[mrsorcerer:38132] ဥက္ကံမြို့ပြည်သူတွေရဲ့ရင်ဖွင့်သံနှင့် သတင်းများ

ဥက္ကံမြို့ပြည်သူတွေရဲ့ရင်ဖွင့်သံ
ဗုဓ္ဒဘာသာဝင်အမေအိုတယောက်ရဲ့ရင်ဖွင့်သံကတော့---
အမေတို့ ဒီမှာ အတူနေလာတာကြာပြီးဘာပြသနာမှမရှိဘူ၊ဒီလူတွေကိုယ်ကုလားလိုကပြေား၇အောင်ကုလားစကားလည်းတလုံးမှ မတတ်ကြဘူး၊ ဒီမှာ အတူနေလာတာရပ်ရေးရွာရေးတွေမှာလည်းအားလုံးတန်းတူကူညီကြတယ်၊အမေဘာလုပ်လုပ် သူတို့ အားလုံးမိဘလိုသဘေားထားပြီးလာကူညီကြတယ်၊အမေဘာတခုမှ လုပ်စရမလိုဘူး။အောက်က လင့်မှာ ကြည့်နိုင်သည်.
<iframe src="https://www.facebook.com/video/embed?video_id=482079178532494" width="400" height="300" frameborder="0"></iframe>

https://www.facebook.com/video/embed

ကိုရင်လေးရဲ့ ထွက်ဆို ချက်ကိုလေ့လာကြည့်ပါ(<iframe src="https://www.facebook.com/video/embed?video_id=481511001922645" width="352" height="264" frameborder="0"></iframe>)
ကိုရင်လေးရဲ့ ထွက်ဆို ချက်ကိုလေ့လာကြည့်တော့ တိုက်မိတဲ့ အမျိုးသမီးကလည်း ကွမ်းယာဆိုင်ကငွေချေပြီး လျှော်ပေးတယ် စခန်းရောက်တော့ လည်း တောင်ပန်တယ်၊ ကိုယ်ရင် လေးက လည်း အသက်အရမ်း ငယ်တယ်၊ဒီလိုငယ်တဲ့ ကိုရင်လေးက လူ မပြေားနဲ့ ဘေးနာမှာ ကာအရှိန်နဲ့ မောင်းသွားရင်တောင်သူ့ ရဲ့ လက်ထဲးက သပိတ်လွတ်ကျ နိုင်ပါတယ်.
ါးကို မတရားအကြောင်းပြပြီး၊ သူတပါနေအိမ်တွေမီးရှို့၊ သာသနာအဆောက် အအုံတွေဖျက်ဆီးတာ၊အရမ်းအောက်တန်ကျလှ ပါပေတယ်။
ကြည့်လိုက်ဦး တော်တော်လည်း နာကျဉ်းစရာကောင်းတာကို. ကိုရင့်လက်ကို တိုက်မိလို့ သပိတ်ပြုတ်ကျတယ်။ ဆွမ်းဟင်းတွေကျကုန်တယ်။ ဒါကိုလည်း လျော်ဆိုလို့ ကွမ်းယာဆိုင်က ပိုက်ဆံချေးပြီးလျော်ပေးတယ်။ ဒါကို မကျေနပ်လို့ရဲစခန်းရောက်တယ်။ အဲ့ဒီမှာ တောင်းပန်တယ်။


.. ရန်ကုန်တိုင်း ဦးဝင်းနိုင်က ပြောတာ မတော်တဆ တိုက်မိတာပါ.လူတအားတိုးနေတော့ ကိုရင်လေးကို တိုက်မိတာပါ.. ကောင်မလေး ကြောက်လို့ ဆိုင်ထဲတောင် ၀င်ပြေးတယ် ဆိုတာ ပြောထားသားပဲ..တောင်းပန်တယ်လဲ ပြောထားသားပဲ .......................ဒါကို လီဆယ် ပီး ဖိနပ်နဲ့ သပိတ်နိုင်းသလေးဘာလေး မဟုတ်မဟတ် မောင်ကာဠု ..မောင်ကာဠုပြောတာ မှန်သလားအောက်ကလင့်ကို ကြည့်ပါ
http://youtu.be/d8eFxX0rgyA

https://www.youtube.com/watch?feature=player_embedded&v=d8eFxX0rgyA


https://www.youtube.com/watch?feature=player_embedded&v=d8eFxX0rgyA


Hos Na Lay
ရန်ကုန်တိုင်းမှော်ဘီမြို. မှာရှိတဲ. အစ္စလာမ်ဘာသာဝင်များ သို့
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

အကြမ်းဖက်ဘုန်းကြီး ၀ိရသူဟာဆိုရင် မနက်ဖြန် ည၇နာရီ ကစလို. မှော်ဘီမြို. ဘုရားကြီးလမ်းမှာ မတရားများကိုဟောပြောမှာဖြစ်တဲ့ အတွက်ကြောင့် မှော်ဘီမြို.မှ အစ္စလာမ်ဘာသာဝင်မွတ်စလင်များသတိဖြင့် နေကြပါ ခင်ဗျား။ ဟိုတရက်လောက်က ပဲ မှော်ဘီမြို.မှ ဗလီကျောင်းများကို ၉၆၉ အကြမ်းဖက်ဘုန်းကြီးများမှ ဓာတ်ပုံရိုက်ကူးသွားပါတယ်။ လွန်ခဲ့တဲ့ ၂ ရက်လောက်က ဘုန်းကြီးတပါးဟာ မှော်ဘီမြို.က ဗလီတွေက ကားလမ်းဘေးတင် အကြမ်းဖက်ချင်တဲ့ အချိန် အကြမ်းဖက်လို့ ၇တယ်လို.ပြောဆိုခဲ့ ပါတယ်။ မှော်ဘီမြို.မှ အစ္စလာမ်ဘာသာဝင်များသတိရှိကြပါ အလ္လာဟ်အရှင်မြတ်ဆီမှာ ဒိုအာတောင်းကျပါ။

ဒီစာလေးကို share ပေးခြင်.ဖြင်.ကူညီကျပါ။
မှော်ဘီမြို.မှ အစ္စလာမ်ဘာသာဝင်မွတ်စလင်များကို အလ္လာဟ်အရှင်မြတ် အဘက်ဘက်မှ စောင်.ရှောက်ပေးတော်မူပါစေ.....အာမီန်း။

"ကျေပါနော် ကိုသိန်းစိန်"
***~~~~~~~~***

အိမ်ကလေးတစ်လုံးကို ကိုယ့်ချွေးနည်းစာသက်သက်နဲ့ ဆောက်ကြည့်ပါ
ဆိုင်ကလေးတစ်ဆိုင် ထူထောင်ကြည့်ပါ
မိသားစုလေးတစ်ခု ဖန်တီးကြည့်ပါ။

အိမ်ကို မီးရှို့ ခံကြည့်ပါ
ဆိုင်ကိုအဖျက်ဆီးခံကြည့်ပါ
မိသားစုဝင်တွေ အသတ်ခံကြည့်ပါ
ဒုက္ခသည်စခန်းတစ်ခုမှာ ပျော်ပျော်ရွှင်ရွှင် နေသားကျအောင်နေကြည့်ပါ။

ထောင်ထဲမှာ နောက်ထပ် ၁၄နှစ်နေရဦးမယ်ဆိုတဲ့အသိနဲ့
၁၄ရက်လောက်ပဲနေကြည့်ပါ။

လူထူထူပလက်ဖောင်းပေါ်လျှောက်တိုင်း "ငါဘယ်သူ့ ကိုဝင်တိုက်မိမှာလဲ" ဆိုတဲ့စိတ်ကို ဦးထုပ်တစ်လုံးလိုဆောင်းပြီးလျှောက်ကြည့်ပါ။

Bus ကားတိုးစီးရတိုင်း ကားပေါ်ကတိုးဆင်းရတိုင်း "ငါ့ကိုဝိုင်းရိုက်တော့မှာလား ငါများ ပြဿနာကောင် ဖြစ်သွားမလား"ဆိုတဲ့အတွေးနဲ့ ကျောမလုံခြင်းအရသာကိုခံစားကြည့်ပါ။

ခိုကိုးရာမဲ့ကြည့်ပါ
ငိုကြည့်ပါ
စိတ်ကျရောဂါတစ်ခုခံစားကြည့်ပါ။

တစ်ဖက်သတ်စွပ်စွဲခံကြည့်ပါ။
အရာရာသည်းခံကြည့်ပါ။
ဓားထက်ထက်နဲ့ အလှီးခံကြည့်ပါ။

ခေါင်းငုံ့ ခံကြည့်ပါ။
ခေါင်းရိုက်ခွဲခံကြည့်ပါ။

ကိုယ်ချင်းစာဖို့ "နာ"ကြည့်ပါ။

ကျေပါတော့နော်............ "ကိုသိန်းစိန်

byZenith Lynora


ဆိုင်းတောင်တွင် မွတ်စလင်မ် အိမ်နှင့်ဆိုင်များ ဖျက်ဆီးခံရမှု နောက်ဆက်တွဲသတင်း
=========
မေလ ၂၊ ၂၀၁၃
M-Media
သုတ

ဆိုင်းတောင် ။ ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်တွင် ယနေ့ ညနေ(၄)နာရီခန့်က ဖျက်ဆီးခံလိုက်ရသည့် မွတ်စလင်မ်အိမ်နှင့် ဆိုင်များဖျက်ဆီးခံရမှုအပေါ် ဆက်သွယ်မေးမြန်းမှုအား ဖျက်ဆီးခံရသည့် ဆိုင်ရှင်တစ်ဦးမှ ဖြေကြားထားတာ ဖြစ်ပါတယ်။

"ဟုတ်ကဲ့ ဖြစ်သွားပုံကို ကျွန်မပြောပြမယ်။ အရင်တုန်းက ဘာမှ ရန်ငြိုးရန်စလည်း မရှိဘူး။ ဗြုန်းတိုင်းကြီး ထဖြစ်လာတာ။ ဘယ်လိုဖြစ်သွားလဲဆိုတော့ ဒီနေ့ နေ့လည်ပိုင်းလောက်မှာ တစ်ယောက်ပြီးတစ်ယောက် ဆိုင်မပိတ်ဘူးလား၊ ဆိုင်မပိတ်ဘူးလား၊ ဒီလို ဒီလို ဗုဒ္ဓဘာသာဝင်တွေက လူအုပ်စုနေတယ်၊ ဓါးတွေလည်း ၀ယ်နေတယ် လို့ လာလာပြောကြတယ်။ အဲ့ဒီအချိန်က ကျမတို့လည်း ဘာမှ အစီအစဉ်မရှိသေးဘူးလေ။ ဘာမှလည်း ခေါင်းထဲမရှိဘူး။ ဘာမှ မဟုတ်ဘူးပဲ ထင်နေတာ။ ညနေ ၃-နာရီ ၄-နာရီလောက်ကျတော့ အစ်ကိုတစ်ယောက်က အပြင်ကပြန်လာပြီး ဆိုင်ပိတ်တော့ ပိတ်တော့ဆိုပြီး ပိတ်ခိုင်းတာ။ မြန်မြန်ပတ်လိုက်တာ ဆိုင်လည်းပိတ်ပြီး တံခါးလည်း ပိတ်လိုက်ရော လူ ၂၀-၃၀ လောက် တုတ်တွေ၊ ဓါးတွေ၊ ခဲတွေနဲ့ ရောက်လာတာ။ အဲဒါနဲ့ ကျမလည်း အပြင်ထွက်ပြီး ဘေးအိမ်မှာ နေနေလိုက်တာ။ အစ်ကိုအစ်မတွေ ယောင်းမတွေကတော့ အိမ်အနောက်ပေါက်နေ ထွက်သွားလိုက်တာ။ တူမလေးကတော့ သွေးသားနုနုဆိုတော့ အိမ်ရှေ့အိမ်ကို ခဏပို့ထားလိုက်တာ။ သူ့ကိုတော့ ပြဿနာ စမဖြစ်ခင်လေးကပဲ ပို့လိုက်တာ။ သွေးလန့်သွားမှာစိုးလို့။ အဲဒါဆိုင်ပိတ်ပြီး ဖြစ်လာရင် ဘယ်လိုလုပ်ရမလဲ စဉ်းစားနေတာ။ အဲဒီအချိန်မှာပဲ တံခါးတွေကို ခဲတွေနဲ့ပေါက်တယ်၊ တုတ်တွေနဲ့ရိုက်တယ်။ ကြေမွနေအောင်ပေါက်ပစ်လိုက်တာ။ အဲလိုလည်း မိနစ် ၂၀-လောက် အဲလိုလည်းလုပ်ပြီးရော သူတို့ ထွက်သွားကြတယ်။ အဲဒါနဲ့ ကျမလည်း ကျမတူမလေး သွေးတက်နေမှာစိုးလို့ အိမ်ရှေ့အိမ်သွားလိုက်တယ်။ သွားပြီး ရပ်စကားပြောနေတုန်းပဲရှိသေးတယ် နောက်ထပ် လူ ၅-ယောက်လောက် ဆိုင်ကယ် ၂-စီးနဲ့ ပြန်ရောက်လာတယ်။ တစ်ယောက်က ဓါးပါတယ်။ ဓါးရှည်ကြီးပါတယ်။ တုတ်တွေပါတယ်၊ နောက် ၂-ယောက်လောက်က ခဲတွေပါတယ်။ ပထမအဖွဲ့လုပ်သွားတုန်းက အိမ်တံခါး မပွင့်ဘူး၊ မှန်တွေပဲ ကွဲသွားတာ။ ပထမလူအုပ်က ၀ုန်းဝုန်း ၀ုန်းဝုန်းနဲ့ မိနစ် ၂၀-လောက် လုပ်သွားကြတာ။

နောက် မိနစ် ၂၀-လောက်ကြာတဲ့အခါ နောက် ၅-ယောက်လာတဲ့အချိန်မှာကျတော့ တံခါးကို အတင်းဆွဲဖွင့်တယ်၊ တံခါးတွေကို ဖျက်တယ်။ တံခါးကိုဖျက်ပြီးတော့ ပစ္စည်းတွေကို အကုန်ဆွဲထုတ်တယ်။ တစ်ယောက်က ဓါးနဲ့ လမ်းလျှောက်နေတယ် အရှေ့မှာ။ သူတို့က ပစ္စည်းတွေ အကုန်ဆွဲထုတ်ပြီးတော့ နောက်ထပ် လူတွေ ရောက်ရောက်လာတယ် ဆိုင်ကယ်တွေနဲ့။ ဘယ်သူမှန်း ဘယ်ဝါမှန်းတော့ မသိဘူး။ သူတို့တွေက ပစ္စည်းတွေကို ထုတ်လာလိုက် အင်ဂျင်ဝိုင်ပုလင်းတွေထုတ်လာလိုက် မ-သွားလိုက်၊ အမျိုးသမီး အလှပြင်ပစ္စည်းတွေ ထုတ်လာလိုက် မ-သွားလိုက်နဲ့။ အိမ်နဲ့ဝင်ပြီးမှ တကယ့် အနုကြမ်းစီးသလိုပဲ။ အဲလိုလုပ်နေတာ နာရီဝက်လောက်ကြာသွားတယ်။ ပစ္စည်းတော်တော်များများ ပါသွားတယ်။ ခဏနေတော့ ရဲကားရောက်လာတယ်။ ရဲက အဲဒီယူသွားတဲ့လူတွေကိုလိုက်တယ်။ ပစ္စည်းယူသွားတဲ့ ၂-ယောက်ကို ရဲက မိလိုက်တယ်၊ ကျန်တဲ့သူတွေက ထွက်ပြေးသွားတယ်။ အဲဒီ ဖမ်းမိတဲ့ ၂-ယောက်က ဖျက်တဲ့ ၂-ယောက်မဟုတ်ဘူး။ သူတို့က လမ်းသွားရင်းနဲ့ သူများတွေ ပစ္စည်းယူနေတာတွေ့လို့ သူတို့က ၀င်လိုက်ယူတာ။ ကျန်တဲ့လူတွေက လူလည်တွေဆိုတော့ပြေးတာ။ မိသွားတဲ့ ၂-ယောက်က လုပ်တဲ့သူတွေ မဟုတ်ဘူး။

ရဲတွေက အချိန် ၁-နာရီခွဲလောက် အရှေ့မှာ ရပ်နေတယ်။ သူတို့က စစ်ချက်တွေယူတယ်။ ၁၀-မိနစ် ၁၅-မိနစ်လောက်နေတော့ ဘုန်းကြီးကား ၃-စီးလောက်လာတယ်။ ဘုန်းကြီးတွေနဲ့ ရဲတွေ ၁၀-မိနစ်လောက် စကားပြောပြီးတော့မှ ဘုန်းကြီးတွေ ပြန်သွားတယ်။

အခုလောလောဆယ်တော့ ကျမတို့အိမ်ပါတယ်။ ဟုတ်ပါတယ် ၃-အိမ်ပါ။ ကမ္ဘာကျော်ရယ်၊ မလိခရယ်၊ ၀င်းမေတ္တာရယ် အဲဒီ ၃-ဆိုင် ဖျက်ဆီးခံလိုက်ရတယ်။ ဟုတ်ပါတယ် အိမ်နဲ့တွဲလျက်ရှိတာပါ။

လူအသေအပျောက် ထိခိုက်ဒဏ်ရာ ရတာတော့ မရှိပါဘူး။ ဟုတ်ကဲ့ သူတို့လုပ်လို့တော့ ဒဏ်ရာမရပါဘူး။ လူတွေက တတ်နိုင်သလောက်ပြေးလွှားရတော့ တစ်ခြားအရာတွေနဲ့ ထိခိုက်မိလို့ ပွန်းပဲ့ဒဏ်ရာရတာတော့ရှိတယ်။ သူတို့က လူကိုတွေ့ရင်တော့ လုပ်မယ့်အနေအထားရှိတယ်။ အခုက လူကို မတွေ့လို့လေ။ သတ်မယ် သတ်မယ်၊ ခေါင်းဖြတ်မယ်၊ သတ်မယ် ဆိုပြီး အော်နေကြတာလေ။ တံခါးတွေကို ရိုက်နေရင်းနဲ့ ရိုက် ရိုက် ရိုက် ဆိုပြီးအော်နေကြတာ။ ကျမတို့ကတော့ လွတ်အောင် ရှောင်လိုက်တာပါ။ လူရှိရင်တော့ သူတို့ လုပ်မှာပါ။

ဗလီကိုတော့မဖျက်ပါဘူး။ ဗလီကတော့ မနှစ်ကတည်းက ပါသွားပြီးသား။ ဗလီ မရှိတော့ဘူး။ အခုပြောတဲ့ ဗလီဆိုတာက ဂျမအသ်ခါနာ(၀တ်ပြုဆောင်)လည်းမက ဗလီလည်း မကျပါဘူး။ ဆိုင်းတောင်က လူတွေကတော့ ဟိုးအရင်ကတည်းက အဲဒါကို ဗလီလို့ခေါ်ကြတာပါ။

အခုဖြစ်တဲ့အပေါ်မှာ တာဝန်ရှိသူတွေက ဘာပြောလဲဆိုတော့ သူတို့ တစ်ညလုံးစောင့်ပေးမယ်။ စိတ်မပူနဲ့ ဆိုတဲ့အကြောင်းပြောတယ်။ ရ.ယ.က ကို သူတို့ပြောနေသံကိုကြားတယ်။ ရဲမှူးက မှာနေတယ်။ ရယကကို ခင်ဗျားတို့ ကြက်ခြေနီတို့ ဘာတို့ရော ဒီတစ်ညတော့ မအိပ်နဲ့ ဒုက္ခခံပြီး စောင့်ပါလို့ မှာနေတယ်။ လူချထားလား မချထားလားတော့ ကျမလည်း ထွက်မကြည့်ရဲဘူး။ အခု ကျမလည်း အိမ်မှာ မအိပ်ရဲဘူး။ တစ်ခြားအိမ်မှာ အိပ်နေတာ။" ဆိုင်းတောင်မှ ဒေသခံမှ M-Media သို့ အကြမ်းဖက်ဖျက်ဆီးခံရမှု အခြေအနေကို ပြောပြချက်ဖြစ်တယ်။

--

May Peace Be Upon You
Regards,
Ruby

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.