မေလ ၂၅ နယူးယောက်မြို့တော်မှာ ၈၈ မျိုးဆက် ကိုမင်းကိုနိုင်၊ (ကို) ကိုကိုကြီး တို့နှင့် တွေ့ဆုံပွဲ ပြင်ဆင်ကြရန် မိုးမခအထောက်တော် ၀၀၂၊ ဧပြီ ၁၉ ၊ ၂၀၁၃ မေလလယ်မှာ အမေရိကန်ပြည်ထောင်စုသို့ လာရောက်မယ့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များဖြစ်တဲ့ ကိုမင်းကိုနိုင် နဲ့(ကို) ကိုကိုကြီးတို့နဲ့ မြန်မာတိုင်းရင်းသားမိသားစုများ တွေ့ဆုံကြရန် ဒေသအသီးသီးတို့က မိတ်ဆွေများ အဖွဲ့အစည်းများက ပြင်ဆင်ဆွေးနွေးလျုက်ရှိပါတယ်။ မေလ ၂၅ ရက်နေ့ (စနေနေ့) မှာ နယူးယောက်မြို့တော်မှာ မြန်မာတိုင်းရင်းသားမိသားစုများနဲ့ တွေ့ဆုံပွဲကျင်းပရန် ပြင်ဆင်တိုင်ပင်ကြဖို့ လာမယ့် စနေနေ့ ဧပြီ ၂၀ ရက်နေ့မှာ စိတ်ဝင်စားသူများ၊ စေတနာရှင်များ၊ လုပ်အားပေးများ အစည်းအဝေးဖိတ်ကြားထားပါတယ်။ 39 Eldridge St. 4th Fl. [...]

Read more of this post