[mrsorcerer:37788] Facebook တွင်လည်း မြန်မာစာ ရတော့မည်

Facebook တွင်လည်း မြန်မာစာ ရတော့မည်

တကယ်ရတော့မှာပါ။ သို့ပေမယ့် သူက ဗမာစာလို့ ရေးထားပါတယ်။

Open source ထင်ပါတယ်။ လူတိုင်း ဝင်ရေးခွင်ပေးထား ပါတယ်။ ပြီးတော့မှာ လူကြိုက်အများဆုံး Vote အများဆုံး စာလုံးကို ရွေးချယ်ပြီး အသုံးပြုသွားမှာ ဖြစ်ပါတယ်။ လက်ရှိ မြင်နေတာတော့ ဇော်ဂျီနဲ့ ဝင်ရေးတဲ့သူတွေရော၊ ယူနီကုဒ်နဲ့ ဝင်ရေးတဲ့ သူတွေရော စုံနေပါတယ်။

စာဖတ်သူတို့လည်း ဝင်ရေးနိုင်ပါတယ်။ Facebook က မရေး ပါဘူး။ မြန်မာ လူမျိုးများ ရေးသွားတဲ့ စာတွေကိုပဲ အသုံးပြု သွား မှာ ဖြစ်ပါတယ်။ စစချင်းကတော့ Faebook ရဲ့  UI တစ်ခုလုံး ကို မြန်မာလို မြင်ရအောင် ပြောင်းပေးမယ် ထင်တာပဲ။ Facebook Translation ကည်း ဘယ်နိုင်ငံက ရေးတဲ့စာတွေကိုမဆို ဘာသာ ပြန်ပေးနိုင်မယ်ထင်ပါတယ်။

အင်္ဂလိပ် ကနေ မြန်မာ၊ မြန်မာကနေ အင်္ဂလိပ်ကို ဝင်ရေးပေးရုံပဲ။ အခြားဘာသာစကားတွေကတော့ ကြားမှာ အင်္ဂလိပ်စာ ဘာသာပြန် Process ခံပြီး မြန်မာစာ ပြောင်းပေးမယ်ထင်ပါတယ်။

အားသာချက်ကတော့ ပြောမကုန်အောင်များပါမယ်။ ကမ္ဘာတစ်လွှားက ဘယ် Facebook page, အကောင့်တွေနဲ့ အလွယ်တကူ ဆက် သွယ် နိုင်ပြီး သတင်းအချက်အလက် စီးဆင်းမှု မြန်ဆန် မှာ ဖြစ်ပါ တယ်။ မြန်မာတို့အတွက် ကောင်းသတင်း ပါပဲ။

လူတိုင်း ဝင်ရေးနိုင်ဖို့ ဒီ Link ကို သွားနိုင် ပါတယ်။ - https://www.facebook.com/?app=1&sk=translations

အဲ။ သို့ပေမယ့် တစ်ခုရှိတာက Font ကိစ္စပါ။ ခုနေဝင်ကြည့်တော့ အချို့ က ဇော်ဂျီနဲ့ ဝင်ရေး၊ အချို့  က ယူနီကုဒ်နဲ့ ရေးတာတွေ လုပ်ထား ပါတယ်။ ဇော်ဂျီသုံးနေသူများကြတော့ ဇော်ဂျီပဲတွေ့တာမို့ ဇော်ဂျီကို Vote လုပ်သွားပါတယ်။ ဒီတော့ ဘယ်လိုလာမလဲ မသိသေးပါဘူး။ အားနည်း ချက်ပေါင်း များစွာရှိနေတဲ့ ဇော်ဂျီကိုပဲ Vote အရ ရွေးသွားမလား၊ ယူနီကုဒ်ကိုပဲ ရွေားမလား ပြောရခက်ပါတယ်။ ခုတောင် Facebook Translation Team အနေနဲ့ မြန်မာတွေ ဘာကို ဝင် Vote ဘာလိမ့် ဝင်ကြည့်တဲ့အခါ ဇော်ဂျီကို လေးထောင့် အတုံးတွေပဲ တွေ့မလား မသိပါဘူး။

ကဲ။ ကိုယ်တိုင်သာ ဝင်ကြည့်၊ ဝင်ရေး၊ ပြင်ပေးကြတော့ပါဗျာ။ Facebook ကို မြန်မာကူမှ မြန်မာစာ ရမယ့်အနေအထား ဆိုတော့ လူတိုင်း တက်ကြွစွာ ပါဝင်နိုင်ဖို့ နှိုးဆော် လိုက်ရပါတယ်။
--
အောင်ခမ်း (TSJ team)

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.