သန်းဝင်းလှိုင် ဧပြီ ၈၊ ၂၀၁၃ လွန်ခဲ့သော နှစ်ပေါင်း ၂၃၀၀ ကျော် ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၃၀၀ ခန့်က အိန္ဒိယနိုင်ငံတွင် စိုးစံခဲ့သော မောရိယမင်းဆက်၏ ပထမမြောက်မင်းဖြစ်သည့် အသောကဘုရင့် ဘိုးတော် စန္ဒဂုတ်မင်းအတွက် ရည်ရွယ်လျက် စာဏကျ ခေါ် ကောဋိလျအမတ်ကြီးသည် "အတ္တသျှတ္တရ" အမည်ရှိ ကျမ်းတစ်စောင်ကို ရေးသားပြုစုခဲ့သည်။ ယင်းကျမ်းသည် ကမ္ဘာ့နိုင်ငံရေးပညာသမိုင်း၌ အိန္ဒိယနိုင်ငံ၏ ရှေးအကျဆုံး နိုင်ငံရေးပညာကျမ်းတစ်ခုအဖြစ် ကျော်ကြားနေလေသည်။   အဆိုပါကျမ်းကို "စာဏကျနီတိ" ဟုလည်း ခေါ်ကြသည်။ နီတိဆိုသော စကားမှာ "လမ်းညွှန်" အနက်ဟောသည် အကျိုးစီးပွားကို ဆောင်သည်ဟူ၍လည်း ဆိုနိုင်သည်။ "လောက ဿဟိတံနေ တီတိနီတိ" ဆိုသည့်အတိုင်း "လောကဿ၊ လောကကြီး၏ (၀ါ) လူအများ၏ ဟိတံအကျိုးစီးပွားကို နေတိ [...]

Read more of this post