မောင်လူရေး ဧပြီ ၃၊ ၂၀၁၃ မေတ္တာဟာ သိပ်အရေးကြီးပါတယ်။ အားလုံးကောင်းချီးဖို့၊ ပေါင်းစည်းဖို့ဆိုတာ ချစ်ခြင်းကဘဲ လာတာပါ။ မကောင်းတာတွေ၊ ပြိုကွဲတာတွေဟာ အချစ်မဲ့ရာကလာတာပေါ့။   တကယ်တော့ မေတ္တာထားဖို့ဆိုတာ အကျင့်သိက္ခာမရှိလို့မရပါဘူး။ အကျင့်သိက္ခာမရှိရင် ကြီးနိုင်ငယ်ညှင်းတွေ ဖြစ်လာတာပေါ့။ ဒါဆိုရင် ဘယ်လိုလုပ်ငြိမ်းချမ်းတဲ့တိုင်းပြည်ကြီးဖြစ်လာနိုင်မှာလဲ။   "ကျွန်တော်တို့ အဓိကလိုအပ်ချက်ကတော့ တိုင်းပြည်တည်ငြိမ်းအေးချမ်းရေးပဲဖြစ်ပါတယ်။ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုမရှိဘဲ ဆူဆူပူပူဖြစ်နေရင်တော့ ကျွန်တော်တို့တိုင်းပြည်အတွက် အခွင့်အလမ်းတွေ ဆုံးရှုံးသွားမှာဖြစ်ပါတယ်။ တိုင်းပြည်တည်ငြိမ်အေးချမ်း မှုရှိအောင် ၀ိုင်းဝန်းဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်" လို့ သမတကြီးကတော့ မတ်လ ၃၁ ရက်နေ့ညက ပြောသွားတာဘဲ။   တကယ်တော့ လက်ပံတောင်းတောင်စီမံကိန်းဆက်လုပ်ဖို့ပြောတာဟာ ကြီးနိုင်ငယ်ညှင်းပါ၊ ဒါဆိုရင်တော့ အကျင့်သိက္ခာမဲ့မှုပေါ့၊ ဒါဆိုရင်တော့ ပြည်သူတွေအပေါ်ထားတဲ့မေတ္တာတရားကို မေးခွန်းထုတ်ရတော့မယ်လေ။   စီမံကိန်းဟာ သမတကြီးမိန့်ခွန်းနဲ့တော့ ပြောင်းပြန်ဘဲ။ သမတကဘဲညာတာလား၊ [...]

Read more of this post