ဘော်စတွန်ဗုံးခွဲသူအဖြစ် စွပ်စွဲခံထားရသည့် ၁၉ နှစ် လူငယ်ကို အရှင်ဖမ်းဆီးရမိပြီ မိုးမခသတင်းကောက်နုတ်ချက်၊ ဧပြီ ၂၀၊ ၂၀၁၃ ဧပြီ ၁၉ ၊ ညနေ ၇ နာရီခန့်မှာ ထွက်ပြေးလွတ်မြောက်နေသူ ဘော်စတွန်ဗုံးခွဲတရားခံအဖြစ် အစွပ်စွဲခံရသူ Dzhokhar A. Tsarnaev ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့ပါတယ်။ တရားခံအဖြစ်စွပ်စွဲခံရသူကို ၎င်းပုန်းအောင်းနေတဲ့ မော်တော်ဘုတ်အတွင်းမှာ ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။ အဆိုပါ ၁၉  နှစ်အရွယ် လူငယ် သေနတ် ဒဏ်ရာပြင်းထန်စွာ ရရှိထားပြီး အနီးဆုံးဆေးရုံကို တင်ပို့ထားတယ်လို့ သိရပါတယ်။ (နောက်ဆုံး တရားခံဖြစ်သူ ညီအငယ်) ဧပြီလ ၁၈ ရက်နေ့ ညနေခင်းကတည်းက အဆိုပါ တရားခံ ၂ ဦးကို ရဲတပ်ဖွဲ့ဝင်များကို ပိတ်ဆို့ဖမ်းဆီးရာမှာ ညီအကို ၂ [...]

Read more of this post