[mrsorcerer:38131] အစွန်းရောက် ဗုဒ္ဓဘာသာ အဖွဲ့အစည်းများကြောင့် ဘာသာရေး အကြမ်းဖက်မှုများ ကြီးထွားလာခြင်း အတွက် သီရိလင်္ကာ ဗုဒ္ဓဘာသာဝင် အဖွဲ့များမှ ပြစ်တင်ဝေဖန် ဆန္ဒပြ

အစွန်းရောက် ဗုဒ္ဓဘာသာ အဖွဲ့အစည်းများကြောင့် ဘာသာရေး အကြမ်းဖက်မှုများ ကြီးထွားလာခြင်း အတွက် သီရိလင်္ကာ ဗုဒ္ဓဘာသာဝင် အဖွဲ့များမှ ပြစ်တင်ဝေဖန် ဆန္ဒပြ
================
ဧပြီလ ၂၉ရက် ၂၀၁၃
M-Media

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တော်တွင် တနင်္ဂနွေက လူသုံးရာကျော် စုစည်းကာ ယခုလများအတွင်းဖြစ်ပွားခဲ့သည့် မွတ်စလင်များနှင့် အခြားလူနည်းစု ဘာသာဝင်များ၏ စီးပွားရေးလုပ်ငန်းများအား တိုက်ခိုက်မှုလှိုင်းများကို ဆန့်ကျင် ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြသူများတွင် ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးသမားများနှင့် လူမှုရေးလှုပ်ရှားသူများပါဝင်ကာ `သီရိလင်္ကာတွင် အမုန်းတရား အတွက် နေရာမရှိ´ ဆိုသည့် ပိုစတာများကိုင်ဆွဲခဲ့ကြပြီး ဘာသာရေး အမှန်းပွားမှုနှင့် အကြမ်းဖက်မှုများကို အဆုံးသတ်ရန် ပါဝင်ပတ်သက်နေသူများနှင့် အစိုးရကို တိုက်တွန်းလိုက်သည်။

"အစွန်းရောက် အုပ်စုတွေက လူမျိုးရေးခွဲခြားမှုနဲ့ ဘာသာရေး မုန်းတီးမှုတွေကို လှုံ့ဆော်နေကြတယ်။ အခု သူတို့တွေက လွတ်လွတ်လပ်လပ် လှုပ်ရှားနေကြပြီး ဒီအဖွဲ့အစည်းတွေကို ပြောမယ့် တားမယ့်သူ ဘယ်သူမှ မရှိကြဘူး။"ဟု ဗုဒ္ဓရဟန်းတော် ဘဒ္ဒေဂမ သမိထ ထိရောမှ မိန့်တော်မူခဲ့သည်။

"သူတို့ရဲ့ လှုပ်ရှားမှုတွေက ဘာသာတရားတွေအကြား ညီညွတ်မှုကို ဆိုးဆိုးဝါးဝါး ထိခိုက်စေပါတယ်"ဟု ဘုန်းဘုန်းက ဆက်မိန့်သည်။

လူမှုရေးလှုပ်ရှားသူများက နိုင်ငံတွင်းမှ ဗုဒ္ဓဘာသာ အဖွဲ့နှစ်ခုဖြစ်ကြသော ဗောဓု ဗလ သေနနှင့် ရ၀န ဗလယတို့ကို ဗုဒ္ဓဘာသာပွဲတော် နောက်ဆုံးလအတွင်း ဟလလ်အသားများကို ထိန်းချုပ်မှုနှင့် မကြာသေးမီက မွတ်စလင်မ်တို့၏ ၀တ်စားဆင်ယင်မှုကို အစိုးရမှ ကန့်သတ် ချုပ်ချယ်ရန် ဆော်သြ အားထုတ်ဆောင်ရွက်မှုများအတွက် အမည်တပ်ပြောကြားလိုက်ကြသည်။

ထိုအဖွဲ့များသည် မွတ်စလင်နှင့် ခရစ်ယာန်ဘာသာဝင်တို့၏ ကိုးကွယ်ဝတ်ပြုရာ အဆောက်အဦးများကို တိုက်ခိုက်ခဲ့သော ဖြစ်စဉ်များ အတွက်လည်း အပြစ်တင်ဝေဖန်ခံခဲ့ကြရသည်။ ဧ၀ံဂေလိ ခရစ်ယာန်သင်းအုပ်ဆရာ Rohan de S. Ekanayake နှင့် မွတ်စလင် လူ့အခွင့်အရေး လှုပ်ရှားသူ Arshad Nizamdeeတို့၏အဆိုအရ ယခုနှစ် ဇန်န၀ါရီလမှ စတင်က အကြိမ်ပေါင်း ၆၀ ကျော် တိုက်ခိုက်ခဲ့ကြသည်ဟု သိရသည်။

ဗောဓု ဗလ သေနနှင့် ရ၀န ဗလယတို့ နှစ်ဖွဲ့စလုံးမှ ဘာသာရေးအမုန်းပွားမှုများနှင့် အကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်မှုကို ငြင်းဆိုလိုက်ပြီး ဗုဒ္ဓဘာသာဝင်များကို ခြိမ်းခြောက်နေသည့် ခရစ်ယာန်နှင့် မွတ်စလင်မ် အခြေခံဝါဒီ အဖွဲ့များကို ထောက်ပံ့ပေးနေသာ အမည်မဖော် နိုင်ငံခြား တိုင်းပြည်များကို ထိုတိုက်ခိုက်မှုများဖြစ်ပေါ်ရခြင်း အတွက် ပြန်အပြစ်တင်ကြသည်။

သို့သော်လည်း ယခုလအစောပိုင်းတွင် ပြည်တွင်း မီဒီယာများက ဗောဓု ဗလ သေနအဖွဲ့ဝင်များမှ တောင်ပိုင်းပြည်နုယ် Mataraခရိုင်၌ မွတ်စလင်မ် ဆန့်ကျင်ရေး လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်း ဖော်ပြခဲ့သည်။

မကြသေးမီက တိုင်းပြည်သို့ ပြောကြားခဲ့သော မိန့်ခွန်းတစ်ခုတွင် သမ္မတ Mahinda Rajapaksaက သူ၏ အစိုးရအနေဖြင့် တိုင်းပြည်အတွင်း လူမျိုးရေးခွဲခြားမှုနှင့် ဘာသာရေးအစွန်းရောက်မှုများကို ခွင့်ပြုမည်မဟုတ်ကြောင်းနှင့် ဗုဒ္ဓဘာသာဝင် လူများစုကြီးကို အခြားသူများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန် မေတ္တာရပ်ခံလိုက်သည်။

"သီရိလင်္ကာဟာ ဒီမိုကရေစီနိုင်ငံဖြစ်ပြီး ဗုဒ္ဓဘာသာဝင် မဟုတ်သူများအတွက် သာတူညီမျှ အခွင့်အရေးနဲ့ လွတ်လပ်မှုများရှိပါတယ်"ဟု သမ္မတမှ ဆက်လက်ပြောကြားခဲ့သည်။

ဗုဒ္ဓဘာသာဝင် ဆင်ဟာလီလူမျိုးများသည် သီရိလင်္ကာ၏ သန်း ၂၀ လူဦးရေတွင် လေးပုံသုံးပုံခန့်ရှိပြီး မွတ်စင်လင်များမှာ ၁၀ရာခိုင်နှုန်းခန့်သာလျှင် ပါဝင်သည်။

Ref: www.ucanews.com
Photo: အစွန်းရောက် ဗုဒ္ဓဘာသာ အဖွဲ့အစည်းများကြောင့် ဘာသာရေး အကြမ်းဖက်မှုများ ကြီးထွားလာခြင်း အတွက် သီရိလင်္ကာ ဗုဒ္ဓဘာသာဝင် အဖွဲ့များမှ  ပြစ်တင်ဝေဖန် ဆန္ဒပြ  ================  ဧပြီလ ၂၉ရက် ၂၀၁၃  M-Media    သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တော်တွင် တနင်္ဂနွေက လူသုံးရာကျော် စုစည်းကာ ယခုလများအတွင်းဖြစ်ပွားခဲ့သည့် မွတ်စလင်များနှင့် အခြားလူနည်းစု ဘာသာဝင်များ၏ စီးပွားရေးလုပ်ငန်းများအား တိုက်ခိုက်မှုလှိုင်းများကို ဆန့်ကျင် ဆန္ဒပြခဲ့ကြသည်။    ဆန္ဒပြသူများတွင် ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးသမားများနှင့် လူမှုရေးလှုပ်ရှားသူများပါဝင်ကာ `သီရိလင်္ကာတွင် အမုန်းတရား အတွက် နေရာမရှိ´ ဆိုသည့် ပိုစတာများကိုင်ဆွဲခဲ့ကြပြီး ဘာသာရေး အမှန်းပွားမှုနှင့် အကြမ်းဖက်မှုများကို အဆုံးသတ်ရန် ပါဝင်ပတ်သက်နေသူများနှင့် အစိုးရကို တိုက်တွန်းလိုက်သည်။

မန်မာပြည်တွင်းနေထိုင်သည့် မွတ်စလင်မ်များအား အကြမ်းဖက်မှုများအား ချက်ချင်းရပ်တန်ဖို့ အင်ဒိုနီးရှားများ ဆန္ဒထုတ်ဖော်

၂၀၁၃ ခုနှစ်၊ မေလ (၃) ရက် | Ref; RB News

ဆန္ဒထုတ်ဖော်နေသည့်မြင်ကွင်း
အင်ဒိုနီးရှားနိုင်ငံ၊ မြို့တော်ဂျကာတာတွင် အင်ဒိုနီးရှားနိုင်ငံသား
၄၀၀၀ ကျော် စုဝေး၍ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများ၊ ကမန်များနှင့်
မြန်မာမွတ်စလင်မ်များအပေါ် အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်နေခြင်း
များအား ချက်ချင်းရပ်ဖို့ ဂျကာတာမြို့ရှိ မြန်မာသံရုံးအနီးတွင်
ဆန္ဒဖော်ထုတ်လျက်ရှိကြောင်း သိရှိရပါသည်။

ဆန္ဒထုတ်ဖော်ခြင်းများရှိသလို ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်သူဟု ယူဆရသူ အင်ဒိုနီးရှားနိုင်ငံသား နှစ်ဦးဖြစ်သော အဆပ် နှင့် အိုဗိုင် တို့နှစ်ဦးအား လက်လုပ် ရေပိုက်ဗုံး ၅ ခုဟု ယူဆရသည့် အ၀တ်ထုပ်နှင့်အတူ ဖမ်းဆီးထိန်းသိမ်းခဲ့ရတယ်လို့ အင်ဒိုနီးရှားအခြေစိုက် သတင်းများအရ သိရှိရပါတယ်။

ယခုလို ပေါ်ပေါက်လာတဲ့အခြေအနေများကြောင့် မြန်မာအစိုးရအနေဖြင့်
ပြည်တွင်းရှိ မွတ်စလင်မ်များအား ထပ်မံ၍ ရန်ညှိုးဖွဲ့ချေမှုန်းတိုက်ခိုက်
သတ်ဖြတ်နေအုံးမည်ဆိုပါ မွတ်စလင်မ်ကမ္ဘာနှင့် မြန်မာအစိုးရကြား
ပြဿနာများ ရေရှည်နေအုံးမှာဖြစ်လို့ ပြည်ပရောက် မြန်မာများအား
စာနာသောအားဖြင့် အစိုးရအနေဖြင့် အကြမ်းဖက်မှုလုပ်ရပ်များအား
ရပ်တန့်သင့်နေပြီဖြစ်ကြောင်း အင်ဒိုနီးရှားရောက် မြန်မာလူမျိုးတစ်ဦး၏
ပြောဆိုချက်ကို ကိုးကား၍ အင်ဒိုနီးရှားဘလော့ဂ်စာမျက်နှာ
တစ်ခုမှာလည်း ရေးသားဖော်ပြထားပါတယ်။





အလင်းမျက်ဝန်းမီဒီယာသို့ ဆက်သွယ်ရန် အီးမေလ် teol.media@gmail.com

ရမည်းသင်မြို့ ဗမက ရပ်ကွက်ရှိ ရွှေဘုံသာဗလီအား မီးကွင်းပစ်ခံရ

၂၀၁၃ ခုနှစ်၊ မေလ (၂) ရက် | ရင်ဖွင့်လွှာ

ဤကဏ္ဍသို့ အလင်းမျက်ဝန်းပရိတ်သတ်များအနေဖြင့်
မိမိရင်တွင်းရှိ ခံစားချက်များအား ပေးပို့၍
အများပြည်သူများသို့ မျှဝေပေးနိုင်ပါပြီ။
ရမည်းသင်းမြို့ ဗမက ရပ်ကွက်ရှိ ရွှေဘုံသာဗလီအား ၁-၅-၂၀၁၃ ညပိုင်းတွင် ဆိုင်ကယ်သုံးစီးဖြင့် လာရောက် မီးကွင်းပစ်ရာ အုတ်တံတိုင်းပေါ်တွင် အနည်းငယ် မီးလောင်သွားပါသည်။

ရမည်းသင်းမြို့နေ မွတ်စလင်မ် အများစုကတော့ စိုးရိမ်နေကြရပါတယ်။

သို့ပါသောကြောင့် သမ္မတကြီးဦးသိန်းစိန်ခင်ဗျာ ယခုလိုမင်းမဲ့စရိုက် လုပ်နေတာကို လက်ပိုက်ကြည့်နေတော့မှာလား ?

969 အဖွဲ့အားဖမ်းဆီးအရေးယူမှု မလုပ်တော့ဘူလား ?

အသက်ဆက်ရှင်သန်နိုင်ရေးအတွက် ပြန်ခုခံတဲ့ မွတ်စလင်မ်တွေကိုတော့ ဖမ်းဆီးအရေးယူမှု့တွေ လုပ်နေတာကို တွေ့နေရပါတယ်။

ဥပဒေစိုးမိုးရေးဆိုတာ ဘယ်သူတွေအတွက်လဲ ?

ပေးပို့သူ » Chit Chit

မြှောက်ပေးတိုင်း လိုက်လုပ်နေသော ရှူးတိုက်တိုင်း လိုက်ကိုက်နေတဲ့ ခွေးတွေလို မဖြစ်ပါစေနဲ့

၂၀၁၃ ခုနှစ်၊ မေလ (၁) ရက် | TEOL 

ဤကဏ္ဍသို့ အလင်းမျက်ဝန်းပရိတ်သတ်များအနေဖြင့်
မိမိရင်တွင်းရှိ ခံစားချက်များအား ပေးပို့၍
အများပြည်သူများသို့ မျှဝေပေးနိုင်ပါပြီ။
မြန်မာနိုင်ငံတစ်နိုင်ငံတည်းမှာမှ ဘာသာပေါင်းစုံ စုပေါင်းနေထိုင်ကြတာ
မဟုတ်ပါဘူး။ ကမ္ဘာ့နိုင်ငံအသီးသီးမှာလဲ ဘာသာပေါင်းစုံ
စုပေါင်းနေထိုင်ကြတာပါဘဲ။

ဒါပေမဲ့ ကျနော်တို့ မြန်မာပြည်မှာတော့ အလွန်အောက်တန်းကျတဲ့ စိတ်ဓာတ်တွေမွေးပြီး ဘာသာရေးကို အခြေခံတဲ့ အကြမ်းဖက်နှိမ်နင်မူတွေ ဖန်တီးကြ၊ လူနည်းစုကို အင်အားကြီးတဲ့ အများစုက သတ်ဖြတ် တိုက်ခိုက်ပြီး ဥစ္စာတွေ လုယက်ဖျက်ဆီးမီးရှို့ကြနဲ့ အရှက်အကြောက်ကင်းမဲ့ နေကြတယ်။

ပိုပြီးရှက်ဖို့ ကောင်းတာက သတ္တိကြောင်သူတွေလို့ဘဲ ပြောရမလား၊ လူနဲစုဖြစ်တဲ မွတ်စလင်မ်ကိုဘဲ သူတို့ လုပ်ရဲတာပါလားဆိုတာ နိုင်ငံတကာက အသိဆုံးပါ။

တစ်ခါလာလည်း မွတ်စလင်မ် မကောင်းကြောင်းတွေရေး၊ ဝါဒတွေဖြန်၊့
ပြသနာလုပ်ပြီး မွတ်စလင်မ်တွေကို သတ်ဖြတ်ခဲ့တာ ဒီတနှစ်ထဲ
မဟုတ်ပါဘူး အကြိမ်ပေါင်းများနေပြီ။

ကြီးနိုင်ငယ်ညှင်းဝါဒသမားဆိုတာ သတ္တိနည်းသူကို ပြောချင်တာပါ။ ဥပမာ ဆိုကြပါစို့ မြန်မာပြည်မှာ ဗုဒ္ဗဘာသာပြီရင် ခရစ်ယန်ဘာသာဝင်တွေဟာ လူဦးရေအများဆုံးဘဲ၊ ပြည်နယ်အတော်များများမှာ ကြည့်လိုက်ပါ တိုင်းရင်းသား ခရစ်ယန်ဘာသာဝင်တွေဟာ မြန်မာပြည်တွင်းမှာရှိတဲ့ မွတ်စလင်တွေထက် များတာသိကြတယ်လေ။

ဒါတင်ဘယ်ကမလဲ တိုင်းရင်းသားခရစ်ယာန် ဘာသာဝင်တိုင်းဟာ ပြည်နယ်တိုင်းမှာ ခိုင်မာတဲ့ လက်နက်ကိုင်တပ်တွေ ကိုယ်စီလဲရှိကြတယ်။ ( ဥပမာပြောချင်တာပါ ) ခရစ်ယာန်ဘာသာဝင်တွေကို ရန်စရဲသလား? မွတ်စလင်တွေကို အကြမ်းဖက်သတ်ဖြတ်သလို လုပ်ရဲမလား? ဘယ်လုပ်ရဲမလဲ၊ အတုန်းအရုန်းသေကုန်ကြမှာပေါ့။ မျိုပြုတ်သွားမှာကို ကြောက်တယ်လေ။

မြန်မာနိုင်ငံမှာ ဗုဒ္ဗဘာသာကလွဲလို့ တခြားဘာသာဝင်တွေ မရှိရဘူးလို့ဆိုရင် ခရစ်ယာန်နဲ့ မွတ်စလင်မ်ကလဲ မကြာခင် မိတ်ဆွေ မဟာမိတ်တွေ ဖြစ်လာတော့မှာပေါ့။

အားနွဲ့သူကိုမှ အနိုင်ကျင့် ဗိုလ်ကျတာဟာ ( လူသား ဝါဒမဟုတ်ပါဘူး ) ( ဗုဒ္ဓဝါဒလဲ မဖြစ်နိုင်ဘူး )
ဖြစ်နိုင်တာကတော့ ( တိရိစ္ဆာန်ဝါဒ ) ပါပဲ။

မြန်မာဆိုတာ ကမ္ဘာကသိအောင် လုပ်ချင်ရင် သိပ်ခါရှိရှိ လုပ်ကြစမ်းပါ။ ခုတော့ဖြင့် ကိုယ်ဘာသာ သာသနာကိုလဲ မထောက်တဲ့အပြင် မှေးမှိန်အောင် လုပ်ကြတယ်။ ဘာကောင်းတာရှိသေးလဲ?

ဘာသာရေး အကြမ်းဖက်မှုတွေ ရပ်တန့်သင့်ပြီ။ မြှောက်ပေးတိုင်း လိုက်လုပ်နေသော ရှူးတိုက်တိုင်း လိုက်ကိုက်တဲ့ ခွေးတွေလို မဖြစ်ပါစေနဲ့လို့ ပြောပါရစေ ဘာသာရေးအကြမ်းဖက်သမားတို့ရေ………….

ပေးပို့သူ » အလင်းရောင်

969 ဂိုဏ်းကလိုလို အစိုးရအသိအမှတ်ပြု ကြေးစားလူမိုက်တွေလိုလို ရမ်းကားနေလို့ ထိန်းသိမ်းပေးပါ

၂၀၁၃ ခုနှစ်၊ မတ်လ (၁) ရက် | မျက်ဝန်းရင်ဖွင့်လွှာ

ဤကဏ္ဍသို့
အလင်းမျက်ဝန်းပရိတ်သတ်များအနေဖြင့်
မိမိရင်တွင်းရှိ ခံစားချက်များအား ပေးပို့၍
အများပြည်သူများသို့ မျှဝေပေးနိုင်ပါပြီ။
အခုတလော မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကံရွာမှာ ညည အရက်မူးပြီး ဆူပူသောင်းကျန်းသူများ တနေ့တခြား များများ လာပါတယ်။
 

အုပ်ချုပ်ရေးမှူး ဆိုသူမှာလဲ မသိချင်ယောင် မကြားချင်ယောင် ဆောင်ဆောင်ပြီး အိပ်နေပါတယ်။

ဒီလိုနဲ့ ပဲ တနိုင်ငံလုံးကို အကြမ်းဖက်မှုတွေ ကူးစက်တော့မှာလား ဆိုတာကို တာဝန်ရှိသူများအား မေးချင်ပါတယ်။

အရက်မူးပြီး ဆူပူသောင်းကျန်သူတွေက သူတို့ကိုသူတို့ 969 ဂိုဏ်းကလိုလို၊ အစိုးရ အသိအမှတ်ပြု ကြေးစား လူမိုက်တွေလိုလို လုပ်ပြီး လမ်းမပေါ်ထွက်ပြီး ပေါ်တင် ရမ်းကားနေကြပါတယ်။ ဒါတွေကို သက်ဆိုင်ရာ တာဝန်ရှိသူများ အနေနဲ့ ကျနော်တို့ရဲ့ ချမ်းသြာစည်မြို့နယ်လေးကို ထိန်းသိမ်း ပေးကြပါအုံးလို့ အလင်းမျက်ဝန်း မီဒီယာမှတဆင့် အသိပေး ပြောကြားလိုက်ပါတယ်။

ပေးပို့သူ » ဘီလက်ဖ်

ဒယ်အိုး တရားဟောနေသည်

၂၀၁၃ ခုနှစ်၊ မေလ (၂) ရက် | ရင်ဖွင့်လွှာ

ဤကဏ္ဍသို့ အလင်းမျက်ဝန်းပရိတ်သတ်များအနေဖြင့် မိမိရင်တွင်းရှိ
ခံစားချက်များအား ပေးပို့၍ အများပြည်သူများသို့ မျှဝေပေးနိုင်ပါပြီ။
နေပြည်တော် ပျဉ်းမနားမြို့မှာရှိတဲ့ လယ်တီစံကျောင်းမှာ ၀ီရသူ၏ သစ္စာခံ ဒယ်အိုးဆရာတော်မှ တရားဟောနေပါသည်။ ( နှစ်ရက်ခန့် ရှိပါပြီ။)

မြို့ပေါ်တင်မကပါ   အနီးတ၀ိုက်မှ ကျေးရွာ များအထိ အပို့ အကြိုများကို ကားများဖြင့် အကြီးအကျယ်ပြု လုပ်နေပါသည်။ ပျဉ်းမနားတွင်ထိုကဲ့သို့  တရားပွဲများ မကြုံဖူးပါ။

အကျော်အမော် ဆရာတော်ကြီးများ၏ တရားပွဲများ
နှစ်စဉ် ပြုလုပ်သော်လည်း ယခုကဲ့သို့  အင်တိုက်အားတိုက်မတွေ့ရပါ။ ယခုသော်ကား သာသနာ့အလံတင် ကားများမှာ ခြေချင်းလိမ်၍ အားကြိုး မာန်တက် ကျေးရွာလူထုကိုပါ အကြို အပို့ လုပ်နေပါသည်။

ဗုဒ္ဓဘာသာ၏ အေးမြသောတရားများကို ဟောကြားလျှင် ပြဿနာမရှိပါ။ လူမျိုးတစ်မျိုး၊ ဘာသာတစ်ခုကို ပုတ်ခတ်စော်ကားသော တရားများဟောလျှင် ပြဿနာရှိနိုင်သည်။

နေပြည်တော်ပျဉ်မနားမြို့တွင် လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းက ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးမှု ရှိစွာဖြင့် တစ်ဦးကိုတစ်ဦး ကူညီရိုင်းပင်းမှုများ ရှိခဲ့ပါသည်။

ယခုအခါ ၀ီရသူ၏ တပည့် ဒယ်အိုး၏ အကြမ်းဖက် တရားများကြောင့် ကျနော်တို့၏ သာယာသော ပတ်ဝန်းကျင်လေး ပျက်စီး၊ ထိခိုက်မှာကို စိုးရိမ်မိပါသည်။

ထို့ ကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ကျနော်နှင့်အတူ ငယ်စဉ်ကတည်းက နေထိုင်လာသော ဗုဒ္ဓဘာသာဝင် ညီကိုမောင်နှမများ အခြေအနေကို သိရှိစေရန် အလင်းမျက်ဝန်းမီဒီယာမှ တဆင့် ရင်ဖွင့် လိုက်ပါတယ်။
ပေးပို့သူ » Aung Za Mu Thit Sar

--

May Peace Be Upon You
Regards,
Ruby

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.