သန်းဝင်းလှိုင် ဧပြီ ၃၀၊ ၂၀၁၃  မြန်မာ့ဂီတအကြောင်းပြောလျှင် ဆိုင်းဝိုင်းအကြောင်း မပါ၍ မဖြစ်ပေ။ ဆိုင်းဝိုင်းသည် မြန်မာ့ဂီတနှင့် မြန်မာ့ယဉ်ကျေးမှုတွင် အရေးပါသော အခန်းက ပါသောကြောင့် ဖြစ်သည်။ ရှေးမြန်မာဘုရင်များသည် ထူးချွန်သူဆိုင်းဆရာများကို ဘွဲ့များအပ်နှင်း၍ ရွာစားအရာပင် ပေးခဲ့လေသည်။ မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးသည့်နောက်ပိုင်းတွင်လည်း အစိုးရယဉ်ကျေးမှုဌာနက နိုင်ငံတော်ဆိုင်းဝိုင်းဟူ၍ပင် သီခြားတည်ထောင်ဖွဲ့စည်းထားလေသည်။   မြန်မာ့ဂီတလောကတွင် `ဆိုင်းဝိုင်း´ ဟုဆိုရာ၌ ပတ်ဝိုင်း၊ ကြေးဝိုင်း၊ ပတ်မကြီး၊ နှဲ၊ ၀ါးလက်ခုပ် စသည်တို့ ပါဝင်သည်။ ထိုအထဲတွင် ပတ်ဝိုင်းသည် ဦးဆောင်အခရာဖြစ်သည်။ ထို့ကြောင့် အချို့က ဆိုင်းဝိုင်းကို ပတ်ဝိုင်းဟူ၍ပင် ခေါ်ကြသည်။ ပတ်ဝိုင်းဆိုသည်မှာ ပတ်လုံးများကို ၀ိုင်းဖွဲ့ထားခြင်းဖြစ်သည်။ ပတ်ဝိုင်းတွင် ပတ်လုံးပေါင်း ၁၉ လုံးမှ ၂၁ လုံးအထိ ပါဝင်သည်။ ပတ်လုံးတို့ကို [...]

Read more of this post