[Moemakadaily] 2nd May 2013 - MoeMaKa Daily

 
MAY
2

MoeMaKa Reporter 003 - Great Gap between two religion, two community

ဘာသာ ၂ခု ၊ လူမျိုး ၂ ခု ရဲ့ ကြားက ကွာဟချက်တွေ အများကြီးပဲ

မိုးမခအထောက်တော် ၀၀၃၊ မေ ၂၊ ၂၀၁၃

ဧပြီလကုန်မှာ ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ပတ်သက်ပြီး စုံစမ်းရေးကော်မရှင်ကရဲ့ အစီရင်ခံစာ ထွက်လာပါတယ်။ မည်သို့ပင်ဖြစ်စေကာမူ ဘာသာ ၂ ခုကြား၊ လူမျိုး ၂ စုကြားက ပဋိပက္ခတွေ၊ ပြဿနာတွေ၊ အရင်းခံအကြောင်းတွေ၊ တောက်လောင်နေဆဲ မီးတွေအကြောင်း ပွင့်ပွင့်လင်းလင်း စာနဲ့ ပေနဲ့ မှတ်တမ်းနဲ့ သိရတယ်။ ပြဿနာတခုကို ဖြေရှင်းဖို့အတွက် အရင်ဆုံး လိုအပ်ချက်က ပြဿနာရှိတယ်ဆိုတာကို ၀န်ခံလိုက်ဖို့ ဖြစ်တယ်ဆိုတဲ့ စကားနဲ့အညီ ဒီအစီရင်ခံစာဟာ မြန်မာပြည်မှာ ဒီပြဿနာရှိတယ်ဆိုတာကို ၀န်ခံလိုက်တာ၊ ဖော်ထုတ်လိုက်တာ၊ နိုင်ငံတော်အဆင့် အစိုးရအပါအ၀င် လူမှုအဖွဲ့အစည်း၊ အတိုက်အခံအင်အားတွေ အပါအ၀င်က အတူတကွ အတည်ပြုလိုက်တဲ့ အဆင့်အဖြစ် ကြိုဆိုရမှာ ဖြစ်ပါတယ်။

"မင်းတို့ တိုင်းပြည်မှာ ဗုဒ္ဓဘာသာနဲ့ အစ္စလာန်တွေကြားမှာ၊ ရခိုင်တွေနဲ့ ဘင်္ဂါလီ
MAY
1

Cartoon Saw Ngo - The Root Cause of Burma

ကာတွန်းစောငို - ဗမာပြည်ရဲ့ ပြဿနာများ၏ အစ ... အလည် ... အဆုံး ...
MAY
1

Junior Win - Ultraviolet and Me

အာလ်ထရာဗိုင်းအိုးလက်ရောင်ခြည်များနှင့်ကျွန်မ

ဂျူနီယာဝင်း၊ မေ ၁၊ ၂၀၁၃

(ဒီလောက်တောင်ပူပြင်းတဲ့ နေရောင်အောက်မှာ ထီးမဆောင်း မျက်မှန်မကာပဲ လျောက်နေတဲ့ ကျွန်မကို သူတို့က ၀ိုင်းဆူလိုက်ကြတာ။)

ဒီမှာရာသီဥတုက အလွန်ပူအိုက်တယ်။ ပြီးတော့ မိုးလေ၀သကြေငြာချက်ကလည်း ကျွန်မတို့ကို စိတ်ညစ်စေရတယ်။ နေရောင်အောက်ထွက်ရင် သတိထားရမတဲ့။ အာလ်ထရာဗိုင်းအိုးလက် ရောင်ခြည် ဆိုလား။ အခု တော်တော်မြင့်နေတယ်ဆိုပဲ… ဟုတ်ပါတယ်။ ကျွန်မသိပါတယ်။ ဒါကြောင့် အဲသည်ရောင်ခြည်ကို အန္တရယ်ရှိတဲ့ရောင်ခြည်လို့ ခေါ်တယ်။ နေ့လည်၁၁နာရီနဲ့ ၂နာရီကြားက အဆို
MAY
1

Than Win Hlaing - Articles

သမိုင်းတကွေ့မှ ကင်းဝန်မင်းကြီးဦးကောင်း

သန်းဝင်းလှိုင်

မေ ၁၊ ၂၀၁၃

မြန်မာဘုရင်တို့၏ သက်ဦးဆံပိုင်အုပ်ချုပ်ရေးစနစ်ကို ပြုပြင်ပြောင်းလဲကာ အနောက်ဥရောပနိုင်ငံများကဲ့သို့ အစိုးရ၀န်ကြီးအဖွဲ့ဖြင့် အုပ်ချုပ်သော စည်းမျဉ်းခံဘုရင်စနစ်ကို လိုလားသူ တိုင်းပြည်ပြု သုခမိန်ကင်းဝန်မင်းကြီးဦးကောင်းသည် မြန်မာ့သမိုင်းတွင်သာမက မြန်မာ့ စာပေသမိုင်းတွင်လည်း အထူးထင်ရှားလှသော ပညာရှင်တစ်ဦးဖြစ်ပေသည်။

သို့သော အဖြစ်အပျက်မှန်ကို မသိသူအချို့က `ဦးကောင်းလိမ်ထုတ် သီပေါပြုတ်´ ဟူသော စာအရ၊ ကင်းဝန်မင်းကြီးသည် အထက်မြန်မာပြည်ကို ဗြိတိသှ
MAY
1

Lai Lone - Cartoon

အရိပ်ပြပေမယ့် ..
 
MAY
1

Tu Maung Nyo - Articles

တိုက်သွားတာလည်း မောင်ရင်၊ ဒီအမှုကို စစ်ဆေးတာလည်း မောင်ရင်ဆိုတော့  နဲနဲစဉ်းစားပါရစေအုံး

တူမောင်ညို

မေ ၁၊ ၂၀၁၃

"မိထ္ထီလာ"  ပြီးတော့ "တိုက်ကြီး"။

မီဒီယာသတင်းများအရ ရန်ကုန်တိုင်း ဥက္ကံမြို့တွင် သပိတ်အဖုံးကျကွဲမှုသည် ဗလီ နှင့်ဆိုင်ခန်း ၂၅ ခန်း ဖျက်ဆီးခြင်းခံခဲ့ရပြီး၊ လူ ၁၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ရဲက သေနတ်ပစ်ဖောက်ခဲ့ရသည်။

ဤ ဖြစ်ရပ်များမှနေ၍ ယခုကဲ့သို့ ကောက်ချက်ချပါသည်။

မည်သည့်ရှောင်တခင်ဖြစ်မှု၊ မတော်တဆဖြစ်မှု မီးပွားကို ဘာသာရေးလူမျိုးရေး မုန်းတီးမှု မီးလောင်တိုက်သွတ်သွင်းရန် သူတို့အသင့်ရှိနေကြသည်။ ေ
 
APR
30

Kyaw Thu - FFSS Yangon Activity,

ဖုန်းလေးတစ်ခါဆက်ယုံဖြင့် ဆေးကုနိုင်တော့မည်

ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)

မေ ၁၊၂၀၁၃

သုခကုသိုလ်ဖြစ်ဆေးခန်း၏ လူနာတိုကင်စနစ်အား တယ်လီဖုန်းဖြင့်သာ လက်ခံပါတော့မည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၂ဝဝ၁ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစတင်၍ ကျန်ရစ်သူ မိသားစုတို့၏ သောကပရိဒေဝမီးများကို တစ်ဖက်တစ်လမ်းမှ ကူညီဖြေသိမ့်ပေးခဲ့ရင်း ၂ဝဝ၃ ခုနှစ် ကာလ တစ်ခုသို့ ရောက်ရှိချိန်တွင် သေရေး(နာရေး) ကိစ္စရပ်များကို အကူအညီပေးခဲ့ကြသကဲ့သို့ ကျန်ရစ်သူ (ရှင်သူ) များအတွက်လည်း တတ်စွမ်းသ၍ ဝိုင်းဝန်းကူညီလိုကြသဖြင့် ပထမ နှစ်ပတ်လ
 
APR
30

Photo News

တိပိဋကကျောင်းရဲ့ မြန်မာ့နှစ်သစ်ကူးတရားပွဲနဲ့ အလှူမင်္ဂလာ

ကျော်ဟုန်း           

မေ ၁၊ ၂၀၁၃

မြန်မာ့နှစ်သစ်ကူးတရားပွဲနဲ့ အလှူမင်္ဂလာပွဲကို ဆီယက်တဲလ် မြန်မာဗုဒ္ဓဘာသာအသင်း(SMBA)မှ ဧပြီ ၂၈ ၊ ၂၀၁၃နေ့ က 24625 , 104th Ave SE, Kent ,WA 98030 နေရာမှာတည်ရှိတဲ့ တိပိဋကဘုန်းတော်ကြီးကျောင်းဝန်းတွင် ကျင်းပခဲ့ကြပါတယ်။

နံနက် ၁၀ နာရီခွဲမှာ ဗုဒ္ဓဘုရားရှင်ကို ရည်စူးပြီး ဆွမ်း၊ ရေချမ်း၊ သစ်သီး၊ ပန်း၊ ဆီမီးတို့ ကို ကပ်လှူခဲ့ပြီး ပင့်သံဃာ(၅)ပါးကို ဆွမ်း၊ချိုချဉ်ခဲဘွယ်အစုံနဲ့ ဆီယက်တဲလ် မြန်မာမိသားစုများက စုပေါင်းကပ်လှူခြဲ့
 
APR
30

Ku Mo Jo - Do not cross the line

ကာတွန်းကူမိုးကြိုး - စည်းမကျော်ကြေး ဟေ့ နော်

ဧပြီ ၃၀၊ ၂၀၁၃
 
APR
30

Salai Kee Lae Aune

ဦးထန်းငိုင်းအွမ်၏ အင်ထာဗျူးအား ပြန်လည်ရှင်းလင်းခြင်း

ဆလိုင်းကီးလဲအောမ်း

ဧပြီ ၃၀၊ ၂၀၁၃

ဧရာဝတီစာစောင်တွင် မြတ်စုမွန် ၂၀၁၃ ဧပြီ (၂၂) ရေးသားသည့် ချင်းတိုင်းရင်းသားစာပေ ပြန်လည်သင်ကြား ခွင့် ရတော့မည် ခေါင်းစဉ်ဖြင့် သတင်းဆောင်းပါးတပုဒ်ကို ဖတ်ရသည်။

လာမည့် ပညာသင်နှစ်မှ စတင်ကာ ချင်းပြည်နယ် အတွင်းရှိ အစိုးရကျောင်းများတွင် ချင်းတိုင်းရင်းသား စာပေကို ပြည်နယ်အစိုးရ အထောက်အပံ့ဖြင့် တရားဝင် သင်ကြားနိုင်ရန် ကြိုတင်ပြင်ဆင် နေပြီဖြစ်ကြောင်း ချိုးချင်း စာပေ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ထံမှ သတင်းရရှိသည်- ဆိုသည့်
 
APR
30


သံလိုက်အလျင် ကုသိုလ်ရှင်

ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)

ဧပြီ ၃၀၊ ၂၀၁၃

ကျွန်တော်တို့၏ နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်းသည် ကျန်းမာရေး ချို့တဲ့နေသော ရောဂါဝေဒနာခံစားနေရသော ရဟန်းရှင်လူ မိဘပြည်သူတို့အား ကျန်းမာရေးစောင့်ရှောက် မှုပေးနိုင်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ သုခကုသိုလ်ဖြစ်ဆေးခန်းအား ၂ဝဝ၃ ခုနှစ် ဧပြီ (၇) ရက်နေ့ ကမ္ဘာ့ကျန်းမာရေးနေ့မှစတင်၍ ခွဲစိတ်မွေးဖွားရမည့် ကိုယ်ဝန်ဆောင်မိခင်များအား တစ်ကြိမ်တည်း အသက်နှစ်သက် ကယ်တင်သည့်ကုသိုလ်အဖြစ် ခွဲစိတ်ခန်းခ အကုန်အကျခံကူညီေ
 
APR
30

Than Win Hlaing - Articles

ဆိုင်းဝိဇ္ဇာ ရွာစားကြီး စိန်ဗေဒါ

သန်းဝင်းလှိုင်

ဧပြီ ၃၀၊ ၂၀၁၃

မြန်မာ့ဂီတအကြောင်းပြောလျှင် ဆိုင်းဝိုင်းအကြောင်း မပါ၍ မဖြစ်ပေ။ ဆိုင်းဝိုင်းသည် မြန်မာ့ဂီတနှင့် မြန်မာ့ယဉ်ကျေးမှုတွင် အရေးပါသော အခန်းက ပါသောကြောင့် ဖြစ်သည်။ ရှေးမြန်မာဘုရင်များသည် ထူးချွန်သူဆိုင်းဆရာများကို ဘွဲ့များအပ်နှင်း၍ ရွာစားအရာပင် ပေးခဲ့လေသည်။ မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးသည့်နောက်ပိုင်းတွင်လည်း အစိုးရယဉ်ကျေးမှုဌာနက နိုင်ငံတော်ဆိုင်းဝိုင်းဟူ၍ပင် သီခြားတည်ထောင်ဖွဲ့စည်းထားလေသည်။

မြန်မာ့ဂီတလောကတွင် `ဆိုင်းဝိုင်း´ ဟုဆိုရာ၌ ပတ်ဝိ
 
APR
29

Kamarpale - Poem

ဘ၀ ... ကဗျာ

ကမာပုလဲ

ဧပြီ ၃၀၊ ၂၀၁၃

ကျနော်၏ စာသင်ခန်းထဲတွင်

ကျောက်သင်ပုန်း အကွဲတချပ်ရှိခဲ့၏။

ထို ...
 
APR
29

Zaw Aung (Mone Yar) - Articles

Doing business in Ygn (service & Mfg)

ဇော်အောင် (မုံရွာ)

ဧပြီ ၃၀၊ ၂၀၁၃

မြန်မာပြည်မှာတော့ ပုဂ္ဂလိက လုပ်ငန်းလိုင်စင်များနဲ့ပဲ လုပ်နေကြတာ နှစ်ပေါင်းများစွာရှိနေပါပြီ၊ ကုမ္ပဏီများ ထောင်ထားပေမဲံ နိုင်ငံခြား Trading လုပ်ဖို့ဆိုတာ လူတစ်စုကပဲ လက်ဝါးကြီးအုပ်ထားပါတယ်။ အခုတော့ ကုမ္ပဏီအသေးတွေလည်း Import/Export လုပ်နေကြပါပြီ။ ပွင့်လင်းမြင်သာ အစိုးရကြောင့် အစိုးရအဖွဲ့များက လုပ်ရတာလွယ်ကူပေမဲ့၊ ဌာနဆိုင်ရာများ (အောက်ခြေ၊ မြို့နယ်ဦးစီးမှုးရုံးများ) မှာ လုပ်ရတာ အဆင်မပြေမှု အနည်းအကျဉ်းရှိပါတယ်။ လက်ဆောင်များများရတဲ့
 
APR
29

News and Media

ယူးယောက် ချီကာဂို ဘော်စတွန် ဗမာကဗျာဆိုင်ရာ လှုပ်ရှားမှု (မေလ ၂၀၁၃)

ပေးပို့သူ - နိုင်ဦးညို

ဧပြီ ၃၀၊ ၂၀၁၃

ယနေ့မြန်မာပြည်က ခေတ်ပြိုင်ကဗျာဆရာများ ဖြစ်ကြတဲ့ ဇေယျာလင်းနဲ့ ခင်အောင်အေးတို့ ၂ ဦး ဟာ ဧပရယ် ၂၉ ကနေ မေလ ၅ ရက်နေ့ထိ အမေရိကန်နိုင်ငံ PEN American Center က ဦးဆောင်ကျင်းပမယ့် ၉ ကြိမ်မြောက် World Voices Festival of International Literature ပွဲကို တက်ရောက်ဖို့ ဖိတ်ကြားခြင်းခံရတဲ့အတွက် မေလ ၂ ရက်နေ့မှာ နယူးယောက်မြို့ကို ရောက်ရှိ လာကြမှာ ဖြစ်ပါတယ်။

၂၀၀၅ ခုနှစ်က စတင်ကျင့်ပခဲ့တဲ့ World Voices Festival
 
APR
29

Saw Ngo - Mother Land

ကာတွန်းစောငို - ဒါတို့ပြေ ဒါတို့မြေ ဒါ ငါတို့မြေ ...

--
Send email to - editors@moemaka.com to contact and contribute with MoEmAKa

MoeMaKa on Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
PO Box 320-207, San Francisco, CA 94132-0207, USA.
http://MoeMaKa.Com - Burmese Language
http://MoeMaKa.Org - English Edition
http://MoeMaKa.Net - Audio & Video Archives