ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်) ဧပြီ ၂၀၊ ၂၀၁၃   နာရေးကူညီမှုအသင်း(ရန်ကုန်)၏ နေ့စဉ်နှင့်အမျှ ကူညီဖေးမမှုများအား အစဉ်အမြဲ မုဒိတာပွားကာ အားပေး ကူညီလှူဒါန်းခဲ့ကြသော ရပ်ဝေးရပ်နီးမှ မိဘပြည်သူ အလှူရှင်အပေါင်းတို့အား နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နှစ်သစ်ဦး အချိန်အခါကာလတွင် ရွှင်လန်းချမ်းမြေ့ကြပါစေဟု ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။ ထိုဆုတောင်း မေတ္တာနှင့်အတူပင် ကျွန်တော်တို့၏ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ပွင့်ခဲ့ပြီးကုန်သော ဘုရားရှင်တို့၏ ဂုဏ်ကျေးဇူးတော်၊ မိဘပြည်သူ အလှူရှင်အပေါင်းတို့၏ လှူဒါန်းမှု သဒ္ဒါတရားအား အမှူးထား၍ မကျွတ်မလွတ်ကြကုန်သော အပါယ်လေးပါး သတ္တဝါတို့အား ရည်စူးကာ နှစ်သစ်ဦးကောင်းမှုအဖြစ် အနယ်နယ် အရပ်ရပ်မှ ကြွရောက် သီတင်းသုံးတော်မူကြကုန်သော (ရန်ကြီးအောင် ဆင်းတုတော်၊ စကျင်အောင်တော်မူ ဆင်း တုတော်၊ ရှေးဟောင်းရှမ်းဘုရား၊ ကျောက်စိမ်းနက် ဆင်းတုတော်၊ အလိုတော်ပြည့်ယွန်းဆင်းတုတော်၊ မဟာမြတ် [...]

Read more of this post