ချင်းအမျိုးသားနေ့ဆိုင်ရာ ဖော်ပြချက် အမှားများ အမ်း(မ်)လောင်ရွှီ၊ ဧပြီ ၃၊ ၂၀၁၃ ချင်းအမျိုးသားနေ့နှင့် ပတ်သက်၍ စာမူတပုဒ် ရေးသားတင်ပြခွင့်ရခဲ့သည်။ လိုရင်းကို အချုပ်ဆိုရသော် ချင်းအမျိုးသားနေ့ကျင်းပခွင့်ကို အများပြည်သူတို့ အေးအေးချမ်းချမ်း တင်ပြခွင့်တောင်းခဲ့စဉ်က ခွင့်ပြုသင့်ပါလျက် CNF လို လက်နက်ကိုင်အဖွဲ့အစည်းက တင်ပြခွင့်တောင်းပါမှ ခွင့်ပြုခဲ့ခြင်းသည် လက်နက်ကိုင်၍ စကားပြောမှ အဆင်ပြေနိုင်သည်ဟု ထင်မှတ်မှားနိုင်သဖြင့် စိုးရိမ်မိကြောင်း ဆိုလို၏။ ချင်းအမျိုးသားနေ့နှင့် ပတ်သက်၍ ပြည်တွင်းထုတ်ဂျာနယ်များတွင်၎င်း၊ အင်တာနက်ဝက်ဆိုက်များတွင်၎င်း၊ သတင်းပုံစံဖြင့် ဖြစ်စေ၊ အင်တာဗျူးပုံစံဖြင့်ဖြစ်စေ ရေးသားဖော်ပြချက်များ ဖတ်ရှုရသည်။ မသိမသာ လွဲချော်မှုများ၊ မှားယွင်းမှုများ တွေ့ရှိရသဖြင့် သိမြင်မှတ်သားမိသမျှ ထောက်ပြဆွေးနွေးလိုပါ၏။ အချို့က ချင်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံနှင့် ပတ်သက်၍ ချင်းအမျိုးသားနေ့သည် ချင်းစော်ဘွားများ၏ မြေရှင်ပဒေသရာဇ်အုပ်ချုပ်ရေးကို ဖြုတ်ချခဲ့သော နေ့မှ ပေါက်ဖွားလာခဲ့ကြောင်း ပြောဆိုရေးသား [...]

Read more of this post