ကမာပုလဲ ဧပြီ ၃၀၊ ၂၀၁၃ ကျနော်၏ စာသင်ခန်းထဲတွင် ကျောက်သင်ပုန်း အကွဲတချပ်ရှိခဲ့၏။ ထို ... ကျနော် မခွဲခဲ့သော ကျောက်သင်ပုန်း အကွဲတချပ်ကြောင့် ကျနော့် မုန့်ဖိုးကလေးများအား မိုက်ကြေးခွဲသူ အတန်းတူ ကျောင်းသားအား မျက်ရည်ဖြင့် လျော်ကြေးငွေ ပေးဆက်ခဲ့ရ၏ တတန်း ကျောင်းသားအရွယ် ဖြစ်၏။ သူ့တွင် တပည့်တပန်းများ အလွန်ပေါများပြီး ကျနော့်တွင် သူငယ်ချင်းစစ်စစ် တယောက်တည်းသာရှိ၏ သူလည်း ကျနော့်လို မိုက်ကြေးဆက်သနေရသူ ဖြစ်၏။ ဇီးစေ့ချွံချွံပေါ် ဒူးထောက်ကာ မျက်လုံးကို မှိတ်ခိုင်း၏ သားရေကွင်းနှင့် မျက်နှာကို ပစ်သောအခါ ကျနော် ငို၏ ငိုသော ကျနော့်ကို ရယ်ခိုင်း၏ ကျနော် ရယ်ရင်း ငိုရ၏ ... သို့မဟုတ် ကျနော် ငိုရင်း ရယ်ရ၏ [...]

Read more of this post