[mrsorcerer:38139] အစိုးရ ဆက်မိုက်နေရင်တော့ အပြင်ရောက်နေတဲ့ မြန်မာတွေပဲ ကြာရင် ဒုက္ခ ရောက်ဖို့ရှိတယ်

By Kamayut Media's status.
အစိုးရ ဆက်မိုက်နေရင်တော့ အပြင်ရောက်နေတဲ့ မြန်မာတွေပဲ ကြာရင် ဒုက္ခ ရောက်ဖို့ရှိတယ့့် 
အင်ဒိုနီးရှားက မြန်မာသံရုံးကို ဗုံးခွဲဖို့ ကြံစည်သူ ၂ဦးကို ဖမ်းဆီး

ဂျကာတာမြို့က မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်တဲ့ သံသယရှိတဲ့ ၂ဦးကို အင်ဒိုနီးရှား အကြမ်းဖက်သမားချေမှူန်းရေးတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီလို့ သောကြာနေ့မနက်မှာ ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ မွတ်ဆလင်တွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ ဖြစ်ရပ်တွေကို တန်ပြန်ဖို့အတွက် စစ်သွေးကြွလို့ ယူဆရတဲ့ လူ ၂ဦးဟာ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ ပြင်ဆင်ခဲ့တာဖြစ်ပြီး သူတို့ကို မော်တော်ဆိုင်ကယ်စီးနင်းနေတုန်း ဖမ်းဆီးမိခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ ဗိုလ်မှူးချုပ် ဘွိုင် အာမာရဲ့ပြောဆိုချက်ကို အေပီသတင်းက ရေးသားလိုက်ပါတယ်။
ဇာနီရယ် ဘာဘီဒင် (၃၈နှစ်)နဲ့ ဂျူလီမန်း (၂၈နှစ်)တို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး သူတို့ငှားနေတဲ့ အခန်းတစ်ခုမှာ လက်လုပ်ဗုံးတွေ အမြောက်အများ ဖမ်းဆီးမိခဲ့ပါတယ်။ ဂျကာတာက မြန်မာသံရုံး ဘေးကင်းဖို့အတွက် အင်ဒိုနီးရှားရဲတွေ အများအပြားကို လုံခြုံရေးအရ ချထားလိုက်ပါပြီ။

သံသယနဲ့ ဖမ်းဆီးခံရသူတွေက သူတို့ဟာ မြန်မာပြည်က မွတ်ဆလင်တွေအပေါ် ပြုမူဆက်ဆံနေပုံနဲ့ပတ်သက်ပြီး လက်စားချေ တုံ့ပြန်လိုကြတယ်လို့ ရဲတွေကို ပြောဆိုခဲ့ပါတယ်။

ရန်ကုန်မြောက်ပိုင်း ဥက္ကံမြို့မှာ အစ္စလာမ်ဘာသာဝင်တွေကို ဧပြီ ၃ဝက အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး တိုက်ကြီးမြို့မှာလည်း ပုဒ်မ ၁၈၈ ကို မေလ ၂ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ကချင်ပြည်နယ် ဖားကန့်မြို့မှာလည်း မွတ်ဆလင်တွေ ပိုင်ဆိုင်တဲ့ ဆိုင် ၃ဆိုင်ကို လူအုပ်ကြီးက မေလ ၂ရက်နေ့မှာ တိုက်ခိုက်ခဲ့ပါတယ်။
မန္တလေးမြို့မှာလည်း သွေးထိုးလှုံ့ဆော်မှုတွေရှိနေပြီး ရဲတပ်ဖွဲ့တွေက ဖမ်းဆီးမှုတွေ လုပ်ဆောင်နေပေမယ့် လူမျိုးရေးဘာသာရေး အခြေခံတဲ့ အကြမ်းဖက်မှုတွေကို လုံးဝရပ်တန့်သွားအောင် မြန်မာအစိုးရအနေနဲ့ မဆောင်ရွက်နိုင်သေးပါဘူး

--

May Peace Be Upon You
Regards,
Ruby

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.