[mrsorcerer:38120] ခင်ဗျားတို့ ခံစားဖူးသလား

By Hein Zaw Aung

ခင်ဗျားတို့ ခံစားဖူးသလား တသက်လုံး ရှာထားသမျှတွေ မီးလောင်ပြင်မှာ လောင်ကျွမ်းနေတာကို မျက်ရည်စက်လက်နဲ့ ထိုင်ကြည့်နေရတဲ့ ခံစားချက်ကို

ခင်ဗျားတို့ ခံစားဖူးသလား လင်သေ သားသေ တဲ့ မပဋာတွေရဲ့ မြေလူးရတဲ့ အဖြစ်မျိုးကို

ခင်ဗျားတို့ ခံစားဖူးသလား ကိုယ့်ထမင်းကိုယ်ရှာစားနေရာကနေ သူများလာကျွေးမယ့် ထမင်းထုပ်ကို စောင့်မျှော်ရတဲ့ ခံစားချက်ကို

ခင်ဗျားတို့ ခံစားဖူးသလား ဒီမှာမွေး ဒီမှာကြီးပြီး ဒီနိုင်ငံအတွက် အလုပ်လုပ်နေရင်းကနေ မင်းတို့ဟာ ဧည့်သည်ပါလို့ အပြောခံရတဲ့ အဖြစ်ကို

ခင်ဗျားတို့ ခံစားဖူးသလား ယုံကြည်သက်ဝင်မှုတွေရဲ့ အထွဋ်အမြတ်တွေကို ဖျက်ဆီးခံရတဲ့အခါ ရင်ဘတ်တွေ အောင့်လာတဲ့ထိ ၀မ်းနည်းရတဲ့ သက်ဝင်သူတွေရဲ့ အဖြစ်ကို

ခင်ဗျားတို့ ခံစားဖူးသလား ဘာဖြစ်လို့ ဖြစ်သွားမှန်း မသိလိုက်ခင်မှာ ရုပ် နဲ့ နာမ် တွဲရက်မရှိတော့ရတဲ့ အဖြစ်တွေကို ...။

ခင်ဗျားတို့ ခံစားဖူးသလား သူငယ်တန်းဘ၀ကနေ အလုပ်ခွင်ထဲ ၀င်တဲ့အထိ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဘယ်လောက်ပဲ တော်တော် အများနဲ့မတူသလို ခွဲခြားခံရတဲ့ အဖြစ်တွေကို

ခင်ဗျားတို့ ခံစားဖူးသလား သားကို စိတ်မပူပါနဲ့ လို့ ပြောပြီး သေသွားတဲ့ ကလေးလေးအတွက် ဖြေဆည်ရာမရတဲ့ ကလေးအမေရဲ့ အဖြစ်ကို

ခင်ဗျားတို့ ခံစားဖူးသလား ဘာအပြစ်မှ မရှိပါပဲ လက်နှစ်ဖက် ခေါင်းပေါ်တင်လို့ မျက်နှာအောက်ချပြီး ခေါင်းငုံ့ကာ ကိုယ့်မြို့ကနေကိုယ် ထွက်ခွာနေတာတောင်မှ ဆဲဆိုပြီး ခဲနဲ့ လှမ်းပစ်ခံရတဲ့ အဖြစ်တွေကို

တခုလောက်ပဲ လူပီပီသသ ၀င်ခံစားကြည့် ... ခင်ဗျားတို့ ရေးနေတဲ့ သတ်ပစ်ကွာ ချပလိုက် ဆိုတဲ့ အကုန် မီးရှို့ပစ်ရမှာဆိုတဲ့ စာလုံးတွေအတွက် ရှက်တတ်လာလိမ့်မယ်။


--

May Peace Be Upon You
Regards,
Ruby

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.