၈၈ မျိုးဆက် ကိုမင်းကိုနိုင် နှင့် (ကို)ကိုကိုကြီး အမေရိကန်သို့ မေလလယ်တွင် လာရောက်မည် မိုးမခအထောက်တော် ၀၀၂၊ ဧပြီ ၁၈၊ ၂၀၁၃           မြန်မာပြည်၏ ကျောင်းသား၊ လူငယ်၊ ပြည်သူလှုပ်ရှားမှု ဦးဆောင်အဖွဲ့အစည်းတခုဖြစ်တဲ့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ရဲ့ ခေါင်းဆောင် ၂ ဦးဖြစ်တဲ့ (ကို)မင်းကိုနိုင် နှင့် (ကို) ကိုကိုကြီးတို့ရဲ့ မေလ ပြည်ပခရီးစဉ်အစီအစဉ်မှာ အမေရိကန်ပြည်သို့လည်း လာရောက်လည်ပတ်မှာ ဖြစ်ပါတယ်။ မေလ ၁၈ ရက်  တောင်ကိုရီးယားမှာ လူ့အခွင့်အရေးဆုတခုဖြစ်တဲ့ ဂွမ်ဂျုးဆုကို ကိုဂျင်မီနဲ့ ကိုမင်းကိုနိုင်တို့က သွားရောက် လက်ခံကြမှာ ဖြစ်ပါတယ်။ ၎င်းနောက်မှာ ကိုမင်းကိုနိုင်နဲ့ (ကို)ကိုကိုကြီးတို့က တောင်ကိုရီးယားကနေ အမေရိကန်ပြည်ထောင်စုကို ထွက်ခွာလာကြမှာ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီ အခြေစိုက် NED အဖွဲ့ကြီးက [...]

Read more of this post