ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်) ဧပြီ ၃၀၊ ၂၀၁၃ ကျွန်တော်တို့၏ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းသည် ကျန်းမာရေး ချို့တဲ့နေသော ရောဂါဝေဒနာခံစားနေရသော ရဟန်းရှင်လူ မိဘပြည်သူတို့အား ကျန်းမာရေးစောင့်ရှောက် မှုပေးနိုင်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ သုခကုသိုလ်ဖြစ်ဆေးခန်းအား ၂ဝဝ၃ ခုနှစ် ဧပြီ (၇) ရက်နေ့ ကမ္ဘာ့ကျန်းမာရေးနေ့မှစတင်၍ ခွဲစိတ်မွေးဖွားရမည့် ကိုယ်ဝန်ဆောင်မိခင်များအား တစ်ကြိမ်တည်း အသက်နှစ်သက် ကယ်တင်သည့်ကုသိုလ်အဖြစ် ခွဲစိတ်ခန်းခ အကုန်အကျခံကူညီပေးခဲ့ရာမှ ၂ဝဝ၇ ခုနှစ် မတ်လ (၂) ရက်နေ့ တောင်သူလယ်သမားနေ့မှစ၍ သုခကုသိုလ်ဖြစ်ဆေးခန်းကြီးအား အစပြု၍ ဖွင့်လှစ်ခဲ့ ရာမှ ယခုအချိန်တွင် ခေတ်မှီပစ္စည်းကရိယာများ၊ ဆေးဝါးများနှင့် ပြည့်စုံသော သုခကုသိုလ်ဖြစ်ဆေးခန်း ကြီးအဖြစ် အများပြည်သူလူထုတို့အား အကျိုးပြုနိုင်ခဲ့ပြီဖြစ်သည်။ ထိုသို့ဖွင့်လှစ်နိုင်ခဲ့ခြင်းမှာ အများပြည်သူ စေတနာရှင် အလှူရှင်များ၏ သဒ္ဒါတရားကြောင့်သာ [...]

Read more of this post