တည့်မတ်တိမ်းညွတ် ... ကွေ့ချော်ဖြောင့်တန်း ...ပွားနေရတဲ့ ဗြဟ္မစိုရ်များ ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)၊ ဧပြီ ၂၂၊ ၂၀၁၃ သတင်းစာဆရာကြီး ဦးဝင်းတင်ရဲ့ စာတွေထဲက စကားလုံးတွဲလေးများမှာ "အတွေးအမြင်" သစ်ကိုရစေတဲ့ "အတွေးအမျှင်"စကလေးတွေ ပါနေတတ်စမြဲဖြစ်လို့ အမရပူရမြို့၊ တူမောင်းတိုက်မှာ စာသင် သားဘဝနဲ့နေကတည်းက ဟံသာဝတီခေါင်းကြီးပိုင်းတွေကို အလေးထားဖတ်ရှု၊ ဖြတ်သိမ်းလုပ်ခဲ့ရဖူးတယ်။ အဲဒီတုန်းက "ကဗျာရူး စာရူးများ"လို့ ထောပနာပြုခြင်းခံရတဲ့ မိမိတို့ စာဖတ်သမားအုပ်စုအတွင်းမှာ "ပြောမှား ကြားလွဲ"မဖြစ်ပါစေနဲ့တို့၊ "တံခါးမကြီး ဖွင့်သူကဖွင့်၊  ပြတင်းပေါက်တွေ ပိတ်သူကပိတ်"မလုပ်ပါနဲ့တို့၊ "မှေးလိုက် မှိန်းတုတ် ပင်းခုတ်ပေါင်းစား"လုပ်နေကြတာလားတို့ "သိပ်အပြောသန်မနေနဲ့ ပြည်သူ့ကြေးမုံပြင်မှာ ဘယ်လို ပုံရိပ်တွေ ထင်နေတယ်ဆိုတာလည်း ကြည့်ကြပါဦး" တို့စတဲ့ စကားလုံး တွဲတွေ အလွန် ခေတ်စားခဲ့တာပေါ့။             ဆရာကြီးရဲ့ စကားလုံးတွဲလေးတွေထဲက အတွေးအမျှင်စကလေးတွေကို ဆွဲဆန့်ရင်း [...]

Read more of this post