သစ်ထူးလွင်

သစ်ထူးလွင်


နိုင်ငံတော်သမ္မတ ခရီးစဉ်အတွင်း နစ်နာမှုများ ဖော်ထုတ်ပြသဖို့ ကြိုးစားတဲ့ မန္တလေး ပြည်သူအချို့ တားဆီးခံရ

Posted: 12 May 2013 06:53 AM PDT

နိုင်ငံတော် သမ္မတရဲ့ မန္တလေး ခရီးစဉ်အတွင်း တံခွန်တိုင် လေးမျက်နှာဘုရား အနီးကနေ သမ္မတကိုကြိုဆိုကြောင်း ဗီနိုင်ဆိုင်း ဘုတ်များနှင့်အတူ မိမိတို့ရဲ့ နစ်နာမှု များကို ဖော်ထုတ်ပြဖို့ ကြိုးစားတဲ့ ယခင် မြရည်နန္ဒာ ရပ်ကွက်မှာ နေထိုင်ခဲ့ သူတွေရဲ့ အစီအစဉ် တားမြစ်ခံ ရကြောင်း သတင်းရရှိပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ကျေးလက်ဒေသဖွဲ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀ မြင့်တင်ရေး အခမ်းအနားကို မန္တလေးမြို့ ၆၆လမ်း၊ ၂၀×၂၁လမ်းကြားရှိ အမျိုးသားကဇာတ်ရုံမှာ ကျင်းပပြုလုပ်ပြီး သမ္မတ ဦးသိန်းစိန် နဲ့ ၀န်ကြီးတွေ တက်ရောက်ခဲ့ကြ။ (ဓါတ်ပုံ - အိမ်ခိုင်မြဲ) DVB TV News

ဖားရိုက်ပြီး ရထားလမ်းပေါ်အိပ်ပျော်နေ၍ ရထားကြိတ်သေဆုံး

Posted: 12 May 2013 06:48 AM PDT

နေပြည်တော်၊ မေ ၁၂

၁၁-၅-၂၀၁၃ ရက်နေ့ ၀၇၀၀ အချိန် မွန်ပြည်နယ် သထုံမြို့နယ် နောင်ကုလားဘူတာနှင့် သိမ်ဆိပ်ဘူတာ မိုင်တိုင်(၁၃၃/၈-၉)ကြား ရထားလမ်းပေါ်တွင် လူ(၂)ဦး ရထားကြိတ်သေဆုံးနေကြောင်း သတင်းအရ သထုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ ပန်းတိမ်ရွာနေသူများဖြစ်သည့် မောင်ချစ်ဆန်းဦး(၁၂)နှစ်တွင် ဦးခေါင်းပြတ်၊ ယာဒူးအထက်မှပြတ်ဒဏ်ရာနှင့် မောင်ထွဋ်ဦး (၁၅)နှစ်တွင် ၀ဲဒူးအောက်မှပြတ်ဒဏ်ရာများဖြင့်သေဆုံးနေသည်ကို တွေ့ရှိရသည်။

ဖြစ်စဉ်အား စိစစ်ရာ ၎င်းတို့(၂)ဦးသည် ရထားလမ်းဘေးတွင် ဖားလိုက်ရိုက်ပြီး ရထားလမ်း ပေါ်တွင် အိပ်ပျော်နေစဉ် ရန်ကုန်-မော်လမြိုင် အမြန်ရထားမှ ကြိတ်သွားခြင်းဖြစ်ကြောင်း သိရသဖြင့် အလောင်းများအား နောင်ကုလားကျေးရွာဆေးရုံသို့ပို့အပ်ပြီး သထုံရဲစခန်း သေမှုသေခင်းအမှတ်စဉ် ၁၂/၂၀၁၃ ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်


ယာဉ်(၂)စီးတိုက်မိမှုကြောင့် (၃)ဦးသေ၊ (၂၈)ဦးဒဏ်ရာရ

Posted: 12 May 2013 06:47 AM PDT

နေပြည်တော်၊ မေ ၁၁

၁၀-၅-၂၀၁၃ ရက်နေ့ ၀၈၃၀ အချိန် ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ အသင်းစုကျေးရွာ ရန်ကုန်-ပုသိမ်ကားလမ်း မိုင်တိုင်အမှတ်(၃၀/၄-၅)အကြားတွင် ရန်ကုန်တိုင်း ဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ (၅၅)ရပ်ကွက်နေ ထွန်းထွန်း(၃၃)နှစ် မောင်းနှင်သော ၆ဂ/xxxx ရွှေမင်္ဂလာခရီးသည်တင်မှန်လုံယာဉ်အား ၀ဏ္ဏ မောင်းနှင်သော ၄က/xxxx ရိုးမခရီးသည်တင် မှန်လုံယာဉ်မှ ကျော်တက်စဉ် အရှိန်မထိန်းနိုင်ဘဲ ၆ဂ/xxxx ၏ နောက်ခြမ်းအား ၀င်ရောက်တိုက်မိ သဖြင့် ၆ဂ/xxxx ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက် ရေမြောင်းအတွင်းထိုးကျခဲ့ပြီး ၄က/xxxx ယာဉ်မှာ လမ်းဘေးသစ်ပင်အား ၀င်ရောက်တိုက်မိခဲ့သည်။ ယာဉ်(၂)စီး တိမ်းမှောက်၊ ရေမြောင်းအတွင်းထိုးကျမှုကြောင့် ၀ဏ္ဏ၊ အောင်မြတ်ဖြိုးနှင့် အောင်ကျော်သူတို့(၃)ဦးမှာ အခင်းဖြစ် နေရာတွင် သေဆုံးသွားပြီး ယာဉ်(၂)စီးပေါ်တွင်လိုက်ပါလာသည့် ခရီးသည်(၂၈)ဦးမှာ ဒဏ်ရာများ အသီးသီးရရှိခဲ့သည်။
ဒဏ်ရာရရှိသူများအား ဆားမလောက်ရဲစခန်းမှ တပ်ဖွဲ့ဝင်များက ညောင်တုန်းဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ယာဉ်မောင်း ၂ ဦးအား မဲဇလီရဲစခန်းယာဉ်(ပ)၂၁/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈/ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်


ကသာမြို့နယ်အတွင်း အိမ်ထဲဝင်၍ ဖအေနှင့်သမီးအား ဓါးဖြင့်ထိုးခဲ့သည့် တရားခံ ထွက်ပြေး လျှက်ရှိ

Posted: 12 May 2013 06:32 AM PDT

စစ်ကိုင်းတိုင်း ဒေသကြီး၊ ကသာမြို့နယ်အပိုင် ပုလွှေရွှေကျေးရွာ အတွင်း နေထိုင်သော သားအဖနှစ်ဦးအား အိမ်ထဲဝင်၍ ဓါးဖြင့် ထိုးမှုတစ်ခု ၈၊ ၅၊ ၁၃ရက်နေ့ည ၇ နာရီ ၂၅ မိနစ်က ဖြစ်ပေါ်ခဲ့ပါသည်၊ ဓါးဖြင့် အထိုးခံခဲ့ရသည့် သားအဖမှာ ဦးအောင်လွင်(အသက်၅၃နှစ်)နှင့် သမီးမသန္တာဝင်း (အသက် ၁၈နှစ်)တို့ဖြစ် ကြပါသည်၊ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

သတင်း - ဓါတ်ပုံ (ဟာဂျူလီ-ကသာ)

ကော့သောင်းမြို့ မှာ မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ ခုတ်ထစ် ရိုက်နှက်မှုအား ရဲစခန်းမှ အရေးယူ ဆောင်ရွက်ခြင်း မရှိ

Posted: 12 May 2013 05:00 AM PDT

တနင်္သာရီ တိုင်း ဒေသကြီး ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက် ဗိုလ်ချုပ်လမ်း မူလတန်းလွန်ကျောင်းရှေ့ လက်ဘက်ရည်ဆိုင်တွင်  (၃.၅.၂၀၁၃) မေလ(၃) ရက်နေ့ ည ၁၁ နာရီ အချိန်ခန့်က လက်ဘက်ရည် သောက်နေသော မောင်ဇင်ကိုကို (အသက် ၂၃နှစ်)အား လူငယ် (၅) ဦးမှ ငှက်ကြီးတောင်ဓားရှည် ကိုင်ဆောင်လာပြီး အုပ်စုနှင့် ခုတ်ထစ် ရိုက်နှက် ခဲ့ကြောင်း  Myanmar News Now မှ သတင်း ရရှိပါသည်။  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ခုတ်ထစ် ရိုက်နှက်ခံရသူ မောင်ဇင်ကိုကို

ရဲအရာရှိ၏ ဆိုင်ကယ်ကို ရဲတပ်သားက ခိုးရောင်း

Posted: 12 May 2013 04:26 AM PDT

ရန်ကုန်တိုင်းဒေသကြီး သန်လျင် မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွင် ရပ်ထားသည့် ရဲအရာရှိတစ်ဦးပိုင် ဆိုင်ကယ်တစ်စီးကို သန်လျင်ရဲစခန်းမှ ရဲတပ်သားတစ်ဦးက ခိုးယူ၍ သာကေတမြို့နယ် ၌ ပြန်လည် ရောင်းချခဲ့ရာ လက်ရ ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ စုံစမ်း သိရှိရသည်။ ဒုရဲအုပ် တင်လှိုင်သည် ဧပြီလ ၂၉ ရက်နေ့က သန်လျင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး တွင် ဆိုင်ကယ်ကို ရပ်ထားရာမှ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




ဆိုင်ကယ်စီး ရဲတပ်ဖွဲ့ ဝင်များအား တွေ့ ရစဉ်

မေလ(၁၂)ရက်နေ့ ထုတ် Digital Life Journal အတွဲ-၂၊ အမှတ်-၁

Posted: 12 May 2013 04:08 AM PDT

မေလ(၁၂)ရက်နေ့ ထုတ် Digital Life Journal အတွဲ-၂၊ အမှတ်-၁

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


MAHASEN အရှေ့တောင်ဘက်သို့ တဆစ်ချိုး ပြန်ကွေ့

Posted: 12 May 2013 03:15 AM PDT

ဆိုင်ကလုန်းမုန်တိုင်း MAHASEN အမြန်နှုန်း ကျဆင်းပြီး အရှေ့တောင်ဘက်သို့ ချိုးကွေ့ခဲ့ကြောင်း၊ လွန်ခဲ့သော ၆ နာရီအတွင်း အရှေ့တောင်ဘက်သို့ ချိုးကွေ့ပြီးနောက် ရွေ့လျားနှုန်း တစ်နာရီ ၅ မိုင်နှုန်းကျော်ကျော်သာ ရှိတော့ကြောင်း မေလ ၁၂ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၂၃ဝ နာရီတွင်---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ရေလယ်ကျောက်တန်း ဘုရား ငါးစာကျွေးသူတို့ ကြွပ်ကြွပ်အိတ်များ စည်းကမ်းမဲ့စွာ မြစ်ထဲလွှင့်ပစ်နေ

Posted: 12 May 2013 03:21 AM PDT

ကမ္ဘာသို့တိုင်အောင် ထင်ရှားနေသော ရန်ကုန် တောင်ပိုင်းခရိုင် ကျောက် တန်း ရေလယ်ဘုရားသို့ ရန်ကုန်မြို့ ပခုက္ကူ ဦးအုံးဖေ စာပေ ဆုနှင်းသဘင် အခမ်းအနား တက်ရောက်ရင်း ရောက်ခဲ့ရပါသည်။
ဘုရားကြီးမှာ ကျော်လည်း ကျော်ထိုက်ပါသည်။ ထူးထူးခြားခြား ရေလယ်တွင် တည်ရှိပြီး ဘုရားဖူး ဧည့်သည် များနှင့်အတူ အထူးစည်ကားလျက် ရှိသည်ကို တွေ့ရှိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ကျေးလက်နှင့် မြို့ပြ ကွာခြားမှု မရှိစေရန် လုပ်ငန်းစဉ် ၈ရပ်ဖြင့် ဆောင်ရွက်နေ

Posted: 12 May 2013 03:26 AM PDT

တိုင်းပြည်ဖံွံ့ဖြိုး တိုးတက်ရေး အတွက် ဆောင်ရွက်ရာတွင် မြို့ပြနှင့် ကျေးလက်ကွားခြားမှု မရှိစေရန် လုပ်ငန်းစဉ် ၈ရပ်ဖြင့် အကောင်ထည်ဖော် ဆောင်ရွက် လျှက်ရှိကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ယနေ့ နံနက်တွင် မန်းတွင် ကျင်းပသည့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးနှင့် လူမှု ဘ၀မြှင့်တင်ရေး အစီစဉ်တွင် ပြောကြား သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မန္တလေး-မေ၁၂ နိုင်ငံတော် သမ္မတဦးသိန်းစိန်သည် ယနေ့ မေ ၁၂ရက်နေံ့နံနက်တွင် မန်းမြို့ အမျိုးသားကဇာတ်ရုံတွင် ပြုလုပ်သော ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုဘ၀မြှင့်တင်ရေးအစီစဉ်တွင်မိန့်ခွန်းပြောကြားပြီးသမ၀ါယမအသင်းများမှ ထုတ်ကုန်များကို လေ့လာကြည့်ရှုခဲ့သည်။သည်။ ဖိုးလပြည့် - Popular Myanmar News Journal

လက်ကျန်နိုင်ငံရေး အကျဉ်းသား ၁၀၀ ကျော် လွှတ်ပေးရေး သမ္မတထံ တင်ပြမည်

Posted: 12 May 2013 03:31 AM PDT

အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးနှင့် နိုင်ငံရေးပြောင်းလဲမှု လုပ်ငန်းစဉ် များတွင် အားလုံးပါဝင်ခွင့် ရရှိရေးအတွက် အကျဉ်းထောင်အသီးသီးတွင် ကျန်ရှိနေ သေးသည့် နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်ကို လွှတ်ပေးရန် နိုင်ငံတော်သမ္မတထံ တင်ပြသွားမည် ဖြစ်ကြောင်း လက်ကျန် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီဝင် ဦးသူရ(ခေါ်) ဇာဂနာက ပြော ကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အသွင်ပြောင်း နဝဒေးခြံအမှတ် ၂၇

Posted: 12 May 2013 01:54 AM PDT

(ခွန်းသု၊ အောင်စိုး) The Voice Weekly

တစ်ချိန်က တံခါးအထပ်ထပ်ဖြတ် အစစ်ဆေးခံဝင်ရသော ထိပ်သီးဗိုလ်ချုပ်ကြီး၏ နေအိမ်မှာ ယခုအခါ လူအများ ဝင်ထွက်နိုင်သော နေရာအဖြစ် အသွင်ပြောင်းလိုက် ပြီ ဖြစ်သည်။

အစောင့်တစ်ဦးမျှ မရှိတော့သော ခြံတံခါးအလွန် သစ်ခွတောအတွင်း မေလ ၁၁ ရက်နေ့တွင် စတင် ဖွင့်လှစ်လိုက်သည့် အနုပညာပြခန်း၊ အမှတ်တရပစ္စည်း ကော်နာ၊ ကော်ဖီကော်နာ တို့သည် လူတိုင်း အတွက် ဖြစ်သွားပေပြီ။
အမည်က နဝဒေး။

"အရင်က တာဝန်ယူတုန်းက ရုပ်ရှင်ရုံကို ပေးခဲ့တဲ့ နာမည်ရယ်၊ လမ်းနာမည်ရယ် ကို အစွဲပြုပြီးပဲ နဝဒေးလို့ နာမည် ပေးလိုက်တာ" ဟု တပ်မတော် ထောက်လှမ်းရေး အကြီးအကဲဟောင်းနှင့် ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်က The Voice ကို ရှင်းပြသည်။

နေအိမ်အကျယ်ချုပ် ကျနေစဉ် ခုနစ်နှစ်အတွင်း မီးဖိုချောင်စရိတ် ရှာပေးခဲ့သည် ဆိုသော သစ်ခွခြံအတွင်း အဆောက်အအုံ လေးခုခန့် ငါးလအတွင်း အပြီး တည်ဆောက်ကာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုချက်ဖြင့် စတင် ဖွင့်လှစ်လိုက်ခြင်း ဖြစ်ကြောင်း သူက ဆိုသည်။
သူ၏အဆိုအရ ဖွင့်လှစ်ရသည့် ရည်ရွယ်ချက် နှစ်ခုရှိသည်။
အမှတ်တစ် အေးချမ်းသည့်ဘဝကို ထူထောင်လိုခြင်း၊ အမှတ်နှစ် အနုပညာရှင် များ၏ ဘဝကို ထောက်ပံ့ပေးလိုခြင်း။

ပြခန်း စတင်ဖွင့်လှစ်သည့် နေ့တွင် ဦးလွန်းကြွယ်၊ နေမျိုးဆေး၊ မွန်သက် စသည့် ပန်းချီဆရာများ၏ ပန်းချီကား ၅၀ ကျော် ချိတ်ဆွဲပြသထားသည်။ ထိုကားများသည် ဈေးနှုန်းအနည်းဆုံး ကျပ် ၁၆ သိန်းမှ သိန်းရာကျော် အထိ ရှိသည်။
"ပန်းချီကားတွေကို အခမဲ့ တစ်ပတ် တင်ခွင့်ပေးတယ်" ဟု ဦးခင်ညွန့်က ဆိုသည်။
သူ၏အနုပညာပြခန်းတွင် ပန်းချီကား တင်ရန် တန်းစီနေသော ပန်းချီဆရာ ၅၀ ကျော် ရှိကြောင်း သူက ဆက်ပြောပြသည်။

အနုပညာပြခန်း၊ ကော်ဖီကော်နာ နှင့် အမှတ်တရပစ္စည်းတို့ကို စီးပွားရေး အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်း မဟုတ်ကြောင်း သူကဆိုသည်။ ကော်ဖီဆိုင်ဟုပင် သူက အမည်မတပ်။
"ဆိုင်မဟုတ်ဘူး။ ကော်နာ" ဟု သူက အလေးအနက် ရှင်းပြသည်။
ကော်ဖီကော်နာတွင် ကော်ဖီအမျိုးမျိုး အပြင် သစ်သီးဖျော်ရည်၊ ချောကလက်၊ ကိုကာကိုလာ တို့ကဲ့သို့သော အချိုရည်တို့ကိုလည်း ဝယ်ယူနိုင်သည်။ ဘီယာနှစ်မျိုးလည်း ရသည်။ တိုက်ဂါးနှင့် မြန်မာ။
ဈေးကား များစွာမမြင့်။ ရန်ကုန် မြို့တော်ရှိ Aroma ကဲ့သို့သော ကော်ဖီ ဆိုင်ဈေးနှုန်းခန့်ပင် ရှိသည်။ ကော်ဖီကော်နာတွင်မူ ဝန်ထမ်းလေးဦးရှိသည်။
"စားပွဲထိုးရယ်လို့ မဟုတ်ပါဘူး။ အကုန်လုပ်ရတာပဲ" ဟု ဝန်ထမ်းတစ်ဦးက ရယ်ရယ်မောမော ပြောဆိုသည်။

ဆိုင်ဝန်ထမ်းများမှာ သားဖြစ်သူ ဒေါက်တာရဲနိုင်ဝင်း၏ Nervin စားသောက်ဆိုင်မှ ဖြစ်သည်။
ပထမဆုံး ဖွင့်လှစ်သည့်နေ့တွင် လာရောက်သော အဓိက ဖောက်သည်များ မှာ နာမည်ကျော် အနုပညာရှင်များ ဖြစ်ဖွယ် ရှိနေသည်။ ညနေ ၄ နာရီခန့်အထိ လူမပြတ်။ မြန်မာပြည်သိန်းတန်၊ ဇော်ဝင်းရှိန် တို့ အပါအဝင် ၁၀ ဦးခန့် ရှိနေသေးသည်။
"တော်တော်များများတော့ ရောင်းရပြီးပြီ" ဟု ဆိုင်ဝန်ထမ်းက ပြောဆိုချိန်တွင် ညနေ ၃ နာရီတော့ ကျော်နေပြီ။

ပြခန်းနှင့် ကော်နာနှစ်ခုကို ကိုယ်တိုင် ကြီးကြပ်လုပ်ကိုင်ခဲ့ပြီး မည်မျှ ကုန်ကျခဲ့သည် ကို ဗိုလ်ချုပ်ကြီးဟောင်းက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
"မိတ်ဆွေ အပေါင်းအသင်းတွေ ကူညီကြပါတယ်။ ဒီလိုပဲ ခြိုးခြံပြီး လုပ်ရတာပေါ့" ဟု တပ်မတော်အစိုးရ လက်ထက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့နောက် အာဏာအရှိဆုံး ဟုဆိုနိုင်သူ ဦးခင်ညွန့်က ဆိုသည်။

တစ်ချိန်က သူ၏လက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့သူ ယခုသမ္မတ ဦးသိန်းစိန်၏ ၂၀၁၂ ခုနှစ် ဇန်နဝါရီက ပေးသော လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာပြီးနောက် ဦးခင်ညွန့်သည် အာဏာကိစ္စများ၊ နိုင်ငံရေးကိစ္စများ ဝင်မပါတော့ဘဲ အေးချမ်းစွာ နေထိုင်တော့မည် ဖြစ်ကြောင်း လူသိရှင်ကြား ပြောဆိုထားပြီးဖြစ်သည်။

ကျီးကန်းအော်သံမှအပ တိတ်ဆိတ် နေလေ့ရှိသော ခြံဝင်းအတွင်းရှိ ပြခန်းတွင် ယနေ့ သူနှင့် ခေတ္တ တွေ့ဆုံစဉ်အတွင်း အများဆုံးပြောဆိုသည့် စကားမှာလည်း အေးချမ်းမှု။ ကုသိုလ်တရား။
အာဏာနိုင်ငံရေး အခင်းအကျင်းသို့ ပြန်လာမည်လောဟု သို့လော သို့လော စောင့်ကြည့်မှုများအကြား ဦးခင်ညွန့်ကား နောက်ထပ် ခြေလှမ်း တိုးလိုက်ပြီဖြစ်သည်။ သူ့အဆိုအရ အေးချမ်းသည့်ဘဝ တည်ထောင် လိုရင်း။

တစ်ချိန်က မြန်မာနိုင်ငံ၏ ထိပ်သီး ဗိုလ်ချုပ်ကြီးမှာ ကော်ဖီကော်နာတွင် လူခြောက်ယောက်ထိုင် စားပွဲနေရာချထားရေး ကိုပင် ကိုယ်တိုင် စီမံနေသေးသည်။
ပြခန်းနှင့် ကော်နာနှစ်ခုကို စီမံခန့်ခွဲ ရခြင်းမှာ တစ်ချိန်က တိုင်းပြည်ကို စီမံခန့်ခွဲ ခဲ့ရသည်နှင့် နှိုင်းယှဉ်လျှင် "အသေးအဖွဲ" ဟု သူကဆိုသည်။
"(တိုင်းပြည်) တာဝန်ကတော့ မရေရာဘူးလေ။ လိုတာဖြစ်ချင်မှ ဖြစ်မှာကိုး" ဟု သူကအတန်ငယ်ပြုံးရင်း ပြောဆိုလေသည်။

တပ်မတော်အစိုးရ လက်ထက်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး စသည့် ထိပ်ခေါင်တို့၏ ဌာနေ နဝဒေးလမ်း၊ အစွန်ဆုံးရှိ ခြံအမှတ် ၂၇ ကိုမူ လူအများ လာရောက်နိုင်သော နေရာအဖြစ် အသွင်ပြောင်းလိုက်လေပြီ။

အစောင့်အကြပ်ထူထဲ၊ ခိုင်ခံ့သော သံထရော်လီတံခါး အမြဲပိတ်ထားပြီး မည်သို့သောနေရာဟု သာမန်ပြည်သူတို့ မသိနိုင်ခဲ့သော နဝဒေးလမ်းထိပ်တွင် မေလ ၁၁ ရက်နေ့မှစ၍ သုံးဆင့်လမ်းညွှန် ဆိုင်းဘုတ်လေးကိုပင် မြင်နိုင်ပေပြီ။
နဝဒေးအနုပညာပြခန်း၊ နဝဒေး ဆိုဗီနီယာကော်နာ၊ နဝဒေးကော်ဖီကော်နာ။


ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်၏ ကိုယ်ရေးအကျဉ်း
………………………………………………………
- ၁၉၃၉ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင် ကျောက်တန်းမြို့တွင် မွေးဖွား၊
- ၁၉၆၀ ပြည့်နှစ်မှ တပ်မတော်တွင် စတင် တာဝန်ထမ်းဆောင်၊
- ၁၉၈၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သော အာဇာနည်ဗိမာန် ဗုံးဖောက်ခွဲ ခံရသည့်နောက်တွင် တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူး အဖြစ် တာဝန်ထမ်းဆောင်၊
- ၁၉၈၈ စက်တင်ဘာလ ၁၈ ရက်နေ့တွင် အာဏာသိမ်းယူခဲ့သော တပ်မတော်အစိုးရ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အတွင်းရေးမှူး (၁) အဖြစ် တာဝန်ယူ၊
- ၂၀၀၃ ခုနှစ် သြဂုတ်လ၂၃ ရက် နေ့မှ ၂၀၀၄ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့ထိ နိုင်ငံတော် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်၊
- ၂၀၀၅ ခုနှစ် ဇူလိုင်တွင် တရားစွဲဆိုခြင်းခံရပြီး ထောင်ဒဏ် ၄၄ နှစ် ချမှတ်ခံရ၊
- ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၁၃ရက်နေ့တွင် ပြန်လည်လွတ်မြောက်။

ဒလ-ပန်းဆိုးတန်း ကူးတို့ခတိုးမြှင့်မှု ဒေသခံများ ဆန္ဒပြ (ရုပ်/သံ)

Posted: 12 May 2013 01:48 AM PDT

ဒလ-ပန်းဆိုးတန်း ကူးတို့ကောက်ခံမှုကို တိုးမြှင့်လိုက်တာနဲ့ ပတ်သက်ပြီး မေလ ၁၂ရက်နေ့ မနက်က ဒလမြို့နယ် ကူးတို့ဆိပ်ကမ်းမှာ ဒေသခံပြည်သူ ၂ဝလောက် ဆန္ဒပြခဲ့ပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



ဆိုင်ကလုန်းမုန်တိုင်း MAHASEN ၏အရှိန် မြန်မာနိုင်ငံမှ သတိပြုရန်လိုအပ်ဆဲဖြစ်

Posted: 12 May 2013 12:23 AM PDT

JTWC မှ ထုတ်ပြန် ကြေငြာချက်တွင် လာမည့် ၁၂ နာရီ နောက်ပိုင်း၌ အရှေ့မြောက်ဘက်သို့ ချိုးကွေ့သည့်အခါ ရွေ့လျားမှုနှုန်း အနည်းငယ် နှေးကွေးသွားမည်ဖြစ်ပြီး ပိုမိုအားကောင်းသည့် ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း၊ လာမည့် ၉၆ နာရီနောက်ပိုင်း၌ ဆိုင်ကလုန်းမုန်တိုင်း MAHASEN သည် အင်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အဆင့်ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့မြောက်ဘက်မှ ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားပါသည်။

 မုန်တိုင်းသည် မြန်မာနိုင်ငံသို့ တိုက်ရိုက်ဝင်ရောက်တိုက်ခတ်မည့်အခြေအနေမရှိသော်လည်း JTWC မှ မုန်တိုင်း လေပြင်းတိုက်ခတ်ခံရနိုင်မည့် ဧရိယာအတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများ ပါဝင်နေဆဲဖြစ်ကြောင်း ပုံတွင် တွေ့မြင်နိုင်ပါသည်။

 မုန်တိုင်းဗဟိုတွင် မုန်တိုင်းဒီလှိုင်းအမြင့် ၁၈ ပေအထိ ရှိမည်ဖြစ်ကြောင်း JTWC မှ ထုတ်ပြန်ထားပါသည်။ ထို့ကြောင့် မုန်တိုင်းအရှိန် အဖျားခတ်ကျရောက်မည့်ဒေသအတွင်း မုန်တိုင်း အန္တရာယ်ကို ဆက်လက်စောင့်ကြည့်၍ သတိပြုကြစေလိုပါသည်။

မေလ ၁၂ ရက် မြန်မာစံတော်ချိန် နံနက် ဝ၆၃ဝ နာရီတွင် ရရှိသည့် အချက်အလက်များအရ ဆိုင်ကလုန်းမုန်တိုင်း MAHASEN(01B) သည် တစ်နာရီ မိုင် ၁၈ နှုန်းခန့်ဖြင့် အနောက်မြောက်ဘက်သို့ ရွေ့လျားလျှက်ရှိပြီး အိန္ဒိယနိုင်ငံ ချင်နိုင်းမြို့ အရှေ့တောင်ဘက် မိုင် ၄၆ဝ ခန့်၊ ကိုလ်ကတ္တားမြို့၏ တောင်ဘက် မိုင် ၈၄ဝ ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့ အနောက်တောင်ဘက် မိုင် ၈၉ဝ ခန့်၊ မြန်မာနိုင်ငံ ပုသိမ်မြို့ အနောက်-အနောက်တောင်ဘက် မိုင် ၇ဝဝ ခန့်၊ ကျောက်ဖြူမြို့ အနောက်တောင်ဘက် ၇၇၅ မိုင်ခန့်၊ မောင်တောမြို့၏ တောင်-အနောက်တောင်ဘက် မိုင် ၈ဝဝ ခန့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်း ပင်လယ်ပြင်တွင် ဆက်လက်၍ ဗဟိုပြုနေပါသည်။

by mmweather


အိန္ဒိယ-မြန်မာ နယ်စပ်တွင် မူးယစ်ဆေးဝါး ကျပ်ငွေသန်း ၅၁၁ ဖိုး ဖမ်းဆီးခဲ့

Posted: 11 May 2013 10:23 PM PDT

ချင်းပြည် နယ် တောင်ပိုင်း မတူပီမြို့  နယ် ဆဘောင်း သဲ ကျေး ရွာ တွင် အိန္ဒိယ နိုင်ငံ ထုတ် Pseudoephedrine ဆေးပြား ကျပ်ငွေ သန်း ၅၁၁ ဖိုးခန့် ဒေသခံ အာဏာပိုင်များက ဖမ်းဆီးခဲ့ သည်။

ဆဘောင်းသဲကျေးရွာ တပ်စခန်းရှိ တပ်မတော် သားများက အိန္ဒိယ နိုင်ငံမှ သယ်ယူ သည့်ဆေးပြား အလုံး ၃၆၅၀၀၀၀ ကိုဖမ်းဆီးခဲ့ကြောင်း၊ ယင်းဆေးပြားများကို မတူပီမြို့  ရဲစခန်းသို့  လွှဲပေး ခဲ့ကြောင်း ယနေ့  ထုတ် The Matupi Times သတင်းစာတွင် ဖေါ်ပြထား သည်။

"ဒီဆေးပြားများကို မတူပီ-မင်းတပ်- ပခုက္ကူမြို့  များမှ မန္တလေးမြို့ ကို သယ်ယူဖို့ ဖြစ်ပါလိမ့် မယ်။ အပေါ်လမ်းက လုံခြုံရေး ကြပ်လာတော့ ဒီဘက်လမ်းကို လာတာ" ဟု မီဇိုရမ်တွင်ရောက်ရှိ လာသည့် ဒေသခံတစ်ဦးကဆိုသည်။

ပိုင်ရှင်များဖြစ်ကြသည့် လားရှိုးမြို့ မှ U Ashi, U Shawk Kam နှင့် မင်းတပ်မြို့ မှ U Bu Mana တို့  အား Toyota Hilux Surf ကားနှင့်အတူ ဖမ်းဆီးပြီး မတူပီမြို့ တာဝန်ရှိ ရဲများက ပုဒ်မ- ၁၅/၁၀ (၈) ၁၉/(ဇ)တို့ ဖြင့် တရားစွဲဆို ထားကြောင်း သိရသည်။

ချင်းပြည်နယ် မြောက်ပိုင်း အမှတ်-(၁)နှင့် (၂) အိန္ဒိယ-မြန်မာ နယ်စပ် ကုန်သွယ်ရေးလမ်းများတွင် Pseudoephedrine ဆေးပြားများကို အာဏာပိုင်များက မူးယစ်ဆေးဝါးကုန်သည် များထံမှ မကြာ ခဏ ဖမ်းဆီးခဲ့သော်လည်း ချင်းပြည်နယ်တောင်ပိုင်းတွင်မူ ပထမအကြိမ် ဖမ်း ဆီးခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ့ ကလည်း မီဇိုရမ်ပြည်နယ် မြို့ တော် အိုင်ဇောလ်တွင် ကျန်ဖိုင်းမြို့  ဘက်သို့  သယ်ယူမည့် Pseudoephedrine ဆေးပြား အလုံး သိန်း (၆၀)ကျော်ကို မီဇိုရမ် အာဏာပိုင်များက ဖမ်းဆီးခဲ့သေးသည်။

အလားတူ ၂၀၁၃ခုနှစ် ဖေဖေါ်ဝါရီလတွင် နယ်စပ်ဖြတ်ကျော်၍
မြန်မာနိုင်ငံသို့ တင်ပို့ မည့် ရူပီးငွေ ၂၄ ကုဋေ (ဒေါ်လာ ၄ သန်းခွဲခန့်) တန်ဖိုးရှိ Pseudoephedrine အမျိုးအစား မူးယစ်ဆေးများနှင့် အတူ အိန္ဒိယ တပ် ဗိုလ်မှူးကြီး အဂျေး ကျော်သူရီ အား နယ်စပ်အနီးတွင် အိန္ဒိယ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ခိုနှုမ်းထုန်


မဟာဆန်သူ (Mahasen 01B) ရဲ့ ရှေ့ဆက်ရမယ့်ခရီးအမှန်

Posted: 11 May 2013 10:17 PM PDT

မဟာဆန်သူ (Mahasen 01B) ရဲ့ ရှေ့ဆက်ရမယ့်ခရီးအမှန် (၁၂-၅-၂၀၁၃)ရက်နေ နံနက် (၈း၄၅) နာရီအချိန်ထုတ်ပြန်ချက်။

(၁၂-၅-၂၀၁၃)ရက် နံနက် (၃း၃၀)နာရီအချိန် JTWC (USA) ရဲ့ NWP ခန့်မှန်းချက် အရ မေလ (၁၂)ရက်နေ့ နံနက်အစောပိုင်းကြီးအထိ Mahasen (ခပ်လွယ်လွယ် မဟာဆန်သူ လို့ ခေါ်ကြ ရအောင်ဗျာ) ဟာ မြန်မာနိုင်ငံနဲ့ဝေးရာဖက်ဖြစ်တဲ့ အနောက်မြောက်ဖက်ကို တစ်နာရီ (၁၁) မိုင် နှုန်း နဲ့ သွားနေတုံးပါဘဲ။ အမှန်တော့ ၀ိုက်တော့မယ့်သဘောဘဲ။ မော်တော်ကား စကားပြောရရင် U Turn လုပ်တော့မယ်။

အဲဒီနောက် မေလ(၁၃)ရက်နေ့ နံနက်အစောပိုင်း ကြီးအထိ အသွားနှုန်းတွေ လျော့လာမယ်။ ဒါဟာ ကွေ့တော့မယ် လက္ခဏာပါဘဲဗျာ။ အဲ…မေလ(၁၃)ရက်နေ့လယ်ပိုင်းမှာ စကွေ့ပါပြီ။ မြောက်အရှေ့ယွန်းယွန်း(NNE) ကိုပါ။ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနိုင်ငံဖက်ဆီကိုပါ။ ပထမတော့ မေလ(၁၃-၁၄) နှစ်ရက်လုံး တစ်နာရီင်္ (ဂ-၉) မိုင် နှုန်းလောက်နဲ့ပါဘဲ။ အဲ..မေလ(၁၅)ရက် နံနက် အစောကြီးကစပြီး ဂီယာကြီးထိုးပြီး အရှေ့မြောက်ဖက်ကိုလာမယ်လို့ ခန့်မှန်းရပါသဗျ။ လေတိုက်နှုန်းတစ်နာရီ မိုင်(၁၀၀)နှုန်းလောက်နဲ့ ချီတက်လာမှာဖြစ်ပါတယ်။ မုန်တိုင်းအရွယ်ကလည်း အချင်းဝက် မိုင်(၁၂၀)လောက်ရှိနေနိုင်ပါပြီ။

ဒီ မဟာဆန်သူရဲ့ အရှေ့မြောက်ခရီးစဉ်ရဲ့ ရှေ့မှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်း နဲ့ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းတို့တွေကတော့ target တွေပေါ့ဗျာ။ ဘယ်ဘက် ပိုသွား မလည်းဆိုတာကတော့ မဟာဆန်သူရဲ့ အဆုံးအဖြတ်သာ ဖြစ်ပါကြောင်းဗျာ။ လောလော ဆယ်တော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အိန်နီးချင်းကောင်းပီသစွာနဲ့ သူ့ပိုင်နက် စစ်တကောင်းမြို့ အနီးကို လာဖို့ ဗီဇာထုတ်ပေးလိုက်ပါပြီ။ ကျန်တာကတော့ ကံဇာတ်ဆရာစီမံရာအတိုင်းပါဘဲ။

ရခိုင်မြောက်ပိုင်း စစ်တွေရဲ့အထက် မောင်တော ဘူးသီးတောင်အထိ မေလ (၁၄-၁၆)ရက်ကာလ အတွင်း အထူးသတိထားဖို့လိုနေပါတယ်။ Disaster Potential Period လို့ဆိုကြပါစို့။ တစ်နာရီလေတိုက်နှုန်း မိုင်(၁၀၀-၁၁၀)ခန့်နှုန်းနဲ့ ပင်လယ်ပြင်မှာ လှိုင်းအမြင့် (၁၅)ပေခန့် ကမ်းစပ်တွေမှာ မုန်တိုင်းဒီရေအမြင့် (၅-၇)ပေ ပေးနိုင်တဲ့ မဟာဆန်သူရဲ့ ခရီးစဉ်ဟာ ဒီကာလအတွင်း စစ်တကောင်း-မောင်တောဖက်ကို ချီတက်လာနေမှာဖြစ်ပါတယ်။

Dr. Tun Lwin (MCCW)


မေလ(၁၂)ရက်နေ့ မုန်တိုင်းသတင်း

Posted: 11 May 2013 10:12 PM PDT

၂၀၁၃ခုနှစ်၊ မေလ(၁၂)ရက်နေ့ မြန်မာစံတော်ချိန်(၀၆း၀၀)နာရီ အချိန်ထုတ်ပြန်ချက်

ယနေ့ မြန်မာစံတော်ချိန်(၀၅း၃၀)နာရီ အချိန်တိုင်းထွာချက်များ အရ ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်း မဟာစင်(MAHASEN)သည် မြန်မာနိုင်ငံ၊ (ကိုကိုးကျွန်း)၏ အနောက်တောင် ဘက်မိုင်(၄၃၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့၏ အရှေ့တာင်ဘက် မိုင်(၄၈၀)ခန့် အကွာ ပင်လယ်ပြင်ကှို ဗဟိုပြု နေပါသည်။

အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည်အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားလျက်ရှိပြီး၊မုန်တိုင်း

ဗဟိုချက်အနီးတွင်အမြင့်ဆုံး လေတိုက်နှုန်းမှာ မိုင်(၅၀)မှမိုင်(၆၀) အထိရှိနိုင်ပါသည်။ မဟာစင်(MAHASEN) ဆိုင်ကလုန်မုန်တိုင်းသည် နောက်(၂၄)နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ပြီး၊ အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တကွေ့၊ မွန်တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ တွင်ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျစဉ်ရေပြင်/မြေပြင် လေသည်တစ်နာရီလျှင်မိုင်(၄၀)မှ(၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ လက်ရှိ အခြေအနေမှာ အ၀ါရောင်အဆင့်သာ ရှိသော်လည်း မေလ(၁၃)ရက်နေ့မွန်လွဲပိုင်းမှ စတင်ပြီး အရှေ့မြောက်ဘက်သို့ကွေ့လျက်မေလ(၁၆)ရက်နေ့ နံနက်ပိုင်းခန့်တွင်မြန်မာနိုင်ငံ(ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်း) ကမ်းခြေနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဒေသများ ဆီသို့ဖြတ်ကျော် ၀င်ရောက်နိုင်ကြောင်း ခန့်မှန်းရပါသည်။

မြန်မာ့ကမ်းရီုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့် မုန်တိုင်း အန္တရာယ် ရှောင်ရှားရန်လိုအပ်ကြောင်း အကြံပြုအပ်ပါသည်။

မိုးလေ၀သနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာန




ထိုင်းနိုင်ငံထဲ ခိုးဝင်ဖို့ ကြိုးစားတဲ့ မြန်မာတွေကို ဖမ်းဆီး

Posted: 11 May 2013 07:09 PM PDT

မဲဆောက် မြ၀တီ ထိုင်း- မြန်မာနယ်စပ် လမ်းကြောင်းကနေ ထိုင်းနိုင်ငံထဲကို ခိုးဝင်ဖို့ ကြိုးစားနေတဲ့ မြန်မာ နိုင်ငံသား ၈၀ ကျော်ကို မေလ ၁၁ ရက် စနေနေ့က မဲဆောက် မြို့ပြင် တောစပ်မှာ ထိုင်း တာဝန်ရှိသူတွေက ဖမ်းဆီးလိုက်ပါတယ်။ ထိုင်း မြန်မာနယ်စပ်မှာ ယာယီ မြန်မာ နိုင်ငံကူး လက်မှတ်တွေ ထုတ်ပေးနေတဲ့ တချိန်ထဲမှာ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ထိုင်းနိုင်ငံထဲ ခိုးဝင်းဖို့ ကြိုးစားသူတွေကို ဖမ်းထားပုံ

မန္တလေးမြို့က ကျောက်ဝိုင်း (ရုပ်/သံ)

Posted: 11 May 2013 06:15 PM PDT

မန္တလေး၊ မဟာအောင်မြေ မြို့နယ်က ကျောက်ဝိုင်းကို ပြောင်းရွှေ့မယ်လို့ ပြောဆို နေကြတဲ့ အတွက် နေရာ မပြောင်းရွှေ့ချင်တဲ့ ကျောက်ရောင်းဝယ် သူတွေ စိုးရိမ်နေ ကြပါတယ်။ RFA သတင်းထောက် ကိုမျိုးဇော်ကို က တင်ပြထား ပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



မုန်တိုင်း သတင်း (၁၁-၅-၂၀၁၃)ရက် ည(၈း၀၀)နာရီအချိန် ထုတ်ပြန်ချက်

Posted: 11 May 2013 06:00 PM PDT

01B13 ဟာ အမည်တပ် မုန်တိုင်း MAHASEN (Name origin: Sri Lanka) ဖြစ်လာခဲ့ပါပြီ။
(၁၁-၅-၂၀၁၃)ရက် ည(၈း၀၀)နာရီအချိန် ထုတ်ပြန်ချက်။

အာလုံး…အားလုံးဟာ အခုအချိန်အထိ ကြိုတင် မျှောင်လင့်ထား ခဲ့တဲ့အတိုင်း တစ်ဆင့်ပြီး တစ်ဆင့် ပါဘဲ။ 


(၁၁-၅-၂၀၁၃)ရက်နေ့ (၁၂)နာရီခွဲ အချိန်တိုင်းတာချက်မှာ 

(၁) TC 01B ဟာ Mahasen လို့အမည် တပ်မုန်တိုင်းဖြစ်လာခဲ့ပါတယ်။ 


(၂) Mahasen ဟာ (၁၆-၅-၂၀၁၃) နေ့လည်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို စစ်တကောင်းမြို့အနီးက ဖြတ်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။


(၃) မုန်တိုင်းရဲ့ အချင်းဝက်ဟာ မိုင်(၁၁၀-၁၃၀)ခန့်ရှိနေလို့ စစ်တကောင်းမြို့အနီးကဖြတ်ပေမယ့် မုန်တိုင်းရဲ့ အန္တရယ်များတဲ့ညာဖက်စက်ဝိုင်းခြမ်း (Dangerous Right Hand Semicircle) ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့ကို ဖြတ်ကျော်မှာမို့ မောင်တောမြို့ဟာ လေဒဏ်(တစ်နာရီ ၁၀၀ -၁၀၅ မိုင်နှုန်း)၊ ရေဒဏ် (မုန်တိုင်းဒီရေအမြင့် ၅-၇ ပေခန့်၊ ပင်လယ်ပြင်လှိုင်းအမြင့် ၁၅ ပေခန့်) ကြုံတွေ့ရစေနိုင်ပါတယ်။



ဒေါက်တာထွန်းလွင် (MCCW)


ပါကစ္စတန် ရွေးကောက်ပွဲ အပြီး ဝန်ကြီးချုပ်ဟောင်း Nawaz Sharif အောင်ပွဲခံ

Posted: 11 May 2013 05:45 PM PDT

ပါကစ္စတန်မှာ ဝန်ကြီးချုပ်ဟောင်း Nawaz Sharif နာဝပ်ဇ် ရှာရစ်ဖ် ဟာ မနေ့က စနေနေ့တုန်းက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ သူ့ရဲ့ Muslim League ပါတီက လွှတ်တော်မှာ အမတ်နေရာ အများဆုံး ရတယ် ဆိုတဲ့ ကနဦး အရိပ်လက္ခဏာတွေ တွေ့ခဲ့ရပြီးတဲ့နောက် လမ်းပေါ်ထွက် ပျော်မြူးနေတဲ့ သူ့ထောက်ခံသူတွေနဲ့ အတူ အောင်ပွဲခံခဲ့ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

အောင်ပွဲခံသူ ဝန်ကြီးချုပ်ဟောင်း နာဝပ်ဇ် ရှာရစ်ဖ်

သမ္မတနဲ့ သမ၀န်ကြီးလာမယ်ဆိုလို့ စာရွက်ကိုယ်စီနဲ့ အသနားခံကြမယ့် တောင်သူတွေ

Posted: 11 May 2013 03:47 PM PDT

မန္တလေးတိုင်း ဒေသကြီး၊ မတ္တရာမြို့နယ် ကျောက်စရစ်ကျေးရွာ မြောက်အုပ်စု တံငါ(မြောက်) ကျေးရွာမှာ မေလ ၁၁ ရက်နေ့ နေ့လည် ၁၁ နာရီခန့်က အသိမ်းခံ လယ်ယာမြေများ ပြန်လည်ရရှိရေး အတွက် မူလပိုင်ရှင် ဒေသခံတောင်သူ ၁၅၀ ခန့်က ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ တယ်လို့ သိရပါတယ်။

 အဆိုပါဒေသခံတောင်သူများဟာ ကျောက်စရစ်ကျေးရွာမှ မိုးကုတ်-မန္တလေးလမ်းမကြီးအတိုင်း မတ္တရာမြို့နယ်၊ မွေး/ရေ ၀န်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ရေနံ့သာငါးလုပ်ငန်းစခန်းအဆောက်အဦ ရှေ့အထိ ငြိမ်းချမ်းစွာစီတန်းလမ်းလျှောက်ခဲ့တယ်လို့ သိရပါတယ်။

အခုတောင်သူများဟာ မိမိတို့ပိုင် လယ်ယာမြေများကို လွန်ခဲ့တဲ့ အနှစ် ၂၀ ခန့်က တပ်ရင်းတပ်ဖွဲ့များက သိမ်းဆည်းတာခံခဲ့ရပြီး အခုအခါမှာ ဒေသခံမဟုတ်သူများက ငါးကန်များ၊ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်နေလို့ လက်မဲ့ဘ၀ရောက်ရှိကာ အချို့ တစ်နယ်တကျေးသို့ ရေကြည်ရာ မြက်နုရာ သွားရောက်လုပ်ကိုင် စားသောက်နေရပြီး သက်ဆိုင်ရာများထံ တင်ပြမှုတွေ လုပ်ခဲ့ပေမယ့် ဖြေရှင်းပေးခဲ့တာတွေမရှိဘူးလို့ သိရပါတယ်။

"ကျွန်တော်တို့ ဒါ ဘိုးဘွားပိုင်တဲ့မြေတွေ လွန်ခဲ့တဲ့ ၂၅ နှစ်လောက်ကတည်းက သိမ်းခံထားရ တာ။ အခု ဒီလူစုဟာ တင်ပြစာတွေ လူကြီးတွေကို ကိုယ်တိုင်တင်ပြဖို့ပဲ။ ကျွန်တော်တို့ကြားတာ ဒီနေရာကို လယ်/ဆည် ၀န်ကြီးလာမယ်၊ သမ၀န်ကြီးလာမယ်၊ သမ္မတကြီးကိုယ်တိုင်လာမယ်ဆိုလို့ တင်ပြဖို့လာကြတာပဲ။ အုပ်စုကတော့ အမျိုးမျိုးပါတယ်။ နိုင်ငံပိုင်သိမ်းခံထားရတာတွေပါတယ်။ သူတို့ လည်းတင်မှာပဲ။ ကျွန်တော်တို့ ကိုယ်တိုင်နှိုက် ခံထားရတာ။ အဆက်ဆက်တင်ပြခဲ့တာ။ ကျွန်တော်တို့ ပြည်သူတွေ ဥပေက္ခာပြုခံခဲ့ရတာ။ အခု ၀န်ကြီးလာမယ်၊ သမ္မတကြီးလာမယ်ဆိုတော့ တွေ့ချင်တယ်။ ကိုယ်တိုင်တင် ပြချင်တယ်။ ဒူးထောက်ပြီး အသနားခံမယ်"လို့ ဒေသခံတောင်သူတစ်ဦးဖြစ်သူ ကိုနေ၀င်းက စာနယ်ဇင်းများကို ပြောပြပါတယ်။

အလားတူ ရေနံ့သာကျေးရွာက မစန်းမြင့်ကလည်း "အမှတ် ၂၂ စိုက်ကွင်းက ကျွန်မတို့မြေတွေ သိမ်းဆည်းထားတာ အဲဒါကို ကျမတို့ လုပ်ကိုင်စားရတာဆင်းရဲတဲ့အတွက် အခုလိုသိမ်းဆည်းသွားပြီဆို တဲ့နောက် ကျွန်မတို့ ဆင်းဆင်းရဲရဲလုပ်စားနေရတာပါ။ အဲဒါကြောင့်မို့ ကျွန်မတို့မြေ ကျွန်မတို့ ပြန်ရချင်တယ်(ငို၍ပြော) ကျွန်မတို့အခု တစ်အိမ်သားလုံးဆင်းတောင့်ဆင်းရဲလုပ်စားနေရတာ ကျွန်မတို့မိဘဘိုးဘွား ပိုင်ဆိုင်ခဲ့တဲ့ ကျွန်မတို့မြေတွေ (ငိုရှိုက်လျက်ပြော) ကျွန်မတို့သားသမီးတွေ ကို ပညာမသင်ပေးနိုင်ဘူး။ ပညာမသင်ကြားနိုင်တဲ့ပုဂ္ဂိုလ်တွေ ဖြစ်နေတဲ့အတွက် တအားနင်းဆင်းရဲစွာ လုပ်စားနေရတာ။ ကျွန်မတို့လယ်မြေတွေကို ကျွန်မတို့ပြန်လုပ် စားပိုင်ခွင့် လိုချင်ပါတယ်။ ကျွန်မတို့ ဒီနေ့အချိန်မှာ ဆင်းတောင့်ဆင်းရဲ လုပ်စားနေရတယ်။ အဲဒါကြောင့် သားသမီးတွေလည်း ပညာမသင်နိုင်ဘူး။ ကျွန်မတို့မြေတွေကို ကျွန်မတို့လုပ်စားပိုင်ခွင့်လိုချင်ပါတယ်။

တံငါရွာ(မြောက်)က ဦးငွေကတော့ အခုလိုပြောပါတယ်။"ကိုယ်သိမ်းခံထားရတဲ့မြေလေးတွေကို ကိုယ်ပြန်ရချင်တယ်။ အတော်ဆင်းရဲနေတာ သားသမီးက ကျွေးမှစားရတာပါ။ ကိုယ်ပိုင်အိမ်ယာဆိုပြီး မရှိပါဘူး။ ကျွန်တော်တို့တောထဲ အမှတ်(၉)ရပ်ကွက်ဆိုပြီး စုပြီးနေရပါတယ်။ အခုတော့ သားသမီးအိမ်ကပ်နေရတာပါ။ သားသမီးကျွေးမှစားရတယ်"လို့ပြောပါတယ်။ "ကျွန်တော်က သပြေသာအုပ်စု၊ သပြေသာကျေးရွာသား မောင်အုန်းဟန်ဖြစ်ပါတယ်။ ကျွန်တော်တို့ ၁၉၉၁ခုနှစ်က ၁၁၆၊ ၁၁၇ ပုသိမ်ကြီးတပ်ကနေပြီးတော့ ကျွန်တော်တို့လုပ်ကိုင်စားသောက်နေတဲ့ လယ်ယာမြေများကို စတင် ပြီးသိမ်းဆည်းပါတယ်။ သူတို့ ၃ နှစ်လောက် လုပ်စားပြီးတဲ့နောက်မှာ အကျိုးတူအဖြစ် စံပြကုမ္ပဏီ ဦးတင်မြင့်ကို သူတို့ငှားစားပါတယ်။ အခုချိန်ထိ ကျွန်တော်တို့ တောင်သူတွေဟာ မလုပ်ရဘဲ ရေပြင်ကြီးဖြစ်နေပါတယ်။ တမံတွေ၊ ဆည်တွေအထက်ပေါ်မှာ ဘောင်ကြီးတွေ လုပ်ထားတဲ့ အတွက်ကြောင့် ကျွန်တော်တို့တောင်သူတွေဟာ လယ်ယာမြေ လုပ်ကိုင်မစားရသည့်အတွက်ကြောင့် အပြင်မှာရှိနေတဲ့ လုပ်ကိုင်စားရမယ့်လယ်ယာမြေ အစိုးရဆီကသိမ်းတဲ့ လယ်ကွင်းထဲတောင်မှ သူတို့ကန်ဘောင်မှာ ရေ တွေကျိုးကျတဲ့အခါမှာ မိုးတွေရွာတဲ့အခါမှာ လျှံပြီးတော့ ကျေးရွာများရော၊ ကျောင်းများရော၊ စာသင် ကျောင်းများရော အကုန်လုံးတက်ခဲ့ပါတယ်။ အဲလိုတက်တုန်းကလဲ စီမံကိန်းဧရိယာကွင်းတွေ ပျက်စီး တာကို အခုချိန်ထိလျော်ကြေးလဲ မရခဲ့ပါဘူး။ အခုချိန်ထိ အဖက်ဖက်က တင်ခဲ့ပါတယ်။ နေရာအနှံ့တင်ခဲ့ပေမယ့်လည်း စဉ်းစားမယ် စဉ်းစားမယ်နဲ့ အခုချိန်ထိ မစဉ်းစားလို့ ကျွန်တော်တို့ တံငါမြောက်တံငါရွာ ကျောက်စရစ်မြောက်ကနေ သမ၀ါယမ၀န်ကြီးရုံးရှေ့မှာ ကျွန်တော်တို့ အုပ်စုလိုက်တက်လာရခြင်းဖြစ်ပါတယ်။ ဒါကျွန်တော်တို့ ပါလာတဲ့ အင်အားတွေအများကြီးရှိတယ်။ လာရတဲ့အကြောင်းအရင်းကတော့ ကျွန်တော်တို့မြေတွေကို အခုချိန်ကို များများစားစားပြန်ပြီးတော့ တောင်သူလယ်သမားများကို လုပ်ကိုင်စားသောက်ဖို့ရာ အတွက် ဌာနဆိုင်ရာလူကြီးမင်းများနှင့် တပ်မှူးကြီးမင်းအောင်လှိုင်တို့က မိမိတို့တပ်မှ သိမ်းဆည်း ထားသော မြေများကို ပြန်ပေးဖို့ရာအတွက် အမြန်ဆုံးတောင်သူတွေလုပ်ပိုင်ခွင့်ရအောင် ဆောင်ရွက် ပေးပါလို့ ကျွန်တော်တို့အနူးအညွှတ် တောင်းခံအပ်ပါတယ်ခင်ဗျာ။

အဆိုပါ လယ်ယာသိမ်းဆည်းခံ တောင်သူများဟာ နေ့လည်ပိုင်းမှာ လူစုခွဲသွားခဲ့ပြီး သမ္မတ ကြီးအလာကို စောင့်မျှော်နေဆဲဖြစ်ကြောင်း သိရပါတယ်။

ဘကြီးအောင်  (မြန်မာဓိက)

သတင်း - ဓါတ်ပုံ -  မြန်မာဓိက





သမ္မတနဲ့ သမ၀န်ကြီးလာမယ်ဆိုလို့ စာရွက်ကိုယ်စီနဲ့ အသနားခံကြမယ့် တောင်သူတွေ

EU ပိတ်ဆို့မှု ဖယ်ရှားလိုက်၍ အထည်ချုပ်လုပ်ငန်း ဈေးကွက် ပိုရနိုင်

Posted: 11 May 2013 04:38 PM PDT

ဥရောပသမဂ္ဂ (EU)မှ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ ဖယ်ရှား လိုက်ခြင်းကြောင့် မြန်မာ့ အထည်ချုပ် လုပ်ငန်းအနေဖြင့် ဈေးကွက် ပိုမိုရရှိလာနိုင်ဖွယ် ရှိကြောင်း လုပ်ငန်းရှင်များက ဆိုသည်။ "ဥရောပသမဂ္ဂက အရင်က စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေ လုပ်ခဲ့ပေမယ့် အထည်ချုပ် လုပ်ငန်း မပါခဲ့ပါဘူး။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အနည်းဆုံး လုပ်ခလစာ ဥပဒေအား ဇွန်လဆန်းတွင် အမြန်ထွက်ရန် ဆောင်ရွက်နေ

Posted: 11 May 2013 04:43 PM PDT

အနည်းဆုံး လုပ်ခလစာ ဥပဒေအား လာမည့် ဇွန်လဆန်းတွင် အမြန်ဆုံး ထွက်ပေါ်လာ ရန် ဆောင်ရွက် နေကြောင်း လှိုင်သာယာ စက်မှုဇုန် ဥက္ကဌ ဦးမြတ်သင်းအောင် ကပြောသည်။ ၎င်းက" အနည်းဆုံး လုပ်ခလစာ ဥပဒေကို ဇွန်လဆန်းမှာ ဖြစ်အောင် လုပ်နေပါတယ်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


လစာ (၅)သောင်းကနေ (၂)သောင်း ထပ်တိုးပေးဖို့ မြန်မာ စိုးစံ အလုပ်သမားတွေ ဆန္ဒပြ စဉ် ၊ ဓါတ်ပုံ - Myanmar News Now

မဟာစင်မုန်တိုင်း အားကောင်းလာ

Posted: 11 May 2013 04:48 PM PDT

ဘင်္ဂလား ပင်လယ်အော် အရှေ့တောင် ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မဟာစင် မုန်တိုင်းဟာ အင်အား ကောင်းလာ နေပြီး ဆိုင်ကလုန်း မုန်တိုင်းတစ်ခု ဖြစ်လာခဲ့ ပါတယ်။ အဲဒီ မုန်တိုင်းဟာ ဘယ်လောက် အထိ အားကောင်း လာနေပြီလဲ။ ဘယ်ကို ဦးတည်နေ သလဲ ဆိုတာကို မြန်မာ နိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှူး ဦးချစ်ကျော်ကို ဆက်သွယ် မေးကြည့်တော့ လက်ရှိ အချိန်မှာ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


မဟာစင်မုန်တိုင်း အားကောင်းလာနေ