ဘကျော် (မကွေး) ဧပြီ ၂၅၊ ၂၀၁၃ ရိုးသားဘို့အတွက် ဖြောင့်မတ်ဘို့လိုတယ် တကယ်တော့-- ပျော်ရွှင်ကစားရတယ်ဆိုတာ အချိန်တိုတိုလေးပါ၊ ကိုယ်အနိုင်ရဘို့ လက်ထိဘောမဖမ်းချင်ပါနဲ့ စည်းကမ်းတွေ အမျိုးမျိုးချ အားနည်းသူကို အနိုင်မယူချင်ပါနဲ့ ငါတို့ ... ဖြောင့်မတ်ရမယ် ရိုးသားဘို့အတွက် ဖြောင့်မတ်ရမယ်။   ။ အရှုံးအနိုင်ဟာ ထာဝရမဟုတ်ဘူးဆိုရင် ခင်မင်ပေါင်းစည်းခြင်းက ခိုင်မြဲပါစေ၊ ကိုယ်အသာရဘို့ ဟန်ဆောင်အပြုံးတွေမပေးပါနဲ့ ကတိတွေအမျိုးမျိုးပေးပြီး ချွေးသိပ်လှည့်ဖျားတာမျိုး မလုပ်မိပါစေနဲ့ ငါတို့ ... ဖြောင့်မတ်ရမယ်၊ ရိုးသားဘို့အတွက် ဖြောင့်မတ်ရမယ်။         ။ အမြင့်ရောက်ရင် လေတိုက်တာမှန်ပေမဲ့ လေဟုန်စီးပြီး ခရီးသွားရတဲ့ငှက် အတောင်မညောင်းဘို့ စဉ်းစားရမယ်၊ သွားတာခြင်းတူပေမဲ့ လှမ်းတာခြင်းမတူရင် မင်းနောက်ကျနေတာ အကောက်ကြံဘို့မဟုတ်ဘူး သတိပြုပါ ငါတို့--ဖြောင့်မတ်ရမယ် ဖြောင့်မတ်ဘို့အတွက် [...]

Read more of this post