလုံခြုံရေးအဖွဲ့က မတ်လ ၂၅ တွင် ရန်ကုန်မြို့တွင် အကြောင်းတစုံတရာ မပြဘဲ ဖမ်းဆီးထိန်းသိမ်းထားကြောင်း [...]

Read more of this post