ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်) ဧပြီ ၆၊ ၂၀၁၃ ကျွန်တော်တို့ ငယ်စဉ်အခါက မူလတန်းဖတ်စာတွင် "အားငယ်သူ အားပေးပါ၊ လဲနေသူ ထူပေးပါ" ဟူသော စာသားလေးအား မိဘပြည်သူများ မှတ်မိကြဦးမည်ထင်ပါသည်။ ထိုစာသားလေးအား ငယ်စဉ် အခါက ကျောင်းဖတ်စာတစ်ခုအနေဖြင့်သာ အမှတ်တမဲ့ ကျက်မှတ်ခဲ့ဖူးပေမဲ့ ယခုကဲ့သို့ ပရဟိတလုပ်ငန်း များ၊ လူမှုအကျိုးပြုလုပ်ငန်းများအား လုပ်ကိုင်ပေးဆပ်နေသောအခါတွင် ယင်းစာသားကလေးသည် "ပရ ဟိတ" စိတ်ဓါတ်များမွေးဖွားစေရန် တိုက်တွန်းထားသော စာသားလေးဖြစ်သည်ကို ကျွန်တော်သဘော ပေါက်မိသည်။ ယခုအခါ ၄င်း "အားငယ်သူ အားပေးပါ၊ လဲနေသူ ထူပေးပါ" ဟူသော စာသားလေး၏ နောက်တွင် "ထူပေးသူ အားပေးပါ" ဟူသော စာသားလေးတစ်ခုသည် လူမှုအကျိုးပြု အဖွဲ့အစည်းများ ကြား ဆင့်ပွား၍ တိုးတက်လာခဲ့ပြီဖြစ်လေသည်။ [...]

Read more of this post