ကမ္ဘာမှာ ကလေးတွေသေနေတာဟာ ရေမသန့်လို့ မောင်လူရေး၊ ဧပြီ ၄၊ ၂၀၁၃ (လက်ပံတောင်းကို ဖတ်ရှုခြင်း အပိုင်း ၇) ရေနဲ့ကင်းပြီး ရှင်သန်လို့ရတဲ့သတ္တဝါမရှိနိုင်။ အထူးသဖြင့် လူ။ လူကတော့ ရေနဲ့တရက်ကလေးမှ ကင်းလို့မရ။ တနေ့လဲကင်းလို့မရပါဘူး။ နောက်ဆုံး လှုပ်ရှားသွားလာလုပ်ဆောင်နေသူတွေအဖို့ တမနက်တောင်ကင်းလို့မရပါဘူး။ ခေတ်ကာလအခြေအနေအရ မြို့ပြလူအများစုမှာ ရေသန့်သောက်နေတာ နှစ်တော်တော်ကြာပြီ။ ရိုးရိုးရေမသောက်ရဲသူပေါင်း မြန်မာပြည် မှာ သန်းပေါင်း ဘယ်လောက်ရှိနေပြီလဲ။ သောက်ဖို့ထား၊ ပလုတ်တောင်မကျင်းရဲသူတွေ ဒုနဲ့ဒေး။ ကိုယ့်နိုင်ငံရဲ့ရေသန့်စင်မှု အခြေအနေဟာ ရေသန့်လုပ်ငန်းတွေ မှိုလိုပေါက်နေတာကို ကြည့်ရင် သိနိုင်ပါတယ်။ ရေမသောက်ရင် သေနိုင်သလို ရေသောက်လို့လဲ သေနိုင်ပါတယ်။ ရေထဲမှာ ပိုးမွှားတွေ၊ ဓာတုဗေဒအဆိပ်တွေအပြည့်ရှိနေတာကိုး။ ရေမသန့်မှုကြောင့် ဖြစ်နိုင်တဲ့ရောဂါတွေ မရေမတွက်နိုင်ပါဘူး။ ကမ္ဘာမှာ ကလေးတွေသေနေတာဟာ ရေမသန့်လို့တဲ့။ လက်ပံတောင်းအစီရင်ခံစာမှာ ပညာရှင်တွေလေ့လာတွေ့ရှိထားတာတွေက [...]

Read more of this post