သစ်ထူးလွင်

သစ်ထူးလွင်


၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဟိုပန်မြို့ ခရီးစဉ်ရွှေ့ဆိုင်းခဲ့ရခြင်း

Posted: 07 May 2013 07:01 AM PDT

ရှမ်းပြည်နယ် မြောက်ပိုင်းသို့ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ခရီးစဉ်အဖြစ် ရောက်ရှိနေကြသော မင်းကိုနိုင် ဦးဆောင်သည့် ၈၈မျိုးဆက်တို့သည် ယနေ့နံနက်တွင် လားရှိုးမြို့မှ ဟိုပန်မြို့သို့ ထွက်ခွာလာရာ ဟိုပန်မြို့မှ ကိုဝင်းတင့်နှင့် ပွဲဖြစ်မြောက်ရေး တာဝန်ခံတို့က "ယနေ့နံနက်တွင် ဟိုပန်မြို့အ၀င် အခြေအနေသည် ရုတ်ချည်းပြောင်းလဲ သွားခဲ့ကြောင်း၊ ဦးခွန်စိန် ဦးစီးသည့် အဖွဲ့က တောင်ပေါ်ရွာများမှ ရွာသားများကို ကား ၁၇စီးဖြင့် ခေါ်လာပြီး မြို့ဝင်တံတားထိပ်တွင် ချထားကြောင်း၊ လူအင်အား ၄၀၀ ကျော်ခန့်ရှိကြောင်း၊ ၈၈မျိုးဆက်ကို ကြိုဆိုရေးအတွက် ရွာသားများကို တစ်အိမ်တစ်ယောက် ခေါ်ယူလာသည်ဟု ကြားသိရကြောင်း၊ သို့သော် အခြေအနေမှာ ဆန့်ကျင်ဘက်သဘောထားသို့ ပြောင်းလဲသွားစေရန် ဦးခွန်စိန်နှင့် အဖွဲ့က စီစဉ်နေကြောင်း၊ ပွဲကျင်းပခွင့်ပြုထားသည့် ပြည်သူ့ရဲများက အခမ်းအနားကျင်းပမည့် ဘုန်းတော်ကြီးကျောင်းတွင်သာ လုံခြုံရေးတာဝန်ယူ ပေးနိုင်မည်ဖြစ်ကြောင်း၊ လာရောက်မည့် သူတို့အတွက် လုံခြုံရေးကို ပွဲစီစဉ်သူများ အနေဖြင့်လဲ အာမခံ တာဝန်ယူ ပေးနိုင်ရန်မှာလဲ မလွယ်ကူပါကြောင်း" တို့ကို ၈၈မျိုးဆက်သို့ သတင်းပေးပို့ခဲ့သည်။

၎င်းနောက် ပွဲဖြစ်မြောက်ရေးတာဝန်ခံ ကိုဝင်းတင့်နှင့် ပွဲဖြစ်မြောက်ရေးကော်မတီက " ၎င်းတို့ အနေဖြင့် ပွဲကို လုံခြုံရေးအခြေအနေအရ ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း" ဆက်လက်သတင်းပေးပို့လာခဲ့သဖြင့် ရှမ်းပြည်မြောက်ပိုင်း ပွင့်လင်းလူ့အဖွဲ့အစည်းခရီးစဉ်တွင် ဟိုပန်ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ကြသည်။

88 Generation Students

၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း နှင့် တအာင်း ပလောင် လူငယ်များနှင့် တွေ့ဆုံပွဲ

မရှိဆင်းရဲသားပညာဥာဏ်နည်းသောသူများကို အခကြေးငွေပေးကာ ပဋိပက္ခများ ဖန်တီးနေဟုဆို

Posted: 07 May 2013 06:52 AM PDT

ဖြစ်ပွားခဲ့သော ပဋိပက္ခများမှာ မြို့နှင့် အလှမ်းဝေးသည့် ကျေးရွာများမှ ပညာ ဥာဏ်နည်းသော မရှိဆင်းရဲသားများကို အခကြေး ငွေပေးပြီး လှုံ့ဆော် ဖန်တီးနေကြောင်း ပဋိပက္ခ ဖန်တီးမှုများ ကြိုတင်ကာကွယ် တားဆီးရေး ဆပ်ကော်မတီ(မန္တလေး)မှ တရားလွှတ်တော် ရှေ့နေ ဦးမြင့်သွင်က ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဓါတ်ပုံ -  Popular Myanmar News Journal

အမေရိကန်မှာ ၁၀ နှစ်နီးပါး ပျောက်ဆုံးနေတဲ့ အမျိုးသမီး ၃ ဦးကိုပြန်တွေ့

Posted: 07 May 2013 06:45 AM PDT

အမေရိကန် ပြည်ထောင်စု Ohio ပြည်နယ်မှာ လွန်ခဲ့တဲ့ ၁၀ နှစ် နီးပါးက သီးခြားစီ ပျောက်ဆုံး သွား ခဲ့တဲ့ အမျိုး သမီး ၃ ဦးကို Cleveland မြို့မှာ အသက်ရှင် လျက် ပြန်တွေ့ ရှိခဲ့ ပါတယ်။

Amanda Berry ဆိုသူ အမျိုး သမီးဟာ ၂၀ဝ၃ ခုနှစ်တုန်းက အသက် ၁၆ နှစ် အရွယ် မှာ ပျောက်ဆုံး သွားတာ ဖြစ်ပြီး၊ နောက်ပိုင်းမှာ အသက် ၁၄ နှစ် အရွယ် Gina DeJesus နဲ့ ၂၀ဝ၂ ခုနှစ်မှာ ၁၉ နှစ် အရွယ် Michelle Knight တို့ ပျောက်ဆုံး သွားခဲ့တာ ဖြစ်ပါတယ်။

သူတို့ အားလုံးကို အိမ် တအိမ် ထဲမှာ ပြန်တွေ့ ခဲ့ရတာ ဖြစ်ပြီး၊ သူတို့ကို ပိတ်လှောင် ထားပုံ ရတယ်လို့ ရဲက ပြောပါတယ်။ ၆ နှစ် အရွယ် ကလေးငယ် တဦး ကိုလည်း အဲဒီ အိမ်မှာ တွေ့ခဲ့ရ တယ်လို့ ဆိုပါတယ်။

အခုတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး၊ အသက် ၅၀ ဝန်းကျင် ညီအကို သုံးဦးကို ဖမ်းဆီး ထားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

သူတို့ အားလုံးကို အိမ် တအိမ် ထဲမှာ ပြန်တွေ့ ခဲ့ရတာ ဖြစ်ပြီး၊ ပိတ်လှောင် ထားပုံ ရတယ်လို့ ရဲက ပြောပါတယ်


မေလ (၉)ရက်နေ့ ထုတ် ပညာပဒေသာ ဂျာနယ် အတွဲ ၂ ၊ အမှတ် ၁၅

Posted: 07 May 2013 06:36 AM PDT

မေလ (၉)ရက်နေ့ ထုတ် ပညာပဒေသာ ဂျာနယ် အတွဲ ၂ ၊ အမှတ် ၁၅

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



မေလ (၈)ရက်နေ့ ထုတ် ကျန်းမာရေးနှင့် ဆေးပညာ ဂျာနယ် အတွဲ ၁၀ ၊ အမှတ် ၂၅

Posted: 07 May 2013 06:24 AM PDT

မေလ (၈)ရက်နေ့ ထုတ် ကျန်းမာရေးနှင့် ဆေးပညာ ဂျာနယ် အတွဲ ၁၀ ၊ အမှတ် ၂၅

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



မေလ (၆)ရက်နေ့ ထုတ် စီးပွားရေး သတင်းဂျာနယ် အတွဲ ၁၃ ၊ အမှတ် ၁၆

Posted: 07 May 2013 04:06 AM PDT

မေလ (၆)ရက်နေ့ ထုတ် စီးပွားရေး သတင်းဂျာနယ် အတွဲ ၁၃ ၊ အမှတ် ၁၆

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



မေလ (၇)ရက်နေ့ ထုတ် မိုးသောက်ပန်း ဂျာနယ် အတွဲ ၁၆ ၊ အမှတ် ၂၅

Posted: 07 May 2013 04:04 AM PDT

မေလ (၇)ရက်နေ့ ထုတ် မိုးသောက်ပန်း ဂျာနယ် အတွဲ ၁၆ ၊ အမှတ် ၂၅

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



မေလ (၃)ရက်နေ့ ထုတ် Auto World Journal ဂျာနယ် အတွဲ ၂ ၊ အမှတ် ၁၅

Posted: 07 May 2013 04:02 AM PDT

မေလ (၃)ရက်နေ့ ထုတ် Auto World Journal ဂျာနယ် အတွဲ ၂ ၊ အမှတ် ၁၅

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



မက်ဆင်ဂျာ သတင်းစာ အခမဲ့ပေးတာ အခြား သတင်းစာတွေကို အလဲထိုးဖို့ မဟုတ်ဟု ဆို (ရုပ်/သံ)

Posted: 07 May 2013 03:04 AM PDT

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးရဲ့သားဖြစ်သူ ပိုင်ဆိုင်တဲ့ သတင်းစာမို့ အခမဲ့ ထုတ်ဝေတာဆိုတဲ့ ဝေဖန်မှုတွေကို လျစ်လျူရှုသွားမှာ ဖြစ်တယ်လို့ မက်ဆင်ဂျာ သတင်းစာရဲ့ အယ်ဒီတာက မေလ ၆ရက်နေ့မှာ ပြောဆို လိုက်ပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ


လှည်းတန်း လမ်းဆုံတွင် အခမဲ့သတင်းစာ ဖြန့်ဝေပေးနေသည့် မော်ဒယ်တစ်ဦး ။ ဓါတ်ပုံ -
Messenger News Journal

အတိတ်ရှိတဲ့မြို့တော် - ရန်ကုန် (ရုပ်/သံ)

Posted: 07 May 2013 02:58 AM PDT

ရန်ကုန်မြို့တော်ဟာ ကိုလိုနီခေတ် အဆောက်အဦးတွေ တစ်နေရာတည်းမှာ အများအပြားတည်ရှိနေတဲ့ အရှေ့တောင်အာရှရဲ့ တစ်ခုတည်းသော မြို့တော်ဖြစ်ပါတယ်။ ဒီရှေးဟောင်း အဆောက်အအုံတွေဟာ ရန်ကုန်မြို့သမိုင်းသာမက ဒေသတွင်းနဲ့ ကမ္ဘာရဲ့ သမိုင်း တစ်စိတ်တစ် ဒေသထဲမှာ ပါဝင်နေတာမို့ တန်ဖိုးထား တတ်သူတွေ အတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ အမွေအနှစ်တွေ ပဲဖြစ်ပါတယ်။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ




သောက်သုံးရေရှားပါးမှုပြဿနာ ဖြေရှင်းရန် ကျပ်သန်း ၇၅၀၀ သုံးမည်

Posted: 07 May 2013 02:40 AM PDT

နယ်စပ်ရေးရာ ဝန်ကြီးဌာနက အပူပိုင်းဒေသ သောက်သုံးရေ ရှားပါးမှု ပြဿနာကို ကျပ်ငွေသန်းပေါင်း ၇၅၀၀ သုံးစွဲပြီး ဖြေရှင်းသွားမယ်လို့ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

ဒီငွေပမာဏဟာ ကျေးရွာ ၇၀၀ ဝန်းကျင်အတွက် ဒီနှစ်လျာထားငွေဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ အလှူရှင်တွေအကူအညီနဲ့ နောက်ထပ် ကျေးရွာပေါင်း ၃၀၀ အထိ တိုးချဲ့ကူညီနိုင်ဖို့ မျှော်မှန်းထားတယ်လို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနလက်အောက်ရှိ ရေရရှိရေးနဲ့ ကျန်းမာသန့်ရှင်းရေးဌာနခွဲ တာဝန်ရှိသူတဦးက ပြောပါတယ်။

"ကျမတို့ကတော့ လုပ်ငန်းကို အကောင်အထည်ဖော်မှာပဲ။ တင်ဒါစနစ်တို့ဘာတို့ဆိုတာက အခုမှ အစည်းအဝေးထိုင်ရဦးမှာလေ။ ငွေအနေနဲ့သာ သန်းပေါင်း ၇၅၀၀ လို့သာပြောတာ၊ ရေတွင်းနဲ့တွက်တော့ လုပ်ငန်းပမာဏက နည်းလာတယ်။ ဘတ်ဂျက်ကျလာတဲ့အပေါ်မှာ မူတည်လုပ်တာလေ။ သန်းပေါင်း ၇၅၀၀ ဆိုပေမယ့် အရမ်းအများကြီး မဟုတ်ဘူး၊ မြန်မာတပြည်လုံးမှာ ရွာပေါင်း ၆ သောင်းကျော်ရှိတာလေ။ ၆ သောင်းကျော်ရှိတဲ့ ရွာနဲ့ တွက်ရင်တော့ ရေပေးဝေမယ့် ငွေအကောင်အထည်ဖော်မှုက နည်းပါသေးတယ်။"

စစ်ကိုင်း၊ မန္တလေးနဲ့ မကွေးတိုင်းဒေသကြီးတွေက သောက်သုံးရေရှားပါးတဲ့ ကျေးရွာတွေကို အဓိကထား ကူညီသွားမှာဖြစ်သလို သောက်သုံးရေခက်ခဲတဲ့ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းဒေသကြီးတွေက ကျေးရွာတချို့နဲ့ စက်ရေတွင်းတူးဖို့ အခက်ခဲရှိတဲ့ ရှမ်းနဲ့ ကယားပြည်နယ်တွေကိုပါ သောက်သုံးရေရဖို့ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကျေးရွာပေါင်း ၆ သောင်းလောက်ရှိတဲ့အနက် သောက်သုံးရေ ရရှိဖို့ လုပ်ပေးရမယ့် ရွာအရေအတွက်ကတော့ ၄ သောင်းလောက် ရှိနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလိုအပ်ချက်ကို တသီးပုဂ္ဂလိက အလှူရှင်တွေရဲ့ အလှူဒါနနဲ့  ကိုယ်ထူကိုယ်ထနည်း၊ နိုင်ငံခြားအလှူရှင်တွေ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရ အဖွဲ့တွေကလည်း ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေတွေ၊ လွှတ်တော်အမတ်တွေက စီမံတဲ့ နည်းလမ်းတွေနဲ့ လုပ်ဆောင်နေတာတွေလည်း ရှိတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

အစိုးရက လွှတ်တော်အမတ် တဦးကို ကိုယ့်နယ်မြေအတွင်း ဖွံ့ဖြိုးရေးလုပ်ဖို့အတွက် သိန်း ၁ ထောင်ဆီ ချပေးမယ်ဆိုတဲ့ သတင်းလည်း မကြာသေးခင်က ထွက်ပေါ်ခဲ့သေးတာကြောင့်  ရေတွင်းနဲ့ ရေကန်တူးဖော်ရေးမှာ စိုက်ထုတ်သုံးစွဲမှုတွေလည်း ရှိဦးမှာ ဖြစ်ပါတယ်။

မကွေးတိုင်းဒေသကြီး ပြည်သူ့လွှတ်တော်အမတ် ဦးပိုက်ကိုက အပူပိုင်းဒေသ သောက်သုံးရေရရှိရေး စီမံချက်အပေါ် ကြိုဆိုလိုက်ပါတယ်။

"ကြိုဆိုပါတယ်။ ကျနော်တို့အရပ်ဒေသတွေမှာ ရေကရှားရှားပါးပါး။ ရေရှားပါးတာဟာ လူမှုရေးအဆင့်အတန်းတွေပါ နောက်ကျစေတယ်။ ဧပြီလ ၆ ရက်နေ့က မီးလောင်တာဆိုရင် အဲအရပ်ဒေသမှာ ရေမရှိလို့ ဖြစ်သွားတာ။ ရေ ၁ ပုံးကို ၂၅ ကျပ်လောက်ပေးရတယ်။ ၁ ပုံးကို ၂ ရက်လောက်သုံးရတယ်။ ချွေချွေတာတာသုံးရတာပေါ့။ အခုလိုပေါ်လာမယ်ဆို သဘောကျပါတယ်။ ဖြစ်ပါစေလို့ ဆုတောင်းရမယ်။"

အခုလက်ရှိမှာတော့ နယ်စပ်ရေးရာဝန်ကြီးဌာနက သောက်သုံးရေပြတ်လပ်နေတဲ့ ဒေသတွေအတွက် ပုဂ္ဂလိက စက်ရေတွင်းအလှူရှင်တွေကို ဖိတ်ခေါ်ထားပါတယ်။

လွန်ခဲ့တဲ့ဆယ်စုနှစ်ပိုင်းအတွင်း ငလျင်လှုပ်ခတ်မှု၊ မိုးခေါင်မှုနဲ့ ရာသီဥတုအပြောင်းအလဲကြောင့် ရေကန်တွေ ခန်းခြောက်မှုနဲ့ လက်တူးရေတွင်းတွေက ရေတွေ ဆုတ်သွားတာတို့ဟာလည်း သောက်ရေသုံးရေ ပိုမိုလိုအပ်မှုကို ဖြစ်စေပါတယ်။

အရင်နှစ်တွေထက် အပူချိန်ပိုမြင့်လာနေတဲ့ မြန်မာနိုင်ငံရဲ့ ရာသီဥတုသက်ရောက်မှုကြောင့် အပူပိုင်းဒေသတွေအပြင် နေရာအတော်များများမှာ သောက်သုံးရေရဖို့ ခက်ခဲနေပါတယ်။

နယ်စပ်ရေးရာဝန်ကြီးဌာနက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကို မနှစ်ဇွန်လမှာ  အသစ်ဖွဲ့စည်းခဲ့ပြီး မနှစ်ဘဏ္ဍာရေးနှစ်မှာ အညာဒေသအပါအ၀င် တနိုင်ငံလုံးက ကျေးရွာပေါင်း ၇၆၀ ခန့်ကို ရေရရှိရေး ဆောင်ရွက်ပေးခဲ့ပါတယ်။

by ယုဇနကိုကို (ဒီဗွီဘီ)


တစ်ဒေါ်လာ ကျပ် ၉၀၀ ပြန်လည် မြင့်တက်လာ

Posted: 07 May 2013 03:36 AM PDT

ရန်ကုန် သိမ်ဖြူလမ်း ငွေလဲကောင်တာတွေနဲ့ တရားဝင် ငွေလဲ ကောင်တာတွေရဲ့ေ ဒ်ါလာ ရောင်းဈေး သတ်မှတ်ချက်ဟာ ပထမဦးဆုံး အကြိမ်အဖြစ် တစ်ဒေါ်လာ ကျပ် ၉၀၀ ပြန်လည် မြင့်တက်လာ ပါတယ်။ ဗဟိုဘဏ်ရဲ့ သတ်မှတ်ချက်ကို မူတည်ပြီး အဲဒီငွေလဲ ကောင်တာတွေဟာ ဒေါ်လာဝယ်ဈေး တစ်ဒေါ်လာ ကျပ် ၈၉၀ နဲ့ ရောင်းဈေး ကျပ် ၉၀၀ သတ်မှတ်ထားတာ ဖြစ်ပါတယ်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





လူ ၄ ဦး ပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး ရှမ်းတပ်စခန်း ၁ ခု မီးရှို့ခံရ

Posted: 07 May 2013 03:43 AM PDT

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ထဲမှာ လူ ၄ ဦး ပျေက်ဆုံးမှုနဲ့ ပတ်သက်ပြီး ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့ရဲ့ တပ်စခန်းတခုကို အစိုးရတပ်က  မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရှမ်းပြည်တပ်မတော်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းလောက်က နမ့်ခမ်းမြို့နယ် ဆစ်ကောဝ့်ဝမ့် ကျေးရွာအုပ်စုထဲမှာ  ရုပ်ပုံပိုစတာဓာတ်ပုံတွေ လိုက်လံရောင်းနေတဲ့ လူ ၄ ဦး ပျောက်ဆုံးသွားတာနဲ့ ပတ်သက်ပြီး   ခလရ ၁၉၀ အစိုးရတပ်က သူတို့စခန်းထဲကို ၀င်ရောက်ရှာဖွေရာမှာ လူမတွေ့တဲ့အတွက်  မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့ရဲ့ ပြောခွင့်ရ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ပြောပါတယ်။

"မြန်မာ့တပ်မတော်စစ်ကြောင်းက ကျနော်တို့တပ်စခန်းတခုကို ဒီလ ၅ ရက်နေ့မှာ မီးရှို့ပစ်လိုက်တာပါ။ ဖြစ်တာက စစ်ထောက်လှမ်းရေးလို့ ယူဆရသူ ၄ ယောက်ပျောက်သွားတော့၊ ကျနော်တို့ကို ဖမ်းထားသလားပေါ့၊ သူတို့လူပြန်ပေးပါ။ မူဆယ်အခြေစိုက် ဗျူဟာမှူးက အဲလိုပြောလာတယ်။ ကျနော်တို့က မဖမ်းရဘူး၊ ရှိလည်းမရှိ တွေ့လည်းမတွေ့ရဘူး ပြောပါတယ်။ သူတို့က အယုံအကြည်မရှိဘူး။ တပ်စခန်းကို ၀င်စစ်ဆေးကြည့်မယ်တဲ့။ ဖယ်ပေးဆိုပြီး ဖယ်ပေးလိုက်တဲ့အခါ တပ်စခန်းကို လာစစ်တယ်၊ မီးရှို့ဖျက်ဆီးလိုက်ပါတယ်။"

ပြီးခဲ့တဲ့ မေ ၂ ရက်နေ့ကလည်း  ခလရ ၁၉၀ နဲ့ ခလရ ၄၅ က တပ်ဖွဲ့ဝင်တွေဟာ  အဲဒီကျေးရွာအုပ်စုထဲမှာရှိတဲ့ တိန်းခါး၊  နောင်ပိုင်နဲ့ နမ့်အွဲ့စတဲ့ ကျေးရွာတွေထဲ ၀င်ရောက်ပြီး ပျောက်ဆုံးသွားတဲ့ လူ ၄ ဦးကို ၀င်ရောက် ရှာဖွေခဲ့သေးတဲ့အတွက် အဲဒီလူတွေဟာ ရိုးရိုးအရပ်သားမဟုတ်နိုင်ဘဲ ဈေးသည် ယောင်ဆောင်ထားတဲ့ ထောက်လှမ်းရေးတွေ   ဖြစ်နိုင်တယ်လို့ သူက ခန့်မှန်းပြောဆိုပါတယ်။

အစိုးရတပ်က လူဝင်ရှာပြီး  မီးရှို့ခဲ့တဲ့စခန်းကတော့  တိန်းခမ်းရွာမှာရှိပြီး  ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ တပ်မဟာ ၇၀၁ လက်အောက်ခံတပ်က စခန်းချနေတာ ဖြစ်ပါတယ်။

မေလ ၅ ရက်နေ့မတိုင်ခင်က အဲဒီဒေသထဲမှာ နယ်မြေရှင်းလင်းရေး နဲ့ ပျောက်ဆုံးနေတဲ့သူတွေ ရှာဖွေဖို့အတွက် ရှမ်းတပ်ကို ဖယ်ပေးဖို့ မူဆယ်အခြေစိုက် အစိုးရတပ်ဘက်က ဗျူဟာမှူးက ပြောခဲ့တဲ့အတွက် ရှမ်းတပ်ကလည်း ဖယ်ပေးခဲ့တာပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ စစ်ဆေးအရေးယူမှုတွေ လုပ်ပေးဖို့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး ဒုဥက္ကဋ္ဌ   ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဆီကို မေ ၆ ရက်နေ့က စာတစောင် ပေးပို့ထားတာမှာ ခုထိ ဘာမှ အကြောင်းမပြန်သေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေ ၁ ရက်နေ့ကလည်း ရှမ်းပြည်တောင်ပိုင်း သံလွင်မြစ်အနောက်ဘက်ခြမ်း ကျိုင်းတောင်းမြို့နယ်ထဲမှာရှိတဲ့ သံလွင်မြစ်ကူးတံတားနားမှာ ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့နဲ့ အစိုးရတပ်တွေကြား ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

အစိုးရတပ်ဘက်က ကျိုင်းတောင်းဒေသ ရွှေတူးဖော်ရေးနဲ့ သစ်ထုတ်လုပ်ရေးလုပ်ငန်းတွေကို လာရောက်စစ်ဆေးတာလို့ ပြောပေမယ့်လည်း သူတို့ဘက်ကို  ကြိုတင် အကြောင်းမကြားဘဲ ရောက်လာတဲ့အတွက် ရှမ်းပြည်တပ်မတော်ဘက်က စပစ်ရာက ပစ်ခတ်မှု မိနစ် ၂၀ လောက်   ဖြစ်ခဲ့တယ်လို့ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ် လွိုင်တိုင်းလျဲန်းအခြေစိုက် ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က အစိုးရနဲ့ ပြည်နယ်အဆင့်ရော၊ ပြည်ထောင်စုအဆင့်မှာပါ အပစ်အခတ်ရပ် သဘောတူလက်မှတ်ရေးထိုးခဲ့ပေမယ့် ပစ်ခတ်မှု အကြိမ်ပေါင်း ၅၀ ကျော် ပြန်ဖြစ်ခဲ့တယ်။

ပစ်ခတ်မှုတွေ ဖြစ်တိုင်း အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ဆီကို အကြိမ်ကြိမ် စာပို့ အကြောင်းကြားပေမယ့် ထူးခြားမှုမရှိကြောင်း၊ တပ်မတော်ဘက်က ငြိမ်းချမ်းရေးကိစ္စမှာ ပူးပေါင်းဆောင်ရွက်မှု အားနည်းကြောင်း၊ ဒါဟာ ယုံကြည်မှုကို ပျက်ပြားစေပြီး ထာဝရငြိမ်းချမ်းရေးပန်းတိုင်ကို ရောက်နိုင်ဖို့ အင်မတန်ခက်ခဲစေတယ်လို့ ဗိုလ်မှူး စိုင်းလောဝ်ဆိုင် က ပြောပါတယ်။

by နန်းမြနဒီ  (ဒီဗွီဘီ)

ဗိုလ်မှူး စိုင်းလောဝ်ဆိုင်

ဆက်သွယ်ရေးအရာရှိ များကို အရေးယူထားပြီးဟုဆို

Posted: 07 May 2013 03:44 AM PDT

ဆက်သွယ်ရေး၊ သတင်းအချက် အလက်နှင့် နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းထွန်း ရာထူးမှ နုတ်ထွက်ခဲ့ပြီး ရက်ပိုင်း အကြာ ပြည်ထဲရေး ဝန်ကြီးဌာနက ခေါ်ယူ စစ်ဆေးခဲ့သော မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အကြီးတန်း အရာရှိကြီးများကို ဌာနဆိုင်ရာ စည်းမျဉ်းများအရ အရေးယူထားပြီး ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်က The Voice သို့ ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


နုတ်ထွက်သွားတဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်း

မြန်မာလယ်သမားများကို အမေရိကန်အစိုးရ ငွေချေးမည်

Posted: 07 May 2013 02:27 AM PDT

ရန်ကုန်၊ မေ ၆

တောင်သူ လယ်သမားများ လိုအပ်သော စိုက်ပျိုး စရိတ်ကို အစိုးရက လုံလောက်စွာ ချေးမပေးနိုင်သော မြန်မာနိုင်ငံ အတွင်းရှိ လယ်သမားများ အတွက် ကာလရှည် အတိုးနည်း ချေးငွေကို အမေရိကန် အစိုးရက ထုတ်ချေး သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ပြည်ထောင်စု သံအမတ်ကြီး ဒဲရစ်မစ်ချယ်က ပြောကြားသည်။

အတိုးနှုန်းကြီးသော ပုဂ္ဂလိကချေးငွေ များကို ရယူနေရသည့် မြန်မာလယ်သမား များကို Soft Loan (ကာလရှည်အတိုးနည်း ချေးငွေ)ကို အမေရိကန်အစိုးရက ထုတ်ချေး ပေးစေလိုကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက တိုက်တွန်းပြီးနောက် ရန်ကုန်မြို့တော် ပြည်ထောင်စုလွှတ်တော် ရုံးခွဲတွင် ပြုလုပ်သည့် လယ်ယာစိုက်ပျိုးရေး ကနဦး အလုပ်ရုံ ဆွေးနွေးပွဲတွင် ၄င်းက အထက်ပါအတိုင်း ကတိပြုပြောကြားခြင်း ဖြစ်သည်။ သို့သော် ချေးငွေစတင်မည့် အချိန်နှင့် ပမာဏများ အပါအဝင် အခြား အသေးစိတ် အခြေအနေများကို မသိရ သေးပေ။

ယင်းချေးငွေ ပေးနိုင်ရေးအတွက် လွှတ်တော်က ဥပဒေပြဋ္ဌာန်းပေးရန် လိုအပ်ပြီး အစိုးရအုပ်ချုပ်ရေး ယန္တရားအတွင်း အကျင့်ပျက်ခြစားမှုကို နည်းနိုင်သမျှ နည်းအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဒဲရစ်မစ်ချယ်က ပြောကြားသည်။

နိုင်ငံတကာအဖွဲ့အစည်းများ ထံမှ အတိုးနှုန်းသက်သာသော ကာလတိုချေးငွေ ကို နိုင်ငံတကာဖွံ့ဖြိုးမှုဆိုင်ရာ အမေရိကန် ပြည်ထောင်စု အေဂျင်စီ (USAID) က မြန်မာလယ်သမား များအတွက် ရှာဖွေပေး နိုင်ပါက များစွာ အကျိုးရှိမည်ဖြစ်ကြောင်း သူရဦးရွှေမန်းက အကြံပြုသည်။

"မြန်မာနိုင်ငံကို အတတ်နိုင်ဆုံး ကူညီပါ့မယ်"ဟု ဒဲရစ်မစ်ချယ်က ဆိုသည်။

လယ်သမားများကို လုံလောက်သောချေးငွေ ပေးရမည်ဖြစ်ပြီး လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်း ရာတွင် အစိုးရက အကူအညီပေးရမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

Soft Loan ကို နိုင်ငံတကာ ဖွံ့ဖြိုးရေးဆိုင်ရာ အစိုးရအေဂျင်စီ၊ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် တို့က ထုတ်ချေးလေ့ရှိပြီး သာမန်ဘဏ်များထက် အတိုးနှုန်း သက်သာသည့်အပြင် သတ်မှတ် ထားသော ကာလတစ်ခုအထိ အတိုးကင်း လွတ်ခွင့်ပေးထားသည်။

မြန်မာနိုင်ငံကို ကာလရှည် အတိုးနည်း ချေးငွေပေးရန် ကတိပြုထားသော USAID ၏မူဝါဒတွင် အမေရိကန်နိုင်ငံနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အကျိုးစီးပွားနှစ်ခုလုံး ကို ထည့်သွင်းစဉ်းစား ထားကြောင်း USAID က ထုတ်ပြန်ထားသည်။

၂၀၁၂ ခုနှစ် သြဂုတ်လအတွင်း ကျင်းပ ပြုလုပ်ခဲ့သည့် ပြည်သူလွှတ်တော်အစည်း အဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် များက အစိုးရအနေနှင့် စိုက်ပျိုးစရိတ်ချေးငွေကို ကျပ်ငါးသောင်းမှ တစ်သိန်းထိ ချေးငွေ တိုးမြှင့်ပေးရန် တိုက်တွန်းကြောင်း အဆို တင်သွင်းခဲ့သော်လည်း လယ်သမား အများစုထံမှ ချေးငွေပြန်မရသည်က များသောကြောင့် ချေးငွေထပ်တိုးနိုင်မည် မဟုတ်ကြောင်း လယ်ယာစိုက်ပျိုးရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြန်လည် ဖြေကြားခဲ့သည်။

မြန်မာလယ်သမား များသည် အတိုး နှုန်းနည်းပါးသော ချေးငွေအစိုးရထံမှ ရရှိသော်လည်း ကာလတိုသဖြင့် အခက်တွေ့ရပြီး သီးနှံပေါ်ချိန် တစ်ပြိုင်နက် ထုတ်ရောင်းရသဖြင့် ဈေးကောင်းရလေ့မရှိပေ။
ယင်းကိစ္စနှင့် ပတ်သက်၍ အကူအညီ ပေးရန် လယ်သမားအချို့က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် တောင်းဆိုခဲ့ဖူးသည်။

အာဖရိကတိုက် တောင်ပိုင်းရှိ အန်ဂိုလာနိုင်ငံကို ၂၀၀၄ ခုနှစ်တွင် တရုတ် အစိုးရက ကာလရှည် အတိုးနည်းချေးငွေ နှစ်ဘီလီယံ ထုတ်ချေးခဲ့ပြီး အန်ဂိုလာ အစိုးရက တရုတ်အစိုးရကို ရေနံစိမ်းများ ထောက်ပံ့ပေးရန် ကတိပြုခဲ့ရသည်။

The Voice Weekly


မစိုးရိမ်ဆရာတော် ဦးဝီရသူနဲ့အစ္စလာမ်ဘာသာဝင် ဦးရွှေကြည် ဆွေးနွေး

Posted: 07 May 2013 01:32 AM PDT

မန္တလေး၊ မစိုးရိမ် ကျောင်းတိုက်ရဲ့ နာယက ဆရာတော် ဦးဝီရသူနဲ့ အစ္စလာမ် ဘာသာဝင် ဒိုင်းမွန်းရွှေကြည် ကုမ္ပဏီပိုင်ရှင် ဦးရွှေကြည်တို့ ဘာသာရေးအရ ညှိနှိုင်းဆွေးနွေးမှု တစ်ရပ်ကို ရန်ကုန်မြို့၊ မြောက်ဒဂုံ မြို့နယ်က မကွေးပရိယတ္တိ စာသင်တိုက်မှာ မနေ့ ညနေပိုင်းက ကျင်းပခဲ့ပါတယ်။ အခုလို နှစ်ဘက် တွေ့ဆုံ ဆွေးနွေးပွဲ ကနေ တစ်ဘက်နဲ့ တစ်ဘက် နားလည်မှုရှိလာတယ်လို့

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




အိန္ဒိယနာမည်ကျော်စတန့်သမား စတန့်ပြကွက်ပြသစဉ် သေဆုံး

Posted: 07 May 2013 01:37 AM PDT

အိန္ဒိယနိုင်ငံမှ နာမည်ကျော် စတန့်သမား တစ်ဦးသည် လူအများရှေ့တွင် စွန့်စွန့်စားစား စတန့်ပြကွက်တစ်ခု ပြုလုပ်နေစဉ် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။  ဂင်းနစ် ကမ္ဘာ့စံချိန် မှတ်တမ်းတွင်ပင် ဖော်ပြခြင်း ခံခဲ့ရဖူးသည့် စတန့်သမား ဆိုင်လန်ဒရာ နက်သ်ရွိုင်းသည် အနောက်ဘင်္ဂလား ဒေသရှိ တီစတာမြစ်ကို တွဲလောင်းချထားသည့် အနေအထားဖြင့် အမြင့်မှ ဖြတ်ကူးပြရန် ကြိုးစားရင်း လမ်းတစ်ဝက်တွင် သေဆုံးသွားခြင်း ဖြစ်သည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ရှမ်းပြည်နယ်တွင် တိုက်ပွဲများအဆုံးသတ်ရေး ကြိုးစားမည်ဟု သမ္မတကတိပြု

Posted: 07 May 2013 01:42 AM PDT

ယခုရက်ပိုင်း အတွင်း ရှမ်းပြည်နယ်၌ ပြန်လည် ဖြစ်ပွားနေ သည့် တိုက်ပွဲများ အဆုံးသတ်ရေး အတွက် ကြိုးစားသွားမည်ဟု နိုင်ငံတော် သမ္မတက ကတိပြု ပြောကြား လိုက်သည်။ နိုင်ငံတော် သမ္မတက နိုင်ငံရေး ပါတီများနှင့် ယနေ့တွေ့ဆုံစဉ် အထက်ပါ အတိုင်း ကတိပြု ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



စက်မှုဇုန်အားလုံးကို လျှပ်စစ်ဓာတ်အား လုံးဝ ဖြတ်တောက်

Posted: 07 May 2013 01:47 AM PDT

ပြည်သူလူထုကို မီးပိုပေးနိုင်ရေး ရည်ရွယ်ပြီး ရန်ကုန်တိုင်း အတွင်းက စက်မှုဇုန် အားလုံးကို မေ ၆ ရက်နေ့ကစ လျှပ်စစ်ဓာတ် အားပေးတာ လုံးဝရပ်ဆိုင်းထား လိုက်ကြောင်း ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့ ရုံးအဖွဲ့မှူး ဗိုလ်မှူး (ငြိမ်း) ဦးကျော်ထွေးမြင့်က ဒီဗွီဘီကို အတည်ပြု ပြောဆိုပါတယ်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


အရှေ့ပိုင်း ဒဂုံ စက်မှုဇုံ ကိုတွေ့ရစဉ်။

ကန်စွန်းရွက်စား၍ လူ ၁၆ ဦး အစာအဆိပ်သင့်

Posted: 07 May 2013 01:52 AM PDT

တရုတ်နိုင်ငံထုတ် အပင်အားတိုးဆေး ဖျန်းထားသည့် ကန်စွန်းရွက်ကို စားသုံးခဲ့သူ ၁၆ ဦး အစာ အဆိပ်သင့်မှု မေလ ၅ ရက် ညနေ ၄ နာရီက ရန်ကုန်တိုင်း ဒေသကြီး ကျောက်တန်း မြို့နယ် သောင်ကြီး ကျေးရွာတွင် ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။ အစာအဆိပ်သင့် သူများတွင် အသက် ခုနစ်နှစ်အရွယ် ကလေးငယ် မှ အသက် ၆၀ အရွယ် အထိ ပါဝင်ကြောင်းနှင့် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မြန်မာနိုင်ငံပညာရေး ပြုပြင်ပြောင်းလဲရေး ညီလာခံကျင်းပမည်

Posted: 07 May 2013 02:21 AM PDT

ပထမဆုံး အကြိမ်အဖြစ် တိုင်းရင်းသား ဒေသများရှိ ပညာရေး ကိုယ်စားလှယ် အသီးသီး တက်ရောက် ဆွေးနွေးမည့် မြန်မာနိုင်ငံ ပညာရေး ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ညီလာခံကို လာမည့် ဇွန်လ ၈ ရက်နေ့နှင့် ၉ ရက်နေ့တို့တွင် ကျင်းပမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပညာရေး ကော်မတီဝင် ဒေါက်တာသိန်းလွင်က The Voice သို့ ပြောကြားသည်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ပညာရေး ရံပုံငွေ ပေးအပ်ပွဲ အခမ်းအနားတွင် -နာယကကြီး ဘဘ ဦးတင်ဦး မှ အဖွင့် အမှာစကား ပြောကြားနေပုံ။

အကြားအမြင်ဟောသူထံ အပ်နှံထားသည့် ရွှေထည်ပစ္စည်းများ ပြန်မရဟု ဆိုကာအမှုဖွင့်

Posted: 07 May 2013 02:05 AM PDT

ရန်ကုန်တိုင်း ဒေသကြီး၊ မြောက်ဥက္ကလာပ မြို့နယ်၊ နွယ် သာကီ(၁)လမ်းတွင် စရိမူသူမာရီ ယမ္မာန်မယ်တော်အား ကိုးကွယ် ပြီး အကြားအမြင် ဗေဒင်ဟော လျက်ရှိသော ဆရာမ ဒေါ်အေး အေးသင်း (၄၃)နှစ်အား တာမွေ မြို့နယ်၊ တာမွေကြီး (က/ဂ) ရပ်ကွက်နေ ဒေါ်မြင့်မြင့်ကြည် (၅၆)နှစ်မှ ၎င်းပိုင်ဆိုင်သော ငါးကျပ်သား ရွှေဆွဲကြိုး တစ်ကုံး၊ ရွှေဘယက်သုံး ကျပ်သား တစ်ကုံး၊ ရွှေလက်စွပ် တစ်ကျပ်သားတစ် ကွင်း၊ ရွှေကလစ်တစ်ကျပ်သား အပါအ၀င် စုစုပေါင်း ရွှေ (၁၃) ကျပ်သား၊ တန်ဖိုး (၉၁၀၀၀၀၀) ဖိုးအား ----

 သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



မင်းရဲကျော် ယာဉ်ရောင်းဝယ်ရေးစခန်း ထပ်မံပြောင်းရွှေ့ပေးရမည်

Posted: 07 May 2013 02:10 AM PDT

ဟံသာဝတီ ယာဉ်ရောင်းဝယ် ရေးစခန်းမှ မင်းရဲကျော်စွာ ယာဉ် ရောင်းဝယ်ရေး စခန်းသို့ ပြောင်း ရွှေ့ ပေး လိုက်၍ ယာဉ်ရောင်း ၀ယ်ရေး သမားများသည် ယခု တစ်ခါထပ်မံ ပြောင်းရွှေ့ပေးရ မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ယာဉ်ရောင်းဝယ်ရေး သမားများသည် မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေး စခန်းသို့ပြောင်း ရွှေ့ခဲ့သည်မှာ (၁)လကျော်သာရှိ သေးပြီး ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ပြည်ခိုင်ဖြိုးနဲ့စွမ်းအားရှင်မည်သို့မျှသက်ဆိုင်ခြင်းမရှိဟုဦးဌေးဦးတရားဝင်ပြော

Posted: 07 May 2013 02:15 AM PDT

တပ်မတော် အစိုးရ လက်ထက် ဖြစ်ပွားခဲ့သော ဒီမိုကရေစီ လှုပ်ရှား မှုများ၌ ဖြိုခွင်းရာတွင် ပါဝင်ခဲ့ သော စွမ်းအားရှင် အဖွဲ့၌ ပြည်ခိုင် ဖြိုးပါတီဝင်များ ပါဝင်နေခဲ့သည် ဟု ထိုစဉ်ပြည်ခိုင်ဖြိုး အသင်းကြီး ဖြစ်စဉ်တုန်းက သတင်းများထွက် ပေါ်ခဲ့ပြီး လက်ရှိအစိုးရ သစ်လက် ထက် ဖြစ်ပွားခဲ့သော ပဋိပက္ခများ အတွင်း၌လည်း စွမ်းအားရှင် အမည်ခံ အရပ်ဘက်မှ လူများ ပါဝင်နေသည်ဟု အသံများထွက် နေသည့် အတွက် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ရင်းနှီးမြှပ်နှံမှု ကော်မရှင် MIC ဥက္ကဌ ပြောင်းလဲ ခန့်အပ်

Posted: 07 May 2013 02:19 AM PDT

မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှပ်နှံမှု ကော်မရှင် MIC ဥက္ကဌ ဦးစိုးသိန်းရဲ့ နေရာမှာ ဦးဝင်းရှိန်ကို ပြောင်းလဲ ခန့်အပ် လိုက်ကြောင်း သမ္မတရုံးက မေလ ၃ ရက်နေ့မှာ အမိန့် ထုတ်ပြန် လိုက် ပါတယ်။ အမိန့်ကြေညာစာထဲမှာ အရင် ဥက္ကဌ သမ္မတရုံးရဲ့ ပြည်ထောင်စု ၀န်ကြီး ဦးစိုး သိန်းရဲ့နေရာမှာ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ