ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်) ဧပြီ ၂၇၊ ၂၀၁၃ မြန်မာ့ရုပ်ရှင်လောက၏ ဖွားဖက်တော်(ရုပ်ရှင်ဖခင်ကြီး) ဟု တင်စားခေါ်ဝေါ်ခဲ့ကြသော ပညာရှင်ကြီးတစ်ဦး ရှိခဲ့ဖူးသည်။ ထိုပုဂ္ဂိုလ်ကြီးသည် လွန်ခဲ့သော ဖေဖော်ဝါရီလအတွင်း၌ ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့သူ အသက် (၉၇) နှစ် အသက်အရွယ်ရှိ ရုပ်ရှင်ဖခင်ကြီး ဒါရိုက်တာကြီး ဘဘဦးတင်ယု ဖြစ်ပေသည်။ ဘဘဦးတင်ယု ကွယ်လွန် ချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးကျော်သူမှာ အယူသီးမှုတိုက်ဖျက်ရေး လူမှုရေးဟောပြောပွဲများ ဖြင့် နယ်ဝေးသို့ရောက်ရှိ နေချိန်ဖြစ်သည်။ ဦးကျော်သူအနေဖြင့် ဘဘဦးတင်ယု၏ ဈာပနအား ကိုယ်တိုင်နိဗ္ဗာန် ယာဉ်မောင်းနှင်၍ သင်္ဂြိုလ်ပေးခွင့်မရရှိခဲ့သော်လည်း နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ဆက်သွယ်ပြီး အဆင်ပြေ ချောမွေ့စွာ သင်္ဂြိုလ်ပေးနိုင်ခဲ့သည်။ ဘဘဦးတင်ယု၏ ရက်လည်ပြီးနောက် ကျန်ရစ်သူမိသားစုများတို့မှ နာရေး ကူညီမှုအသင်း(ရန်ကုန်)သို့ ဘဘအားရည်စူး၍ အလှူငွေ [...]

Read more of this post