[mrsorcerer:38155] အကြမ်းဖက်မှုကို အားပေးနေတာလား?

အကြမ်းဖက်မှုကို အားပေးနေတာလား?

by Wai Yan Tun (Notes) on Sunday, May 5, 2013 at 2:40am

Democracy အပြောင်းအလဲမှာ ငါတို့မွတ်ဆလင်တွေ အထိအနာဆုံးပဲ။
ငါတော့ စစ်အစိုးရကိုပဲ ပြန်လိုချင်လာပြီ။
ဘယ်လိုပဲ ကန့်သတ်ချက်တွေ စစ်အစိုးရလုပ်ခဲပေမယ့် အဲဒီခေတ်က မြန်မာတွေက အခုလောက်အောက်တန်းမကျခဲ့ဘူး။
အခုတော့ မြန်မာပြည်လဲ သောက်ရှက်ကွဲ ငါတို့လဲ စိတ်မချမ်းသာ ကြားထဲက တရားလေးပတ်ဟောလိုက် အစာလေးဝအောင်စားလိုက်နဲ့ အဆင်ပြေနေတဲ့ ဘုန်းကြီးတုကသာ အမြတ်ဖြစ်နေတယ်။
ထောင်ကျကတည်းက မွတ်ဆလင်တွေကို နာကျည်းပြီး မကျေမနပ်နဲ့ ဒါတွေလုပ်နေတယ်ဆိုတာ သိသာပါတယ်။
ဘပြောင်လဲ မထိန်း mrtv ကနေအာလူးဖုတ်ဖို့လောက်ပဲသိ။
စစ်တပ်လဲ ဘေးထွက်ထိုင်။
ဒီမိုကရေစီမှာ လမ်းတွေ ကားတွေ ဖုန်းတွေ တိုးတက်လာပေမယ့် စိတ်ဓာတ်တွေက မြောင်းထဲထိထိုးဆင်းသွားပြီ။
မွတ်ဆလင်ကို မုန်းရင် ရှောင်သွားလို့ရပါတယ်။
မုန်းတာသပ်သပ်နဲ့ပဲ သတ်မယ်ဖြတ်မယ်ဆို
အင်ဒို မလေး ဒူဘိုင်းရောက် မြန်မာတွေလဲ အသက်ကို ဖက်နဲ့ထုပ်ထားရတော့မယ်။
ဝီရသူဘုန်းကြီး ကြောင့် နိုင်ငံခြားကမြန်မာတွေလဲ နေစရာမရှိဖြစ်တော့မယ်။


လူလိုစဉ်းစားတတ်ရင် လူလိုနေကြမှာပဲ။
ကုလားဆိုင်တွေကို လိုက်ဖျက်လိုက်လို့ ကုလားတွေ ဒုက္ခရောက်ပေမယ့် ခနပါပဲ။


ငါတို့ မွတ်လဆင်ဆိုတာ တကမ္ဘာလုံးမှာ သန်းထောင်ချီရှိနေတယ် ဒီနိုင်ငံက မွတ်ဆလင်အကုန်လုံးမရှိတော့ရင်တောင် အစ္စလာမ်သာသနာဆိုတာ ပျက်စီးမသွားဘူး။
ဗုဒ္ဓဘာသာဆိုတာ နူးညံ့တဲ့ ဘာသာဆိုပေမယ့် အခုတော့ ဘာထူးလဲ?
ဗလီဆရာတွေ အကြမ်းဖက်တရားဟောတယ်လို့ တချိန်တုန်းက လက်ညှိုးတွေထိုးခဲ့တယ်။ အခုတော့ အဲ့ဒီလက်ညှိုးကို ကိုယ့်ဘက်သာ ပြန်လှည့်ထိုးပေတော့။
အကြမ်းဖက်တရားဟောတဲ့ ဘုန်းကြီးတွေ ပေါ်ပျူလာဖြစ်နေပြီလေ။


ဘာတဲ့ ပြောခဲ့ကြတာ
"Muslim တိုင်းက အကြမ်းသမားမဟုတ်ပေမယ့် အကြမ်းဖက်သမားတိုင်းက Muslim တွေဖြစ်ပါတယ်တဲ့။"
ကမ္ဘာကိုဘေးချိတ်လို့ပြည်တွင်းပဲ ကြည့်ပါဦး။
"ဗုဒ္ဓဘာသာဝင်တိုင်းသည် အကြမ်းဖက်သမား မဟုတ်ပေမယ့် အကြမ်းဖက်သမားတိုင်းကတော့ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်နေပြီလေ။"


စစ်မှန်တဲ့ ဗုဒ္ဓဘာသာဝင်ဆိုသူ အများစုကလဲ ပါးစပ်ကသာ ငြိမ်းချမ်းရေးလိုလားပြီး တကယ်တန်းမှာ ကိုယ်နဲ့မဆိုင်သလို မသိသလိုလို ကုလားသေတာ စိတ်မကောင်းပါဘူးကွာလောက်ပြောပြီး ဘေးထွက်ထိုင်နေတယ်။
တကယ်ဆို အကြမ်းဖက်မှုအားပေးတဲ တရားပွဲတွေ မဖြစ်ပေါ်လာအောင် ခင်ဗျားတို့လုပ်ရမှာ။
ကျနော်တို့မှာ တားပိုင်ခွင့်လဲမရှိဘူး။ ပြသနာသွားရှာရင်လဲ ကိုယ်တွေကိုပဲ ပြန်ပြီး အကြမ်းဖက်ကြဦးမယ်။
ဗုဒ္ဓဘာသာဆိုင်ရာ သံဃာအဖွဲ့ကြီးတို့ဘာတို့ကရော သြဇာအာဏာမရှိတော့ဘူးလား?
အစိုးရကလုပ်နေတယ်ဆိုလဲ လူစိတ်ရှိတဲ့ အစိုးရဝန်ထမ်းတွေ မရှိတော့ဘူးလား?
ခင်ဗျားတို့အတွက်တော့ အရေးမကြီးပေမယ့် ကျုပ်တို့ မွတ်ဆလင်တွေက ဘာမှလဲမဆိုင်ပဲ ကျီးလန့်စာစား၊ အိမ်တွေ ဆိုင်တွေ ဖျက်ဆီးခံရနဲ့။
ဗုဒ္ဓဘာသာဝင်နိုင်ငံမှာ နေရတာ အေးချမ်းလိုက်တာလို့ မွတ်ဆလင်တွေတွေးမိခဲ့မယ်ဆိုရင်တောင် ခင်ဗျားတို့ဘာသာအတွက် ဂုဏ်ယူဖွယ်မကောင်းဘူးလား?
အခုတော့ ၆ပြားမတန်တဲ့ အောက်တန်းစား အရေခြုံမြေခွေးတသိုက်ကြောင့် တကမ္ဘာလုံးမှာ လူ့အခွင့်အရေးချိုးဖောက်တဲ့နိုင်ငံဆိုတာတွေရော Extreme Buddhist Terrorists ဆိုပြီးရော Burma Bin Laden ဆိုတာတွေရော Armed Buddhist Monks ဆိုပြီးရော ပလူပျံနေပြီ။
ကျနော်တို့အတွက် ရဲက ဥပဒေက အကာအကွယ်မပေးဘူးဆိုရင် စစ်မှန်တဲ့ ဗုဒ္ဓဘာသာဝင်ဆိုသူခင်ဗျားတို့ကရော မဆိုင်သလိုပဲနေနေဦးမှာလား?
အကြမ်းဖက်မှုတွေ မဖြစ်လာအောင် တတ်နိုင်တဲ့ ဘက်က မကူညီပေးနိုင်တော့ဘူးလား?
မွတ်ဆလင်တွေကို ခင်ဗျားတို့ကပါ ရောပြီး ဧည့်သည်တို့ အိမ်ရှင်တို့ သံယောင်လိုက်နေသေးတယ်။

ဗုဒ္ဒဘာသာကို အမှန်တကယ် တန်ဖိုးထားတယ်ဆိုရင်တော့ အမျိုးချစ်တယ် နိုင်ငံချစ်တယ်ဆိုပြီး အာလူးပေးပြီး တကယ်တန်းမှာ သာသနာကို ညှိုးနွမ်းအောင်လုပ်နေတဲ့ သာသနာဖျက်တွေကို မိမိတတ်နိုင်တဲ့ဘက်ကနေ ဟန့် တားသင့်တယ်လို့ ထင်ပါတယ်။


(ဗုဒ္ဒဟာ အကြမ်းဖက်မှုကို လမ်းညွှန်ခဲ့တာ မဟုတ်ဘူးဆိုတာ မှန်ရင်တော့ ကျနော်ပြောတာကို လက်ခံမယ်ထင်တယ်။)



--

May Peace Be Upon You
Regards,
Ruby

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.