ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်) ဧပြီ ၂၂၊ ၂၀၁၃ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌဖြစ်သူ ဦးကျော်သူသည် မြန်မာပြည်အထက်ပိုင်းမြို့နယ်များရှိ လူမှုရေးအဖွဲ့အစည်းများ၏ ဖိတ်ကြားချက်အရ အယူသီးမှုတိုက်ဖျက်ရေး ခရီးစဉ်များအား သွားရောက် ဟောပြောပေးခဲ့ရသည်။ ယခုဆိုလျှင် မြန်မာပြည်အထက်ပိုင်းရှိ မြို့အတော်များများ၌ ဟောပြောပွဲများ ဟောပြောပြုလုပ်ပေးနိုင်ခဲ့ပြီဖြစ်သည်။ အဆိုပါခရီးစဉ်အတွင်း ပြင်ဦးလွင်မြို့တွင် အယူသီးမှု တိုက်ဖျက်ရေး ဟောပြောပွဲအား ပြုလုပ်နေသည့်အချိန်တွင် ပြင်ဦးလွင်မြို့ရှိ သွေးအလှူရှင်အသင်းမှ ဒေါ်ယုဇနသည်  ဥက္ကဌဦးကျော်သူနှင့်တွေ့ဆုံကာ ၄င်း၏ လက်ကိုင်ဖုန်းဖြင့်ရိုက်ထားသော မျက်နှာတစ်ခုလုံးတွင် အသားပိုများ ပါးစပ်အပါအဝင် ဖုံးအုပ်လျှက် အစာမစားနိုင်သည့် အခြေအနေတွင် ရောဂါဝေဒနာခံစားနေရသော ဦးပနီခေါ် ဦးအုန်းလှိုင်၏ ဓါတ်ပုံအား ပြသကာ အကူအညီ တောင်းခံလာခဲ့သည်။ အဆိုပါလူနာအား မဖြစ်မနေအရေးပေါ် ခွဲစိတ်မှုခံယူနိုင်ရန်အတွက် ငွေကျပ်(၁၀)သိန်းကျော် ကုန်ကျမည်ဖြစ်၍ နာရေးကူညီမှုအသင်း(ရန်ကုန်)အနေဖြင့် ကူညီမှုပေးနိုင်ရန် အကူအညီတောင်းခံခဲ့သည်။ [...]

Read more of this post