[mrsorcerer:38255] နဝတအစိုးရလက်ထက်တရားဝင်ကြေညာခဲ့တဲ့ဗလီ/ခရစ်ယျာန်ဘုရားကျောင်းစာရင်း

နဝတ စစ်အစိုးရလက်ထက် ထုတ်ဝေခဲ့တဲ့ သာသနာရောင်ဝါထွန်းစေဖို့ စာအုပ်ပြောတဲ့ မြန်မာနိုင်ငံမှ အစ္စလာမ်သာသနာဝင်များကြောင်း၊ ဗလီများ၊ ခရစ်ယျာန် ဘုရားရှိခိုးကျောင်းများ စာရင်း
============================
မေ-၁၁၊၂၀၁၃
M-Media
ရှာဖွေတင်ပြသူ- ဗေဒါလမ်း


"တလောက ရန်ကုန်တိုင်း သာသနာရေးမှုး ဦးအောင်ကြည်က တရားဝင်ဗလီဆိုပြီးဆောက်ခွင့် ပေးထားတာ မရှိဘူး " ဆိုပြီး Eleven Media က http://www.news-eleven.com/local/18835 မှာ ဖော်ပြသွားတာတွေ့လိုက်ရပါတယ်။ (** ဦးအောင်ကြည်က ထိုသို့ ပြောခဲ့တာ မဟုတ်ကြောင်း မီဒီယာများလိုရာ ဆွဲရေးပြိးဖော်ပြခဲ့တာဖြစ်ကြောင်း ပြန်လည်ရှင်းလင်းခဲ့ပါတယ်။ ဦးအောင်ကြည်ဖြေရှင်းချက် http://www.m-mediagroup.com/news/12512)

ဒါနဲ့သာသနာရောင်ဝါ ထွန်းစေဖို.ဆိုတဲ့ စာအုပ်ကိုကြည့်လိုက်ပါတယ်။ စာအုပ်ရဲ. အမှာစာကို န-ဝ-တ အတွင်းရေးမှုး (၂)ဒုတိယဗိုလ်ချုပ်ကြီးတင်ဦး စစ်ဆင်ရေး အထူးအဖွဲ.မှူးနှင့် စစ်ဦးစီးအရာရှိချုပ်(ကြည်း) ကရေးသားထားပြီး "ဘာသာ အယူဝါဒသည် လူသတ္တဝါများကို ယဉ်ကျေးသီမ်မွေ.အောင် ဆုံးမရာတွင် စွမ်းအားမြင့်မားသော အင်အားကြီး တရပ်ဖြစ်ပေသည်" ဟု အမှာစကားပါးထားပါတယ်။
ဒီစာအုပ်ထဲက အရေးကြီးတဲ့ အချက် လေးချက်လောက်ကိုတော့ ပြောချင်ပါတယ်။

နံပါတ် (၁)အစ္စလာမ်ဘာသာ မြန်မာနိုင်ငံကို ရောက်လာတာ နှစ်ပေါင်း ၁၂၀၀ ခန့်ရှိပြီဆိုတဲ့အချက်၊
(၂) ရခိုင်မှာ ကမန်မွတ်စလင်တွေအပြင် တိုင်းရင်းသားဖြစ်တဲ့ အစ္စလာမ်ဘာသာဝင် ရခိုင်တွေရှိခဲ့တယ်ဆိုတဲ့အချက်၊
(၃) တိုင်းရင်းသား အစ္စလာမ်ဘာသာဝင်တွေကို ဟဂ်ျသွားခွင့်ပြုခဲ့တဲ့ဆိုတဲ့ အချက်နဲ.
(၄) ဗလီတွေ ပြန်လည် မွမ်းမံဆောက်လုပ်ခြင်း ဝင်းထရံကာခြင်း၊ တိုးချဲ. ဆောက်လုပ်ခြင်းတွေကို သက်ဆိုင်ရာအာဏာပိုင်များ၏ စီစစ် ခွင့်ပြုချက်နှင့်သာဆောင်ရွက်ခဲ့ခြင်းဆိုတာကိုတွေ.ရပါတယ်။

ဒီစာအုပ်က န-ဝ-တ ခေတ် ၁၉၉ရ မတ်လ ထုတ်ပါ။ ထုတ်ဝေတာက ကာကွယ်ရေး ဝန်ကြီးဌာန ပြန်လည်နေရာ ချထားရေး ညွန်ကြားရေးမှုးရုံး ဦးစီးအရာရှိပထမတန်း ဒုတိယဗိုလ်မှုးကြီးဝင်းမောင် ကတာဝန်ခံထုတ်ဝေတာဖြစ်ပါတယ်။ ပြောရရင် န-အ-ဖ အစိုးရကထုတ်တာပါ။အဲဒီစာအုပ်ထဲက အစ္စလာမ်ဘာသာနှင့်မြန်မာနိုင်ငံဆိုတဲ့ အကြောင်းကိုတင်ပြချင်ပါတယ်။ကောက်နုတ်ဖော်ပြချက်သာဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ စာအုပ်ကိုရှာဖွေ ဖတ်ရှုစေချင်ပါတယ်။

"အစ္စလာမ်ဘာသာစတင်ဝင်ရောက်လာပုံ"

အစ္စလာမ်ဘာသာသည်မြန်မာနိင်ငံသို့လွန်ခဲ့သောနှစ်ပေါင်း ၁၀၀၀ ကျော် ၁၂၀၀ ခန်.ကစ၍ အုပ်စုလိုက်၎င်း၊တစ်ဦးချင်း နှစ်ဦးချင်း အားဖြင့်၎င်း ပြန့်နှံ့ဝင်ရောက်ခဲ့သည်။သမိုင်းအထောက်အထားများအရအစ္စလာမ်ဘာသာမြန်မာနိုင်ငံသို.စတင်ရောက်ရှိလာပုံမှာ ပြည်ပအစ္စလာမ်သာသနာပြုများက မြန်မာနိုင်ငံသို.လာရောက်သာသနာပြုသဖြင့်ရောက်ရှိလာခဲ့ခြင်းမျိုးမဟုတ်ပါ။

အေဒီ ရ၈၈-၈၁၀ အတွင်းရခိုင်ဘုရင် မဟာတိုင်စန္ဒလက်ထက် ရမ်းဗြဲကျွန်းအနီးတွင် သင်္ဘောများစွာ ပျက်ခဲ့ပြီးအစ္စလာမ်ဘာသာဝင် သင်္ဘောသားများအား ရခိုင်ပြည်မသို့ပို့ကာ ကျေးရွာများတွင်အတည်တကျနေရာချထားပေးခဲ့ကြောင်းတို့အပြင် အခြား အထောက်အထားတွေကိုပါ ဖော်ပြထားပါတယ်။ရခိုင်ပြည်နယ်မှာ ကမန် မွတ်စလင်တို့အပြင် စစ်တွေမြို.အရှေ.ပိုင်းဒေသများ၊ရမ်းဗြဲကျွန်းနှင့်သံတွဲတဝိုက်တွင် "တိုင်းရင်းသားများဖြစ်ကြသော" အစ္စလာမ်ဘာသာကိုးကွယ်သည့် ရခိုင်များ အနှံ့အပြားရှိနေသည်ဟုဖော်ပြထားပါသည်။

ဘိုးတော်ဘုရားလက်ထက် မြန်မာသက္ကရာဇ် ၁၁၆၃ (ခရစ်နှစ် ၁၈၀၁ ခု ) ကဆုန်လပြည့်ကျော် ၂ ရက်နေ့တွင် ရွှေတိုက်ပရပိုက်မှ ဗိုလ်မင်း မင်းလှကျော်ထင် ရေးကူးသော စစ်တမ်းတွင် မြန်မာသက္ကရာဇ် ၁၀၆၀ မှ ၁၀ရ၆ အထိ နန်းစံသောအင်းဝစနေမင်းလက်ထက်တွင် ရခိုင်ဘက်မှဝင်ရောက်လာသောမွတ်စလင် ၃၀၀၀ ကျော်အား အေဒီ(၁၇၀၉) ခုနှစ်တွင်နေရာ ၁၂ နေရာကိုနေရာချပေးခဲ့ကြောင်းရေးသားထားသည်။

နေရာ ၁၂ နေရာမှာ ၁။တောင်ငူ ၂။ရမည်းသင်း ၃။ညောင်ရမ်း ၄။ယင်းတော် ၅။မိတ္ထီလာ ၆။ပင်းတလဲ ရ။တဘက်ဆွဲ ၈။ဘောမိ ၉။သာစည် ၁၀။စည်ပုတ္တရာ ၁၁။မြေဒူး ၁၂။ဒီပဲယင်း တို့ဖြစ်ကြောင်း ၁၉၉၃ ခု ကောက်ယူသောသန်းခေါင်စာရင်းအရ အစ္စလာမ်ဘာသာဝင် လူဦးရေ ၁၆၂၀၂၃၃ ဦးရှိပြီး လူဦးရေ၏ ၃.၇၉ % ရှိကြောင်းဖော်ပြထားသည်။

ဆက်လက်ဖော်ပြထားရာတွင် "တိုင်းရင်းသား အစ္စလာမ်ဘာသာဝင်တို.၏ "သာသနာ့တာဝန်တရပ်ဖြစ်သော မက္ကာမြို.သို.ဟဂ်ျဘုရားဖူးသွားရောက်ခြင်းကို ၁၉၆၀ တွင် ၂၈၉ ဦး၊၁၉၆၁ တွင် ၄၉၄ ဦး၊ ၁၉၆၂ တွင်၁၀၂ ဦးတို့အား သွားရောက်ခွင့်ပြုခဲ့ပြီး နောက်ပိုင်းတွင် နိုင်ငံခြားငွေအခက်အခဲကြောင့်ဟဂ်ျဘုရားဖူးသွားခြင်းကိုပိတ်ပင်ခဲ့ပါသည်။

ယနေ့အခြေအနေ

အစ္စလာမ်ဘာသာရေးကိစ္စများအတွက် သာသနာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသော အစ္စလာမ်ဘာသာရေး အဖွဲ.ကြီး ငါးဖွဲ.ရှိပြီး၎င်းတို.မှာ

၁။အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်
၂။အိုလမာအစ္စလာမ်သာသနာပညာရှင်များအဖွဲ.ချုပ်
၃။မြန်မာနိုင်ငံလုံးဆိုင်ရာမော်လဝီအဖွဲ.ချုပ
် ၄။မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်စလင်လူငယ်များ ဘာသာရေးအဖွဲ.
၅။မြန်မာမွတ်စလင်အမျိုးသားရေးရာအဖွဲ.ချုပ် တို့ဖြစ်သည်။

အစ္စလာမ်ဘာသာပြန့်ပွားရေးအတွက်နိုင်ငံတော်က နှစ်စဉ်ကျပ် တစ်သိန်းထောက်ပံ့ထားပြီး ဗလီများပြန်လည်ပြုပြင် မွမ်းမံတည်ဆောက်ခြင်းနှင့် ဝင်းထရံကာရံခြင်း၊ အသစ်တိုးချဲ. ဆောက်လုပ်ရေးအတွက် သဘောထားများ စိစစ်ပြန်ကြားဆောင်ရွက်ပေးခြင်း၊ဆောက်လုပ်ရေးပစ္စည်းများ ဝယ်ယူခွင့်ရရှိရေးအတွက် ဆောင်ရွက်ပေးခြင်းတို.ကိုဆောင်ရွက်ပေးလျှက်ရှိပါသည်။ ဘာသာေ၇းဆိုင်ရာ စာပေများထုတ်ဝေခြင်းကို စီစစ်ခွင့်ပြုခြင်း၊ပြည်ပမှ အခမဲ့ပေးပို.လှုဒါန်းသော ဘာသာရေးစာအုပ်များ၊မွတ်စလင်ကုသိုလ်ဖြစ် ဆေးရုံအတွက် ဆေးရုံသုံးပစ္စည်းများ၊လူနာတင်ယဉ်များ တင်သွင်းခွင့်ရရိရေးအတွက် စီစစ် တင်သွင်းခွင့်ပြုလျက်ရှိပါသည်။

၁၉၉၇ မတ်လ နိုင်ငံတော်ငြီမ်ဝပ်ပိပြားရေးတည်ဆောက်ရေးအစိုးရအဖွဲ.မှ ထုတ်ဝေသော သာသနာရောင်ဝါထွန်းစေဖို.စာအုပ်မှ ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

Eleven မီဒီယာရဲ့ http://www.news-eleven.com/local/18835 သတင်းတွင် မြန်မာနိုင်ငံမှာ ရှိတဲ့ ဗလီဝတ်ကျောင်းတော်စာရင်းကို အထောက်အထားမဲ့လွဲမှားစွာ ဖော်ပြခဲ့ကြောင်းလဲ တွေ့ပါတယ်။ Eleven မီဒီယာမှ တနိုင်ငံလုံးတွင် ဗလီဝတ်ကျောင်း ၇၀၀ ကျော်ခန့်သာရှိမည်ဟု ဖော်ပြပြီး ၁၉၉၇ မတ်လ နိုင်ငံတော်ငြီမ်ဝပ်ပိပြားရေးတည်ဆောက်ရေးအစိုးရအဖွဲ.မှ ထုတ်ဝေသော သာသနာရောင်ဝါထွန်းစေဖို. စာအုပ်တွင် တနိုင်ငံလုံး၌ ဗလီဝတ်ကျောင်း ၂၂၆၆ ရှိကြောင်းကို အတိအကျဖော်ပြပါရှိပါသည်။


--

May Peace Be Upon You
Regards,
Ruby

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.