[mrsorcerer:38186] မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတွင် မိမိကျရာ အခန်းကဏ္ဍများမှ ပါဝင်ရန် MTP မှဖိတ်ခေါ်ခြင်း...

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတွင် မိမိကျရာ အခန်းကဏ္ဍများမှ ပါဝင်ရန် MTP မှဖိတ်ခေါ်ခြင်း...

ဆွေးနွေးသူများ၊ ဒေါက်တာတင်လှိုင်၊ ဦးလှမောင်ရွှေ၊ ဦးကိုကိုကြီး နှင့် MTP ဦးကျော်ဇောခိုင်နှင့်အခန်းနားမှုးအမျိုးသမီး၂ဦး

ရေးသူ - အေးငြိမ်း

  • (၁)      အခြားသူများတော့ မပြောတတ်ပါ။ ကျွန်တော့်အနေနှင့်မူ သည်ပွဲ (မြန်မာ့ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်နှင့် စင်ကာပူ ရောက် မြန်မာ တတ်/သိပညာရှင်များ၊ ကျွမ်းကျင်သူများ၏ အခန်းကဏ္ဍစကားဝိုင်း - Panel Discussion) ကို အောင်အောင် မြင်မြင် ကျင်းပနိုင်ခဲ့ခြင်းအတွက် အလွန်ဝမ်းသာအားရ ဖြစ်မိပါ၏။ ကျွန်တော်တို့ အဖွဲ့သားအားလုံးလည်း ကျွန်တော်ကဲ့သို့ပင် ၀မ်းမြောက်ခြင်း အရသာကို ခံစားရမည်မှာ သေချာလှပါ၏။ စီစဉ်ပေးသော ကိုဘိုဘိုဝင်း၊ ကိုဝင်းမြင့်၊ မအေးမာမာ တို့ အပါအ၀င် အဖွဲ့သားအားလုံးကိုလည်း အထူးကျေးဇူးတင်ပါသည်။ (နောက်မှ အမည်စာရင်း သပ်သပ်ထပ်ထည့်ပါမည်။)
                ယခု ကျွန်တော်တို့လုပ်သော ပွဲအကြောင်း ဂဃနဏမစုံစမ်း၊ မလေ့လာဘဲလျှက် အတင်းပြော လာသူများကို ကျွန်ုပ်တို့အနေနှင့် ဘာမှ မပြောလိုပါ။  သို့သော်လည်းလေ ဤသို့ပြောသူများမှာ တစ်ယောက်စ၊ နှစ်ယောက်စမျှသာ ဖြစ်ပါသည်။ ကျန်သည့် ပရိသတ်အများစုကြီးမှာ ထောက်ခံအားပေးကြောင်း ကျွန်တော်တို့ Face Book ပေါ်မှ comment များကို ကြည့်ခြင်းဖြင့် သိနိုင်ပါ၏။
     
    (၂)         အမေရိကန်ပြည်ထောင်စု၏ ၃၅ဆက်မြောက် သမ္မတဖြစ်သော ဂျွန်အက်ဖ် ကနေဒီက ၎င်း၏ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲတွင် သမိုင်းတွင်ရစ်သော မိန့်ခွန်းကို ပြောခဲ့၏။     
    "Ask not what your country can do for you – ask what you can do for your country" ဟူ၍ ဖြစ်၏။
    ကျွန်ုပ်တို့၏ မော်ဒရေတာ ကိုကျော်ဇောခိုင်ကလည်း နောက်ဆုံး PD အပိတ်တွင် ကျွန်တော်တို့က ကျွန်တော်တို့ တိုင်းပြည်အတွက် ဘာလုပ်ပေးနိုင်မလဲဆိုတာ အဖြေရှာကြည့်တာပါ ဟုလည်း ပြောခဲ့ပါသည်။ ဤသည်မှာ ကျွန်တော်တို့ ယခုပွဲလုပ်ရခြင်း၏ ရည်ရွယ်ချက်ဖြစ်သတည်း။
    ခုနင်ကပြောခဲ့သည့် အတင်းဆိုလိုသူများအားလည်း အသင့်တိုင်းပြည်အတွက် သင်တတ်နိုင်သည့်ဘက် မှ လုပ်ပေးဘို့ ဖိတ်ခေါ်ပါသည်ဟု ပြောလိုပါသည်။
    ကျွန်တော့်ဖေ့စ်ဘွတ်တွင် စင်ကာပူရောက် တတ်၊ သိ ပညာရှင်များ၏ အခန်းကဏ္ဍ ဟု တင်လိုက်တော့ ညီမငယ် တစ်ဦးက ဟင်၊ ဒီလိုဆို တတ်သိပညာရှင်မဟုတ်တဲ့လူတွေ မပါရတော့ဘူးလား ဟု မေးလာပါ၏။ မအေးအေးမာက ညီမလေးရယ်၊ စိတ်ဝင်စားတဲ့သူ ဘယ်သူမဆို ပါဝင်ဆင်နွှဲလို့ရပါသကွယ် ဟု အကြောင်းပြန်လိုက်ပါသည်။
    ကျွန်တော်တို့ငယ်ငယ်က သင်ခဲ့ရသည့် ကဗျာကလေးကို မိတ်ဆွေတို့ မှတ်မိပါလိမ့်မည်။ (ကျွန်တော်တော့ ကောင်းကောင်းမမှတ်မိတော့ပါ။)
    စံပယ်ဖူးလည်း၊ သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်။
    ဖိုးလမင်းလည်း၊ သူ့အဆင်းနှင့် အလင်းနှင့်။
              ဖယောင်းတိုင်လည်း၊ သူ့အရွယ်နှင့် အစွယ်နှင့် - - ဟု ဖြစ်၏။
    ဆိုလိုသည်မှာ ၀န်ကြီး၊ အရာရှိကြီး၊ အင်ဂျင်နီယာကြီးများသာမဟုတ်။ လမ်းဘေး၌ တံမြက်စည်းလှည်းနေသူသည် လည်း သူ့အတိုင်းအတာနှင့်သူ၊ သူ့နေရာနှင့်သူ အသုံးကျကြောင်း ပြောလိုရင်းဖြစ်ပါသည်။ တိုင်းပြည်တစ်ခုကို ထူထောင်သည့် နေရာ၌ စစ်သားချည်းလည်း ထူထောင်လို့မရ။ အင်ဂျင်နီယာချည်းလည်း ထူထောင်လို့မရ။ လယ်သမားချည်းလည်း ထူထောင် လို့မရ။ နိုင်ငံတစ်ခု၌ သမ္မတသည် မရှိမဖြစ်လိုအပ်သကဲ့သို့ အမှိုက်လှည်းသူများလည်း မရှိမဖြစ်လိုပါသည်။ အနှီ အမှိုက်လှည်း သူများသာမရှိပါက လမ်းဘေးမှ အမှိုက်များကို အသင်တို့ လှည်းပါမည်လား။ သူ့အတိုင်းအတာနှင့်သူ၊ သူ့နေရာနှင့်သူ အသုံးတည့်သူချည်း ဖြစ်ပါ၏။
    ကျွန်တော်ဆိုလိုချင်သည်မှာ Myanmar Transitional Platform ဟူသည် ဆရာဝန်နှင့်အင်ဂျင်နီယာများချည်း၊ အရာရှိကြီးများအတွက်မျှသာမဟုတ်။ မြန်မာနိုင်ငံကောင်းကျိုး သယ်ပိုးလိုသူ၊ ကိုယ်ကျရာ တစ်ထောင့်တစ်နေရာမှ ပါဝင်လိုသူအားလုံး ပါဝင်လို့ရပါသည်။ ပလက်ဖောင်းဟူသည် အားလုံးအတွက် မဟုတ်ပါလား။ သည်ကိစ္စမျိုးဆိုတာ တစ်ဦးကောင်း၊ တစ်ယောက်ကောင်းနှင့် လုပ်လို့ရတာမျိုးမဟုတ်။ အားလုံး စိတ်တူကိုယ်တူ၊ တက်ညီလက်ညီလုပ်ကြမှ ခရီးရောက်တာမျိုးဖြစ်၏။
     
    (၃)          ယခုပြီးသွားသည့်ပွဲမှာ ပထမဦးဆုံး ခြေလှမ်းမျှသာ ဖြစ်ပါသည်။ နောင် လုပ်စရာ၊ အများအပြားကျန်ပါသေး၏။ ထိုလုပ်ငန်းများအတွက် အသိပညာ၊ အတတ်ပညာအား၊ ကာယအား၊ ဉာဏအား၊ ငွေအား၊ အများအပြား လိုပါသည်။ မိတ်ဆွေတို့ထံမှ အကြံဉာဏ်များ၊ အားပေးမှုများ လိုပါသည်။ Resources (မိမိတို့ လုပ်ကိုင်နေသည့် လုပ်ငန်းအလိုက် လေ့လာသင့်သည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ရည်ညွှန်းစာအုပ်စာတမ်း၊ လက်ကမ်းစာစောင် စသည့် စာအုပ် စာတမ်းများ စသည်) များလည်း လိုပါသည်။
                တစ်ဦးတည်းနှင့် ဘာသာမျိုးစုံ၊ အလုပ်မျိုးစုံ ကျွမ်းကျင်ဘို့ဆိုတာ မည်သည့်နည်းနှင့်မှ မဖြစ်နိုင်။ သည့်အတွက် နယ်ပယ်အရပ်ရပ်မှ ပညာရှင်ရော၊ ကျွမ်းကျင်သူများပါ၊ အားလုံး မိမိတို့တတ်နိုင်သည့်ဘက်မှ ပူးပေါင်းပါဝင် ဆောင်ရွက်ကြဘို့ အထူး လိုအပ်ပါသည်။
     
                သို့အတွက်လည်း MTP သို့ ပူးပေါင်းပါဝင် ဆောင်ရွက်လိုပါလျှင် အောက်ပါပုဂ္ဂိုလ်များနှင့် email သို့ ဆက်သွယ်နိုင်ပါကြောင်း အသိပေးအပ်ပါသည်

    mtp.singapore2013@gmail.com
    ကိုထွန်းနောင်မြင့်  tunnaungmyint@gmail.com
    ဒေါက်တာ သိန်းသန်းဝင်း  heinthanwin23@gmail.com



    အောက်ဖေါ်ပြပါလင့်ခ်များကို ကလစ်လုပ်ကြည့်ရှုနိုင်ပါသည်။  ပြုစုသူ - အေးငြိမ်း
     

အခန်းအနား စတင်ကျင်းပခြင်း Chinese Chamber of Commerce Hall, Singapore (near Peninsula Plaza)

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.