[mrsorcerer:38121] ဘယ်ဘာသာဝင်ပဲ ဖြစ်ဖြစ် ဥပဒေအရ နိုင်ငံသား ဖြစ်ထိုက်တဲ့ မြန်မာနိုင်ငံသားတွေ အားလုံးဟာ အိမ်ရှင်တွေ ပါပဲ


မြန်မာနိုင်ငံမှာ ထေရ၀ါဒ ဗုဒ္ဓဘာသာ ဟာ အိမ်ရှင်ဘာသာတရား ဖြစ်ပါတယ်။
မဟာယာန ဟိန္ဒူ ခရစ်ယာန် နဲ့ အစ္စလာမ် ဘာသာတွေ ကတော့ ဧည့်သည်ဘာသာတရားတွေ လို့ ဆိုချင်ဆိုနိုင်ပါတယ်။ဒါက သမိုင်း အမှန်တရားပါ။မဟာယာနတွေ ဟိန္ဒူ တွေ ထေရ၀ါဒ ထက် မြန်မာပြည်ထဲ စော ရောက်ခဲ့တာ တွေ ခဏ ထားလိုက်ရင်ပေါ့။

ဒါပေမဲ့..

ထေရ၀ါဒဗုဒ္ဓဘာသာဝင်တွေ က အိမ်ရှင်တွေ ဖြစ်ပြီးတော့ ကျန်တဲ့ ဘာသာဝင်တွေ က ဧည့်သည်တွေ လို့ ပြောရင်တော့ ဒါဟာ ယုတ္တိမှားယွင်းနေတဲ့ ကောက်ချက်ပဲ ဖြစ်တယ်။

ဘယ်ဘာသာဝင်ပဲ ဖြစ်ဖြစ် ဥပဒေအရ နိုင်ငံသား ဖြစ်ထိုက်တဲ့ မြန်မာနိုင်ငံသားတွေ အားလုံးဟာ အိမ်ရှင်တွေ ပါပဲ။ သဘာဝ အလျှောက် နိုင်ငံသားပဲ ဖြစ်ဖြစ် ဥပဒေအရ နိုင်ငံသားပဲ ဖြစ်ဖြစ် ဘယ်ဘာသာ ကို ကိုးကွယ်ကိုးကွယ် ဘယ်လူမျိုးပဲ ဖြစ်ဖြစ် နိုင်ငံသား အခွင့် အရေးတွေ က အတူတူ ပါပဲ။

ဘယ်ဘာသာ ကို ကိုးကွယ်ကိုးကွယ် ဘယ်လူမျိုးပဲ ဖြစ်ဖြစ် မြန်မာနိုင်ငံသား မဟုတ်သူတွေ ကသာ ဧည့်သည်တွေ ပါ။

ဒီလောက်ရှင်းတဲ့ အမှန်တရား တစ်ခု ကို ဗူးလုံးနားမထွင်း လုပ်တော့ အကျိုးဆက်တွေ က ဆိုးဝါးလှတယ်။ လူမိုက် လူရမ်းကားတွေကို အားပေး အယူအဆ ကြီး ဖြစ်သွားပါတယ်။

လက်ဖက်ရည်ဆိုင်မှာ ဘေးက လူတစ်အုပ် ပြောဆိုနေသံ ကြား လိုက် ပါတယ်။ဘာတဲ့....။ ဆော်ပလော်တီးမှာ ပေါ့ဟ..ဧည့်သည် တွေ က ကောင်းကောင်းမနေပဲ အိမ်ရှင် တွေ ကို လာစော်ကားတာ ကိုး....တဲ့..။ ခံရတာတောင်း နည်းသေး သတဲ့..။အနိဋ္ဌာရုံ သတင်းဆိုးတွေ ကို ရေနွေးကြမ်းနဲ့ မြည်းနေကြပါတယ်။

ကိုင်း..ကောင်းလေစွ..ကောင်းလေစွ...အို အသင်လောက။



မ အ ကြ စေလို ပါ။
ဒီကနေ့ထိ ကျွန်တော်တို့တိုင်းပြည်မှာ လူနည်းစုဘာသာခြားတွေကို အကြောင်းမဲ့
နိုင်ထက်စီးနင်းလုပ်ပြီး အသက်ကိုရန်ရှာ၊ အိုးအိမ်ကိုမီးရှို့၊ ဥစ္စာပစ္စည်းကိုလုယက် အုပ်စုဖွဲ့အနိုင်ကျင့်နေတာ....
လူနည်းစုဘာသာခြားတွေရဲ့ဝတ်ကျောင်းတော်တွေ၊ မိဘမဲ့ခလေးငယ်များစာသင်ကျောင်းတွေကို မီးလောင်တိုက်သွင်းနေတာ....
မွေးရပ်ဇာတိတွေမှာမနေနိုင်အောင် နည်းမျိုးစုံနဲ့မောင်းထုတ်နေတာ....
အာဏာပိုင်အဖွဲ့အစည်းအသီးသီးက ဘာကြောင့် မသိကျိုးကျွန်ပြုနေတာလဲ။
အတိုက်အခံပါတီကြီးတစ်ခုကကော ဘာကြောင့်နှုတ်ဆိတ်နေရတာလဲ။
လွှတ်တော်တွင်းရောက်နေတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ၊
ဒီမိုကရေစီနဲ့လူ့အခွင့်အရေးလို့ တွင်တွင်ဟစ်နေတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ၊
ဗြဟ္မစိုရ်တရားထွန်းကားလှပါတယ်ဆိုတဲ့ ထေရ၀ါဒဗုဒ္ဓဘာသာဝင်သူတော်ကောင်း ပြည်သူတွေကကော
ဘာကြောင့်မဆန့်ကျင်ကြတာလဲ။
လူရိုသေ ရှင်ရိုသေ ကြည်ညိုခံနေရတဲ့ သံဃာတော်အရှင်သူမြတ်တို့ကကော ဘာကြောင့် အဓမ္မကို ဓမ္မနဲ့ မဆုံးမရတာလဲ။
မကောင်းမှု၊ မတရားမှုတွေကို စက်ဆုတ်ရွံရှာပါတယ်ဆိုတဲ့ လူတန်းစားအသီးသီးကကော ဘာကြောင့် မတားမြစ်တာလဲ။
စိတ်မ၀င်စားတာလား။ မယှဉ်ချင်တာလား။ အလိုတူ အလိုပါလား။ ကြိတ်ဝမ်းသာနေတာလား။ နောက်ကွယ်ကအားပေးနေတာလား။
အခုဖြစ်နေတာ ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာဖြစ်နေတာမဟုတ်ဘူး။
ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေဖြစ်နေတာမဟုတ်ဘူး။
လူမျိုးရေးဘာသာရေးခုတုံးလုပ်ပြီး၊ အမျိုး ဘာသာ သာသနာ သည်းခြေကြိုက်စကားလုံးတွေသုံးပြီး
တစ်မြေတည်းနေ တစ်ရေတည်းသောက်အချင်းချင်း အိုးမဲသုတ်နေတာပါ။ အိမ်ကြက်ချင်း ခွပ်ခိုင်းနေတာပါ။
၂၀၁၅ မှာအမြတ်ထုတ်ဖို့ ကြံစည်နေသူတွေရဲ့ထောက်ချောက်ဆင်မှုတွေပါ။
တိုင်းပြည်ကိုချောက်ထဲကန်ချချင်သူတစ်စုရဲ့လှည့်ကွက်ပါ။
မ အ,ပါနဲ့။ အ,ရင်တော့ ကျွန်တော်တို့အသက်သွေးချွေးမြောက်မြားစွာ ရင်းနှီးရယူထားတဲ့ အခြေအနေတွေ သဲထဲရေသွန်ဖြစ်သွားပါလိမ့်မယ်။

https://www.facebook.com/pages/Myoe-WynnNotes/362889210496106


--

May Peace Be Upon You
Regards,
Ruby

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.