သန်းဝင်းလှိုင် ဧပြီ ၇၊ ၂၀၁၃ ● ဂျပန်ဘုန်းတော်ကြီး နာဂါအီစံ ရဲဘော်သုံးကျိပ်ဟူသည် နယ်ချဲ့ဗြိတိသျှတို့၏ သူ့ကျွန်ဘ၀အောက်တွင် ပြားပြားမှောက်ဝပ်စင်းနေသော မြန်မာတမျိုးသားလုံး လွတ်လပ်ရေးအတွက် အသက်သွေးဖြင့် ရင်း၍ ဆောင်ရွက်ခဲ့ကြသော မျိုးချစ်မြန်မာလူငယ်တစ်စုဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်းဦးဆောင်သော ရဲဘော်သုံးကျိပ်ဝင်များ ဂျပန်တို့ထံတွင် စစ်ပညာသင်ကြားရေးနှင့် လက်နက်အင်အား ရယူနိုင်ရန် အဓိကနေရာမှ စီမံခဲံ့သူမှာ ဂျပန်ဘုန်းတော်ကြီး နာဂါအီစံဖြစ်သည်။ နာဂါအီစံသည် ဂျပန်ဗုဒ္ဓဘာသာ ဒိုချိရင်းဂိုဏ်းဝင်ဖြစ်သည်။ နာဂါအီစံသည် အင်္ဂလိပ်လက်ထက်ကပင် မြန်မာနိုင်ငံသို့ ရောက်ရှိနေသူဖြစ်သည်။ ထိုစဉ်က ရွှေတိဂုံစေတီတော်ပေါ်တွင်ကြေးစည်ကလေးတီးတီးပြီး ၀တ်ပြုနေသူဖြစ်ကြောင်း ဆရာပါရဂူက ပြောပြဖူးသည်။ သူနှင့်အတော် ပင် ရင်းနှီးသည်ဟု ဆိုသည်။ အင်္ဂလိပ်လက်ထက်တွင် ဂျပန်အစိုးရသည် မြန်မာနိုင်ငံတွင် ဓာတ်ပုံဆရာအဖြစ်ဖြင့် လည်းကောင်း၊ ကုန်သည်အဖြစ်ဖြင့်လည်းကောင်း၊ သတင်းထောက်အဖြစ်ဖြင့်လည်းကောင်း၊ ကမ္ဘာလှည့်ခရီးသည်တစ်ဦး အဖြစ်ဖြင့် လည်းကောင်း၊ ဘုန်းကြီးအဖြစ်ဖြင့်လည်းကောင်း [...]

Read more of this post