သန်းဝင်းလှိုင် ဧပြီ ၂၅၊ ၂၀၁၃ လွတ်လပ်ရေးတိုက်ပွဲဝင်အမျိုးသားစိတ်၊ မျိုးချစ်စိတ်ကို တပ်လှန့်နှိုးဆော်ခဲ့သည့် `တို့ဗမာသီချင်း´ ကို ရေးစပ်သီကုံးခဲ့သော အမျိုးသားဂီတစာဆို ၀ိုင်အမ်ဘီဆရာတင်ကို မန္တလေးမြို့ ရွှေဘုန်းရှိန် (မင်းသားစု) ရပ်၌ ၁၈၉၄ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ မိဘများမှာ သီပေါမင်းလက်ထက် သွေးသောက်တော်ကြီးဟောင်း ဦးရန်အောင်နှင့် ဒေါ်သိန်းတို့ ဖြစ်သည်။ မွေးချင်းသုံးဦး အနက် ဒုတိယသားဖြစ်သည်။ မောင်တင်၏ အစ်မကြီးမှာ မမိဖြစ်ပြီး ညီမမှာ မငါ့မ ဖြစ်သည်။   မောင်တင် အသက် ၆ နှစ်သားအရွယ်တွင် ဗုဒ္ဓသာသနာ့နုဂ္ဂဟ (B.T.N) ကျောင်း၌ ပညာသင်ယူခဲ့သည်။ ထိုစဉ်က ကျောင်းအုပ်ကြီး မှာ ဦးထွန်းရှိန် (နောင် ဖေ၊ ပု၊ ရှိန် ကိုယ်စားလှယ်အဖွဲ့ဝင်) [...]

Read more of this post