မြန်မာသံအမတ်ကြီး ဆန်ဖရန်နှင့်အယ်လ်အေက မြန်မာများနှင့် တွေ့ဆုံမည် မိုးမခအထောက်တော် ၀၀၃၊ ဧပြီ ၂၊ ၂၀၁၃             လက်ခံရရှိသော ပေးစာများအရ မတ်လ ၂၈ ရက်စွဲဖြင့် ၀ါရှင်တန်ရှိ မြန်မာသံရုံး၏ ထုတ်ပြန်ချက်တွင် လက်ရှိမြန်မာသံအမတ်ကြီး ဦးသန်းဆွေက လက်ရှိမြန်မာပြည်၏ အခြေအနေများကို ရှင်းပြရန်နှင့် သိလိုသည်များကို ဖြေကြားရန်အတွက် လာမည့် ဧပြီလ ၆ တွင် ဆန်ဖရန်၊ ဒေးလီးစီတီး၊ ဆယ်ရီမောင်တီရိပ်သာတွင်၎င်း၊ ဧပြီလ ၇ ရက်တွင် အယ်လ်အေ၊ လာပွန်တီး၊ မြန်မာ့ဘုန်းတော်ကြီးကျောင်းတွင်၎င်း တွေ့ဆုံပွဲများ အသီးသီးကျင်းပမည်ဖြစ်ကြောင်း၊ ဖိတ်ကြားစာ ထုတ်ပြန်ထားသည်ကို တွေ့ရသည်။             ၂၀၁၂ စက်တင်ဘာလ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီး ဦးသိန်းစိန် အမေရိကန်ပြည်သို့ လည်ပတ်စဉ်ကလည်း သမ္မတရုံးဝန်ကြီးများနှင့် အစိုးရအရာရှိများက ၀ါရှင်တန်ဒီစီနှင့် နယူးယောက်ရှိ [...]

Read more of this post