သစ်ထူးလွင်
သစ်ထူးလွင်
ရန်ကုန်အပူရှိန် သာမန်ထက် ကျော်လွန်နေတာကြောင့် စိုးရိမ်တဲ့အဆင့်ဖြစ်နေပြီဟု မိုးဇလပညာရှင်ပြော (ရုပ်/သံ)
Posted: 02 May 2013 06:26 AM PDT
ရန်ကုန်မြို့ရဲ့အပူရှိန်ဟာ သာမန်ထက်ကျော်ပြီး လွန်ကဲတဲ့ အဆင့်ကို ရောက်နေ တာ ဖြစ်လို့ ပြသနာဟာ ပေါ့သေးသေး မဟုတ်တော့ ဘူးလို့ မိုးဇလပညာရှင် ဦးထွန်းလွင်က ဧပြီ ၃ဝရက်နေ့မှာ သတိပေးလိုက်ပါတယ်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ
မြန်မာနိုင်ငံသားများ လူမှုစီးပွားဘ၀ မြင့်မားတိုးတက်တော့မည်ဟု သမ္မတပြော
Posted: 02 May 2013 05:28 AM PDT
မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ရုပ်လိုက်ပြီဖြစ်လို့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး မပြေလည်မှုတွေကို ဖြေရှင်းနိုင်တော့မှာ ဖြစ်ပြီး ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ မြင့်မား တိုးတက် လာတော့မယ်လို့ သမ္မတ ဦးသိန်းစိန်က ရေဒီယိုကနေ ကြေညာ လိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို မေ ၂ ရက်နေ့ မိန့်ခွန်းမှာ သမ္မတက ထည့်သွင်းပြောဆိုလိုက်တာပါ။
သမ္မတ ဦးသိန်းစိန်က "ဧပြီ ၂၂ ရက်နေ့မှာ ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံကို လက်နက်ရောင်းဝယ်မှုက လွဲပြီး အခြားပိတ်ဆို့အရေးယူမှုအားလုံးကို ရုပ်သိမ်းပေးခဲ့ပြီး ဖြစ်ပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပိတ်ဆို့အရေးယူမှုတွေရဲ့ အကျိုးဆက်ကြောင့် ပေါ်ပေါက်ခဲ့ရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး မပြေလည်မှုများကို ဖြေရှင်းနိုင်တော့မှာ ဖြစ်တဲ့အတွက် ပြည်သူများရဲ့ လူမှုစီးပွားဘဝ မြင့်မား တိုးတက်လာတော့မှာ ဖြစ်ပါတယ်" လို့ ပြောသွားပါတယ်။
နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက် လာနိုင်တာနဲ့အမျှ ကမ္ဘာ့ဈေးကွက်နဲ့ ပိုမိုချိတ်ဆက်လာနိုင်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာ အကျိုးရှိမှာ ဖြစ်သလို တဖက်မှာလည်း ကမ္ဘာ့စီးပွားရေး အကျပ်အတည်းတွေ၊ မထင်မှတ်တဲ့ ရိုက်ခတ်မှုတွေကိုလည်း ကြံ့ကြံ့ခံကျော်လွှားနိုင်ဖို့ ပြင်ဆင်ထားရမယ်လို့ သမ္မတက သတိပေးပြောဆိုပါတယ်။
စီးပွားရေးသုံးသပ်သူ ဒေါ်ခင်အုန်းသန့်ကလည်း ဒဏ်ခတ်မှုတွေ ဖယ်ရှားလိုက်လို့ ပွင့်လင်းလာပေမယ့်လည်း နိုင်ငံတကာက စံချိန်စံညွှန်းကို ဂရုစိုက်တဲ့အတွက် မြန်မာတွေဘက်က စံချိန်စံညွှန်းပြည့်မီရေးကို အလေးထားဆောင်ရွက်ရမယ်လို့ ပြောပါတယ်။
"အများအတွက်တော့ အထူးသဖြင့် အလတ်စားတွေအတွက် ကောင်းတယ်လို့ ယူဆတယ်။ သူတို့ဘက်ကဖွင့်လိုက်တိုင်း ကိုယ်က အလိုလိုတော့ အခွင့်အရေးနဲ့ ရလဒ်တွေရမှာတော့မဟုတ်ဘူးလေ။ အထူးသဖြင့် ကျမစိတ်ပူတာက စံချိန်စံညွှန်း။ သူတို့ ကုန်သွင်းတယ်ဆိုတာ ဒီအတိုင်းသွင်းတာမဟုတ်ဘူးလေ။ နိုင်ငံတကာစံချိန်စံညွှန်းနဲ့ ကြည့်တာလေ။ ဥပမာ ငါး၊ ပုစွန် သူတို့က ဒီမှာ ဘယ်လိုမွေးလဲ၊ ထားလဲဆိုတာ အီးယူက လာကြည့်မှာလေ။ သူတို့ စံချိန်စံညွှန်းနဲ့ညီလားကြည့်မှာလေ၊ ညီမှလုပ်မှာလေ။ အဲအပိုင်းကိုတော့ လုပ်ငန်းရှင်အသစ်တွေအတွက် စိတ်ပူတာလေ၊ ဒီကလူတွေက စံချိန်စံညွှန်း အင်မတန်ပေါ့တယ်လေ။"
သမ္မတဦးသိန်းစိန် ဆက်ပြောတာက ကမ္ဘာပေါ်မှာ အလျင်မြန်ဆုံး ဖွံ့ဖြိုးတိုးတက်နေပြီး စီးပွားရေးအင်အားကြီး နိုင်ငံလည်း ဖြစ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ အိမ်နီးချင်း ဖြစ်တယ်ဆိုတဲ့ အခြေအနေကို အားသာချက်အဖြစ် ရှုမြင်ပြီး မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခွင့်အလမ်းတွေ ဖန်တီးသွားရမယ်လို့ ပြောပါတယ်။
သမ္မတက သူသွားရောက်ခဲ့တဲ့ နယူးဇီလန်နိုင်ငံ၊ ဩစတြေးလျနိုင်ငံနဲ့ ဥရောပနိုင်ငံ ခရီးစဉ်တွေကနေ အဲဒီနိုင်ငံတွေနဲ့ နည်းပညာဆိုင်ရာ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍစုံမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ဆွေးနွေးညှိနှိုင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
သူဦးဆောင်တဲ့အစိုးရက လျှပ်စစ်မီး ပိုမိုရရှိရေးနဲ့ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေကို စတင်အကောင်အထည်ဖော်သလို အကျဉ်းသား ၉၃ ယောက်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာတွေကို ထည့်သွင်းပြောဆိုခဲ့ပြီး ၂၀၁၃ ဧပြီဟာ မြန်မာနိုင်ငံအတွက် နိုင်ငံရေး၊ စီးပွားရေးနဲ့ နိုင်ငံတကာ ဆက်ဆံရေး ကဏ္ဍတွေမှာ အောင်မြင်မှုတွေ ရရှိခဲ့တဲ့အတွက် သမိုင်းဝင်တဲ့ အချိန်ကာလတခုဖြစ်တယ်လို့ သမ္မတက ပြောပါတယ်။
နိုင်ငံတော်သမ္မတရဲ့ မိန့်ခွန်းပါ ပြောကြားချက်တွေထဲမှာ ရခိုင်ကော်မရှင်အစီရင်ခံစာလို ကမ္ဘာတ၀န်းက စိတ်ဝင်စားတဲ့ ကိစ္စမျိုးကိုတော့ ထည့်သွင်းပြောဆိုခြင်းမရှိပါဘူး။
ဒါ့အပြင် စစ်ရေး၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေလည်း ချိန်းဆိုတဲ့အတိုင်း ကချင်လွတ်လပ်ရေးအဖွဲ့နဲ့ အစိုးရအကြား မြစ်ကြီးနားမှာ ဒီလဆန်း ၆ ရက်နေ့ကတည်းက ဆွေးနွေးပွဲလုပ်ဖို့ ကိစ္စ ဆိုင်းငံ့ခဲ့ရတာ၊ ဧပြီ ၂၀ ရက်နေ့မတိုင်ခင် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (ယူအန်အက်စီ)နဲ့ အစိုးရအကြား နိုင်ငံရေးဆွေးနွေးပွဲလုပ်မယ်လို့ ထုတ်ပြန်ကြေညာထားပေမယ့် မဆွေးနွေးနိုင်တာတွေ ဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ် စစ်တွေမြို့က မွတ်စလင်ဒုက္ခသည်တွေကို လူဦးရေစာရင်း ကောက်ယူရာမှာ ဘင်္ဂါလီဆိုပြီး ရေးသွင်းလို့ လက်မခံနိုင် ပြဿနာဖြစ်တာတွေနဲ့ ရန်ကုန်တိုင်း ဥက္ကံမြို့နယ်အတွင်း အိမ်ခြေ ၇၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတာတွေကိုလည်း သမ္မတက ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိပါဘူး။
 by ​အေး​နိုင်  (ဒီဗွီဘီ)
ရန်ကုန်အပူချိန် အန္တရာယ်အဆင့်ရောက်
Posted: 02 May 2013 05:23 AM PDT
ရန်ကုန်မြို့တွင် ခံစားရသည့် အပူချိန်သည် ဦးနှောက် သွေးကြော ပြတ်ခြင်း၊ လေဖြတ်ခြင်းတို့ ဖြစ်ပွား
 စေနိုင်သည့် အန္တရာယ်ရှိမှု လွန်ကဲသည့် အဆင့်သို့ ရောက်ရှိ နေကြောင်း မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်က မေ ၁ ရက် တွင်ပြောသည်။ အပူချိန် ၅၄ ဒီဂရီ စင်တီဂရိတ် အထက်နှင့် ၁၃၀ ဒီဂရီ ဖာရင်ဟိုက်အထက် သက်ရောက်မှုကို အန္တရာယ်ရှိမှု လွန်ကဲသည့်အဆင့်----
 သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
မေလ(၂)ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ ၁၂၊ အမှတ် ၈
Posted: 02 May 2013 04:02 AM PDT
မေလ(၂)ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ ၁၂၊ အမှတ် ၈
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေ မဖြစ်အောင် ဘာတွေ လုပ်ကြမလဲ
Posted: 02 May 2013 03:33 AM PDT
အားလုံး သိကြတဲ့ အတိုင်း မန္တလေးတိုင်း မိတ္တီလာမြို့နဲ့ ပဲခူးတိုင်း မြို့နယ်တချို့မှာ ဘာသာရေးနဲ့ လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးနောက် ဒါမျိုး ရန်ကုန်ကို ကူးစက်မ လာအောင် သက်ဆိုင်ရာ အာဏာပိုင်တွေ၊ နိုင်ငံရေးပါတီတွေ၊ လူမှုရေး အဖွဲ့အစည်းတွေ အပါအ၀င် မတူကွဲပြားတဲ့ ဘာသာဝင်တွေကပါ အတတ်နိုင်ဆုံး ကာကွယ် တားဆီးမှုတွေ လုပ်ခဲ့ကြပါတယ်။ ဒီအတွက်လည်း အားလုံး စိုးရိမ်ခဲ့သလို ပြီးခဲ့တဲ့ သင်္ကြန်ကာလတုန်းက ဘယ်လို ပြဿနာမျိုးမှ ဖြစ်ပွားတာမျိုး မရှိခဲ့ပါဘူး။
ဒါပေမယ့် ဧပြီ ၃၀ ရက်နေ့မှာတော့ ရန်ကုန်တိုင်း ဥက္ကံမြို့နယ်မှာ သပိတ်ကိုင် ကိုရင်လေး ၁ ပါးနဲ့ ဆိုင်ကယ်စီး အမျိုးသမီး ၁ ယောက် မတော်တဆ ထိခိုက်မိတာကို အကြောင်းပြုပြီး ဘာသာရေးနဲ့ လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားသွားခဲ့ပါပြီ။ ကနဦးသတင်းတွေအရ ဘာသာရေး အဆောက်အဦ ၁ လုံး၊ နေအိမ်နဲ့ ဆိုင်ခန်းတချို့ ဖျက်ဆီးခံရသလို ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက် လူစုခွဲရတဲ့အထိ အခြေအနေ ဆိုးရွားခဲ့ပါတယ်။ သက်ဆိုင်သူတွေအားလုံး ဒီလောက် သတိထား နေကြတဲ့ကြားက ဒီလို ပဋိပက္ခမျိုး ဘာကြောင့် ရန်ကုန်မှာ ဖြစ်လာခဲ့တာလဲ။ အကြောင်းရင်းက ဘာလဲ။ ဒါကို ဘယ်လို တားဆီးနိုင်မလဲ ဆိုတာ ခုတပတ် ဆွေးနွေးတင်ပြသွားမယ် ဖြစ်ပါတယ်။
မိတ္ထီလာမြို့ ဒုက္ခသည်များ
ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့စဉ်တုန်းကတော့ အာဏာပိုင်တွေက ဒါဟာ ဘာသာရေးနဲ့ လူမျိုးရေးဆန်တဲ့ ပြဿနာတွေ မဟုတ်ပါဘူး။ ဒါကြောင့် မြန်မာပြည်အတွင်းကို ကူးစက်မလာနိုင်ပါဘူး ဆိုပြီး နိုင်ငံတကာကို ပြောဆိုခဲ့ကြပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်း မိတ္တီလာမြို့နဲ့ ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တွေမှာ လူအသေအပျောက် ၄၀ ကျော်သည်အထိ အကြမ်းဖက်မှုတွေ ဖြစ်ပွားလာတဲ့အခါမှာတော့ ဒါဟာ ဘာသာရေးနဲ့ လူမျိုးရေးကို အခြေခံတဲ့ ပဋိပက္ခ မဟုတ်ပါဘူးလို့ ငြင်းလို့ မရတော့ပါဘူး။ ဒီအတွက်လည်း ဒီလို အကြမ်းဖက်မှုမျိုး ရန်ကုန်ကို ကူးစက်မလာအောင် အသည်းအသန် တားဆီး ကာကွယ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဘယ်လိုဖြစ်ဖြစ် ဒီ ပဋိပက္ခ ရန်ကုန်ကို ကူးစက်ခဲ့ပါပြီ။
အခုလို ပဋိပက္ခ အကြမ်းဖက်မှုတွေဟာ သာမန် အသေးအဖွဲ ပြဿနာလေးတွေကနေ စတာချည်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အမုန်းတရား ကိန်းအောင်းနေပြီးသား အခြေအနေအောက်မှာ ဘယ်လို ပြဿနာလေးတွေမဆို အကြမ်းဖက်မှုကြီးအဖြစ် အလျင်အမြန် ကူးပြောင်းသွားနိုင်ပါတယ်။ ပြောရရင် ပြဿနာရဲ့ အရင်းခံဟာ လူတွေစိတ်ထဲ ၀င်ရောက်နေတဲ့ အမုန်းတရား ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ အတူယှဉ်တွဲနေထိုင်လာတဲ့ ဒီ ဘာသာ ၂ ခု အကြား အခုအချိန်ကာလ ရောက်မှ ဘာကြောင့် အမုန်းတရားတွေ ဖြစ်ပေါ်လာရသလဲ ဆိုတာလည်း ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။ ပြဿနာကို ဘယ်မှာမှ အထူးရှာဖွေနေစရာ မလိုပါဘူး။ အခုနောက်ပိုင်း လူတွေစိတ်ထဲ အမုန်းတရား ပေါ်ပေါက်စေတဲ့ ဟောပြောမှု၊ ၀ါဒဖြန့်ချိမှုနဲ့ လှုံ့ဆော်တာတွေ အဆက်မပြတ် လုပ်နေလို့ အမုန်းတရားတွေ တဖြည်းဖြည်းပျံ့နှံ့လာတာ ဖြစ်ပါတယ်။
တကယ်တော့ ဒီ အမုန်းတရားတွေဟာ လောင်စာနဲ့ တူပါတယ်။ အသေးအဖွဲလို့ ဆိုတဲ့ ပြဿနာမီးစလေး တို့လိုက်တာနဲ့ ကြီးမားတဲ့ အကြမ်းဖက်မှုတွေအဖြစ် အလွယ်တကူ လောင်မြိုက်သွားစေတာ ဖြစ်ပါတယ်။ တချို့ နိုင်ငံရေးအင်အားစုတွေကတော့ ဒီ အမုန်းတရား ဖြန့်ဖြူးနေတာကို နှစ်ခြိုက်ကြပါတယ်။ သာမန်ပြည်သူတွေထဲ ဒီ ဘာသာရေးဆန်တဲ့ အမုန်းတရား ပျံ့နှံ့နေခြင်းအားဖြင့် နှစ်ပေါင်းများစွာ တိုင်းပြည် ချွတ်ခြုံကျခဲ့ရတာ၊ ပြည်သူတွေ ဆင်းရဲမွဲတေခဲ့ရတာ၊ လူစဉ်မမှီ ဖြစ်ခဲ့ရတာတွေဟာ စစ်အာဏာရှင်တွေကြောင့် မဟုတ်ဘဲ ဒီဘာသာခြားတွေကြောင့် ဖြစ်သယောင်ယောင် လမ်းလွှဲနိုင်လို့ပဲ ဖြစ်ပါတယ်။ တပြိုင်နက်တည်း ပြည်သူတွေ တခဲနက် ထောက်ခံအားပေးတဲ့ လူ့အခွင့်အရေး လေးစားလိုက်နာပြီး သမာသမတ်ကျတဲ့ အတိုက်အခံ နိုင်ငံရေးပါတီ၊ အဖွဲ့အစည်းနဲ့ ခေါင်းဆောင်တွေကိုလည်း ဒီ ဘာသာရေးဆိုင်ရာ အမုန်းတရားနဲ့ ဆက်စပ်ပြီး လူထုထောက်ခံမှု လျော့ကျအောင် လုပ်နိုင်လို့ပဲ ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံကို မီးလောင်တိုက်ထဲ သွင်းမယ့် ဒီ အမုန်းတရား ဖြန့်ဖြူးရေး လုပ်ကိုင်ဆောင်ရွက်မှုဟာ အတော်ကို ကြောက်စရာ ကောင်းပါတယ်။ မြန်မာပြည်ထဲမှာ ထိတ်လန့်စရာကောင်းတဲ့ ဘာသာရေးနဲ့ လူမျိုးရေးဆန်တဲ့ နောက်ထပ် အကြမ်းဖက်မှုတွေ မဖြစ်ပွား မပေါ်ပေါက်ဖို့ဆိုရင် လုံခြုံရေးအင်အား တိုးမြှင့်ချထားရုံ၊ ပုဒ်မ ၁၈၈ နေ၀င်မီးငြိမ်း အမိန့်ထုတ်ရုံ၊ မီးသတ်ကားတွေ အဆင်သင့် ပြင်ထားရုံ၊ ရပ်ကွက်တိုင်း ကင်းစောင့်ရုံ လောက်နဲ့ မလုံလောက်ပါဘူး။ အမုန်းတရားကို ဖြစ်ပေါ်စေတဲ့ ဟောပြောမှု၊ စည်းရုံးမှု၊ လှုံဆော်မှုတွေကို ထိထိရောက်ရောက် တားမြစ်ဖို့ လိုပါတယ်။ ဒါကို အားပေးအားမြှောက်ပြုမှုတွေ၊ ထပ်ဆင့် ဖြန့်ဖြူးမှုတွေနဲ့ ငွေကြေးထောက်ပံ့ပေးမှုတွေကိုလည်း ထိထိရောက်ရောက် အရေးယူဖို့ လိုပါတယ်။ ဒါတွေကို မလုပ်ကိုင်ခဲ့ရင်တော့ မြန်မာပြည်ဆိုတာ ထိတ်လန့်ကြောက်ရွံ့ဖွယ် အခြေအနေအောက်မှာ နေထိုင်ရတဲ့၊ အကြမ်းဖက်မှုတွေ နေရာအနှံ့ ဖြစ်ပေါ်နေတဲ့ မတည်ငြိမ်တဲ့ တိုင်းပြည်အဖြစ် ကျဆင်းသွားမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
 by တိုင်းကျော်  (ဒီဗွီဘီ)
ခွေးရူးအကိုက်ခံရ၍ လူ ၃ ဦး သေဆုံး
Posted: 02 May 2013 03:19 AM PDT
၃၀-၄-၂၀၁၃ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ ဂရုကျေးရွာ၌ ခွေးရူး အကိုက်ခံရ၍ လူကြီး(၂)ဦးနှင့် ကလေး(၁)ဦး သေဆုံးကြောင်းသတင်းအရ မြင်းမူရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ သေဆုံးသူများမှာ ၎င်းကျေးရွာနေ ဦးချစ်ရွှေ(၇၂)နှစ်၊ ဦးချစ်ရွှေ၏ဇနီး ဒေါ်ခင်ရွှေ(၇၃)နှစ်နှင့် မြစ်တော်စပ်သူ မောင်ပြည့်ဖြိုးဝေ(ခ)ပြေတီဦး(၄)နှစ်တို့ဖြစ်ကြောင်း သိရှိရသည်။  ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
မေလ (၄) ရက်နေ့ ထုတ် Techspace နည်းပညာ ဂျာနယ် အတွဲ ၂၊ အမှတ် ၅
Posted: 02 May 2013 03:12 AM PDT
မေလ (၄) ရက်နေ့ ထုတ် Techspace နည်းပညာ ဂျာနယ် အတွဲ ၂၊ အမှတ် ၅
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
ဧပြီလ (၃၀)ရက်နေ့ ထုတ် မော်နီတာသတင်း ဂျာနယ် အတွဲ (၂)၊ အမှတ် (၅၀)
Posted: 02 May 2013 03:07 AM PDT
ဧပြီလ (၃၀)ရက်နေ့ ထုတ် မော်နီတာသတင်း ဂျာနယ် အတွဲ (၂)၊ အမှတ် (၅၀)
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
ဧပြီလ (၂၉)ရက်နေ့ ထုတ် လျှပ်တစ်ပြက်သတင်းဂျာနယ် အတွဲ (၄)၊ အမှတ် (၄၈)
Posted: 02 May 2013 03:05 AM PDT
ဧပြီလ (၂၉)ရက်နေ့ ထုတ် လျှပ်တစ်ပြက်သတင်းဂျာနယ် အတွဲ (၄)၊ အမှတ် (၄၈)
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
ဧပြီလထုတ် DIY (Do It Yourself) အတွဲ ၁ ၊ အမှတ် ၇
Posted: 02 May 2013 03:01 AM PDT
ဧပြီလထုတ် DIY (Do It Yourself) အတွဲ ၁ ၊ အမှတ် ၇
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ
ဒဏ်ငွေမဆောင် ထောင်ကျခံမည်ဆို၍ ကိုနေမျိုးဇင်အား လက်နောက်ပြန်ကြိုးတုတ်ပြီး မအူပင်ထောင်သို့ခေါ်ဆောင်သွား
Posted: 02 May 2013 02:04 AM PDT
ရဲတပ်ဖွဲ့ဝင်များလဘ်စားသည်ဟု ပြောဆိုခြင်းကြောင့် ပန်းတနော်တရားရုံး က မေ ၂ ရက်နေ့ တွင် ဒဏ်ငွေ နှစ်သောင်း(သို့မဟုတ်) ထောင်ဒဏ် ၃ လ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
ကိုနေမျိုးဇင်က အပြစ်မရှိဟုဆိုကာ ဒဏ်ငွေ မဆောင်ခြင်းကြောင့် လက်နောက်ပြန်ကြိုးတုတ်၍ မအူပင်တောင်သို့ ခေါ်ဆောင်သွားကြောင်း ကိုနေမျိုးဇင်၏ ညီ ကိုခင်မောင်ဌေးက ယနေ့ခေတ်
သို့ ပြောကြားသည်။
ပန်းတနော်မြို့နယ် အောက်ကဇင်းကျေးရွာ လူထုတွေ့ဆုံပွဲ တစ်ခုတွင် မြန်မာ့လူမှု ဘ၀ဖွံ့ဖြိုးတိုး တက်ရေး ကွန်ယက် မှ ကိုနေမျိုးဇင် က ရဲများ လဘ်စားသည် ဟုထည့်သွင်း ပြောဆိုခဲ့ခြင်းကြောင့်
ပန်းတနော်မြို့ ရဲမှူးက ကိုနေမျိုးဇင်အား ၂၀၁၃ ခုနှစ် ဇန်န၀ါရီလတွင် ပုဒ်မ ၅၀၀ ဖြင့်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ယနေ့ခေတ်
ဓာတ်ပုံ (အင်တာနက်)
ကျေးရွာပေါင်း ၁၇ ရွာမှ ရွှေသဘာဝဓါတ်ငွေ့ စီမံကိန်းနှင့် ပတ်သက်ပြီး အချက် ၁၂ ချက်တောင်းဆို
Posted: 02 May 2013 01:42 AM PDT
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းတွင် လုပ်ဆောင်နေသည့် ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်း ဒေသ အတွင်းရှိ ကျေးရွာပေါင်း ၁၇ ရွာနှင့် ဒေသအတွင်းမှ လူမှုအဖွဲ့အစည်း ၃ ဖွဲ့က တောင်းဆိုချက် ၁၂ ချက်ကို တောင်းဆို လိုက်သည်။
အဆိုပါ တောင်းဆိုချက်များကို မတ်လ ၂ ရက်နေ့ နေ့စွဲဖြင့် ကြေငြာချက် ထုတ်ကာ တောင်းဆို လိုက်ခြင်း ဖြစ်သည်။
တောင်းဆိုချက်များ
(၁) ရွှေသဘာဝဓါတ်ငွေ့စီမံကိန်း၊ ရေနံနှင့်ဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်းအတွင်း EIA နှင့် SIA များကိုပြုလုပ်ထားသည်ရှိ သော် ဒေသခံပြည်သူလူထုအား ရှင်းလင်းအသိပေးရန်။ အကယ်၍ EIA နှင့် SIA များကို စီမံကိန်းအကောင်ထည် မဖော်မီ ပြုလုပ်ခြင်းမရှိခဲ့ပါက စီမံကိန်းအကောင်ထည်ဖော်နေခြင်းကို ချက်ချင်းရပ်ဆိုင်းပြီး EIA နှင့် SIA များကို ပြုလုပ်ရန်နှင့် ၄င်းကို ဒေသခံပြည်သူများကို အသိပေးရှင်းလင်းပြီး ဒေသခံပြည်သူများ၏ သဘောထားများကို ရယူရမည်။
(၂) ရေနံနှင့်ရွှေသဘာဝဓါတ်ငွေ့ပိုက်လိုင်း၏ ခိုင်ခန့်မှုကို နိုင်ငံတကာစံချိန်စံညွှန်းအတိုင်း အထူးစစ်ဆေးရန်၊ ခိုင်မာ မှုအဆင့်နှင့် အန္တရယ်ရှိမှုကို ပြည်သူများကို ချက်ချင်းအသိပေးရမည်။
(၃) ရေနံတင်သင်္ဘောများနှင့် ရေနံနှင့်ဓါတ်ငွေ့ပိုက်လိုင်း မတော်တဆပေါက်ကွဲမှုများ ရခိုင်ကမ်းရိုးတန်းတလျောက် တွင်ဖြစ်ပေါ်ခဲ့သော် ပင်လယ်ပြင်သန့်ရှင်းရေးလုပ်ငန်းများ၊ ပျက်စီးသွားမည့်သဘာဝပတ်ဝန်းကျင်၊သက်ရှိသတ္တ၀ါ များနှင့် ပျက်စီးဆုံးရှုံးသွားမည့်ဒေသခံတို့၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို မည်သည့်အစိုးရနှင့်ကုမ္ပဏီ များကတာဝန်ခံပြီး မည်သို့တာဝန်ယူမှုများဖြင့် ဖြေရှင်းပေးမည်ကို ဒေသခံပြည်သူများကို ကြိုတင်ရှင်းလင်း အသိပေးရမည်။
(၄) ဒေသခံပြည်သူများ၏ သဘာဝပတ်ဝန်းကျင်၊ လူနေမှုဘ၀နှင့်ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများကို ကာကွယ်ပေးနိုင်သည့် ဥပဒေတရပ်ကို နိုင်ငံတကာစံချိန်စံညွှန်းအတိုင်း ချက်ချင်းအကောင်အထည်ဖော်ပေး ရမည်။
(၅) ရေနံတင်ဆိပ်ကမ်းတည်ဆောက်ရာမှ ကျောက်များကို မိုင်းခွဲရှင်းလင်းပြီး ဒေသခံတို့၏ ငါးဖမ်းဧရိယာအတွင်း စည်းကမ်းမဲ့စွာ စွန့်ပစ်ထားသော ကျောက်ပုံများကို ချက်ချင်း ရှင်းလင်းပေးရမည်။
(၆) ရေနံတင်ဆိပ်ကမ်းအနီးတ၀ိုက်တွင် ရေနံတင်သင်္ဘောကြီးများ ၀င်ထွက်သွားလာမှုများကြောင့် ဒေသခံတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်သော ငါးဖမ်းလုပ်ငန်းများကို ထိခိုက်လာခဲ့ပါက ၄င်းဒေသခံတို့၏ စားဝတ် နေရေး ဖူလုံစေရန် မည်သို့ တာဝန်ယူဆောင်ရွက်ပေးမည်ကို ဒေသခံတို့အား ကြိုတင်အသိပေးရမည်။
(၇) ရေနံတင်ဆိပ်ကမ်းအပါအ၀င် ရွှေသဘာဝဓါတ်ငွေ့စီမံကိန်း၊ ရေနံနှင့်ဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်းတို့အတွက် အဓမ္မ သိမ်းယူထားသော လယ်ယာမြေများ၊ လျော်ကြေးလုံးဝမပေးဘဲ မတရားသိမ်းယူထားသော လယ်ယာမြေများနှင့် လျော်ကြေးအပြည့်အ၀ မရသေးသူများအတွက် ကာယကံရှင်များ ကျေနပ်သည်အထိ နိုင်ငံတကာစံနှုန်းအတိုင်း လျှော်ကြေးအပြည့်အ၀ပေးရန်။
(၈) ရေနံတင်ဆိပ်ကမ်း၊ ရွှေသဘာဝဓါတ်ငွေ့စီမံကိန်း၊ ရေနံနှင့်ဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်းများကြောင့် စားဝတ်နေရေး ခက်ခဲကြုံတွေ့နေရသော ဒေသခံများအတွက် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များ ဖန်တီးပေးရမည်။
(၉) နိုင်ငံခြားသားကုမ္ပဏီဝန်ထမ်းများနှင့် ဒေသခံမဟုတ်သော အလုပ်သမားများသည် ဒေသခံတို့၏ ရိုးရာယဉ်ကျေး မှု ဓလေ့ထုံးတမ်းစဉ်လာများကို လေးစားလိုက်နာရန်နှင့် ဒေသခံတို့နှင့် ကိုက်ညီမှုမရှိသော ပြုမူဆက်ဆံခြင်းများ ကိုမပြုရန်။
(၁၀) ရွှေသဘာဝဓါတ်ငွေ့စီမံကိန်းမှ ထွက်ရှိသော အညစ်အကြေးနှင့် စွန့်ပစ်ဓါတုပစ္စည်းများ၏ အန္တရာယ်ရှိမှုများကို ဒေသခံတို့အား ကြိုတင်အသိပေးရှင်းလင်းရန်နှင့် ဒေသခံတို့၏ ရေ၊ လေ၊ မြေကို မညစ်ညမ်းစေရန် နိုင်ငံတကာ စံချိန်စံနှုန်းအတိုင်း လုပ်ဆောင်ရန်။
(၁၁) ရွှေသဘာဝဓါတ်ငွေ့စီမံကိန်း၊ ရေနံနှင့်ဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းများတွင်ပါဝင်သော ကုမ္ပဏီများမှ ဒေသဖွံ့ဖြိုး ရေးအတွက် လုပ်ဆောင်ရာတွင် ဒေသခံတို့ဆန္ဒအတိုင်း ဆောင်ရွက်ပေးရမည်။
(၁၂) ရခိုင်ပြည်မှထွက်ရှိသော ရွှေသဘာဝဓာတ်ငွေ့ကို  ပြည်တွင်းသုံးစွဲမှုနှင့် နိုင်ငံခြားသို့မတင်ပို့မှီ ရခိုင်ပြည်ဖွံ့ဖြိုးရေး အတွက် ပထမဦးစားပေး အသုံးပြုလုပ်ဆောင်ပေးရမည်။
သက်ဆိုင်သူများမှ လိုက်လျှော့လာသည့်အထိဒေသခံများမှ ဆက်လက် တောင်းဆို သွားမည်ဖြစ်ကြောင်း ဒေသခံတစ်ဦးဖြစ်သူ ကိုထွန်းလင်းက ယခုကဲ့သို့ပြောသည်။
" သူတို့ဘက်က လိုက်လျှောလာတဲ့အထိ ဒေသခံတွေက ဆက်ပြီး တောင်းဆိုရမှာဖြစ်ပါတယ်။  အစကတည်းက ကျွန်တော်တို့မှာ နစ်နာမှုတွေအများကြီးရှီပါတယ်။  ဒီလုပ်ငန်းတွေနဲ့ပတ်သတ်လို့ ကျွန်တော်တို့ကို အသိပေးတာမရှိခဲ့ဘူး။ ဒီစီမံကိန်းအကောင်းထည်ဖော်လာတဲ့အချိန်မှာ ကျွန်တော် တို့မှာ သက်ရောက်မှုတွေအများကြီးရှိပါတယ်။ ဒီစီမံကိန်းကြောင်း ငါးလုပ်ငန်းနဲ့ လယ်ယာမြေတွေ ဆုံးရှုံးသွားရတဲ့အတွက် ဒီကိစ္စနဲ့ပတ်သတ်ပြီး ကျွန်တော်တို့က ဆက်ပြီး တောင်းဆိုရမှာ ဖြစ်ပါ တယ်။"
ဧပြီလ ၁၈ ရက်နေ့ကလည်း မဒေးကျွန်း ဒေသခံများက စီမံကိန်းတွင်အဓိက ပါဝင်သည့်တရုတ် CNP C ကုမ္ပဏီရုံးရှေ့တွင် (၁) သိမ်းဆည်းလယ်မြေတွေကို လျှော်ကြေးပေးရာမှာ နိုင်ငံတကာ စံချိန် စံညွှန်း အတိုင်း ပေးဆောင်ရန်(၂) လယ်မြေ ဥယာဉ်ခြံမြေတွေကို ဒေသခံတွေကို အသိမပေးဘဲ မသိမ်း ရန် (၃) ကျွန်းပတ်ပတ်လည်မှာ ငါးဖမ်းခွင့်ပေးရန်အပါအ၀င် အချက် ၉ ချက်ကို တောင်းဆို ခဲ့ကြသည်။
ဧပြီလ ၂၅ ရက်နေ့တွင် ပြည်ထောင်စု သမတရုံးဝန်ကြီး ဦးစိုးသိန်း၊ ပို့ဆောင်ရေးဝန်ကြီး၊ စွမ်းအင်ဝန်ကြီး နှင့် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်တို့ လာရောက်ပြီး လူမှုအဖွဲ့များအပါအ၀င် ဒေသခံများနှင့် တွေ့ဆုံကာ ဒေသခံများ၏ တောင်းဆိုချက်တချို့ကို လုပ်ဆောင်ပေးမည်ဟု ပြောဆိုခဲ့သည်။
ဝန်ကြီးများပြောဆိုပြီးနောက် လျှော်ကြေးပေးမှုတစ်ချို့ရှိသော်လည်း ထိုက်တန်သည့်လျှော်ကြေး မ ဟုတ်ဘဲ ဒေသခံများကို ဖြေသိမ်းသည့် သဘောသာဖြစ်ကြောင်း ကိုထွန်းလင်းက ဆက်ပြောသည်။
" ၀န်ကြီးတွေလာပြီးနောက်မှာ ပိုက်လုံးရဲ့တဘက်တချက်မှာ မြေစာတွေဖုံးသွားတဲ့ လယ်မြေတွေနဲ့ ဥယာဉ်တချို့အတွက် ငွေပေးတာရှိပါတယ်။ အဲဒီမှာ ၃ သိန်း၊ ၁ သိန်း၊ ၆၀၀၀ ကျပ်လည်းပါတယ်။ အ များအားဖြင့်ပေးတာက သောင်းဂဏန်းဘဲများတဲ့အတွက် ဒါဟာ ဒေသခံတွေကို ဖြေသိမ့်တဲ့ သဘောသာဖြစ်ပြီး တန်ရာတန်ကြေးမဟုတ်ပါဘူး။"
လျှော်ကြေးပေးရာတွင်လည်း ထိုက်တန်သည့်လျှော်ကြေးပေးခြင်းမဟုတ်သည့်အတွက် အများစုမှာ လျှော်ကြေးကို လက်မခံခဲ့ကြောင်း သိရသည်။
၂၀၀၉ခုနှစ်ကတည်းက ကိုးရီးယားနိုင်ငံပိုင် ဒေးဝူးကုမ္ပဏီ၊ တရုတ် နိုင်ငံမှ CNPCနှင့် မြန်မာ MOGE ကုမ္ပဏီတို့က ကျောက်ဖြူဒေသတွင် ဓါတ်ငွေ့စက်ရုံ၊ ရေနက်ဆိပ်ကမ်းအပါအ၀င်း ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းလုပ်ငန်းများကို လုပ်ဆောင်နေခြင်းဖြစ်သည်။
ရခိုင်ပြည်မှ ထွက်ရှိသည့်သဘာဝဓါတ်ငွေ့ကို မြန်မာအစိုးရမှ တရုတ်နိုင်ငံကို ရောင်းချထားသည့် အ တွက် ပိုက်လိုင်းဖြတ်သန်းခ အပါအ၀င် ဓါတ်ငွေ့ရောင်းချမှုအတွက် နှစ်တစ်နှစ်လျှင် အမေရိကန် ဒေါ် လာ ၁ ဘီလီယံ (ဒေါ်လာသန်းတစ်ထောင်) အနည်းဆုံး ရရှိမည် ဖြစ်သော်လည်း ဒေသခံပြည်များမှာ တစ်စုံတရာ အကျိုးခံမှုမရရှိသည့်အပြင် လူမှုဘ၀ရပ်တည်မှု များကိုပါ ခြိမ်းခြောက်ခံနေရကြောင်း သိရသည်။
တောင်းဆိုရာတွင် ပါဝင်သည့် ဒေသခံအဖွဲ့စည်းများနှင့် ကျေးရွာများမှာ (၁) Kyaukphyu Social Network Group/ Kyaukphyu Township (၂) Sky Youth Organization/ Kyaukphyu Township (၃) Maday Island Development Organization/ Kyaukphyu Township (၄) စေတီတောင်ရပ်ကွက် ကျောက်ဖြူမြို့(၅) တိုးချဲ့ရပ်ကွက် ကျောက်ဖြူမြိ့ (၆) မင်းပြင်ရွာ ကျောက်ဖြူမြို့နယ် (၇) လိပ်ခမော်ရွာ ကျောက်ဖြုမြို့နယ် (၈) မြစ်နားတန်းရပ်ကွက် ကျောက်ဖြူမြို့ (၉) ကုလာဘာတောင်ရပ်ကွက် ကျောက်ဖြူမြို့ (၁၀) ဇင်ချောင်းရွာ ကျောက်ဖြူမြို့နယ် (၁၁) ကုန်ဘွေရွာ ကျောက်ဖြူမြို့နယ် (၁၂) ချောင်းဝရွာ ကျောက်ဖြူမြို့နယ် (၁၃) ချောင်းဖျားရွာ ကျောက်ဖြူမြို့နယ် (၁၄) ရနံတောင်ရွာ ကျောက်ဖြူမြို့နယ် (၁၅) ကြတိန်အုပ်စု ကျောက်ဖြူမြို့နယ် (၁၆) လိပ်ခမော်ရွာသစ် ကျောက်ဖြူမြို့နယ် (၁၇) ပြားကျိန်ရွာ ကျောက်ဖြူမြို့နယ် (၁၈) သဖန်းချောင်းရွာ ကျောက်ဖြူမြို့နယ် (၁၉) မလကျွန်း ကျောက်ဖြူမြို့နယ် (၂၀) ဂေါ်တူရွာ ကျောက်ဖြူမြို့နယ် တို့ ဖြစ်ကြသည်။
(နိရဉ္စရာ- ၂ မေ ၂၀၁၃) / မောင်အေး
ဒေါက်တာထွန်းအောင်အား ပြန်လွှတ်ရန် ကင်တေးနားတောင်းဆို
Posted: 02 May 2013 01:45 AM PDT
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ် ကင်တေးနားမှ ထောင်ထဲတွင် ရောက်ရှိနေသော မောင်တော အကြမ်းဖက်မူကို စီစဉ်ခဲ့သူဟု စွပ်စွဲခံထားရသူ မွတ်ဆလင် ခေါင်းဆောင် ဒေါက်တာ ထွန်းအောင်အား အမြန်ဆုံး ပြန်လွတ်ပြီး ရခိုင်နှင့် မူဆလင်များ အကြား စေ့စပ်ရေး ဆွေးနွေးမူ ပြုလုပ်ရာတွင် ခေါင်းဆောင်အဖြစ် ခန့်အပ်ရန် တောင်းဆို လိုက်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သူရဦးရွှေမန်းကို ကြံ့ခိုင်ရေး ဥက္ကဌခန့်အပ်
Posted: 02 May 2013 01:08 AM PDT
မြန်မာနိုင်ငံရဲ့ လက်ရှိ အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီရဲ့ ဥက္ကဌအဖြစ် သူရဦးရွှေမန်းကို ရွေးချယ်ခန့်အပ် ထားကြောင်း ကြံ့ခိုင်ရေးပါတီရဲ့ ထိပ်တန်းခေါင်းဆောင် တဦးက ဘီဘီစီကို အတည်ပြု ပြောကြားလိုက်ပါတယ်။
ကြံ့ခိုင်ရေးပါတီရဲ့ မူလ ပါတီခေါင်းဆောင် ဦးသိန်းစိန်က သမ္မတ တာဝန်ရယူပြီးနောက် ပြီးခဲ့တဲ့ ပါတီညီလာခံမှာ ဥက္ကဌ ရာထူးကို ဆက်လက်ရယူခဲ့ပါတယ်။
ဒါပေမဲ့ အခြေခံဥပဒေ အရ ပါတီတာဝန်ထမ်းဆောင်ခွင့် မရှိတဲ့ အတွက် အဲဒီအချိန်မှာကတည်းက ဦးရွှေမန်းဟာ ယာယီ ဥက္ကဌ တာဝန်ယူထားခဲ့တာ ဖြစ်ပါတယ်။
အခုအခါမှာတော့ အမြဲတန်း ဥက္ကဌ အဖြစ်တာဝန်လွှဲပြောင်းယူလိုက်ပါပြီလို့ ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ ကြံ့ခိုင်ရေးပါတီရဲ့ လူငယ် ညီလာခံမှာ ပါတီရဲ့ ထိပ်တန်း ခေါင်းဆောင်တဦးက ဘီဘီစီကို ပြောကြားခဲ့တာဖြစ်ပါတယ်။
ဘယ်နေ့ဘယ်ရက်က စတင် တာဝန်ယူလိုက်တယ် ဆိုတာ အတိအကျပြောဖို့ကိုတော့ ငြင်းဆန်သွားပါတယ်။
သမ္မတ ဦးသိန်းစိန်ရဲ့လက်ရှိ အနေအထားနဲ့ ပတ်သက်ပြီးလည်း ရှင်းရှင်းလင်းလင်းတော့ မသိရသေးပါဘူး။
ဘီဘီစီ (မြန်မာပိုင်း)
သမ္မတဦးသိန်းစိန် ဥက္ကဌရာထူးမှ နုတ်ထွက် ၊ သူရဦးရွှေမန်း ပါတီဥက္ကဌ ရာထူးရယူ
Posted: 02 May 2013 05:01 AM PDT
ပါတီဥက္ကဋ္ဌရာထူး ရယူထားခြင်းကြောင့် ဝေဖန်မှုများ ခံနေရသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ရာထူးမှ နုတ်ထွက်လိုက်သဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပါတီဥက္ကဋ္ဌရာထူး လွှဲပြောင်းရယူ လိုက်ကြောင်း အဆိုပါ ပါတီ၏ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက The Voice သို့ပြောကြားသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ပါတီဥက္ကဋ္ဌရာထူး တရားဝင်လွှဲပြောင်း ရယူကြောင်း ယနေ့ ကျင်းပပြုလုပ်သည့် ကြံ့ခိုင်ရေး ပါတီလူငယ် ညီလာခံတွင် တရားဝင်ကြေညာခဲ့ခြင်း ဖြစ်သည်ဟု ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးအောင်သိန်းလင်း ကလည်း အတည်ပြုပြောကြားသည်။
၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ကြံ့ခိုင်ရေး ပါတီ ဗဟိုညီလာခံတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပါတီဥက္ကဋ္ဌအဖြစ် ပြန်လည် ရွေးချယ်ခံခဲ့ရပြီး အခြေခံဥပဒေ ပုဒ်မ ၆၄ အရ နိုင်ငံတော်သမ္မတသည် ပါတီတစ်ခု၏ လုပ်ငန်းတာဝန်များ ထမ်းဆောင်ခွင့် မရှိသောကြောင့် သူရဦးရွှေမန်းကို ပါတီဥက္ကဋ္ဌ၏ လုပ်ငန်းတာဝန်များ လွှဲအပ်ထားခဲ့သည်။
ယနေ့ကျင်းပသော ဗဟိုကော်မတီ အစည်းအဝေးတွင် သမ္မတဦးသိန်းစိန် ပါတီ ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်လိုက်သဖြင့် သူရဦးရွှေမန်းက ပါတီဥက္ကဋ္ဌရာထူးကို တရားဝင် ရယူခဲ့ခြင်း ဖြစ်ကြောင်း ယင်းပါတီခေါင်းဆောင် များက ဆိုသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပါတီဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ရန် ဇန်နဝါရီလ ကတည်းက ကြံ့ခိုင်ရေးပါတီထံ စာပို့ထားခြင်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ဆိုသည်။
"ပါတီဥက္ကဋ္ဌရာထူးက လွှဲပြောင်းစရာ မလိုပါဘူး။ တစ်ယောက်က မလုပ်ဘူးဆိုရင် ဒုတိယဥက္ကဋ္ဌကို အစားထိုးပြီးသားပါ"ဟု ကြံ့ခိုင်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ပြောကြားသည်။
ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ပါတီဥက္ကဋ္ဌရာထူး ရယူထားခြင်းကို အခြေခံဥပဒေနှင့် ညီမညီ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးသို့ တင်ပြသင့်ကြောင်း ပုသိမ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် က အဆိုတစ်ရပ် တင်သွင်းထားသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ
ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကာ ဇမ္ဗူသီရိ မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့ပြီး နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်ခံခဲ့သည်။
The Voice Daily
ဥက္ကံ ပဋိပက္ခ သာယာဝတီသို့ ကူးမလာစေရန် ညမထွက်ရအမိန့် ထပ်တိုးထုတ်ပြန်
Posted: 02 May 2013 12:08 AM PDT
ပဲခူးတိုင်းဒေသကြီး သာယာဝတီ ခရိုင်တွင် ညမထွက်ရ အမိန့် ထုတ်ပြန်မှု မူလထက် တစ်နာရီ ထပ်မံတိုးမြှင့် လိုက်ကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူက ပေါ်ပြူလာ နယူးစ်သို့ ပြောသည်။ ရန်ကုန်တိုင်း ဒေသကြီး ဥက္ကံမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ကူးစက်လာမှု မရှိစေရေး အတွက် ကြိုတင်ကာကွယ်သည့် အနေဖြင့် ထိုသို့ ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဥက္ကံအခြေအနေ စိတ်မချရသေး
Posted: 02 May 2013 12:01 AM PDT
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဧပြီ ၃၀ ရက်နေ့ ညက ကျေးရွာ တချို့ မီးရှို့ ခံရစဉ်
ခေါင်းဖြတ်ခံရသူ အမျိုးသမီး၏ရာဇဝင် ဖော်ထုတ်နိုင်ရေး လက်ဗွေကို လဝက ရုံးများသို့ ပေးပို့
Posted: 01 May 2013 10:53 PM PDT
လွန်ခဲ့သော နှစ်လခွဲကျော်က ဖြူးမြို့၌ ခေါင်းဖြတ်ခံရသူ အမျိုးသမီး အား ယနေ့အထိ အမည်မဖော်ထုတ် နိုင်သေးသည့်အတွက် ၄င်း၏ လက်ဗွေ ရာကို ပြည်နယ်တိုင်းအသီးသီးရှိ လဝကရုံးများသို့ ရဲတပ်ဖွဲ့ကပေးပို့လိုက် ပြီဟု ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြဝင်းက ပြောသည်။ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ဖြူး တွင် ဦးခေါင်းပြတ်၍ သေဆုံးနေသော အမျိုးသမီးအမှုကို ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
မီးသတ်ကားနဲ့ အပြိုင်ရောက်လာတဲ့ ဒုဝန်ကြီး ကတော် ကားကို လမ်းမရှင်းပေးလို့ တာဝန်ကျရဲတွေ ဆဲဆိုခံရပြီး ထုချေလွှာတင်ရ
Posted: 01 May 2013 06:04 PM PDT
၃၀-၄-၂၀၁၃ ရက်နေ့ နံနက်ပိုင်းတွင် ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားရာ တစ်ဖက်ယာဉ်ကြောတွင် ပြည်ထဲရေး ဒုဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်း၏ ဇနီးဖြစ်သူစီးနင်းသော ကားနံပါတ် (-/၂၄၇၂)ကားသည် မီးသတ်ကားများနှင့် အပြိုင်ရောက်ရှိ လာရာ တာဝန်ကျ ယာဉ်ထိန်းရဲ သည်လည်း ၀န်ကြီးကတော် ကားမှန်းသိသော်လည်း အဓိက အရေးကြီးသော မီးသတ်ကားကိုသာ လမ်းရှင်း ပေးလိုက်ပါသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ရန်ကုန်မြို့ နှင့် ဆိုင်ကယ်အန္တရယ်
Posted: 01 May 2013 02:29 PM PDT
( ၂၈ ၊ ၃ ၊ ၂၀၁၃ ) စနေနေ့  ည ၉း၃၀ အချိန်က ရန်ကုန်တိုင်း ၊မြောက်ဒဂုံမြို့ နယ် ဗိုလ်မှူးဗထူးလမ်းပေါ် ဗထူးဈေးမှတ်တိုင် အနီးတွင် စက်ဘီးနှင့် ဆိုင်ကယ် တိုက်မိရာ သေဆုံးသွားသူ ဒေါ်အိပပထွေး သည် ရန်ကုန် ပညာရေးတက္ကသိုလ် ၊လေ့ ကျင့် ရေးကျောင်း( TTC) မှမူလတန်းပြ ဆရာမ တစ်ဦးဖြစ်ပြီး တရားပွဲမှအပြန်တွင် စီးနင်းလိုက်ပါလာသော စက်ဘီးကို ဆိုင်ကယ်မှ ၀င်ရောက်တိုက်မိခြင်း ဖြစ်ကြောင်းသိရသည်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
သေဆုံးသွားသူ ဒေါ်အိပပထွေး
မြန်မာ့ပညာရေးအဆင့်မီရန် အောက်ခြေမှစ၍ ပြုပြင်သင့်ပြီ
Posted: 01 May 2013 02:16 PM PDT
ယနေ့အဘက်ဘက်မှ နောက်ကျကျန်ရစ်ခဲ့သော မြန်မာနိုင်ငံ၏ စနစ်သစ်ပြုပြင်ပြောင်းလဲရေးများ အကောင်အထည်ဖော်ဆောင်ရာတွင် ပညာရေးအခန်းကဏ္ဍသည်လည်း အဓိကအရေးကြီးပါဝင်လျက် ရှိပါသည်။
တိုင်းပြည်တစ်ပြည်၏ တိုးတက်ရေးသည် စီးပွားဥစ္စာပိုင်ဆိုင်မှုထက် ပညာရေးတိုးတက်မြင့်မားဖို့ အထူးလိုအပ်လှပါသည်။ ဥပမာပြဆိုရပါလျှင် စင်ကာပူ၊ မလေးရှားနိုင်ငံတို့သည် မိမိတို့မြန်မာနိုင်ငံနှင့် နှိုင်းယှဉ်လျှင် အားကိုးလောက်သော သယံဇာတနှင့် ရေမြေတောတောင် သဘာဝကွာခြားလှပေသည်။ သို့သော်ပညာရေးပိုင်းကို နှိုင်းယှဉ်လျှင် မိမိတို့၏တိုင်းပြည်၏ ပညာရေးသည် ထိုနိုင်ငံများထက်များစွာ ဆုတ်ယုတ်လျက်ရှိနေပေသည်။ ၎င်းနိုင်ငံများသည် ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်သော ပညာရေးအဆင့် ကို မီအောင်ကြိုးစားအောင်မြင်ခဲ့ကြသော နိုင်ငံများဖြစ်လာခဲ့ကြသည်မှာ ဆယ်စုနှစ်အတန်ပင် ကြာ လာခဲ့ပြီဖြစ်သည်။
ယနေ့အာရှတွင် မြန်မာနိုင်ငံနှင့်ရှေ့နောက် လွတ်လပ်ရေးရရှိခဲ့သော တရုတ်၊ အိန္ဒိယနိုင်ငံတို့၏ နည်း ပညာတိုးတက်ဖွံ့ဖြိုးမှုသည် ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်သောအဆင့်တွင် ရောက်ရှိနေကြသော်လည်း မြန်မာနိုင်ငံ၏ အခြေအနေကား သုညအောက်မှ အနုတ်လက္ခဏာသို့ ပညာရေး၊ ကျန်းမာရေး၊ စီးပွား ရေး၊ လူမှုရေးနယ်ပယ်များ အဖတ်ဆယ်မရအောင် ကျဆင်းဆုတ်ယုတ်လာခဲ့သည်။
မြန်မာနိုင်ငံသည် သယံဇာတများပေါကြွယ်ဝ၏။ သဘာဝတောတောင်ရေမြေတို့ ပြည့်စုံလှ၏။ ရတနာပုံ ကြီးဖင်ခုထိုင်ထားရသော်လည်း ပညာမဲ့သောသူ၏ စည်းစိမ်ဥစ္စာသည် ပညာရှိသူတို့အတွက်သာ ဖြစ်ခဲ့ ချေပြီ။
ဓမ္မပဒ ဇာတ်တော်ထဲမှ ချမ်းသာကြွယ်ဝလှစွာသော မိဘတို့မှ စည်းစိမ်ဥစ္စာများအားကိုး၍ ပညာမသင် ဘဲထားခဲ့သော ကုဋေရှစ်ဆယ်အမွေရသူဌေးသားကဲ့သို့ ဘဝနိဂုံးအရှုံးနှင့်သာရင်ဆိုင်ရချေပြီ။ ဤသည် တို့ကို ဆန်းစစ်ကြည့်ပါက မြန်မာနိုင်ငံသည် သယံဇာတပေါကြွယ်ဝသော်လည်း ပညာမဲ့လူတန်းစား များ ဖြစ်ခဲ့ကြ၍ ယခုကဲ့သို့ တိုင်းပြည်ဆုတ်ယုတ်နစ်မွန်းခဲ့ရသည်ဟု ကောက်ချက်ချနိုင်ပါသည်။
ယနေ့ပညာရေးလောကကို ပြန်လည်သုံးသပ်ကြည့်လျှင် သူငယ်တန်းမှ ရှစ်တန်း၊ ကိုးတန်းအထိ မအောင်မရှိ ငါ့တပည့်စနစ်ကို ကျင့်သုံးနေကြသည်။ အတန်းပိုင်ဆရာ၊ ဆရာမများသည်လည်း မိမိတို့ထံငွေကြေးပေး၍ ကျူရှင်အပ်နှံထားသော ကျောင်းသားများမှလွဲပြီး တခြားသောကျောင်းသား တို့ကို ကျောင်းခန်းအတွင်း၌ စနစ်တကျစေတနာ သဒ္ဓါတရားနှင့် ကျောင်းသားကျောင်းသူများအားလုံး တတ်ကျွမ်းနားလည်အောင် စာရင်းထုတ်ပြန်ပေးခြင်းဖြင့် တာဝန်ကျေပွန်နေကြသည်။ ကျောင်းသားတို့ ၏ ဘဝသည်ကား အတန်းသာတက်သွားသော်လည်း ပညာတတ်များကား ဖြစ်မလာချေ။
လက်တွေ့သာဓကအနေဖြင့် ယခင်နှစ်မိမိ၏ သားငယ်လေးအား သူငယ်တန်းတွင် အပ်နှံကျောင်းထား ပေးခဲ့သည်။ မိမိတို့သည် လက်လုပ်လက်စားများဖြစ်သည့်အလျောက် ဆရာ၊ ဆရာမများထံသာ မိမိ တို့၏ရင်သွေးငယ်များ ပညာရေးကို အလုံးစုံအားကိုး၍ အပ်နှံခဲ့ခြင်းဖြစ်သော်လည်း ပညာသင်နှစ် တစ်ဝက်ကျိုးချိန်၌ သားငယ်၏ပညာရေးကို စစ်ဆေးကြည့်ရာ 'ဝ' လုံးမကွဲသော အဆင့်တွင်သာရှိနေ သေး၍ မိမိတို့၏ တူမတော်စပ်သူ (ဘွဲ့ရ) မိန်းကလေးအား အကူအညီတောင်း၍ အပ်နှံခဲ့ရသည်။ ကျွန်ုပ်နည်းတူ အိမ်နီးနားချင်းတို့လည်း ၎င်းတူမလေးထံအပ်နှံ၍ မိမိတို့၏ သားသမီးများကို သင်ကြား စေခဲ့ကြရသည်။ အထူးဝမ်းနည်းစရာကောင်းသည်မှာ ၎င်းတူမလေးသင်ကြားပြသသော ကျောင်းသား များတွင် ခြောက်တန်းကျောင်းသားလေးတစ်ဦး၊ လေးတန်းကျောင်းသားလေးတစ်ဦးပါရှိလာပြီး ၎င်းက လေးများသည်ပင် ကျွန်ုပ်၏သား သူငယ်တန်းနှင့်အတူ သူငယ်တန်းသင်ခန်းစာများမှ ပြန်လည်သင် ကြားပို့ချခဲ့ရသည်ကို ဝမ်းနည်းဖွယ်တွေ့ရှိခဲ့ရပေသည်။
ယခုအတိုင်းဆက်လက်၍ သွားနေလျှင်တော့ မြန်မာပြည်၏ပညာရေးလောက ရေစုန်မျောနေသလို တိုင်းပြည်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုတို့သည်လည်း ချောက်ထဲမှတက်နိုင်မည်မဟုတ် တိုင်းပြည် တစ်ပြည်၏ အနာဂတ်သည် ယခုပညာသင်ကြားနေသာ ကျောင်းသား၊ ကျောင်းသူများ လက်ထဲတွင် ရှိကြပေသည်။ ကျောင်းသား၊ ကျောင်းသူများ အရည်အသွေးမဲ့နေပါက တိုင်းပြည်၏ အနာဂတ်ဘယ် သို့ ရှိကြပေလိမ့်။
အစကောင်းမှ အနှောင်းသေချာဆိုသလို ပညာရေးတည်ဆောက်မှုတွင် အခြေခံအုတ်မြစ် Founda-tion ခိုင်မာဖို့အထူးလိုအပ်သည်။ သို့မှသာ ကမ္ဘာအဆင့်မီရန် ပညာရေးလောကအမြင်သို့ တက်လှမ်း နိုင်မည် ထိုသို့မဟုတ်ပါက မြန်မာတို့၏ ဘွဲ့ရပညာရေးသည် အိမ်တွင်းဓာတ်ပုံအလှချိတ်ဆွဲထားရန်နှင့် မင်္ဂလာဆောင်သောအခါ အမည်၏နောက်မှဂုဏ်ပုဒ် ဖော်ဆောင်နိုင်ရန်အဆင့်တွင်သာ ရှိနေပေလိမ့် မည်။
မိမိနှင့်ခင်မင်ရင်းနှီးသူ အလယ်တန်းပြကျောင်းဆရာတစ်ဦး၏ ပြောပြချက်အရ မူလတန်းမှ အရည်အ သွေးမမီသော ကျောင်းသားများ၊ အလယ်တန်းသို့ရောက်ရှိလာကြရာ ထိုကျောင်းသားများအတွက် အလွန်အခက်အခဲတွေရှိရကြောင်း နှစ်တန်းမျှ အရည်အသွေးရှိ ကျောင်းသားများငါးတန်းသို့ ရောက်ရှိ လာကြရာ ၎င်းတို့၏ ပညာရေးကို မည်သို့မှ မြှင့်တင်ရန် မဖြစ်နိုင်ကြောင်းနှင့် ထိုကလေးများ၏ ပညာ ရေးအနာဂတ်သည် ဘယ်လိုမှ ထွန်းပေါက်အောင်မြင်ရန် မဖြစ်နိုင်တော့ကြောင်း ပြောပြသိရှိရပါသည်။
ပညာရေးလောကတွင် ခြွင်းချက်အနေနှင့် ငါးဘာသာဂုဏ်ထူးရှင်များ ရှိနေသော်လည်း လက်ချိုး ရည်တွက်နိုင်သော အနေအထားတွင်သာရှိသည်။ ၎င်းတို့၏ အောင်မြင်မှုနောက်ကွယ်တွင် ငွေကြေး နှင့်ရင်း၍ ဝိုင်း၊ ကျူရှင်ပံ့ပိုးကူညီမှုများကြောင့် အောင်မြင်သူများသာများသည်။ စာသင်ကျောင်းတို့၏ သင်ကြားပို့ချမှုကြောင့် အလုံးစုံအောင်မြင်ကြသော ကျောင်းသားများကား မရှိသလောက်ရှားပါး၏။
မိမိတင်ပြလိုသည်မှာ မိဘပြည်သူများ တတ်စွမ်းသရွေ့ ကျောင်းထားပေးသောကာလပိုင်းတွင် ကျောင်းဆရာ၊ ဆရာမများမှ စနစ်တကျ စေတနာထားပြီး သင်ကြားပို့ချခြင်းဖြင့် အရည်အတွက်မှ အရည်အချင်းရှိသော ကျောင်းသား၊ ကျောင်းသူများပေါ်ထွန်းလာစေရန် ရည်ရွယ်ပါသည်။ တိုင်းပြည် ၏ စနစ်သစ်ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်နေသော ပြည်သူ့လွှတ်တော်တို့မှလည်း တိုင်းပြည်၏ အနာဂတ်အတွက် ပညာရေးလမ်းကြောင်းကို အောက်ခြေမှစ၍ ထဲထဲဝင်ဝင်လေ့လာပြုပြင်နိုင်ပါရန် တိုင်းပြည်ကို အမှန်တိုးတက်စေချင်သော တိုင်းချစ်ပြည်ချစ်စိတ်ဖြင့် ရေးသားတင်ပြလိုက်ပါသည်။
 Written by မြမာလာကိုဝင်းစိုး
မီဒီယာဝမ်း သတင်းနှင့်ကဏ္ဍစုံဂျာနယ်
မောက္ခပညာရေး မဂ္ဂဇင်း
တအာင်း တပ်သား သုံးဦး အသတ်ခံရမှု၊ ပလောင်အမျိုးသမီး နှစ်ဦး အဓမ္မကျင့်ခံရမှု စစ်တပ်ကို စွပ်စွဲ
Posted: 01 May 2013 02:13 PM PDT
 နေရပ်သို့ ခွင့်ဖြင့် ပြန်သွားသည့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA  ရဲဘော် သုံးဦး ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့နယ် ဆွန်ဟင်း ကျေးရွာအနီး သတ်ဖြတ်ခံရမှုနှင့် မန်တုံမြို့နယ် ရေပုံကျေးရွာသူ နှစ်ဦး အဓမ္မ ပြုကျင့်ခံခဲ့ရမှုများနှင့် ပတ်သက်၍ အစိုးရစစ်တပ်အား TNLA က စွပ်စွဲလိုက်သည်။
မတ်လ ၂၀ ရက်နေ့က မိဘများအား ကူညီရန် ခွင့်ဖြင့် ရွာပြန်သွားခဲ့သည့် ပန်စရီရွာမှ အသက် ၂၀ နှစ် အရွယ်ရှိ ကြသော ရဲဘော် မိုင်းထွန်းတင်၊ အနောက်ကင်းရွာမှ ရဲဘော် မိုင်းကျော်ခိုင်တို့၏ အလောင်းအား နမ့်ဆန်မြို့နယ် မန်ဖတ်လမ်းမကြီး အထက်နှင့် အောက်တွင် မြုပ်ထားသည်ကို တွေ့ရှိသော်လည်း ဟိုနမ်းကျေးရွာမှ ရဲဘော် မိုင်းပန်ဆေး၏ အလောင်းအား ယနေ့ထိ မတွေ့ရသေးကြောင်း ပလောင် ပြည်နယ် လွတ်မြောက်ရေး တပ်ဦး PSFL က ယနေ့ သတင်းထုတ်ပြန်ထားသည်။
ထို ပလောင် တပ်သား ၃ ဦးကို အစိုးရ တပ်ရင်း ၅၀၄ မှ နမ့်ဆန်မြို့နယ်ရှိ ဆွန်ဟင်း ကျေးရွာ အနီးတွင် ကြိုးတုတ်ဖမ်း ဆီးခေါ်ဆောင်သွားပြီး သတ်ပစ်လိုက်ကြောင်း ဒေသခံများကို ကိုးကား၍  ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
"ကျနော် ရဲဘော် ၃ ဦးက သူတို့ မိဘတွေကို ရွှေဖီချိန်မှာ လက်ဖက်ပြန်ခူး ကူညီပေးဖို့ ဆိုပြီးတော့ ခွင့်တောင်းပြီး ပြန်တာ။ အဲဒါ ရွာကို ဖုန်းဆက်ပေးတော့ အိမ်မရောက်သေးဘူးဆိုတာနဲ့ သူတို့ကို အစိုးရက ဖမ်းဆီးပြီး အသတ်ခံရခဲ့ရတယ်" ဟု TNLA ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီး မိုင်းအောင်ကို က ပြောသည်။
အလောင်းများပေါ်တွင် ရက်စက်စွာ နှိပ်စက်ထားသည့် ဒဏ်ရာများကို တွေ့ရသည်ဟု ဆိုသည်။
ထို့ပြင် မန်တုံမြို့နယ်၊ ရေပုံကျေးရွာတွင် အခြေစိုက်နေသော အစိုးရစစ်တပ် ခလရ (၅၀၂) စစ်သားနှစ်ဦးက ရေပုံးရွာရှိ ပလောင် အမျိုးသမီးနှစ်ဦးကို ဧပြီလ ၁၉ နှင့် ၂၀ ရက်နေ့များတွင် အဓမ္မပြုကျင့်ခဲ့ကြောင်းလည်း P.S.LF ထုတ်ပြန်ချက်က ဆိုသည်။
ခလရ ၅၀၂ မှ တပ်သား တဦးက ၎င်းကျေးရွာနေ အသက် ၃၇ နှစ်အရွယ်ရှိ ရေပုံရွာသူ မုဆိုးမ မအီအီင် ၏ နေအိမ်သို့ ဧပြီလ ၁၉ ရက်နေ့က ည ၉ နာရီချိန်တွင် ဝင်ရောက်လာပြီး အဓမ္မ ပြုကျင့်ခဲ့သည့်နည်းတူ ဧပြီလ ၂၀ ရက်နေ့ကလည်း ၎င်း ခလရ ၅၀၂ မှ အခြား တပ်သားတဦးကလည်း လက်ဖက်ခူးနေသည့် အိမ်ထောင်ရှိ ကလေးမိခင် ဒေါ်အီအီ အား ဓါးဖြင့် ထောက်ကာ အဓမ္မပြုကျင့်ခဲ့ကြောင်း TNLA ဗိုလ်ကြီး မိုင်းအောင်ကို က ပြောသည်။
အဆိုပါ သတင်းများ မပေါက်ကြားရန် အစိုးရတပ်မှ ခြိမ်းခြောက်ပြောဆိုမှုများ ရှိထား၍ ရွာသားများက ထိုအမှုများနှင့် ပတ်သက်၍ အရေးယူပေးရန် လုပ်ဆောင်ပေးမှုများ မရှိသလို ခလရ ၅၀၂ မှလည်း အရေးယူ ဆောင်ရွက်မှု မရှိသေးကြောင်း ၎င်းက ဆိုသည်။
အစိုးရက ငြိမ်းချမ်းရေးအတွက် ဦးတည်နေသည်ဟု ပြောဆိုနေသော်လည်း တိုင်းရင်းသား ဒေသများတွင် ထိုကဲ့သို့ အစိုးရ စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်နေမှုများ ဆက်လက် လုပ်ဆောင်နေခြင်းမှာ ငြိမ်းချမ်းရေးနှင့် လုံးဝ ကွဲလွဲနေသည်ဟု ဗိုလ်ကြီး မိုင်းအောင်ကို က ထောက်ပြ ဝေဖန်သွားသည်။
ဖနိဒါ | ချင်းမိုင်(မဇ္စျိမ)
မေတ္တာနဲ့ သာသနာကို ခုခံကာကွယ်ခြင်း
Posted: 01 May 2013 02:09 PM PDT
သာသနာကို ခုခံကာကွယ် တာဟာ ဗုဒ္ဓဘာသာဝင် တိုင်းရဲ့ အဓိက တာဝန်တစ်ခု ဖြစ်ပါ တယ်။ မြတ်စွာဘုရားရဲ့ ဓမ္မက ကျွန်တော်တို့ အားလုံးကို အကျိုးပြုရုံ တင်မကပါဘူး။ ဗုဒ္ဓဝါဒကို ခုခံကာကွယ် ထိန်းသိမ်းစောင့်ရှောက်တဲ့ ရဟန်းရှင် လူပုဂ္ဂိုလ်တွေကလည်း ကျွန်တော်တို့ကို အကျိုးပြုတာပါပဲ။ ဘုန်းတော်ကြီးနဲ့ သီလရှင်တွေက ပိဋကသုံးပုံကို ထိန်းသိမ်းကြ၊ အနာဂတ်မျိုးဆက်တွေကို ဗုဒ္ဓဝါဒကို သင်ကြားပေးကြ၊ ကလေးလူငယ်တွေအနေနဲ့ ဗုဒ္ဓဝါဒရဲ့တန်ဖိုးတွေကို သိနားလည်လာအောင် တိုက်တွန်းဖို့ မိဘတွေကို အကူအညီပေးကြပါတယ်။ သာမန်လူတွေကလည်း ဘုရားနဲ့ သံဃာတော်တွေကို အလှူဒါနပြုကြ၊ သီလစောင့်ကြ၊ အဘိဓမ္မာ လေ့လာကြ၊ ဝိပဿနာ ပွားများကြတယ်။
အခုတော့ မြန်မာနိုင်ငံမှာ ဗုဒ္ဓသာသနာဟာ ခြိမ်းခြောက်ခံနေရ တယ်လို့ ကျွန်တော်မြင်ပါတယ်။ အရင်တုန်းကလည်း ဗုဒ္ဓသာသနာဟာ ဒီလို ခြိမ်းခြောက်ခံရတဲ့ အခြေအနေမျိုး ကြုံခဲ့ရဖူးပါတယ်။ ဒါပေမဲ့ အခုကြုံနေရတဲ့ ခြိမ်းခြောက်မှုအခြေအနေဟာ အစွန်းရောက်အစ္စလာမ်ဝါဒ ဒါမှမဟုတ် မွတ်ဆလင်နယ်ချဲ့ခြင်း ဆိုတာကနေ လာတာမဟုတ်ပါဘူး။ ကျွန်တော်တို့ သာသနာအတွင်းက လာတာပါ။
မြတ်စွာဘုရားရဲ့ မွန်မြတ်တဲ့ အလေ့အကျင့်တစ်ခုဖြစ်တဲ့ သည်းခံခြင်း တရားကို ကျွန်တော်တို့ မလေ့ကျင့်နိုင် ဒါမှမဟုတ် မလေ့ကျင့်ချင်တဲ့ အခါတွေမှာ ဆိုရင် ကျွန်တော်တို့ကိုယ်တိုင်က သာသနာကို ခြိမ်းခြောက်ကြတယ်။ အခုဖြစ်နေတဲ့ နိုင်ငံရေးအကူးအပြောင်း ကာလအတွင်းမှာ နိုင်ငံသားတွေရဲ့ ဘဝဟာ မရေမရာရှိနေပါတယ်။ လူမှုရေးအခြေအနေလည်း မရေရာပါဘူး။ စီးပွားရေး အခြေအနေကလည်း မရေရာပါဘူး။ ဒီလိုအခြေအနေမျိုးမှာ လူတွေက ကိုယ့်အကျိုးစီးပွား အတွက်ပဲကြည့်တာ၊ တခြားလူတွေကို အပြစ်ဖို့ တရားခံရှာဖို့ ကြိုးစားတာမျိုးဟာ သဘာဝပါပဲ။
ဒါပေမဲ့ ဗုဒ္ဓက အဲဒီလို ဟောပြောသင်ကြားခဲ့တာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ အစွန်းရောက် အစ္စလာမ်ဝါဒနဲ့ မွတ်ဆလင်နယ်ချဲ့ခြင်း ဆိုတာတွေက ဗုဒ္ဓသာသနာကို ခြိမ်းခြောက်နေတာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ ပြောင်းလဲနေတဲ့ နိုင်ငံရေး၊ စီးပွားရေး အခြေအနေသစ်ထဲမှာ ကိုယ်ရဲ့လက်ရှိ အနေအထား ပျောက်မသွားချင်သူတွေ ဒါမှမဟုတ် ကိုယ့်အနာဂတ်အတွက် စိတ်ချလက်ချ ရှိချင်သူတွေက လူထုကြားမှာ ကောလာဟလနဲ့ မဟုတ်မမှန် မုသားတွေကို ဖြန့်နေကြတာပါ။
သာသနာကို ခုခံကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဗုဒ္ဓဝါဒရဲ့ မွန်မြတ်တဲ့ တန်ဖိုးတွေကို ချိုးဖောက်တာဟာ ကျွန်တော်တို့ကိုယ်တိုင်က သာသနာကို ဖျက်ဆီးတာပါပဲ။ လုပ်ဟန်ထက် ရလဒ်က ပိုအရေးကြီးတယ်လို့ လက်ခံလိုက်တဲ့အခါမှာ ဗုဒ္ဓရဲ့အဆုံးအမဖြစ်တဲ့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ တရားတွေနဲ့အညီ နေထိုင်ရမယ်ဆိုတာကို ကျွန်တော်တို့ ချိုးဖောက်လိုက်ကြ ပါတယ်။ သာသနာကို ခုခံကာကွယ်ဖို့ အကောင်းဆုံး နည်းဟာ ကိုယ်တိုင်က မြတ်စွာဘုရားရဲ့ အဆုံးအမနဲ့အညီ နေထိုင်ပြီး တခြားလူတွေကိုလည်း အဲဒီလိုနေထိုင်ဖို့ အားပေးတိုက်တွန်းတာ ဖြစ်ပါတယ်။
မြတ်စွာဘုရားက မေတ္တာနဲ့ နေထိုင်သင့်တယ်လို့ တိုက်တွန်းပေမယ့် လက်တွေ့ဘဝမှာ မေတ္တာနဲ့ နေထိုင်တယ်ဆိုတာက ဘာအဓိပ္ပာယ်ပါလဲ။ မိဘ၊ ခင်ပွန်း၊ ဇနီးနဲ့ သားသမီးတွေကို ချစ်ဖို့ အရေးကြီးတာပေါ့။ ကိုယ့်ကိုချစ်တဲ့လူ တွေကို ပြန်ချစ်တာက မေတ္တာရဲ့ တကယ့်အခြေခံ အလေ့အကျင့်ဖြစ်ပေမယ့် အဲဒီလောက်နဲ့တော့ မလုံလောက်ပါဘူး။ ကိုယ်နဲ့မတူတဲ့ လူတွေ၊ သူတို့ရဲ့ အယူအဆကြောင့် ကိုယ့်မှာ အကြောက်တရား ဖြစ်စေသူတွေ၊ ကိုယ့်ကိုမုန်းတဲ့ လူတွေကို မေတ္တာထားနိုင်တာမျိုး ကသာ တကယ့်မွန်မြတ်တဲ့ မေတ္တာရဲ့ အလေ့အကျင့်ဖြစ်ပါတယ်။
တစ်ခါတလေကျတော့ ကိုယ်လေးစားသူတွေ၊ ကိုယ့်အပေါ် သြဇာကြီး သူတွေ၊ ဒီ့ထက်ပိုမယ်ဆိုရင် ကိုယ်ကိုးကွယ်တဲ့ သံဃာတော်တွေလို ပုဂ္ဂိုလ် တွေတောင်မှ တခြားလူမျိုးကွဲတွေနဲ့ တခြားဘာသာတရား တွေကို အသေအချာ နားမလည်တဲ့အခါမျိုးမှာ ပဲဖြစ်ဖြစ်၊ နားလည်မှုလွဲတဲ့ အခါမျိုးမှာပဲဖြစ် ဖြစ် သူတို့ ကိုယ်တိုင်မှာတောင် စိုးရိမ်စိတ် ပေါ်လာတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ ခွဲခြားမှုမရှိဘဲ မေတ္တာထားရမယ် ဆိုတဲ့ ဗုဒ္ဓရဲ့သင်ကြားမှုကို မလိုက်နာနိုင်ကြတော့ ပါဘဲ အမုန်းတရားပွားစေတဲ့ တစ်ဦးပေါ်တစ်ဦး နှိပ်စက်ညှဉ်းပန်းမှုဆီ ဦးတည်စေတဲ့ အခြေအနေမျိုးတွေကို ဖန်တီးမိတတ်ကြ ပါတယ်။ အဲဒီလိုအခါမျိုးမှာ လုပ်သင့်တာက သူတို့ကို မေတ္တာအခြေခံနဲ့ လေးလေးစားစား ပြန်လှန်မေးခွန်း ထုတ်ပြီးတော့ စောဒကတက်တာ ဖြစ်ပါတယ်။ အဲဒီလိုလုပ်တာဟာ လည်းပဲ ကိုယ်တိုင်က မေတ္တာရဲ့အလေ့အကျင့် အတိုင်း ပြုမူရာ ရောက်ပါတယ်။
မေတ္တာ၊ ကရုဏာ၊ သည်းခံခြင်းတရား တွေနဲ့ နေထိုင်ဖို့ဆိုတာ တကယ်ကတော့ မလွယ်လှပါဘူး။ လူကိုလူလို မြင်တတ်ဖို့ရာမှာ အရေးကြီး တာက နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ အခြေအမြစ်မရှိတဲ့ အစွဲအလမ်း တွေကို ကျော်လွှားဖို့ဖြစ်ပါတယ်။ အမုန်းတရားပွားအောင် လုပ်တာကို လက်မခံဘဲ ပယ်ချဖို့ရာမှာ မိတ်ဆွေသူငယ်ချင်းတွေ၊ မိသားစုဆွေမျိုး သားချင်းတွေ၊ ဆရာ ဆရာမတွေနဲ့သာမက သံဃာတော်တွေနဲ့တောင်မှ စိတ်မသက်မသာ ဖြစ်မယ်ဆို ဖြစ်စေနိုင်တဲ့ ပြောဆိုဆွေးနွေးတာမျိုး လုပ်ကို လုပ်ရပါမယ်။ ဒါပေမဲ့ သေချာတာတစ်ခု ကတော့ ရှိပါတယ်။ တခြားလူတွေကို ခွဲခြားဆက်ဆံဖို့၊ အကြမ်းဖက်ဖို့ တိုက်တွန်းတယ် ဆိုရင်တော့ အဲဒါဟာ ဗုဒ္ဓတရားမဟုတ်ပါဘူး။ အမုန်းတရားဖြစ်ပါတယ်။ အမုန်းတရားဟာ ဗုဒ္ဓတရား လုံးဝမဟုတ်ပါဘူး။
ဆိုခဲ့ပါ သာသနာအပေါ် ခြိမ်းခြောက်မှုဆိုတာရဲ့ သဘောသဘာဝကို မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေ ပြန်လှန်ဆန်းစစ်ပြီး ဘယ်လို အခြေအနေ နေရာမျိုးမှာပဲဖြစ်ဖြစ် ဗုဒ္ဓသင်ကြားတဲ့ မေတ္တာတရားအတိုင်း ရပ်တည်ပြောဆိုပေးဖို့ ကျွန်တော် မေတ္တာရပ်ခံပန်ကြားပါတယ်။ တကယ် ကတော့ အမုန်းတရားပွားအောင် လုပ်နေတာ လူနည်းစုပါ။ ဒါပေမဲ့ သူတို့က အသံကျယ်ပါတယ်။ အဲဒါကြောင့် အထူးသဖြင့် ဗုဒ္ဓရဲ့တရားဓမ္မကို သင်ကြား ပို့ချပေးနေတဲ့ သံဃာတော်တွေအနေနဲ့ လူမှုအဖွဲ့အစည်းပေါ်ရှိတဲ့ အရှင်ဘုရား တို့ရဲ့ သြဇာကို အသုံးပြုပြီး အဲဒီလူနည်းစုကို ရင်ဆိုင်ဖို့ လိုအပ်တယ်ဆိုတာ တပည့်တော် လျှောက်ထားလိုပါတယ်။
အကြမ်းဖက်မှုနဲ့ ခွဲခြားဆက်ဆံတာတွေ ဆက်ဖြစ်နေမယ်ဆိုရင် မခိုင်မာလှသေးတဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ထိခိုက်လာနိုင်ပါတယ်။ အခုကိုပဲ လူထုထဲမှာ တစ်ဦးပေါ်တစ်ဦး ယုံကြည်မှု ပျက်ပြားနေပါပြီ။ ဒါ့ထက် ပိုအရေးကြီးတာက ဗုဒ္ဓသာသနာဝင်တွေ အနေနဲ့ ဗုဒ္ဓဝါဒရဲ့ အမွန်မြတ်ဆုံး အလေ့အကျင့် တစ်ခုဖြစ်တဲ့ မေတ္တာတရားကို အခိုင်အမာ ရဲရဲဝံ့ဝံ့ မလေ့ကျင့်နိုင်ရင်တော့ ဗုဒ္ဓသာသနာ ရေရှည်တည်တံ့ ခိုင်မြဲဖို့ရာ ခက်ခဲမှာ အသေအချာပဲ ဖြစ်ပါတယ်။
(ဒီဆောင်းပါးကို ပြင်ဆင်တည်းဖြတ်တာမှာ အကူအညီပေးခဲ့တဲ့ ကျွန်တော့်မိတ်ဆွေ ကိုကျော်ကျော်သိန်း [ဗွီအိုအေ] ကို ကျေးဇူးတင်ရှိကြောင်း ဖော်ပြအပ်ပါတယ်။ ဒီဆောင်းပါးမှာပါတဲ့ အမြင်နဲ့ အယူအဆ အားလုံးဟာ ဆောင်းပါးရှင်ရဲ့ ကိုယ်ပိုင်အမြင်နဲ့ အယူအဆများသာ ဖြစ်ပါတယ်။)
သာနိုး (ဟမက်သ်ယူဝါလ်တွန်)
ဆောင်းပါးရှင် သာနိုးသည် ဂျော့ဂ်ျဝါရှင်တန် တက္ကသိုလ်က နိုင်ငံရေးသိပ္ပံ ပါမောက္ခဖြစ်ပြီး ၂၀၀၇ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိနှင့် ၂၀၁၀ ပြည့်နှစ် များတွင် ရန်ကုန်မြို့၌ နေထိုင်ခဲ့ဖူးပြီး ဝိပဿနာတရားစခန်း များတွင် ဝိပဿနာ ပွားများခဲ့ဖူးသူ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်သည်။
(အယ်ဒီတာ)
The Voice Weekly
ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားတွေ မြန်မာနိုင်ငံတ၀ှမ်းမှာ ကျင်းပ
Posted: 01 May 2013 02:04 PM PDT
၁၂၃ ကြိမ်မြောက် ကမ္ဘာ့ အလုပ်သမားနေ့ အခန်းအနားကို ရန်ကုန်မြို့၊ လှိုင်မြို့နယ်က နန်းထိုက်တော်ဝင် ခန်းမမှာ ဒီကနေ့ ကျင်းပခဲ့ပြီး နိုင်ငံရေး ခေါင်းဆောင်တွေ အပါအ၀င် အဖွဲ့အစည်း ၆၀ ကျော်က လူဦးရေ ၁၀၀၀ ကျော်တက်ရောက်ခဲ့ပါတယ်။
ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ၀င်ရောက်လာရင် အလုပ်သမားအခွင့်အရေးကို အပြည့်အ၀လေးစားလိုက်နာဖို့၊ တကယ်လို့ မလိုက်နာတဲ့ လုပ်ငန်းရှင်တွေကိုလည်း လုံးဝလက်မခံကြဖို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က အဲဒီအခမ်းအနားမှာ အခုလိုပြောကြားခဲ့ပါတယ်။
"အရင်အစိုးရ လက်ထက်ကတော့ ကျနော်တို့ဆီမှာ ဝင်လာတာ သီလပျက် အကျင့်ပျက် ရင်းနှီးမြှုပ်နှံမှုတွေ စက်ရုံအလုပ်ရုံတွေမှာ အင်မတန်များပါတယ်၊ သူတို့ပေးချင်သလောက်ပဲပေးတယ်၊ ခိုင်းချင်သလောက်ပဲခိုင်းတယ်၊ ကျနော်တို့ဆီမှာရှိနေတဲ့ ကျနော်တို့ ညီ၊ ညီမတွေရဲ့ လုပ်အားတွေကို ကြံကြိတ်သလို ကြိတ်ယူဖို့ ခင်ဗျားတို့ မစဉ်းစားပါနဲ့၊ အရည်မထွက်တော့မှ လွှတ်ပစ်တယ်ဆိုတာမျိုးကို လူသားရဲ့ဘဝကို ခင်ဗျားတို့လုပ်ဖို့ ယောင်လို့တောင် စိတ်မကူးပါနဲ့၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားအခွင့်အရေး အပြည့်အဝပေးနိုင်တဲ့ စံနမူနာကောင်းဖြစ်တဲ့ ရင်းနှီးမြှုပ်နှံမှုအဖြစ် ခင်ဗျားတို့လာပါ"
အခမ်းအနားမှာ အလုပ်သမားအခွင့်အရေးနဲ့ ပတ်သက်ပြီး သဘောထား ကြေညာချက်တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့ပြီး အဲဒီကြေညာချက်ကို အလုပ်သမားကိုယ်စားလှယ်တစ်ဦးက ဖတ်ပြခဲ့ပါတယ်။
"တစ်နေ့ အလုပ်ချိန် ဂ နာရီ လုပ်အားခ အနည်းဆုံး ၃ဝဝဝ ခန့်ရရှိရေး၊ နေ့စားများအား လခစား အလုပ်သမားများအဖြစ် တိုးမြှင့်ခန့်ထားပေးရေးကာလ သတ်မှတ်ရေး၊ အလုပ်ထုတ်ပစ်မှု ရပ်ဆိုင်းရေး၊ အလုပ်လုပ်ခွင့်တည်မြဲရေး၊ ကလေးအလုပ်သမားအရေး ကာကွယ်ဖြေရှင်းပေးရေး၊ အချိန်ပိုလုပ်ခ ဖြတ်တောက်မှု ရပ်ဆိုင်းရေး၊ အလုပ်ခန့်ထားရေး သဘောတူညီမှုစာချုပ် တစ်ဖက်သတ်ရေးဆွဲ လက်မှတ်ထိုးခိုင်းမှု ရပ်ဆိုင်းရေး၊ အလုပ်သမားအဖွဲ့အစည်းများ လွတ်လပ်စွာ ထူထောင်ရေး၊ အလုပ်ရှင်များရဲ့ လွှမ်းမိုးချုပ်ကိုင်မှု ရပ်ဆိုင်းရေး၊ အဂတိလိုက်စားမှု ပပျောက်ရေး၊ တရားဥပဒေစိုးမိုးရေး"
၈၈မျိုးဆက်ကျောင်းသားတွေအပါအ၀င် အဖွဲ့အစည်းအသီးသီးကလည်း သ၀ဏ်လွှာတွေ ပေးပို့ခဲ့ပါတယ်။ ဒီအခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နာယက ဦးတင်ဦး၊ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ဝင်တွေ၊ အလုပ်သမားအရေးကို လိုက်ပါဆောင်ရွက်နေသူတွေနဲ့ ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန်၊ ရွှေပြည်သာစက်မှုဇုန်နဲ့ တောင်ဒဂုံစက်မှုဇုန်တွေက အလုပ်သမား ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။
အလားတူ အခမ်းအနားတွေကို မန္တလေး၊ စဥ့်ကိုင်နဲ့ ပလိပ်မြို့တွေမှာလည်း ဒီကနေ့ကျင်းပခဲ့ပါတယ်။ အခုလိုကမ္ဘာ့အလုပ်သမားနေ့ ကျင်းပရတာနဲ့ ပတ်သက်ပြီး ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ရဲ့ အလုပ်သမားရေးရာ တာဝန်ခံ ကိုအောင်သူက RFA ကို ပြောပါတယ်။
ဒီနေ့ပွဲကို ပလိပ်မြို့၊ အောင်သိဒ္ဓိခန်းမမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ရန်ကုန်နဲ့ မန္တလေးမြို့တွေက အလုပ်သမားအရေး ဆောင်ရွက်သူတွေ၊ အခြေခံအလုပ်သမားသမဂ္ဂ အဖွဲ့အစည်းဝင်တွေ၊ NLD အဖွဲ့ဝင်တွေ၊ ၈၈မျိုးဆက်ကျောင်းသားအဖွဲ့ဝင်တွေ၊ ဗကသ ကျောင်းသားအဖွဲ့ဝင်တွေ စုစုပေါင်း ၂၀၀ လောက် တက်ရောက်ပါတယ်။
RFA Burmese
ထိုင်းနိုင်ငံတ၀ှမ်းက မြန်မာအလုပ်သမားတွေ ကမ္ဘာ့အလုပ်သမားနေ့ ကျင်းပ
Posted: 01 May 2013 02:02 PM PDT
၁၂၃ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့က မြူနီစီပယ် ဘောလုံးကွင်းမှာ မြန်မာ အလုပ်သမားရေး လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေ အပါအ၀င် ထိုင်းအစိုးရ တာဝန်ရှိသူတွေ လုပ်ငန်းရှင်တွေနဲ့ ထိုင်းအလုပ်သမား ကာကွယ်ရေးဌာနတို့ ပူးပေါင်းပြီး ဒီကနေ့ မနက်ပိုင်းမှာ ကျင်းပခဲ့ပါတယ်။
မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀၀၀ လောက်ပါဝင်ပြီး မဲဆောက်ရဲဌာနရုံးကြီးဝင်းကနေ အခမ်းအနားကျင်းပမယ့် မဲဆောက်မြို့နယ် မြူနီစီပယ်ဘောလုံးကွင်းရှိရာကို ချီတက်ခဲ့ကြပါတယ်။
ယခုနှစ်မှာ ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ၀င်ရောက်တဲ့အခြေအနေဟာ နှစ်နိုင်ငံသဘောတူညီမှု MOU ပုံစံအပါအ၀င် အခြားနည်းလမ်းမျိုးစုံနဲ့ တိုးပွားလာတဲ့အတွက် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ပိုများလာတယ်လို့ ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး မြှင့်တင်ရေး လုပ်ဆောင်မှုအဖွဲ့ MRPWG ရဲ့ ဦးဆောင်ကော်မတီဝင်ဖြစ်တဲ့ ကိုဗညားက အခုလို ပြောပါတယ်။
"မြန်မာအလုပ်သမားတွေ အရမ်းကိုများလာတယ်၊ အဲအချိန်မှာ အခြေခံအခွင့်အရေးတွေ တောင်းဆိုရာမှာ အခက်အခဲတွေ ကြုံတွေ့နေရပါတယ်၊ အလုပ်သမားတစ်ယောက်ပျက်တာနဲ့ နောက်တစ်ယောက်ကို သူတို့ကထပ်ခန့်တယ်၊ ဒီအလုပ်သမားတွေကို ယာယီအလုပ်သမားလောက်ပဲ ခန့်ပြီးတော့မှ အခြေခံအခွင့်အရေး တော်တော်များများကို လျစ်လျူရှုခြင်းခံရတယ်၊ ပြီးတာနဲ့ ဒီလိုပြန်ပို့ အသစ်အုပ်စုကို ပြန်ခေါ်ပြီးတော့ အဲလိုအလုပ်သမား အခွင့်အရေးတွေ ချိုးဖောက်နိုင်တဲ့နည်းလမ်းတွေကို ကျနော်တို့တွေ့ရတယ်၊ အခုနောက်ပိုင်း ဝင်လာတဲ့ MOU အုပ်စုပဲပြောပြော၊ ထိုင်းနိုင်ငံမှာ အလုပ်သမားတွေက ဆယ်ကျော်သက်တွေများတယ်၊ ကိုယ့်အမိမြန်မာနိုင်ငံမှာ ပြန်ပြီးတော့မှ စီးပွားရေးအရ၊ လူမှုရေးအရ ပြန်လည်ထူထောင်ဖို့အတွက် လူအင်အားတွေ အများကြီးလိုအပ်တယ်၊ ဒီအင်အားတွေဟာ မြန်မာနိုင်ငံမှာ ရှိသင့်သလောက်မရှိဘူး "
မဲဆောက်ဒေသတွင်း ဒီနှစ်ကျင်းပတဲ့ မေဒေးနေ့ အခမ်းအနားတွေကို ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ လွတ်လွတ်လပ်လပ် သွားလာတက်ရောက်ခွင့်ရှိပြီး၊ ထိုင်းရဲတပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆေးပိတ်ပင်မှုတွေ မရှိသလောက်ဘဲလို့ အလုပ်သမားတွေက ပြောပါတယ်။
အလားတူ ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားတွေကို ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့၊ မြန်မာနိုင်ငံအလုပ်သမား သွေးစည်းညီညွှတ်ရေးအဖွဲ့ BLSO စတဲ့ အဖွဲ့အစည်းတွေက နေရာတွေခွဲပြီး ကျင်းပခဲ့ကြသလို တာ့ခ်ခရိုင် အလုပ်သမား ကာကွယ်ရေးရုံးက ကမကထပြုပြီး ဘန့်ဆောင်ခွဲအရပ်မှာလည်း ကျင်းပခဲ့ကြောင်း သတင်းရရှိပါတယ်။
RFA Burmese