မြန်မာ့ဇာတ်သဘင်မိခင်ကြီး မြခြေကျင်း မငွေမြိုင် သန်းဝင်းလှိုင် ဧပြီ ၂၀၊ ၂၀၁၃ မငွေမြိုင် တောက်စားခဲ့စဉ်က မြန်မာဇာတ်ပွဲတွင် ဇာတ်သမ အမျိုးသမီးပညာသည်ကို ဇာတ်မင်းသမီးဟု ခေါ်ဝေါ်ကြသည်။ ဇာတ်မင်းသမီးလုပ်သူသည် အမျိုးသမီးပိုင်းဆိုင်ရာ ကကြိုးကကွက်များကို နိုင်နင်းစွာ တတ်ကျွမ်းရလေသည်။ ထို့အပြင် မင်းသမီးကောင်းတလက်ဖြစ်လိုလျှင် "ပိုး၊ မွေး၊ ခေါ်။ မျှော်၊ အောင်၊ ဇော်၊ လု၊ ဘ၊ ရူး၊ အ၊ သေ၊ ပစ်" ဟူသော မင်းသမီးတို့တတ်အပ်သော ဇာတ်သဘင်ပညာ ၁၂ ရပ်ကိုလည်း ကျွမ်းကျင်စွာ တတ်ကျွမ်းရသည်ဟု နာမည်ကျော်ကြားရုပ်သေးမင်းသမီးကြီးဆရာပုက ဆိုသည်။ ဤနေရာ၌ ဇာတ်သဘင်ပညာ ၁၂ ရပ်ဆိုသည်မှာ - (၁)  ပိုး -ဟူရာ၌ မင်းသမီးပင်ဖြစ်လင့်ကစား အချို့ဇာတ်များတွင် "ကိန်းက ဇောက်ထိုးတယ်မှရှင်မိန်းမနောက်ပိုး" လုပ်ရတတ် [...]

Read more of this post