နတ်စည် ဧပြီ ၂၉၊ ၂၀၁၃ "စိတ်ကိုမြင်လို့ရလား ဘုန်းဘုန်း" "ဟေ" မျက်မှောင်ကုတ်စရာမလို၊ စဉ်းစားဖွယ်မရှိ၊ အဖြေကို "မရဘူးကွ"လို့ ဒက်ကနဲ ပေးလိုက်နိုင်သား၊ သို့သော် .. အဲဒီ သူကောင်းသား မျိုးကောင်း ရိုးကောင်း (အဲ ... ကျုပ်ညီက မွေးတဲ့သူမို့) လေးက တခြားသူတွေလို ရတဲ့အဖြေကိုယူပြီး လှည့်သွားမည့်သူ မဟုတ်၊ (What) "ဝှတ်တွေ" (Why) "ဝှိုင်းတွေ" (How) "ဟောင်းတွေ" ဆင့်လာတော့မှာ .. အဲဒါကြောင့် သူ့မေးခွန်းကို ဖြေဖို့ မျက်မှောင် ကုတ်ရ၊ စဉ်းလည်းစဉ်းစားရ၊ ဒက်ကနဲလည်း မဖြေနိုင်၊ ကိစ္စတော့ မရှိပါဘူးလေ၊ ဒီသူငယ်တွေ သူငယ်မတွေ ဒီလိုမေးတတ်၊ မြန်းတတ်၊ စောဒကတက်တတ်အောင် မနည်းကြီးပျိုးထောင်ခဲ့ရ တာကလား၊ အဲ .. [...]

Read more of this post