သစ်ထူးလွင်

သစ်ထူးလွင်


သီလ၀ါဇုန်ရှိ လယ်သမားများ၊ လယ်ထွန်ရန် ပြင်ဆင်နေ

Posted: 09 May 2013 06:58 AM PDT

သန်လျင်နှင့် ကျောက်တန်းရှိ သီလ၀ါ အထူး စီးပွားရေးဇုန် စီမံကိန်းအတွက် နေရာဖယ်ရှားရ
မည်ဖြစ်သော ဒေသခံ များက အာဏာပိုင်များဆီမှ ၎င်းတို့ အတွက် ဆုံးဖြတ်ချက် တစ်စုံတစ်ရာ
မရရှိ သေးသောကြောင့် စောင့်ဆိုင်းနေဆဲဖြစ် ပြီး မေလ တတိယပတ်တွင် မိုးစပါးစိုက် ပျိုးရေး
အတွက် လယ်ထွန်ကြတော့မည် ဖြစ်ကြောင်း ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


သီလ၀ါ အထူး စီးပွားရေးဇုန် စီမံကိန်း

လူသတ်ပြီး အလောင်းဖျောက်ဖျက်သူ ထောင်ဒဏ် ၃၇ နှစ် ချမှတ်ခံရ

Posted: 09 May 2013 06:30 AM PDT

လူသတ်၍ အလောင်းဖျောက်ဖျက်ရန် မီးရှို့ပြီး ရွှေထည်ပစ္စည်းများ ယူဆောင် သွားသူ သာကေတ
မြို့နယ်၊ (၁) ရပ်ကွက် ထူပါရုံ အရှေ့(၉) လမ်းနေ မျိုးလွင် (ခ) ကိုမျိုး (၅၀) နှစ်အား ပြစ်မှုကျူးလွန်
ကြောင်း ထင်ရှားသဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂(၂) အရ ထောင်ဒဏ် တစ်သက်တစ်ကျွန်း
(အနှစ် - ၂၀) ကျခံ စေရန်၊ ပြစ်မှုပုဒ်မ ၄၃၆ အရ ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန်နှင့် ပြစ်မှုပုဒ်မ
၃၈၀ အရ ထောင်ဒဏ် ခုနစ်နှစ် စုစုပေါင်း ထောင်ဒဏ် ၃၇ နှစ် ကျခံစေရန်----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




အကျန်အကြွင်းတွေရဲ့ နားပန်ကျင်း မခံရအောင် ဒုံရင်းတွေကို ဒီမိုကရေစီဖာတ် အကုန်သွင်းကြ

Posted: 09 May 2013 04:10 AM PDT

ကျုပ်က အသက်တွေ ကြီးခြင်းမက ကြီးလာတော့ ခြေထောက်ကလည်း တုန်တုန်ဆိုင်း၊ ဦးနှောက် ကလည်း မှုန်မှုန်မှိုင်း။ ရိုင်းလိုက်တဲ့ လူကလေးတွေ ဗျာ။ မတော်တရော်တွေ မေးခွန်း လာထုတ်ကြတယ်။ ကျုပ်ဖြင့် ပြော မပြော ချင်ပါဘူး။ မေးတဲ့ဟာကလည်း ကြည့်အုန်းလေ။ ဘာတဲ့။

"ဒီနေ့တစ်ပြည်လုံးမှာ ဆန္ဒပြပွဲတွေ အုန်းအုန်းထနေတယ်။ အဘ ဘယ်လို ထင်သလဲ။ ဒီလူတွေနောက်ကြောင်းပြန်ဖို့ခြေလှမ်း ပြင်လာကြသလားဗျာ" တဲ့။"

ကျုပ်ဘာသိမှာလဲ။ နောက်ကြောင်းပြန်ဆိုတာဘာလဲ။ ခြေလှမ်းပြင်ဆိုတာ ဘာလဲ။ ကိုယ့်ကိုယ်ကိုတောင်မှ အနိုင်နိုင်ရယ်။ မယိုင်မလဲ၊ မရွဲမယိုအောင် အတော်ထိန်းနေရတာ။ ဟေ့သူငယ်.....နောက်ကြောင်း၊ နောက်ကျွမ်းတွေလာပြောမနေနဲ့။ မသိဘူးဟေ့။

ကိုယ်တော်ချောလေးက အတော်စကားကြော ရှည်တယ်။

"ဟာ အဘကလည်း ၊ နောက်ကျွမ်းပစ်တာ မပြောပါဘူး။ နောက်ကြောင်းပြန် တာပြောနေတာဗျ"

"မကြားဘူးပေါင်ကွာ၊ ဟိုစစ်သားတွေ နောက်တန်းပြန်တယ်ဆိုတာမျိုးပဲ ကြားဘူးပါတယ်"

"အဲ့ဒါပြောတာပေါ့ အဘရဲ့။ စစ်တပ်က ရှေ့တန်းထွက်တာ တို့၊ နောက်တန်း ပြန်တာတို့ ဆိုတာတွေ လုပ်နေကျဆိုတော့ အခုရော နောက်တန်း နောက်ကြောင်းပြန်ဦးမှာလားလို့ မေးနေရတာပေါ့။ ဒီမိုကရေစီ လုပ်မယ်ဆိုရာက နောက်ပြန်ဆုတ်မှာလားမေးတာဗျို့"

"နေပါဦး၊ စစ်အစိုးရက ဘယ်တုန်းက ရှေ့တန်းရောက်နေလိုက်တာလဲ"

"သေပါတော့အဘရယ် စစ်အစိုးရ ပြောတာမဟုတ်ဘူး။ သမ္မတကြီးဦးသိန်းစိန် အစိုးရ တက်လာချိန်ကတည်းက ဒီမိုကရေစီ နိုင်ငံရေးအပြောင်းအလဲတွေလုပ်နေပြီလို့ကြေညာထားတာလေဗျာ"

"ဟေ့ကောင် သေစကားတော့ လာမပြောနဲ့။ ဒီမိုကရေစီသံကြားလေ၊ ငါမသေချင်လေကွ"

"ချင်ချင် မချင်ချင်ဗျာ၊ ဒီမိုကရေစီဆိုလား၊ ဘာဆိုလားကြီးကတော့ သေစော်နံ လာနေပြီနဲ့တူရဲ့"

"ဟေ့.....ဟေ့ အဲ့ဒီဟာကြီးဆိုတာက ဘယ်တုန်းကမှ မရှင်ခဲ့တာ။ ဘာသေစော်နံရမှာလဲကွ။ အဲ့ဒါကြီးနောက် ကြောင်းပြန်မှာလားတို့၊ နောက်ကျွမ်းပစ်မှာလားတို့ လာမမေးနဲ့။ ဘာမှမလုပ်ဘူးလဟဲ့။ စိတ်ချ။ နဂိုကတည်းက ဒုံရင်း ဒုံရင်းကွ"

ဒီခေတ်ကလေးတွေ တယ်ဒုံးဝေးကြသဗျာ။ ဘာကြောင့်များ ဒီလိုမေးခွန်းတွေ ထုတ်နေကြပါလိမ့်။ ဒါနဲ့မေးကြည့်မိတယ်။

"နေပါဦးကွဲ့။ ဘာဖြစ်လို့ မင်းတို့က ဒီမိုကရေစီ သေစော်နံလာပြီ ပြောနေရတာလဲ"

"ဟာအဘကလည်း 'ဒိတ်အောက်' နေပြန်ပါပြီ။ မကြားမိဘူးလားဗျာ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်ပေးတောင်းဆိုနေကြတာ။ မကြားမိဘူးလားဗျာ။ ဒေသခံလူထုရော၊ ဒေသဝန်းကျင်လူထုရော ဝိုင်းကူဆန္ဒပြနေကြတာ။ မမြင်ဘူးလားဗျာ။ သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲခဲ့လို့ သံဃာတော်တွေ မီးလောင်ဗုံးစာမိခဲ့တာ"

"စစ်အစိုးရပဲကွာ၊ ဒီလောက်တော့ လက်သံပြောင်လိမ့်မပါ့"

"ဟာအဘကလည်းလုပ်ပြန်ပြီဗျာ။ ဘယ်ကလာ စစ်အစိုးရလဲဗျာ၊ ဘောင်းဘီချွတ်လိုက်ပြီဗျ။ အရပ်သားအစိုးရဗျို့၊ အရပ်သားအစိုးရ။ လွှတ်တော်ကြီးလည်းပေါ်ပြီဗျာ။ စာနယ်ဇင်းတွေလည်းဆော်ပြီဗျာ"

"ဟ.....ဟ ဘာဆော်တာလဲ"

"မှားလို့ အဘရေ မှားလို့။ ပျော်နေပြီ ပြောတာပါ။ သမ္မတရုံးဝန်ကြီးတစ်ပါး မီဒီယာတွေနဲ့တွေ့သတဲ့။ ပြောသတဲ့။ သမ္မတကြီးကို ပျော်အောင် ထားကြပါတဲ့။"

"အကောင်းသားပေါ့ကွဲ့။ နှလုံးရောဂါသမား သနားပါတယ်။ ပျော်ပျော်နေပလေ့စေကွယ်"

"အဲ့လိုလည်း မဟုတ်သေးဘူးအဘရဲ့။ သူ့ခမျာ ဘယ်မှာ ပျော်အားပါ့မလဲဗျာ။ တစ်ပြည်လုံးနှံ့ သပိတ်ကင်ဆာရောဂါ ပြန့်နေပြီဗျာ။ သမ္မတကြီးက ဟိုကော်မရှင်ဖွဲ့၊ ဒီကော်မရှင်ခိုင်း လုပ်နေလို့သာ တိုင်းပြည်က ငြိမ်ကုပ်ကုပ်ဖြစ်နေတာ အဘရဲ့။ အေးလှတာမဟုတ်ဘူး။ သပိတ်စုံရင်တော့လား။ သူပုန်ဆိုလား ဘာဆိုလား၊ ထမှာ ကြွမှာများတောင် စိုးရသတဲ့"

"မဟုတ်မဟတ်တွေကွယ်။ ဖွဟဲ့လွဲပါစေ၊ ဖယ်ပါစေ။ ဒါတွေကြောင့် နောက်ကြောင်းပြန်မှာလားတွေ ဒါတွေအတွက် ရင်လေးတွေးပူ ပြောနေကြတာနဲ့ တူရဲ့။ အေးလေ။ တွေးလည်းကြောက်မနေကြနဲ့ကွဲ့။ အစိုးရများကတော့ အရိပ်အကဲစောင့်ကြည့် နေဟန်တူပါရဲ့။ ဒီနေရာမင်းတို့တစ်တွေသိရမယ့် စကားလေးတစ်ခွန်းရှိသကွဲ့။ အဲ့ဒါကတော့...."

"ဘယ်လိုတုံးဗျ။ ပြောပါဦးဗျ"

"ဒေါ်အောင်ဆန်းကြည့်ရဲ့စကားကွဲ့။ အစိုးရနောက်ကြောင်းပြန်လှည့် မလှည့်ဆိုတာလူထုအပေါ်မူတည်သတဲ့။ နောက်ကြောင်းလှည့်အောင်လည်း လူထုပဲလုပ်နိုင်သတဲ့။ နောက်ကြောင်း မလှည့်အောင်လည်း လူထုပဲလုပ်နိုင်သတဲ့။ မှတ်သားစရာပေါ့ကွယ်"

"ဒီလိုဆို ကျွန်တော်နဲ့ လူထုနဲ့တွဲပြီး အစိုးရနောက်ကြောင်းမပြန်အောင်ဝိုင်းတွန်းကြရမှာဗျို့"

"အေးပေါ့ကွယ်။ လုပ်စရာရှိတာ လုပ်ကြပေါ့။ ငါပြောချင်တာကတော့ နောက်ကြောင်းပြန်တာတွေ မပြန်တာတွေ သိပ်ပြောမနေပါနဲ့ကွာ။ နောက်ကြောင်းအကျန်အကြွေင်းတွေက အာဏာပိုင်တွေ ကြားမှာရှိတုန်းလဟ။ ဒီနေ့လူထုကို နားပန်ကျင်းနေတာ သူ့တို့လဟဲ့။ ဒီနေ့ဘုန်းကြီးတွေကို မီးအရုဏ်ဆွမ်းကပ်နေတာ သူတို့လဟဲ့။ တို့ဒီနေ့တကယ်လုပ်ရမှာက အဲဒီ 'ကျန်စစ်သား' တွေရော၊ အစိုးရရော၊ လွှတ်တော်တွေရော၊ မီဒီယာတွေရော အားလုံးကို ဒီမိုကရေစီလမ်းကြမ်းပေါ် တွန်းတင်ကြဖို့ပဲကွဲ့။ ဒီမိုကရေစီလမ်းကြောင်းအတိုင်းဝိုင်းဆွဲခေါ်ကြဖို့ပဲကွဲ့"။ ။


ဟံသာဝတီဦးဝင်းတင်

ဒီလှိုင်းဂျာနယ်။ အတွဲ(၁)၊ အမှတ်(၄၈)


ပြည်သူပိုင်မီးသတ်ကား ၂ စီးအား နိုင်ငံခြားကုမ္ပဏီ တစ်ခုသို့ ဌားရမ်းမှုဖြင့် ကျောက်ဖြူ မီးသတ်ဦးစီးမှူးအား ယနေ့ စတင်စစ်ဆေး

Posted: 09 May 2013 03:55 AM PDT

မီးဘေးလုံခြုံရေး နှင့် မီးငြိမ်းသတ်ရေး အတွက် အသုံးပြု ရန်ထားသည့် မီးသတ် ကား ၂ စီး အား ကျောက်ဖြူ မီးသတ်ဦးစီးမှူးမှ ကျောက်ဖြူမြို့တွင် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း တပ်ဆင်ရေး လာရောက်လုပ်ကိုင်သော Hyundai Heavy Industries ကုမ္ပဏီအား အခကြေးငွေ ယူ၍ ဌားရမ်းသည်ဟု ပြည်သူများ ကတိုင်ကြားသည့် အတွက် မီးသတ်ဦးစီးဌာန ရုံးချုပ်နှင့် သက်ဆိုင်ရာ မှ ခေါ်ယူစစ်ဆေး နေကြောင်း သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဓါတ်ပုံ - RSV

ထိုင်းနိုင်ငံက မြန်မာကလေးငယ်များကို နိုင်ငံကူးလက်မှတ် ထုတ်ပေး

Posted: 09 May 2013 03:43 AM PDT

ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်း မြန်မာ အလုပ်သမားတွေရဲ့ ကလေးငယ်တွေ မြန်မာပတ်စပို့စ် ထုတ်ယူလို့ရပြီ ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး တာဝန်ရှိသူ တဦးက ပြောပါတယ်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ သားသမီးတွေအတွက် 'မှီခိုသူပတ်စပို့စ်' ကို ဒီနေ့ကစပြီး ထုတ်ပေးနေတာပါ။ အသက် ၁၈ နှစ်အောက် မြန်မာကလေးတွေဟာ ဒီစီမံချက်မှာ အကျုံးဝင်ပြီး ထိုင်းအခြေပြု ယာယီပတ်စပို့စ် ထုတ်ပေးရေးရုံး ၁၁ ရုံးမှာ ထုတ်ပေးနေတယ်လို့ မြန်မာသံရုံး အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။

မြန်မာရွှေ့ပြောင်း အလုပ်သမားများ

"ကလေးအတွက် ထုတ်ပေးမယ်ဆိုတော့ ထိုင်းဘက်က သာမန်လူကောက်သလို ဘတ် ၁၉၀၀ ကောက်မယ်ပြောတယ်။ အဲကိစ္စကို မြန်မာဘက်ကနေ ပြီးခဲ့တဲ့အစည်းအဝေးမှာ မိဘတွေတောင် ဘတ် ၅၀၀ ပဲဆောင်ရတာလေ။ အလုပ်မလုပ်တဲ့ ကလေးတွေကို ဘတ် ၁၉၀၀ တောင်ကောက်မယ်ဆိုတာ မဖြစ်သင့်ဘူး။ အဲတော့ ညှိပေးပါဆိုတော့ ကတ်ဘိနက်တင်တော့ ကတ်ဘိနက်က ခွင့်ပြုလိုက်တယ်။ ကလေးတွေလည်း ဘတ် ၅၀၀ ပဲပေါ့။ ဒါနဲ့ ကျနော်တို့ဘက်က ကလေးတွေအတွက် သီးသန့်ထုတ်ပေးမယ့် စာအုပ်တွေ ပြီးခဲ့တဲ့ အပတ်က အားလုံးပြီးသွားပြီ။ အဲဒါ ထုတ်ပေးဖို့ ထိုင်းနဲ့ညှိပြီး မြန်မာပြည်ကို ပြန်တင်ပြတယ်။ မြန်မာပြည်ဘက်က ခွင့်ပြုလာပြီဆိုတော့ စခန်းတွေအားလုံးကို ကလေးတွေအတွက် ထုတ်ပေးဖို့ မနေ့က ပြောလိုက်ပြီ။ အလုပ်သမားဝန်ကြီးဌာနကိုလည်း လ၀ကနဲ့ ညှိပြီး ဗီဇာတုံးကို လူကြီးတွေနှုန်းထားအတိုင်းပဲ ဘတ် ၅၀၀ နဲ့ ထုပေးဖို့ အကြမ်းဖျင်း၊ ဒီနေ့ပဲ စလုပ်ကြမယ်။ "

မှီခိုသူပတ်စပို့စ်ရဖို့ ထိုင်းငွေ ၁၇၅ ဘတ် ပေးသွင်း ထုတ်ယူရမှာဖြစ်သလို  နေထိုင်ခွင့်ဗီဇာရဖို့ ထိုင်းလ၀ကမှာ ဘတ်ငွေ ၅၀၀ ပေးပြီး သွားလျှောက်ရမှာပါ။ ဗီဇာလျှောက်တဲ့ကလေးတွေဟာ သူတို့မိဘတွေ ရရှိထားတဲ့ ဗီဇာကာလ သတ်မှတ်ချက်အတိုင်း ရရှိမယ်လို့ ဦးနိုင်ထွန်းက ပြောပါတယ်။

ကလေးအတွက် မှီခိုပတ်စပို့စ်ဟာ အပြာရောင်ဖြစ်ပြီး အောက်မှာ (Dependent-မှီခိုသူ)လို့ စာတမ်းထိုးထားပါတယ်။

ဒီအစီအစဉ်ကြောင့် ထိုင်းရောက် မြန်မာကလေးတွေအတွက် အထောက်အထား ရတဲ့အပြင် တရားဝင် ကျောင်းတက်ခွင့်လည်း ရမှာဖြစ်ပါတယ်။

ဒါပေမယ့် ဒီအစီအစဉ်ဟာ ဒီ ၂၀၁၃ ခုနှစ်အတွင်း မှတ်ပုံတင်တဲ့အလုပ်သမားတွေနဲ့သာ အကျုံးဝင်ပြီး မူလပတ်စပို့ ရပြီးသား အလုပ်သမားဟောင်းတွေကတော့ မြန်မာပြည် ကလေးမွေးစာရင်းနဲ့ အတူ ဘန်ကောက်မြို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှာ လျှောက်ထားဖို့ လိုအပ်တယ်လို့ ဦးနိုင်ထွန်းက ရှင်းပြပါတယ်။

၂၀၁၃ ခုနှစ်အတွင်း ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအတွက် လျှောက်လွှာ တင်ထားသူ အလုပ်သမား ၃ သိန်းကျော်ရှိပြီး သူတို့ရဲ့ကလေး မှီခိုလျှောက်ထားသူ ၃၀၀၀ လောက်ရှိတယ်လို့ ဦးနိုင်ထွန်းက ပြောပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံတွင်းမှာ ထောလော ၃၈ လို့ခေါ်တဲ့ ယာယီနေထိုင်ခွင့် လက်မှတ်ရှိပြီး ယာယီနိုင်ငံကူးလက်မှတ် လျှောက်ထားခြင်းမရှိသူ ၂ သိန်းနီးပါးရှိတယ်လို့ ထိုင်းနိုင်ငံ တောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းရဲ့ အကြီးတန်းအကြံပေး ဦးထူးချစ်က ပြောပါတယ်။ ဒါ့ကြောင့် ထိုင်းနိုင်ငံနေနဲ့ ယာယီနိုင်ငံကူးလက်မှတ်လုပ်ရေး သက်တမ်းထပ်တိုးပေးဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ ယာယီနိုင်ငံကူးလက်မှတ် လျှောက်ထားခွင့်ကို မေ ၁၅ ရက်နေ့အထိ ခွင့်ပြုထားပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ သန်းလောက်ရှိတဲ့အနက် ၁.၂ သန်းက တရားဝင် အလုပ်လုပ်နေတာဖြစ်ပြီး ၃ သိန်းလောက်က နိုင်ငံသား စိစစ်တာ မလုပ်ဆောင်ရသေးဘူးလို့ သိရပါတယ်။

by နော်နိုရင်း (ဒီဗွီဘီ)


ကမ္ဘာ့ တတိယ အကြီးဆုံး နေရောင်ခြည်စွမ်းအင်သုံး ဓါတ်အားပေးစက်ရုံ မြန်မာတွင် ဆောက်မည်

Posted: 09 May 2013 03:30 AM PDT

မြန်မာ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန နှင့် ထိုင်း စွမ်းအင်ကုမ္ပဏီ တခုဖြစ်သည့် Green Earth Power (GEP) တို့သည် အမေရိကန် ဒေါ်လာ ၂၇၅ သန်း တန်ဖိုးရှိသည့် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံတခု မြန်မာနိုင်ငံတွင် တည်ဆောက်ရန် နားလည်မှု စာချွန်လွှာ တခုကို လက်မှတ်ရေး ထိုးခဲ့ကြသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဆီးဂိမ်းတွင် အားကစားသမား ၈၀၀ ခန့် ၀င်ပြိုင်မည်

Posted: 09 May 2013 03:22 AM PDT

ဒီဇင်ဘာလထဲ ကျင်းပမယ့် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ ဆီးဂိမ်းမှာ မြန်မာ အားကစား သမား ၇၀၀ နဲ့ ၈၀၀ ကြား ၀င်ရောက် ယှဉ်ပြိုင်ဖို့ ရှိတယ်လို့ အားကစား ၀န်ကြီးဌာန၊ ပြန်ကြားရေး ညွှန်ကြားရေးမှူး ဦးဌေးအောင်က ပြောပါတယ်။ ၂၀၁၁ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဆီးဂိမ်းမှာ မြန်မာ အားကစား သမား ၄၀၀ လောက် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




အရှိန်အ၀ါသုံးပြီး အခွန်မဆောင်သူတွေကို စိစစ်ဖော်ထုတ်သင့်တယ် – ဦးဟန်ထွန်း

Posted: 09 May 2013 03:17 AM PDT

အခွန်ကောက်ခံမှု စိစစ် ကြပ်မတ်ရေး အဖွဲ့အနေနဲ့ ပေးဆောင်ရမယ့် အခွန် ပမာဏထက် လျော့နည်း ပေးဆောင်နေ သူတွေ၊ အခွန်ရှောင်နေ သူတွေနဲ့ အရှိန်အ၀ါ အမျိုးမျိုးသုံးပြီး အခွန်မဆောင်သူတွေကို စိစစ်ဖော်ထုတ်ပြီး ထိထိရောက်ရောက် လုပ်ဆောင်သွားဖို့ လိုတယ်လို့ စီးပွားရေးဆောင်းပါးရှင် ဦးဟန်ထွန်း (အခွန်)က ပြောပါ တယ်။

ဦးဟန်ထွန်း(အခွန်)ကို ဆက်သွယ်မေးမြန်းထားပါတယ်။

အဖွဲ့ ဖွဲ့စည်းတာနဲ့ ပတ်သက်ပြီး ဆရာ ဘယ်လိုမြင်ပါလဲ။

"ကောင်းပါတယ်။ အခွန်စိစစ်ကြပ်မတ်ကောက်ခံမှုမှာ အားနည်းချက်တွေ ရှိနေတယ်။ ဒီလို အဖွဲ့ဖွဲ့ပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်မယ်ဆိုရင် အခွန်ကောက်ခံမှုက ပိုမျှတမှန်ကန်လာမယ်လို့ မျှော်လင့်တယ်။"

ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့ အဖွဲ့အနေနဲ့ ဘာတွေလုပ်ဖို့ လိုအပ်မယ်လို့ မြင်ပါလဲ။

"အခွန်ပေးဆောင်လိုက်တဲ့ ပမာဏထိ မပေးဆောင်ဘဲနဲ့ လျော့နည်းပေးဆောင်နေတာတွေ၊ အခွန်ဆောင်သင့်ရဲ့သားနဲ့ မဆောင်ဘဲ ရှောင်နေတာတွေ၊ နောက် အရှိန်အ၀ါ အမျိုးမျိုးသုံးပြီး ဟန့်တားနေတာတွေ၊ နောက် တချို့လည်း တမင်သက်သက်ကို အခွန်ရှောင်နေတဲ့အလုပ် လုပ်နေတာ ရှိတယ်။ အဲဒါတွေကို ထိထိရောက်ရောက် စိစစ်ဖော်ထုတ် လုပ်ဆောင်သွားမယ်ဆိုရင် တိုးတက်ကောင်းမွန်ပြီး ပိုမျှတ မှန်ကန်လာမယ်လို့ မျှော်လင့်ရတယ်။"

အဖွဲ့ထဲပါသူတွေနဲ့ ပတ်သက်လို့ရော။

"မြင်တာ အတိုချုပ်ပြောရရင်တော့ အခွန်ကောက်ခံတဲ့ လုပ်ငန်းကို၊ အခွန်စည်းကြပ် ကောက်ခံမှု တာဝန်ကို လက်တွေ့တာဝန်ထမ်းဆောင်နိုင်ခဲ့သူ အရေအတွက် နည်းနေတယ်။ သီအိုရီပိုင်းလောက်ပဲ လေ့လာ နားလည် တတ်ကျွမ်းထားတဲ့ပုဂ္ဂိုလ်တွေ ဖြစ်ကောင်းဖြစ်နိုင်တယ်။ လက်တွေ့နဲ့ ကွာဟမှုတချက်ဖြစ်မှာ စိုးတယ်။ ပကတိအခြေအနေအရ အခွန်စီမံခန့်ခွဲရေး ဆိုတာ လက်တွေ့လုပ်ကိုင်ဖူးမှ အခွန်စီမံခန့်ခွဲရေးရဲ့ ဘယ်လိုနေရာမှာ အားနည်းချက်ရှိတယ်၊ အားသာချက်ရှိတယ်ဆိုတာတွေကို ပိုပြီး မြန်မြန်ဆန်ဆန်နဲ့ ရှင်းလင်းစွာ သိနိုင်မယ်လို့တော့ ယူဆတယ်။"

အခွန်စိစစ်မယ့် လုပ်ရမယ့် တာဝန်ထဲပါတာက ၀န်ဆောင်မှုတို့၊ ကုန်သွယ်မှု၊ ထုတ်လုပ်မှုတို့ အခွန်ကောက်ခံမှု အဲအခွန်တွေမှာ. ဆရာတို့ သိသလောက် ကျနော်တို့ တိုင်းပြည်မှာ ဘယ်အခွန်တွေက တော်တော်လေးကို ရသင့်ရထိုက်ရဲ့သားနဲ့ မရတာတွေဖြစ်နေပါလဲ။

"အဲဒါက ပြောရတော်တော်ခက်တယ်။ အခွန်ဥပဒေမှာကိုက အားနည်းချက်တွေ ရှိနေတယ်။ ဟိုတုန်းက ကုန်ပစ္စည်းထုတ်လုပ်ရင် ထုတ်လုပ်တဲ့ စက်ရုံမှာတင် အခွန်ကောက်ပြီးသားဖြစ်နေတယ်။ အခုက ထွက်လာတဲ့ ကုန်စည် ဈေးကွက်ထဲရောက်မှ အခွန်တံဆိပ်ကပ်ရောင်းဆိုတော့၊ တချို့အခွန်တံဆိပ်တွေက အစစ်တွေမဟုတ်ဘူး။ သူတို့ဘာသာ ရိုက်နှိပ်ပြီးမှ ကပ်တာတွေ့နေရတယ်။ ဥပမာ- ဘီယာတမျိုးဆိုရင် မြန်မာပြည်ထဲမှာထုတ်လုပ်တယ်။ Export Only တံဆိပ်လုပ်လိုက်တယ်။ ဘီယာကို ပို့ကုန်လုပ်လိုက်ရင် အခွန်လွတ်တာကိုး။ သို့သော် export only လုပ်ထားတာတွေက ပြည်တွင်းမှာ ပျံ့နေတယ်လေ။ အဲဒါကလည်း တကယ့် စီးပွားရေးအဖွဲ့အစည်းကြီးတခုက လုပ်နေတာ။ အဲတော့ တာဝန်ရှိအဖွဲ့အစည်းကြီးတခုက အခွန်ရှောင်တာကို နမူနာပြ လုပ်နေတော့ အများပြည်သူအခွန်ဆောင်ကိစ္စကျတော့ လုပ်ကိုင်ရခက်တာပေါ့။"

ဒီအခွန်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ပွဲတခုမှာ ပြောသွားတယ်။ မြန်မာပြည်မှာ အခွန်ယဉ်ကျေးမှု ထွန်းကားဖို့ လိုနေပြီ။ အဲဒီအပေါ် သုံးသပ်ပေးပါလား။

"အခွန်ယဉ်ကျေးမှုက အခွန်ကောက်ခံတဲ့အပိုင်းပေါ့။ အခွန်စည်းကြပ်ကောက်ခံတဲ့ ဌာနတွေ၊ အဖွဲ့တွေ၊ ပုဂ္ဂိုလ်တွေကပဲ အခွန်ယဉ်ကျေးမှုကို ထောင်ချင်လို့မရဘူး။ အခွန်ယဉ်ကျေးမှု ထူထောင်တယ်ဆိုတာက ကောက်ခံရရှိတဲ့ အခွန်တွေကို အများပြည်သူအကျိုးစီးပွားအတွက် ဘာတွေ ကျခံသုံးစွဲတယ်။ ရာခိုင်နှုန်းမြောက်မြားစွာဟာ ပြည်သူတွေရဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေအတွက် ကျခံသုံးစွဲနေတယ်ဆိုတာ ပေါ်လွင်ထင်ရှားအောင် ပြဖို့အတွက် တာဝန်ရှိတယ်။ ဒါက အစိုးရမှာ တာဝန်ရှိတယ်။ အခွန်ကလည်း တိုးကောက်တယ်၊ တဖက်ကလည်း ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေဖြစ်တဲ့ သယ်ယူပို့ဆောင်ခတွေ၊ တယ်လီဖုန်းဆက်သွယ်ခတွေ၊ လျှပ်စစ်မီတာခတွေ အစရှိသဖြင့် ပြည်သူ့ဝန်ဆောင်မှု ကဏ္ဍတွေကလည်း အခွန်တိုးကောက်တဲ့အတွက် သက်သာသွားသလားဆိုတော့ မသက်သာဘူး။ သူတို့ကလည်း တပြိုင်နက်တည်း လိုက်တိုးနေတယ်ဆိုတော့ ပြည်သူလူထုဟာ ငါတို့ရတဲ့ အခွန်တွေအတွက်ကို ငါတို့ အကျိုးခံစားခွင့် ရှိရပါလားဆိုတဲ့ အသိ မပေါ်လာနိုင်ဘူး။ အဲလို မပေါ်လာတဲ့အတွက် အခွန်ယဉ်ကျေးမှုဆိုတာကလည်း ဖြစ်မလာနိုင်တာပေါ့။

"အခွန်ယဉ်ကျေးမှု ပေါ်ပေါက်လာဖို့ဆိုတာကလည်း အခွန်ဘဏ္ဍာကောက်ခံတဲ့ အစိုးရကလည်း ပြည်သူတွေရဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေမှာ သက်သောင့်သက်သာနဲ့ လွယ်လွယ်ကူကူရရှိအောင် တိုးမြှင့်ဆောင်ရွက်ပေးဖို့ လိုအပ်တယ်။ ဒါမှသာ အခွန်ဆောင်ဖို့အတွက် လူတွေက စိတ်ဝင်စားလာမယ်။ အခွန်ဆောင်ခြင်းအားဖြင့် ငါတို့မှာ တနည်းနည်းတော့ လှည်ပြီး အကျိုးရှိတာပဲဆိုတဲ့ အတွေးမျိုး ၀င်လာမှာပေါ့။"

ပြည်ထောင်စုအစိုးရအဖွဲ့က မေ ၈ ရက်ရက်စွဲနဲ့ ဖွဲ့စည်းပေးလိုက်တဲ့ အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေးဘုတ်အဖွဲ့မှာ အဖွဲ့ဝင် ၉ ဦး ပါဝင်ပြီး သူရဦးသောင်းလွင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူးအဖြစ် ဆောင်ရွက်မှာ ဖြစ်ပါတယ်။

ဘုတ်အဖွဲ့အနေနဲ့ ရသင့်ရထိုက်တဲ့ အခွန် ရ၊ မရ စိစစ်ဖို့၊ လက်ရှိအခွန်ကောက်ခံမှုနဲ့ ပတ်သက်ပြီး လေ့လာ သုံးသပ် အကြံပြုဖို့ စတဲ့လုပ်ငန်းတွေ လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။

by ရွှေအောင် (ဒီဗွီဘီ)


တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်၌ လူတစ်ဦး ကြိုးဆွဲချသေဆုံး

Posted: 09 May 2013 02:56 AM PDT

မေလ(၈)ရက်နေ့ ညနေ(၅း၂၀)နာရီခန့်က တာချီလိတ်မြို့ ၀မ်ကောင်း ရပ်ကွက်၊ ဓမ္မသစ္စာလမ်း၊ ဗမာရွာတွင် အသက်(၅၁) နှစ်အရွယ်ရှိ  တာလေမြို့နယ်ခွဲ ပူဟိုမိန်း ကျေးရွာမှ ပြည်သူ့စစ်ခေါင်းဆောင် ဦးအားဂျွေသည် မိမိကိုယ်ကို ကြိုးဆွဲချ သေဆုံးသွားကြောင်း သိရှိရသည်။ ဖြစ်စဉ်မှာ တာလေမြို့နယ်ခွဲ ပူဟိုမိန်းကျေးရွာမှ ပြည်သူ့စစ်ခေါင်းဆောင် ဦးအားဂျွေသည် အသက်(၇)နှစ်အရွယ်ရှိ ၎င်း၏ သမီးဖြစ်သူတွင် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

သတင်း ဓါတ်ပုံ - Tachileik Online News



မေလ (၁၁)ရက်နေ့ ထုတ် Techspace နည်းပညာဂျာနယ် Volume 2 - Issue 6

Posted: 09 May 2013 02:24 AM PDT

မေလ (၁၁)ရက်နေ့ ထုတ် Techspace နည်းပညာဂျာနယ် Volume 2 - Issue 6

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



မေလ(၉)ရက်နေ့ ထုတ် အားကစားမြင်ကွင်း ဂျာနယ် အတွဲ ၂၊ အမှတ် ၁၈

Posted: 09 May 2013 02:21 AM PDT

မေလ(၉)ရက်နေ့ ထုတ် အားကစားမြင်ကွင်း ဂျာနယ် အတွဲ ၂၊ အမှတ် ၁၈

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ခရီးသည်တင်ကားတစ်စီးတိမ်းမှောက် ခရီးသည်၁၂ဦးဒဏ်ရာရ

Posted: 09 May 2013 02:21 AM PDT

ရန်ကုန်-မေ၉ ယနေ့ နေ့လည်က ကမ္ဘာအေးဘုရား လမ်းပေါ်တွင် ခရီးသည်တင်ကား တစ်စီးတိမ်းမှောက်ပြီးခရီးသည် ၁၂ဦးဒဏ်ရာ ရကြောင်း သိရသည်။ ယာဉ်လိုင်းအမှတ်၂၅၅ဖြစ်ပြီး ဆူးလေ-မြောက်ဒဂုံ ပြေးဆွဲသော ယာဉ်ဖြစ်သည်။ ယာဉ်တိမ်း မှောက်မှုကြောင့် ခရီးသည် အမျိုးသား၎ဦးနှင့် အမျိုးသမီး၈ဦး ဒဏ်ရာ ရရှိခဲ့ပြီး ရန်ကုန်ဆေးရြုံ့ကီးသို့ ပို့ဆောင်ထားကြောင်း၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့မှာ ထွက်ပြေး တိမ်းရှောင်သွားကြောင်း သိရသည်။

သတင်း ဓါတ်ပုံ - Popular Myanmar News Journal





ဇနီးဖြစ်သူကို သတ်ခဲ့သည့် ခင်ပွန်းအား ပြစ်ဒဏ်ချမှတ်

Posted: 09 May 2013 02:09 AM PDT

၂၃-၁၂-၂၀၁၂ ရက်နေ့ ၁၇၄၅ အချိန် စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့နယ်၊ ကလေး ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လူသတ်မှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ကလေးမြို့နယ်၊ ကျောင်းတိုက် ကျေးရွာနေ မတင်ဇာဝင်း(ခ) ၀င်းဝင်းအောင်(၂၄)နှစ်အား ခင်ပွန်းဖြစ်သူ ထွန်းနိုင်စိုး(၂၄)နှစ်မှ လင်မယားရန်ဖြစ်စဉ် ဓါးဖြင့်ထိုး၍ ရင်ဘတ်နှင့် ၀မ်းဗိုက်တို့တွင် ထိုးသွင်း ဒဏ်ရာများဖြင့် သေဆုံး နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ကလေးရဲစခန်း (ပ)၅၁၇/၂၀၁၂၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။

အမှုအား ကလေးခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ရာကြီးမှုအမှတ် ၃/၂၀၁၃ ဖြင့် လက်ခံ စစ်ဆေးခဲ့ပြီး ပြစ်မှုထင်ရှားသဖြင့် ထွန်းနိုင်စိုးအား ပြစ်မှုပုဒ်မ ၃၀၂(၂)အရ အလုပ်နှင့်ထောင်ဒဏ်(၈)နှစ် ကျခံစေရန် ၇-၅-၂၀၁၃ ရက်နေ့က ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

ရဲဇာနည်


ဆိတ်ဖွားပြဿနာ နောက်ကွယ်က အကျိုးစီးပွားဆိုင်ရာ ပြဿနာ

Posted: 09 May 2013 01:38 AM PDT

အခု ရက်ပိုင်း ပြည်တွင်း မီဒီယာတွေမှာ ပြန်ပြီး ကျယ်လောင်လာ တာက ဒေါက်တာ ဆိတ်ဖွား ပြဿနာ ဖြစ်ပါတယ်။ ဒေါက်တာဆိတ်ဖွား ပြဿနာ ဆိုတာက အင်တာနက် ၀က်ဘ်ဆိုက် တခုကနေ "ဥပဒေအထက်မှာ လွှတ်တော်ရှိနေသလား" ခေါင်းစဉ်နဲ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ လွှတ်တော်ကို ဝေဖန်တဲ့ စာ ၁ ပုဒ်ကြောင့် အဲဒီ စာရေးသူ ဘယ်သူလဲ၊ ဘယ်လို အရေးယူသင့်သလဲ ဆိုတာ ဖော်ထုတ်ဖို့ လွှတ်တော်ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ရသည်အထိ ကျယ်ပြန့်ခဲ့တဲ့ ပြဿနာ ၁ ခု ဖြစ်ပါတယ်။ တကယ်တော့ ဒီ ပြဿနာဟာ တကယ်ပဲ ၀က်ဘ်ဆိုက်ထဲမှာ ဆောင်းပါး ၁ ပုဒ် ရေးသားဖော်ပြရာကနေ ဖြစ်ပေါ်လာတဲ့ ပြဿနာပဲလား၊ ဒါမှမဟုတ် အဲဒီ နောက်ကွယ်မှာ ဘာပြဿနာတွေ ရှိနေသလဲ ဆိုတာ ခုတပတ် ဆွေးနွေးတင်ပြသွားမယ် ဖြစ်ပါတယ်။

ဆိတ်ဖွားပြဿနာ မပေါ်ခင်တုန်းက သမ္မတဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းအကြား အားပြိုင်မှုတွေ အကြီးအကျယ် ဖြစ်ပေါ်ခဲ့တာ အားလုံး သိကြပြီး ဖြစ်ပါလိမ့်မယ်။ လွှတ်တော် ၂ ရပ်က ဖွဲ့စည်းလိုက်တဲ့ ကော်မတီနဲ့ ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့် ဟုတ်၊ မဟုတ် ပြဿနာက အစပြုပါတယ်။ သမ္မတရဲ့ တင်ပြချက်အရ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးက လွှတ်တော်က ဖွဲ့စည်းလိုက်တဲ့ ကော်မတီနဲ့ ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့် မဟုတ်ဘူးလို့ အဖြေပေးလိုက်တာနဲ့ သူရဦးရွှေမန်း ဦးဆောင်တဲ့ လွှတ်တော်ဟာ အဲဒီ ကော်မရှင်ကို ဖြုတ်ချဖို့ လုပ်လာပါတယ်။ နောက်ဆုံး ကော်မရှင်ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ ကိုယ့်ဘာသာကိုယ် နုတ်ထွက်တာနဲ့ အဆုံးသတ်ခဲ့ပါတယ်။

ပြဿနာက ဒီလောက်နဲ့ မရပ်သေးပါဘူး။ သူရဦးရွှေမန်းနဲ့ အဖွဲ့ဟာ နောင်တာဝန်ယူမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးမှာ သူတို့တင်သူ ဥက္ကဋ္ဌ ဖြစ်အောင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ပြီး ခုံရုံးဆိုင်ရာ ဥပဒေကို ပြင်ပါတယ်။ ဒါကိုလည်း သမ္မတ က ထောက်ပြပါတယ်။ ဒါတင်မက လွှတ်တော်ဆိုင်ရာဥပဒေနဲ့ နည်းဥပဒေတွေကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်ပြီး ပြင်တာတွေ လုပ်ပါတယ်။ ဒါကိုလည်း သမ္မတက အတိအလင်း တိုင်းသိပြည်သိ ထောက်ပြတာ လုပ်ပါတယ်။ ပြောရရင် သမ္မတ ဦးသိန်းစိန်နဲ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း အာဏာလွန်ဆွဲပွဲကာလ လို့တောင် ပြောနိုင်ပါတယ်။ အဲဒီအချိန်မှာ ဆိတ်ဖွားပြဿနာ ပေါ်လာတာပါ။

ဒေါက်တာဆိတ်ဖွားဆိုသူဟာ Myanmar Express ၀က်ဘ်ဆိုက်ကနေ ဟိုရေး ဒီရေး၊ တောင်ရေးမြောက်ရေး ဝေဖန်စာတွေ ရေးပါတယ်။ တကယ်တော့ Myanmar Express ၀က်ဘ်ဆိုက်ဟာ အန်အယ်လ်ဒီပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ဦးမင်းကိုနိုင်နဲ့ အတိုက်အခံတွေကို ဝေဖန် အပုတ်ချလေ့ရှိတဲ့ ၀က်ဘ်ဆိုက်တခု ဖြစ်ပါတယ်။ ဒါ့အပြင် သမ္မတနဲ့ သူရဦးရွှေမန်း အာဏာလွန်ဆွဲပွဲ ဖြစ်နေတာနဲ့ တပြိုင်နက်တည်း ဒေါက်တာသန်းထွဋ်အောင်ရဲ့ Eleven Media Group ကို တိုက်ခိုက်တဲ့ ဆောင်းပါးတွေလည်း ဖော်ပြပါတယ်။ အကြောင်းကတော့ Eleven Media Group ဟာ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ သူရဲ့သား ဦးအောင်သက်မန်းနဲ့ နိုင်ငံရေး၊ စီးပွားရေးအရ အတော်လေး ရင်းနှီးတဲ့ ဆက်ဆံမှုတွေ ရှိနေတဲ့ အခြေအနေအောက်မှာ ခုလို တိုက်ခိုက်တာ ဖြစ်နိုင်တယ်လို့ မှန်းဆနိုင်ပါတယ်။ အဲဒီလို ကာလမျိုးမှာ ဒေါက်တာဆိတ်ဖွားရဲ့ သူရဦးရွှေမန်းနဲ့ လွှတ်တော်ကို ဝေဖန်တဲ့ ဆောင်းပါး ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒီနေရာမှာ Eleven Media Group ရဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းအပေါ် ဝေဖန်တိုက်ခိုက်မှုတွေကလည်း သတိပြုမိလောက်အောင် ဆက်တိုက်ဆိုသလို ဖော်ပြလာတာ တွေ့နိုင်ပါတယ်။ ဒီအချက်တွေကြောင့် Myanmar Express ၀က်ဘ်ဆိုက်ဟာ ဒေါက်တာသန်းထွဋ်အောင်နဲ့ Eleven Media Group ကို ပြန်လည် တိုက်ခိုက်တာလို့ မှတ်ယူနိုင်ပါတယ်။

ခြုံငုံပြီး သုံးသပ်ရရင် ဒေါက်တာဆိတ်ဖွားပါဝင်တဲ့ Myanmar Express ၀က်ဘ်ဆိုက်က တဖက် သူရဦးရွှေမန်းနဲ့ Eleven Media Group တို့က တဖက် တိုက်ခိုက်ကြတဲ့ သဘော ပေါ်လွင်လာပါတယ်။ ပြောရရင် လက်ရှိ အစိုးရအာဏာ၊ ရင်းနှီးမြှုပ်နှံမှုကော်မရှင်လို စီးပွားရေးဆိုင်ရာ လုပ်ပိုင်ခွင့် လက်ဝယ်ရှိသူတွေက တဖက်၊ အရင်က အခွင့်ထူးရခဲ့ပြီး လက်ရှိ အခွင့်ထူးတွေမှာ အထူးအခွင့်အရေးမရတဲ့ ခရိုနီအုပ်စုတွေနဲ့ မီဒီယာတခုက တဖက် အကျိုးစီးပွားခြင်း ပြဿနာလို့ သုံးသပ်နိုင်ပါတယ်။ ဒီလို အခြေအနေအောက်မှာ ဘာမဟုတ်တဲ့ သူရဦးရွှေမန်းနဲ့ လွှတ်တော်ကို စာတကြောင်းလောက် ဝေဖန်လိုက်တာနဲ့ စုံစမ်းရေးကော်မရှင် ဖွဲ့ဖို့အထိ သူရဦးရွှေမန်းတို့ဘက်က လုပ်ဆောင်လာတာ ဖြစ်ပါတယ်။ Eleven Media Group ဘက်ကလည်း ဒေါက်တာဆိတ်ဖွားဆိုတာ သမ္မတ အကြံပေး၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးရဲထွဋ် ဖြစ်တယ်။ အခုနောက်ပိုင်း အွန်လိုင်းမှာ သတင်းဖြန့်ဖြူးနေတဲ့ လူထုမောင်ကာဠုဟာလည်း သူပဲ စသဖြင့် နာမည် မတတ်ရုံတမယ် ဆက်တိုက် စွပ်စွဲပါတယ်။ ဦးရဲထွဋ်ကလည်း တရားဝင် ငြင်းပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် စုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ ဒေါက်တာဆိတ်ဖွား ဘယ်သူဆိုတာ တိတိကျကျ ဖော်ထုတ်နိုင်စွမ်း မရှိပါဘူး။ ဒီကာလအတွင်း အစိုးရအဖွဲ့ဟာ Eleven Media Group က အဓိက ဦးတည်တိုက်ခိုက်နေတဲ့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းနေရာမှာ ဘဏ္ဍာရေးနဲ့အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်ကို အစားထိုးခန့်အပ်တာတွေ လုပ်ပါတယ်။

ချုပ်လိုက်ရင် ဒေါက်တာဆိတ်ဖွားပြဿနာဆိုတာဟာ ၀က်ဘ်ဆိုက်ပေါ်က စာတကြောင်းလောက် အရေးအသားတခုကို လွှတ်တော်က အသည်းအသန် စုံစမ်းဖော်ထုတ်နေရတာမျိုး မဟုတ်ဘဲ အကျိုးစီးပွားခြင်း အားပြိုင်တဲ့ ပြဿနာတခုပဲ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

 by တိုင်းကျော်


ဦးနေမျိုးဇင်ကို အမြန်ဆုံးလွှတ်ပေးရန် အက်စ်အန်အယ်လ်ဒီ တောင်းဆို

Posted: 09 May 2013 01:36 AM PDT

ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ထောင် ၆ နှစ်  ချမှတ်လိုက်တဲ့ အပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်းနဲ့ နိုင်ငံရေး အကျဉ်းသား အားလုံး ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ) က တောင်းဆို လိုက်ပါတယ်။ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ဟာ ရဲတပ်ဖွဲ့ကို အကြည်ညိုပျက်စေမှုနဲ့  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဗိုလ်ကြီးဟောင်း နေမျိုးဇင်

ဒက္ကားမြို့တော်တွင် အစ္စလာမ်မစ် အဖွဲ့ဝင် ၃၀၀၀ ထိ အသတ်ခံခဲ့ရသည်ဆိုသော စွပ်စွဲချက် ထွက်ပေါ်

Posted: 09 May 2013 01:23 AM PDT

ဘင်္ဂလာဒေခ်ျ့ ဒက္ကားမြို့တော်တွင် လွန်ခဲ့သော တနင်္ဂနွေနေ့ ညနေမှ တနလာင်္နေ့ နံနက်ထိ Hefajat –e- Islam အစ္စလာမ်မစ် အဖွဲ့ဝင်များအား နှိမ်နှင်းသော ညလုံးပေါက် စစ်ဆင်ရေးတွင် လူပေါင်း အနည်းဆုံး ၈၀၀ မှ ၃၀၀၀ အထိ သေဆုံးခဲ့သည်ဟု စွပ်စွဲချက်များ ထွက်ပေါ်နေသည်။ အဆိုပါ စွပ်စွဲချက်မှာ အခြေအမြစ် မရှိသော  စွပ်စွဲချက်သာ ဖြစ်ကြောင်း  ဒက္ကားမြို့တော် ရဲမင်းကြီး Benazir Ahmed က ပြောဆိုပြီး ယမန်နေ့က ပယ်ချလိုက်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



တိုက်ပွဲတွေကြောင့် ဒေသခံလူထု ၈၀၀ ကျော် တရုတ်ပြည်သို့ ထွက်ပြေး

Posted: 09 May 2013 01:11 AM PDT

သျှမ်းပြည် မြောက်ပိုင်း ရွှေလီ မြစ်ဝှမ်းဒေသရှိ သျှမ်းပြည် ပြန်လည်ထူ ထောင်ရေး ကောင်စီ RCSS/SSA ထိန်းချုပ်နယ်မြေ အတွင်း ယနေ့ နံနက်ပိုင်း၌ အစိုးရ စစ်တပ်ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ဒေသခံလူထု ၈၀၀ ကျော် တရုတ်ပြည်သို့ ထွက်ပြေး တိမ်းရှောင် နေရသည်ဟု ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





ယနေ့ နံနက် ရှမ်းပြည်မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်

Posted: 09 May 2013 01:01 AM PDT

သျှမ်းပြည်တပ်မတော် RCSS / SSA အမှတ် ရ၀၁ စစ်ဒေသ အခြေစိုက်ရာ နမ့်ခမ်းမြို့နယ် နောင်မရွာ အနီးသို့ အစိုးရ တပ်များ ချဉ်းကပ်ထိုးစစ်ဆင်လာရာ ယနေ့နံနက် ၄ နာရီကျော်ခန့်က မူစယ်နှင့် နမ့်ခမ်းမြို့များအတွင်း အနည်းဆုံး နေရာ ၅ ခုခန့်တွင် နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည် ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ယနေ့မနက်တိုက်ပွဲကြောင့် တရုတ်ဘက်သို့ထွက်ပြေးတိမ်းရှောင်သည့် နမ့်ခမ်းဒေသခံများအား တရုတ်အာဏာပိုင်များက စာရင်းလာကောက်နေစဉ်
တရုတ်ဘက်ခြမ်းသို့ မြန်မာအစိုးရစစ်တပ်၏ ကျည် ကျသည့်နေရာ

ယနေ့မနက်တိုက်ပွဲကြောင့် တရုတ်ဘက်သို့ရောက်ရှိနေသည့် စစ်ဘေးရှောင်များ
တရုတ်ဘက်ခြမ်းကျ လက်နက်ကြီးကျည်စ

လွတ်ကျရင် ကွဲတတ်တဲ့ ဘဝစုဘူးများ

Posted: 09 May 2013 12:41 AM PDT

လွတ်ကျရင် ကွဲတတ်တဲ့ ဘဝစုဘူးများ (သို့မဟုတ်) ကိုယ်ထူကိုယ်ထ အိပ်မက် ဘဏ်ပိုင်ရှင်များ

'ဟေး-မအေးက နံပါတ် (၃)၊ ဟာ နံပါတ်သေးတွေ အရင်ထွက်နေပါလား'

မွန်းတည့်ခါနီးဖြစ်၍ ဒဂုံမြို့သစ် အရှေ့ပိုင်း အမှတ် ၂ ဈေးသည် ဈေး ဝယ်အသံများ တိတ်ဆိတ်သွားပြီဖြစ် သည်။ သို့သော် ရုတ်တရက် ကျယ် လောင်ထွက်လာသော ငါးစိမ်းတန်းဈေး သည်များအသံကြောင့် ဈေးရှေ့လက် ဖက်ရည်ဆိုင်မှ လူများပင် အလန့်တ ကြားလှမ်း၍ ကြည့်မိကြသည်။

အချို့က ဈေးသည်များ ရန်ဖြစ် နေကြပြီ အထင်ဖြင့် စိတ်ဝင်တစား တီးတိုး။ တကယ်တော့ ရန်ဖြစ်နေကြ ခြင်းမဟုတ်ပါ။ တစ်နေ့ စာဝင်ငွေထဲမှ တတ်နိုင်သလောက် ဖဲ့၍ စုကြသော စုမဲ။ ထိုစုမဲအတွက်မဲနှိုက်နေရာမှ ထွက် ပေါ်လာသောအသံဖြစ်သည်။ ဈေးရင်း ထည့်ရန်၊ ကြွေးပူလေးများ ဆပ်ရန်၊ ဆိုင်ကယ်ဝယ်ရန်၊ ရွှေလုပ်ရန် စသည့် စသည့် ရည်မှန်းချက်များအတွက် သူ တို့ မဲစုကြသည်။ ထုံးစံအရမူ မဲကိုင် သူက နံပါတ် ၁ ရစမြဲ။ နံပါတ် ၁ ယူပြီး ပါက နံပါတ် ၂၊ ၃ စသည်ဖြင့် စောကျ သူများက ငွေကို
တစ်လုံးတစ်ခဲတည်း အတိုးမပေးရဘဲ ကြိုသုံးနိုင်သည့်အခွင့် အရေးရှိ၏။ ထိုအခွင့်အရေးသည် တစ် နေ့စာတစ်နေ့ရှာဖွေစားနေရသော မအေး တို့အတွက် မဟာဆုလာဘ်ပင် မဟုတ် လော။

''တစ်ရက်ကို ၂၅ဝ မဲ စုတာလေ။ ကျွန်မက ၂ဝဝဝ၊ အမျိုးသားဆိုင်ကယ် ကယ်ရီဆွဲလို့ရတဲ့ငွေထဲက ၅ဝဝ၊ နှစ် ယောက်ပေါင်း ၂၅ဝဝ မဲ စုတာပေါ့။ မဲရတဲ့အခါ ရွှေလေးဘာလေး လုပ်ချင် လို့ စု ဖြစ်တာ''ဟု အသက် ၃ဝ ခန့်ရှိ ဝက်သား သည် မအေးက စဉ်းနှီးတုံးကို ဆေးရင်းပြောသည်။ တစ်မနက်ခင်းလုံး ဈေးရောင်းထားရ၍ ပင်ပန်းပုံပေါက် နေသော်လည်း နံပါတ် ၃ ရထားခြင်း၏ ကျေနပ်ပီတိက သူ့မျက်နှာတွင် ဖုံးမရ။ ရည်မှန်းချက်များက အသေးစား လေး များဟု ထင်ရသော်လည်း မျှော်လင့် ချက်ကြီးကြီးဖြင့် မအေးတို့လို မဲစုသူများ ကို ရန်ကုန်မြို့၏ဆင်ခြေဖုံး ရပ်ကွက် များတွင် အလွယ်တကူတွေ့နိုင်ပါသည်။

အထူးသဖြင့် ဈေးများ၊ ဈေးများဆို သည်ကိုက အမျိုးသမီးများ စုဝေးရာ အရပ်ဖြစ်ပြီး ထိုစုမဲများကိုလည်း အမျိုး သမီးများ အဓိက စုပေါင်း၍ စုကြခြင်း ဖြစ်သည်။

''မဲစုတဲ့အတွက်ကြောင့် တစ်ခါ တလေ ဈေးနားချင်ရင်တောင် နားလို့ မရဘူး။ ကျွန်မက ငါးထောင်မဲ စုတာ လေ။ အိမ်စရိတ်နဲ့ မဲဖိုးနဲ့ဆိုရင် အကြွေး တင်မှာစိုးလို့ အခါကြီးရက်ကြီးတွေမှာ တောင် ဒီလို ကြက်တွေလုပ်ပြီး မရာင်း ချင်ဘဲ ရောင်းနေရတယ်''ဟု
သန်လျင် နံ့သာကုန်းဈေးမှ ကြက်သားသည် မညို က ပြောသည်။

နှစ်ဆန်းတစ်ရက်ကဲ့သို့ နေ့မျိုး တွင်ပင် အကုသိုလ်အလုပ်လုပ်ရသော ကြောင့် စိတ်မချမ်းသာရကြောင်း ပြော ရင်း သူမမျက်နှာ မကောင်းလှ။ မနက် ၃ နာရီကတည်းက အိပ်ရာက ထကာ ဈေးရောင်းဖို့ ပြင်ဆင်ရသော မညိုမျက် နှာသည် နွမ်းနယ်မှုဆောင်နေသော် လည်း မဲရငွေဖြင့် ဆိုင်ကယ်ဝယ်နိုင် သည်ဟုပြောသောအခါတွင်တော့ မျှော် လင့်ချက်ဖြင့် အရောင်လက်လာပြန် သည်။

မညိုတို့ထက် အဆင့်မြင့်သည် ဟု ပြောရမည်လား(သို့မဟုတ်) ရည်မှန်း ချက်အကြီးစားဟု ဆိုရမည်လားမသိ။ အိမ်ဝယ်ရန် ရည်ရွယ်၍ ဆယ်စုနှစ် ၂ ခုနီးပါး မဲစုကြသူများလည်း ရှိ၏။ ထို ထဲတွင် သာကေတမှ မမြင့်မြင့်အေး လည်း အပါအဝင်ဖြစ်သည်။
''ကျွန်မမဲစုတာ ၁၇ နှစ်ကျော်ပြီး အိမ်ထောင်စကျကတည်းက ကိုယ်ပိုင် အိမ်နဲ့ခြံလေးဝယ်ချင်တာနဲ့ပဲ မဲစုဖြစ် သွားတာ။ ကျွန်မမဲစစုတုံးက ၅ဝ စုတာ။ အဲဒီတုံးက တစ်နေ့ ဝင်ငွေ ၂ဝဝ ရတယ်။ ပထမဆုံးမဲထုတ်တော့ လေးသောင်းရ တယ်။
ဒီပိုက်ဆံနဲ့ပဲခြံဝယ်ဖြစ်တာ''ဟု သူမက ပြောပြသည်။

သူမတို့အိမ်လေးသည်မကျယ်ဝန်း သော်လည်း သပ်သပ်ရပ်ရပ် ရှိသည်။ အိမ်ထောင်ပရိဘောဂ ပစ္စည်းများကို သပ်ရပ်စွာထားပြီး အိမ်ကလည်း သန့် ရှင်းနေသည်။ အိမ်ရှင်မဖြစ်သူ မမြင့်မြင့် အေးက အဝတ်များကို မီးပူတိုက်ရင်း အပြုံးကိုဆင်ကာ စုမဲငွေဖြင့်
အိမ်ဝယ် ဖြစ် ပုံကို ဆက်လက်ပြောပြပြန်သည်။

''ခြံဝယ်တုန်းကခြံဈေးက နှစ်သိန်း ရှစ်သောင်း၊ စရံချထားပြီးက တည်းက ခြံရှင်က ကျွန်မတို့ကိုသနားလို့ဆိုပြီး အဲ ဒီခြံထဲမှာ နေခွင့်ပြုထားတယ်။ အဲဒီမှာ ပြောင်းနေရင်းနဲ့ပဲ မဲဆက်စုပြီး ခြံဖိုး အကြေပေးတယ်။ အသင့်အတင့်အိမ် ကလေးတစ်လုံး
ဆောက်တယ်''ဟု ပြော ပြသည်။ လက်ရှိအချိန်အထိ သူမတို့မဲစု ကြတုန်းပင်။ အမျိုးသား အလုပ်မလုပ် နိုင်သော အချိန်တွင်သုံးရန်နှင့် သာရေး နာရေးအတွက်သုံးရန်ရည်ရွယ်၍ ဆက် လက်မဲစုဖြစ်ပုံကို ပြောပြရင်း ယုံကြည် စိတ်ချရမှုရှိရန်လို ကြောင်းလည်း သံတို သံစ
အရောင်းအဝယ်လုပ်သည့် သူမ က မမေ့မလျော့ ထည့်ပြောသည်။

မှန်ပါသည်။ လူချင်း တူသော် လည်း စိတ်ဓာတ်နှင့် ရပ်တည်မှုများ မတူကြပါ။ ငွေကို များများမြင်ပါက တစ်ပါးသူ၏ ငွေပင်ဖြစ်သော်ငြားကိုယ် ကျိုးစီးပွားအတွက် အသုံးချကြသူများ လည်း ရှိသည်။ လိမ်လည်ကြသည်။ ထို့ ကြောင့်ပင် မဲလိမ်သူများ၊ မိမိ၏
မဲတစ် မဲ တည်းကို အခြားသူ နှစ်ဦးသုံးဦးကို ရောင်းကာထွက်ပြေးသူများလည်း ဒုနှင့် ဒေး။

''ကျွန်မအမေက မဲလိမ်ခံရ ဖူး တယ်။ နှစ်ထောင်မဲစုကြတာ။ မဲရှင်က မပေးနိုင်လို့ထွက်ပြေးသွားတာ''ဟု ပုဇွန် တောင်ဈေးတွင် ကုန်စိမ်းရောင်းသူ မနွယ်က ဆိုသည်။

ဆင်ခြေဖုံး ဈေးများတွင် မဲကို အနည်းဆုံး ကျပ် ၅ဝဝ မှ ကျပ် ၁ဝဝဝဝ၊ ၁၅ဝဝဝ အထိ စုကြလေ့ရှိပြီး ငွေအလျင် လိုပြီး နံပါတ် နောက်ဆုံးကျသူက မိမိ၏ မဲကို ပြန်ရောင်းလေ့ရှိကြသည်။

''ကိုယ်ရောင်းတဲ့ သူက ငွေကို ထုတ်ပေးတယ်။ ဒါပေမဲ့ ၁ဝ တိုးယူ တယ်။ အဲဒီအတိုးကို တစ်ခါတည်း နုတ် ပြီး ပေးလိုက်တာ။ ဥပမာ-ကိုယ်က ၁ဝ သိန်းရမယ်။ တစ်လှည့်အလိုမှာယူရင် သူက ၁ဝ တိုး တစ်သိန်းကို တစ်ခါ တည်း နုတ်ပြီး ၉ သိန်းရမယ်။ ကိုယ့် အလှည့်က ၃ လလောက်လိုသေးရင် သုံးလစာ ၃ သိန်းနုတ်ပြီး ၇ သိန်းပဲ ပေးတယ်''ဟု မဲပြန်ရောင်းသည့် ပုံစံကို မနွယ်က ရှင်းပြသည်။

မဲစုကြသူအများစုကတော့ မဲစု ခြင်းသည် ဥပဒေနှင့် ညီသည်ဟု ယူဆ ကြသည်။ အမှန်တကယ်က မဲစုခြင်း သည် တရားမဝင်ပါ။ ငွေကြေး ဥပဒေ အရ ငွေစုလိုပါက ဘဏ်တွင်သာ စုရ မည်ဖြစ်ပြီး လိုင်စင်မရှိဘဲလုပ်၍ မရ ဟုတရားလွှတ်တော်
ရှေ့နေတစ်ဦးက ပြောသည်။ စုမဲငွေမပေးဘဲ ထွက်ပြေး သူများ၊ မဲလိမ်ရောင်းသူများအား လိမ် လည်မှု ပုဒ်မ ၄၂ဝ ဖြင့် တရားစွဲနိုင်ပြီး အချို့မှာမူ ရာဇဝတ်မကင်းသော ယုံ ကြည်အပ်နှံရေး ဖောက်ဖျက်မှု ပုဒ်မ ၄ဝ၆ ဖြင့် တရားစွဲကြကြောင်းလည်း သိရသည်။
ထိုသို့ဖြစ်စဉ်များလည်း များ ပြားကြောင်း အထက်ပါ ရှေ့နေက ဆို သည်။

''တစ်ယောက်နဲ့ တစ်ယောက် သိ နေကြတာပဲ။ ဒီမျက်နှာတွေ နေ့တိုင်း မြင်နေရတာ။ သဘောတူညီမှုတွေဘာ တွေလည်း မထားပါဘူး။ ဒီအတိုင်းပဲ စုကြတာ''ဟု မြောက်ဒဂုံမှ ကုန်ခြောက် ရောင်းသူဒေါ်သင်းအေးက ပြောသည်။ ထိုသို့ ယုံကြည်လွန်းသော
ကြောင့်လည်း ငွေလိမ်သူများအတွက် တစ်ပန်းသာ ခြင်းဖြစ်ကြောင်းကို သန်လျင်မှ ကြက် သားသည် မညိုကသူမ၏ အတွေ့အကြုံ နှင့်ယှဉ်၍ ပြောပြသည်။

''မဲစုတဲ့သူက ပထမအခေါက်က တော့ မှန်မှန်ကန်ကန်ပေးပါတယ်။ ဒုတိ ယအခေါက်မှာ ထွက်ပြေးသွားတယ်။ မဲ စုပြီး ခံရတာတင်မဟုတ်ဘူး။ သူက မဲနံ ပါတ်တစ်ခုကို နှစ်ယောက်ရောင်း သွား တာ။ မဲဝယ်သူကလည်း လေးသိန်း လောက်ပေးရင်ခြောက်သိန်းလောက် ပြန်ရမယ်ဆိုတော့ ဝယ်ကြတာပေါ့''ဟု မညိုက သူမ၏ ဖြစ်စဉ်ကို ပြောပြသည်။

မည်သို့ပင်ဖြစ်စေ စုတတ်သူများ အတွက်တော့ စုမဲသည် အိမ်ဝယ်ဖို့ လည်း ဖြစ်နိုင်သည်၊ ဆိုင်ကယ်စီးဖို့လည်း မခဲယဉ်း၊ မစုတတ်သူများအတွက်မူ ဝန် ထုပ်ဝန်ပိုးဖြစ်စေသည်မှာလည်း ငြင်း၍ မရ။ မဲဖိုးပေးရန် မလွယ်ကူ၍ ငွေကို အတိုးဖြင့် ချေးရာမှ အတိုးပေါ် အတိုး ဆင့်ကာ မိမိ၏ရှိရင်းစွဲ လက်ငုပ်လက် ရင်းလေးများပင် ဆုံးရှုံးသွားရသူများ လည်း မနည်း။ ထိုထဲတွင် အင်းစိန်မှ မသီရိလည်း အပါအဝင်ဖြစ်သည်။ နှစ် လုံးထီကြွေး ခြောက်သိန်းကို ပြန်ဆပ်ရန် ရည်ရွယ်၍ လေးသောင်းမဲကို စုခဲ့ သည်။ မဲထုတ်ပါက ၁၆ သိန်း ရမည် ဖြစ်၍ အလွယ်တကူပင် မဲစုရန် သ ဘောတူခဲ့သည်။ သို့သော် မလေးရှားမှ အမျိုးသားပို့ပေးသော ငွေဖြင့် ရပ်တည် နေရပြီး ဝင်ငွေပုံမှန်မရှိသည်ကို ထည့်မ တွက်လိုက်မိသည်က သူမ၏ မဟာ အမှားပင်။

''တစ်ပတ်ကို လေးသောင်း၊ တစ် လကို တစ်သိန်းခြောက်သောင်းပေါ့၊ အဲဒီမဲဖိုးပေးနိုင်ဖို့ ခေါင်းတွေကို ကိုက် နေရတာပဲ။ ကိုယ့်နံပါတ် ကလည်း သုံး လ လောက်လိုသေးတယ်။ အဲဒီမှာ ဒုက္ခ ရောက်တော့တာပဲ''ဟု သူမက ညည်း ညည်းညူညူပြောသည်။ တကယ်လည်း စိတ်ရှုပ်နေသည့်ဟန်။

ရှိသမျှ ရွှေလေးများကို ပေါင်ကာ မဲဖိုးပေးပြီးနောက် အတိုးဖြင့် ငွေချေး ကာ မဲဖိုးပေးခဲ့သည်။ အတိုးများ တက် လာတော့ မဲ ၁၆ သိန်းရသည့် အချိန် တွင် အကြွေးက သိန်း ၂ဝ လောက် ဖြစ်သွားခဲ့သည်။

''အရမ်းကို စိတ်ညစ်ခဲ့ရတယ်။ ယောက်ျားပြန်လာတော့ အကြွေးရှင် တွေက အကြွေးလာတောင်းကြတယ်။ အဲဒါနဲ့ပဲ ယောက်ျားက ရွှေတွေ ပြန်ရွေး၊ အပြတ်ရောင်းပြီး ဆပ်ပစ်တာတောင် အခုထိ အကြွေးမကြေသေးဘူး'' ဟု မသီရိက ပြောပြသည်။
အခုတော့ ယောက်ျားရှာသမျှသည်အကြွေးဆပ် နေရသလိုကို ဖြစ်နေကြောင်း ပြော သောအခါ သူမမျက်နှာသည် မဲနောင် တဖြင့် ညိုနေပါတော့သည်။

အကောင်းနှင့် အဆိုး အမြဲဒွန်တွဲ လျက်ရှိသည်မှာ လောက သဘာဝ။ မိမိ ၏ အသိဥာဏ်ဖြင့် ချင့်ချိန်ကာ အရာရာ ကို ဆုံးဖြတ်လုပ်ဆောင်နိုင်မှသာ အ ခက်အခဲများကြားမှ ရုန်းထွက်နိုင်ပေ မည်။ ထို့အတူ အခြားသူများ၏ အတွေ့ အကြုံများကို သင်ခန်းစာယူတတ်ရန် မှာလည်း အလွန်အရေးကြီးသည်။

''မဲဆိုတဲ့ အတိုင်းမဲပြီး စုဖြစ်တော့ အသုံးစရိတ်ထဲပါမသွားတော့ဘူး။ကိုယ့် ဘာသာကိုယ်ဆို စုဖြစ်မှာ မဟုတ်ဘူး''ဟု ဝက်သားသည် မအေးက ရယ်မော ကာပြောရင်း အိမ်ပြန်ရန်ပြင်သည်။

နေက ခေါင်းပေါ်တည့်တည့်မှာ။ ငါးစိမ်းတန်းတွင်လည်း လူမရှိတော့။ ကုန် ခြောက်တန်းဘက်တွင်သာ ဈေး ဝယ်သူအနည်းငယ်တွေ့ရသည်။ လွန်ခဲ့ သည့် မိနစ်အနည်းငယ်က မဲနှိုက်ကာ ဆူညံခဲ့သော ငါးစိမ်းတန်းသည် ယခု တော့ သူမဟုတ်သလိုပင်။ ဈေးသည် များ လည်း ပြန်ကြပြီ။ မနက်ဖြန် အ တွက်၊ မနက်ဖြန်ပေးရမည့် အိမ် စရိတ်၊ ဈေးရင်း၊ စုမဲကြေး စသည်တို့ကို စိတ် တွက်တွက်ကာ လှမ်းနေသော ဘဝများ စွာသည်ရော ငြိမ်သက်တိတ် ဆိတ်နေပါ ရဲ့ လားမသိနိုင်။ဈေးကတော့ တိတ် ဆိတ်လျက်။

သတင်းအချက်အလက် သုတလင်း၊ အိမ်စည်စိုးစံ
မေဇင်ဝင်း ရေးသားသည်။

Popular Myanmar News Journal

ဓာတ်ပုံ - AFP , အောင်နိုင်စိုး ( ကစ္ဆပ )




မြန်မာနိုင်ငံကို အတုယူဖို့ မြောက်ကိုရီးယားကို အိုဘားမား တိုက်တွန်း

Posted: 08 May 2013 07:41 PM PDT

မြောက်ကိုရီးယား  နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို အတုယူပြီး ပြုပြင် ပြောင်းလဲ ရေးတွေ လုပ်ဆောင်ဖို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က မြောက်ကိုရီးယားကို တိုက်တွန်းပြောကြားပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦး တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုကို ၅ ရက်ကြာခရီး ရောက်ရှိနေတဲ့ တောင် ကိုရီးယား သမ္မတ ပခ် ဂွန် ဟေဲး (Park Geun-hye) နဲ့ အင်္ဂါနေ့တုန်းက ပြုလုပ်တဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲအတွင်းမှာ သမ္မတ အိုဘားမားက ပြောကြားသွားတာပါ။

အမေရိကန်နဲ့ တောင်ကိုရီးယား ခေါင်းဆောင်နှစ်ဦး အင်္ဂါနေ့ကလုပ်တဲ့ အစည်းအဝေးမှာတော့ မြောက်ကိုရီးယားကိစ္စနဲ့ နျူကလီးယား ခြိမ်းခြောက်မှုတွေကို ဘယ်လို ကိုင်တွယ်ကြမလဲဆိုတာ အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ ယူဆရပါတယ်။

မြောက်ကိုရီးယားအနေနဲ့ မြန်မာကို ဥပမာယူပြီး နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံမှုတွေ လမ်းဖွင့်ဖို့ သမ္မတ အိုဘားမားက အင်္ဂါနေ့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာ ပြောသွား ပါတယ်။

"မြောက်ကိုရီးယားအနေနဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာတဲ့ မြန်မာနိုင်ငံလို တိုင်းပြည်တွေက အဖြစ်အပျက် အခြေအနေတွေကို အတုယူသင့်တယ်ဆိုတာကို ကျနော်တို့ ဆွေးနွေး ခဲ့ကြပါတယ်။ မြန်မာနိုင်ငံဟာ အခုဆိုရင် အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံအပါအ၀င် နိုင်ငံတကာနဲ့ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု သံတမန်ရေး ဆက်ဆံမှုတွေ ပိုပြီး တိုးလုပ်လာနေပါပြီ။"

အမေရိကန် ခေါင်းဆောင်တွေအနေနဲ့ မြောက်ကိုရီးယားနဲ့ ပတ်သက်လို့ မြန်မာကို အတုယူဖို့ ပြီးခဲ့တဲ့ကာလတွေတုန်းကလည်း မကြာမကြာ ပြောခဲ့ဖူးပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်လာပြီးနောက်ပိုင်းမှာ တောင်ကိုရီးယားနဲ့ ဆက်ဆံမှုတွေ ပိုတိုးလာသလို၊ အမေရိကန် ပြည်ထောင်စုနဲ့လည်း အရင်လို မဟုတ်ဘဲ ဆက်ဆံရေး အတော် အဆင်ပြေလာပါတယ်။

တောင်ကိုရီးယားဟာ အရင်တုန်းက မြန်မာစစ်အစိုးရနဲ့ ဆက်ဆံပြီး ကုန်သွယ်ရေး လုပ်ငန်းတွေ လုပ်တာ ရှိခဲ့ပေမဲ့၊ အခုနောက်ပိုင်း ဆက်ဆံမှုတွေ ပိုကျယ်ပြန့်လာပါတယ်။

တောင်ကိုရီးယား ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံမှာ ဆောက်လုပ်ရေး၊ သတ္ထုမိုင်း၊ စိုက်ပျိုးရေး၊ လျှပ်စစ်စွမ်းအင်၊ မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်း၊ ဆက်သွယ်ရေး စတဲ့ လုပ်ငန်း အတော်များများမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားနေကြတယ်လို့ တောင်ကိုရီးယား တာဝန်ရှိသူတွေက ပြီးခဲ့တဲ့နှစ်က ပြောခဲ့ဖူးပါတယ်။

၂၀၁၂ ခုနှစ် ဇန်န၀ါရီလ စာရင်းအရဆိုရင် တောင်ကိုရီးယား ရင်းနှီးမြှုပ်နှံမှုဟာ မြန်မာနိုင်ငံမှာ လုပ်ငန်း ၄၈ ခုရှိပြီး၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂ ဒဿမ ၉ ဘီလီယံ ရှိတယ်လို့ မြန်မာအစိုးရ ကိန်းဂဏန်းတွေမှာ ဖော်ပြခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စုကတော့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးသစ် ဖွင့်ပြီးတဲ့နောက် အရေးယူ ဒဏ်ခတ်မှုအချို့ကို ယာယီဆိုင်းငံ့လိုက်ပြီး၊ အမေရိကန် ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ငွေကြေး ၀န်ဆောင်မှုလုပ်ငန်းတွေ မြန်မာနိုင်ငံမှာ လုပ်ကိုင်ခွင့် ပေးခဲ့ပါတယ်။

မကြာခင်ကဆိုရင်တော့ မြန်မာအစိုးရပိုင်း တာဝန်ရှိသူတွေနဲ့ သူတို့ မိသားစုဝင်တွေကို အမေရိကန် ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ထားတာတွေကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။ ဒါပေမဲ့ အရေးယူမှု ဥပဒေ အတော်များများက ယာယီ ဆိုင်းငံ့ထားတဲ့ သဘောမှာရှိပြီး၊ အားလုံးဟာ ဥပဒေအရ တည်ရှိနေဆဲ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုအနေနဲ့ အခုလို အရေးယူမှုတွေကို ဥပဒေအတိုင်း ဆက်ထားတာဟာ၊ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ရှိတာကို အသိအမှတ်ပြုပေမဲ့ လုပ်ဆောင်စရာတွေ ရှိသေးတယ်ဆိုတာ ဖော်ပြချက်ဖြစ်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။

ဒီအထဲမှာတော့ မြန်မာနဲ့ မြောက်ကိုရီးယား စစ်ရေးဆက်ဆံမှုကိစ္စ သတိပေးချက်လည်း တစ်ခု အပါအ၀င်ဖြစ်ပါတယ်။

ကိုသားညွန့်ဦး (ဗွီအိုအေ)

အမေရိကန်သမ္မတ Barack Obama နဲ့ တောင်ကိုရီးယားသမ္မတ Park Geun-hye တို့ အိမ်ဖြူတော်မှာ တွေ့ဆုံစဉ် (၇ မေ ၂၀၁၃)

ရခိုင် အရေးအခင်း အမှုတွေ ထောင်ချ

Posted: 08 May 2013 07:35 PM PDT

ရခိုင်ပြည်နယ် အရေးအခင်းနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားသူ ရခိုင်အမျိုးသား ၁ဝ ဦးကို စစ်တွေ ခရိုင်တရားရုံးက ထောင်ဒဏ်တွေ အသီးသီး ချမှတ်လိုက် ပါတယ်။ အခု ထောင်ဒဏ်တွေ ချမှတ်ခံရသူ တွေက ကျောက်တော် မြို့နယ် မှာ မနှစ် ဇွန်လ က ဖြစ်ပွားခဲ့တဲ့ ဆူပူ အကြမ်းဖက်မှု တွေနဲ့ ဆက်စပ် ဖမ်းဆီး ခံရသူ တွေ ဖြစ်ကြပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ဆူပူမှု အတွင်း ၁၈၄၃ ဦး ဖမ်းဆီး ခံရ

အာဇာနည် သီချင်းများ ဆိုင်းဝိုင်းများတွင် ခေတ်စားလာ (ရုပ်/သံ)

Posted: 08 May 2013 07:29 PM PDT

အရင်က ဖွင့်ခွင့် မရခဲ့သော သီဆိုခွင့်မရခဲ့သော ဗိုလ်ချုပ်အောင်ဆန်း အာဇာနည် သီချင်းများ ယခုအခါ မြန်မာပြည်အနှံ့  ဆိုင်းဝိုင်းများတွင် ခေတ်စားလာနေ။ ယခုကတော့ မုံရွာနယ်က ပွဲတခုမှာ သီဆိုထားကြတာပါ။

ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



အိုဟိုင်းယိုး ပြန်ပေးဆွဲမှု စွဲချက်တင်

Posted: 08 May 2013 05:00 PM PDT

ကလိဗလန်း မြို့က အိမ်တလုံးမှာ အမျိုးသမီး သုံးယောက်ကို ဆယ်နှစ်ကျော် ပြန်ပေးဆွဲ ပိတ်လှောင် ပြီး အဓမ္မ ပြုကျင့်မှုတွေ အတွက် အမျိုးသား တဦးကို အိုဟိုင်းယိုး ပြည်နယ် ရဲက စွဲချက် တင်လိုက်ပါတယ်။ Amanda Berry ၊ Gina DeJesus နဲ့ Michelle Knight တို့ သုံးယောက်ကို နေအိမ်မှာ မတရား ပြုကျင့်မှု တွေနဲ့ အေရီယယ် ကက်စထရိုကို အစိုးရ ရှေ့နေက စွဲချက် တင်ခဲ့တာ ဖြစ်ပါတယ်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



အမျိုးသမီး ၄ ယောက်ကို ပြန်ပေးဆွဲ ချုပ်လှောင် ရာအိမ်

မေလ (၈)ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ ၁၂၊ အမှတ် ၉

Posted: 08 May 2013 04:38 PM PDT

မေလ (၈)ရက်နေ့ ထုတ် 7Day News ဂျာနယ် အတွဲ ၁၂၊ အမှတ် ၉

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



ဝန်ကြီး ဌာန တခိျု့က အရာရှိကြီးတွေ ဖယ်ရှား ခံရ

Posted: 08 May 2013 04:39 PM PDT

သမ္မတ ဦးသိန်းစိန်က သူ့ရဲ့ ပြုပြင် ပြောင်းလဲရေး မူဝါဒ တွေကို မလိုက်နာ နိုင်တဲ့ သူတွေကို ချန်ထား ခဲ့မယ်လို့ ပြောခဲ့ ပြီးတဲ့နောက် အခု နောက်ဆုံး ထွက်လာတဲ့ နိုင်ငံတော် ပြန်တမ်းမှာ အဆင့်မြင့် အရာရှိကြီး တစ်ယောက်ကို ရာထူးက ထုတ်ပစ် လိုက်ပြီး၊ နောက်ထပ် အရာရှိကြီး အတော် များများ ကိုလည်း အငြိမ်းစား ပေးလိုက်တာ တွေ့ရ ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

သန့်ရှင်း ကောင်းမွန်တဲ့ အုပ်ချုပ်ရေး ဖြစ်ဖို့ လိုတယ်လို့ သမ္မတ ဦးသိန်းစိန် ပြောခဲ့