[mrsorcerer:38140] စုံစမ်းရေးကော်မရှင် အခေါင်းတွေကို နောက်ဆုံးရိုက်သွင်းလိုက်သော သံတစ်ချောင်း

စုံစမ်းရေးကော်မရှင်တစ်ရပ်ရဲ့ အင်္ဂါရပ်နှင့် ညီညွတ်အောင် မလုပ်ဆောင်နိုင်ဘဲ ငြိမ်းချမ်းရေး စင်တာမှာ ခပ်တည်တည် သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တဲ့ စုံစမ်းရေးကော်မရှင်ဝင် လူကြီးတွေဟာ
ပြည်တွင်းမှာ အစိုးရအားကိုးနဲ့ အိမ်ကျယ်လုပ်နိုင်ပေမဲ့ နိုင်ငံတကာမျက်နှာစာမှာ နတ်ဝတ်ပုဆိုး
တိမ်မီးခိုး ဆင်မြန်းထားတဲ့ ပြည့်ရှင်မင်းလို လဇင်းကျွတ်ကြီး ငေါင်းတောင်းတောင်း ဖြစ်နေ တာကိုလည်း သတိထားမိကြဟန် မတူဘူး။

မည်သို့ပင်ဖြစ်စေကာမူ စစ်အစိုးရအဆက်ဆက်ဟာ သူတို့ကို အလုပ်အကျွေးပြုမဲ့ ပညာတတ် အုပ်စုဆိုတာကို အရင်ကလည်း အမြဲတမ်း လွယ်လွယ်ကူကူ ရှာဖွေ အသုံးချနိုင်ခဲ့သလို အခုလည်း
အရင်အတိုင်း အလျှံပယ်ရနေတာပါဘဲဆိုတာကို ရခိုင်ကော်မရှင်က သက်သေပြလိုက်တာပါဘဲ။

ကော်မရှင်ရဲ့ ယေဘုယျ တင်ပြချက်တွေ၊ အကြံပြုချက်တွေမှာ ကောင်းမွန်တာတွေရှိပေမဲ့ အစီရင်ခံစာတစ်ခုလုံးက -

(၁) ဦးသိန်းစိန်အစိုးရကို အကာအကွယ်ပေးရန်
(၂) ရခိုင်အစွန်းရောက်အုပ်စုကို မထိခိုက်စေရန်
(၃) ရိုဟင်ဂျာများကို နိုင်ငံမဲ့ ခိုးဝင်သူ လူဆိုးများအဖြစ် ပုံဖေါ်ရန် ဆိုတဲ့

ဒို့တာဝန်အရေးသုံးပါးကိုတော့ အောင်မြင်စွာ အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ခဲ့တာကို
အထင်အရှား တွေ့ရတယ်။

တစ်ကယ်တော့ ရခိုင်ကော်မရှင်ရဲ့အစီရင်ခံစာဟာ ဦးသိန်းစိန်ဖွဲ့ခဲ့တဲ့ ကော်မရှင်တွေအားလုံး
အတွက် မသာခေါင်းကို နောက်ဆုံးရိုက်သွင်းလိုက်တဲ့ သံတစ်ချောင်းနဲ့လည်း အလားသဏ္ဍာန်
တူပါတယ်။ ဒီလိုပုံမျိုးနဲ့ဆို ဦးသိန်းစိန်အစိုးရက နောင်အနာဂတ်မှာ ကော်မရှင်ဆိုတာများဖွဲ့ရင်
မျက်နှာပြောင်တိုက် ပါဝင်ရဲသူများဟာ အာဂယောင်္ကျားများသာ ဖြစ်ပေလိမ့်မယ်။

( ဦးအောင်တင်)

စုံစမ်းရေးကော်မရှင် အခေါင်းတွေကို နောက်ဆုံးရိုက်သွင်းလိုက်သော သံတစ်ချောင်း
(သို့မဟုတ်) ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာ - pdf ဖိုင်

http://www.mediafire.com/view/?11t5nysj5l4h45w
— with Aung Tin.

--

May Peace Be Upon You
Regards,
Ruby

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.