မေလတွင် အမေရိကန်သို့လာရောက်မည့် ၈၈မျိုးဆက် ခေါင်းဆောင် ကိုမင်းကိုနိုင်နှင့် (ကို)ကိုကိုကြီးတို့၏ စကား မိုးမခ၊ ဧပြီ ၂၃၊ ၂၀၁၃ မေလလယ်မှ ဇွန်လလယ်အထိ အမေရိကန်ပြည်ထောင်စုကို လာရောက်မယ့် ၈၈မျိုးဆက် ခေါင်းဆောင် ၂ ဦးဖြစ်တဲ့ ကိုမင်းကိုနိုင် နဲ့(ကို)ကိုကိုကြီးတို့နဲ့ တွေ့ဆုံဆွေးနွေးကြဖို့၊ ကြိုဆိုနှုတ်ဆက်ကြဖို့ ပြည်နယ်အသီးသီး မြို့နယ်အသီးသီးက မြန်မာတိုင်းရင်းသားတွေ၊ မျိုးဆက်ဟောင်း မျိုးဆက်သစ်တွေက ကြိုတင်ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ လက်ရှိမှာ ၀ါရှင်တန်ဒီစီ၊ နယူးယောက်မြို့တော်၊ ဖလော်ရီဒါ၊ ဖို့ဝိန်း၊ ဆန်ဖရန်စစ္စကိုဘေးဧရိယာ၊ လော့စ်အိန်ဂျလိစ်၊ လပ်စ်ဗေးဂတ်စ်၊ ယူတီကာ စတဲ့ မြို့နယ်တွေက သူတို့ကို ကြိဆိုဖို့ တွေ့ဆုံဖို့ အသီးသီး တက်ကြွစွာ ပြင်ဆင်လျက်ရှိပါတယ်။ မြန်မာပြည်ဒီမိုကရေစီအရေးတော်ပုံကြီးဖြစ်တဲ့ ၈၈ အရေးတော်ပုံမှာ ဦးဆောင်ပါဝင်ခဲ့သူ၊ ထောင်ဒဏ် အနှစ် ၂၀ အနှစ် [...]

Read more of this post