နဖူးမှချွေး ခြေမကျသည့် ကုသိုလ်ထူး ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်) ဧပြီ ၂၀၊ ၂၀၁၃    ၂ဝ၁၃ ခုနှစ် မဟာသင်္ကြန်အတက်နေ့တွင် အများပြည်သူအပေါင်းတို့ အတာရေ ပတ်ဖျန်းပျော်မြူး နေကြချိန်တွင်  နာရေးကူညီမှုအသင်း(ရန်ကုန်)၏ "ပေးဆပ်သူများ" သံချပ်အဖွဲ့သည်လည်း အများပြည်သူ တို့အား "နဖူးမှချွေး ခြေမကျသည်" အထိ ပြည်သူတို့၏ ရင်းတွင်းမှခံစားချက်များအား သံချပ်အဖြစ်နှင့် ရင်ဖွင့်နေကြလေသည်။ ထိုအချိန်တွင် ပြည်မြို့နှင့် အနီးတဝိုက်ကျေးရွာအချို့တွင မည်သူမှမျှော်လင့် မထားသည့် လေဆင်နှာမောင်း (ခေါ်) လေပြင်းတစ်ခုသည် နေ့လည် (၂းဝဝ) နာရီအချိန်ခန့်က တိုက်ခတ် သွားခဲ့လေသည်။ ထိုလေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် (ဖိုးခေါင်၊ လက်ခုပ်ပင်၊ ဇီးဖြူကုန်း၊ သစ်ချေ တင်၊ နဝင်းမာလကာကုန်း) အစရှိသည့် ကျေးရွာများတွင် နေအိမ်များ၊ စာသင်ကျောင်းများ၊ [...]

Read more of this post