ကကြိုးရှုပ်တဲ့ ရုပ်သေးရုပ်အသွင် ဒေါက်တာဓမ္မပိယ၊ ဧပြီ ၄၊ ၂၀၁၃             ယခုတလော မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေးတွေနှင့် ရှုပ်ထွေးနေတဲ့ အခြေအနေ များကို စဉ်းစားမိရင်း … ။ အမှတ်မထင် ဇာတ်ခုံပေါ်မှာ ကကြိုးရှုပ်နေတဲ့ ရုပ်သေးရုပ်လေးများကို မြင်ရောင်လာမိတယ်။ ရုပ်သေးရုပ်လေးများဟာ ကကြိုးမရှုပ်တဲ့အခါမျိုးမှာဆိုရင် မင်သားရုပ်က မင်းသားလေး လို လှလှပပ မြူးမြူးကြွကြွလေးနဲ့ ကနိုင်သလို၊ မင်းသမီးရုပ်လေးကလဲ မင်းသမီးလေးလို နွဲ့နွဲ့ နှောင်းနှောင်း သွယ်သွယ်ပြောင်းပြောင်းနဲ့ ချစ်ဖို့ကောင်းတဲ့ ကကြိုးမျိုးနှင့် ကနိုင်တာကို တွေ့ရတယ်။ ကဟန်က မာန်ပါ နေတော့ တကယ့်မင်းသားလေးတွေ၊ တကယ်မင်းသမီးလေးတွေ ကနေတာကို ကြည့်ရသလိုပဲ ခံစားမိတယ်။ သို့သော် အဲဒီရုပ်သေးရုပ်လေးများ ကကြိုးရှုပ်လာပြီဆိုရင်တော့ … ။             ဒီလိုပါပဲ။ [...]

Read more of this post