ကျော်ဟုန်း ဧပြီ ၄၊ ၂၀၁၃ သစ်ပြန်ပြီ ပိတောက်ရယ် မှော်ဆရာရဲ့ ဝှက်ဖဲကို မျှော်ရင်း တို့ များ အာရုဏ်မသစ်ချင်ဘူး ခေါင်းပြူလာစ နေဝန်းသစ်ကို အားအင်ရှိတဲ့လက်နဲ့  လက်ဆွဲနှုတ်ဆက်ချင်တာပါ၊ သစ်ပြန်ပြီ ပိတောက်ရယ် အမှိုက်ပုံထဲ ရောက်သွားတဲ့ အဟောင်းတွေ ပြတိုက်ထဲရောက်သွားတဲ့ အဟောင်းတွေ မျိုးကွဲတွေ မြိုချရင်း သစ်ခဲ့ပြန်ပေါ့ အရေခွံလဲပြီးစ အပျိုမ အလှနဲ့  အဆိပ်တွေ ထပ်ပြင်းပါရစေလေ၊ သစ်ပြန်ပြီ ပိတောက်ရယ် ငါတို့  အာရုဏ်ဦးက ပါဝါမျက်မှန်ထူကြီးကို တပ်လို့ ပေါ့ ကျည်ကာအင်္ကျီလဲ သူဝတ်ထားပါရစေတဲ့ ဗီတာမင် အေတူဇက်ကို ဆောင်မြဲအတိုင်းဆောင်ရင်း ရှေ့ နောက်ဝဲယာအားလုံးကို လက်ဝှေ့ ပြုံးပြရှာတယ်၊ သစ်ပြန်ပြီ ပိတောက်ရယ် ဝတ်စုံသစ်နဲ့  တကယ်သစ်နိုင်ရင် [...]

Read more of this post