[mrsorcerer:38154] မြန်မာပြည်ရှိ မွတ်စလင်များအား တိုက်ခိုက်နေခြင်းကို ပြင်းထန်စွာ ရှုံ့ချခြင်း

မြန်မာပြည်ရှိ မွတ်စလင်များအား တိုက်ခိုက်နေခြင်းကို ပြင်းထန်စွာ ရှုံ့ချခြင်း

by Aung Tin (Notes) on Sunday, May 5, 2013 at 3:48am

မြန်မာပြည်ရှိ မွတ်စလင်များအားတိုက်ခိုက်နေခြင်းကို ပြင်းထန်စွာ ရှုံ့ချခြင်း

 

၁။ အစ္စလာမ်သာသနာနှင့်မြန်မာနိုင်ငံသားမွတ်စလင်များကို စော်ကားနှိမ့်ချသော စာရွက်စာတန်းများ၊ဗီဒီယိုခွေများကို ဖြန့်ချိခြင်း၊ တရားပွဲများ ကျင်းပပြုလုပ်ခြင်းများကို ဦးသိန်းစိန်အစိုးရလက်ထက်တွင် မကြုံစဖူး များပြားစွာ နိုင်ငံနှင့်တဝှမ်း ပြုလုပ်လာကြသည်။

 

၂။ ခလေးသူငယ်၊ အမျိုးသမီး၊သက်ကြီးရွယ်အိုပါမကျန် မြန်မာမွတ်စလင်များကို နှုတ်ဖြင့်စော်ကားမှု၊ ကိုယ်ထိလက်ရောက်တိုက်ခိုက်မှု၊ သတ်ဖြတ်မှု၊ လုယက်မှု၊ မီးရှို့မှုစသည့် ရာဇဝတ်မှုများသည်လည်းမြန်မာ့သမိုင်းတွင် အများဆုံးစံချိန်တင်အောင် ဦးသိန်းစိန်အစိုးရ လက်ထက်မှာမှဖြစ်ပွါးလျှက်ရှိသည်။

 

၃။ ငြိမ်းချမ်းစွာ ကိုယ့်လယ် ကိုယ်ထွန်သောလက်ပံတောင်းတောင် လယ်သမားများကို ပစ်ခတ်နှိမ်နင်းသော ဦးသိန်းစိန်အစိုးရသည် မိတ္ထီလာမြို့နေမွတ်စလင်များကို ခလေးသူငယ်ပါမချန် မိမိရှေ့မှောက်တွင် ရက်ရက်စက်စက်ခုတ်ထစ်သတ်ဖြတ်ပြီး မသေမရှင် မီးရှို့နေကြသော အကြမ်းဖက်သမားများကိုမူ ရပ်ကြည့်နေခဲ့သည်မှာဗီဒီယိုမှတ်တမ်းများအရ မြန်မာသိ၊ ကမ္ဘာသိဖြစ်ပေ၏။

 

၎။ သမ္မတဦးသိန်းစိန်သည် လူမျိုးရေး၊ဘာသာရေး မုန်းတီးမှုလှုံ့ဆော်သူများကို ထိရောက်စွာ အရေးယူမည်ဟု မိန့်ခွန်းများအကြိမ်ကြိမ်ပြောကြားခဲ့သော်လည်း မုန်းတီးမှုများကို ဦးဆောင်လှုံ့ဆော်နေသောသံဃာများ၊ နိုင်ငံရေးပါတီများ၊ လူပုဂ္ဂိုလ်များကို ယနေ့တိုင် သိလျက်နှင့် အရေးမယူ တမင်လစ်လျူရှုလျှက်ရှိသည့်အပြင်အကြမ်းဖက်မှုများဖြစ်ပွါးမည်ကို သိရှိတိုင်ကြားသော်လည်း မတားဆီးပေးခြင်း၊အကြမ်းဖက်နေစဉ်လည်း လုံလောက်စွာ အကာအကွယ်ပေးရန် ပျက်ကွက်ခြင်းတို့ကို ဆက်ခါ ဆက်ခါပြုလုပ်လျှက်ရှိ၏။

 

၅။ အစ္စလာမ်သာသနာနှင့် အစ္စလာမ်သာသနာသက်ဝင်ယုံကြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်မှုများကို ဦးသိန်းစိန်အစိုးရ၏ ကာလရှည်ကြာစွာလစ်လျူရှုမှုများကြောင့် နိုင်ငံတကာတွင် အမိမြန်မာနိုင်ငံနှင့် နိုင်ငံသားများ၏ဂုဏ်သိက္ခာများကျဆင်းလျှက် ရှိရုံသာမက အင်ဒိုနီးရှားနိုင်ငံတွင် မြန်မာသံရုံးကိုဗုံးခွဲတိုက်ခိုက်ရန် ကြံစည်လာသည်အထိ ဖြစ်ရခြင်းမျိုးကို မြန်မာမွတ်စလင်များကလုံးဝ မလိုလားပါ။ အကြမ်းဖက်မှု မှန်သမျှကို ပြင်းထန်စွာ ရှုံ့ချသည်။ အင်ဒိုနီးရှားအစိုးရကအင်ဒိုနီးရှားရှိ မြန်မာသံရုံးနှင့် မြန်မာနိုင်ငံသားများကို အကာအကွယ်ပေးသကဲ့သို့လည်းကောင်း၊ဘင်္ဂလားဒေရှ့်အစိုးရက သူ့နိုင်ငံတွင်းရှိ လူနည်းစု ဗုဒ္ဓဘာသာဝင်များ၏ဘုရားကျောင်းကန်များ၊ အသက်အိုးအိမ်များကို ထိရောက်စွာ အကာအကွယ်ပေးပြီး အကြမ်းဖက်သမားများကိုပြတ်ပြတ်သားသား နှိမ်နင်းသကဲ့သို့လည်းကောင်း ဦးသိန်းစိန်အစိုးရမှ သိက္ခာရှိသောအရေးယူမှုများကို လုပ်ဆောင်ပြရန်လိုအပ်သည်။

 

၆။ မြန်မာမွတ်စလင်များသည်မည်သို့သောအခြေအနေတွင်မှ အကြမ်းဖက်နည်းလမ်းကို ရွေးချယ်မည် မဟုတ်သည့်အပြင် မိမိတို့၏ပြည်တွင်းရေးပြသနာများကို နိုင်ငံသားအချင်းချင်း တန်းတူရည်တူ အပြန်အလှန်လေးစားသောအခြေခံများအားဖြင့်သာ ဖြေရှင်းနိုင်သည်ဟု အခိုင်အမာယုံကြည်သည်။ မိမိတို့လူမျိုးနှင့်မိမိတို့သာသနာကို ဧည့်သာသနာနှင့် ဧည့်နိုင်ငံသားအဖြစ် အချောင်အာဏာသိမ်းခဲ့သော စစ်ဗိုလ်လက်တစ်ဆုပ်စာက၁၉၈၂ခုနှစ်တွင် တရားမဲ့ သမိုင်းဖျောက် သတ်မှတ်ခဲ့ခြင်းကို မြန်မာပြည်ရှိ တိုင်းရင်းသားမွတ်စလင်များက မည်သည့်အခါမှ လက်ခံမည် မဟုတ်ပါ။ လူမျိုးပေါင်းစုံ သွေးစပ်၍ဖြစ်ပေါ်လာရသော တိုင်းရင်းသားလူမျိုးတိုင်းတွင် တရုပ်စပ်သူများက ဝန်ကြီးဖြစ်နေချိန်တွင်အိန္ဒိယစပ်သူများကို နိုင်ငံမဲ့ ဧည့်သည်များသဖွယ် အဆင့်အတန်းခွဲခြားဖိနှိပ်မှုများကို ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ဖျက်သွားမည်။

 

၇။ ကာလရှည်ကြာစွာ စနစ်တကျ အစီအစဉ်ရှိရှိ တစ်ဖက်သတ်တိုက်ခိုက်သတ်ဖြတ်နေမှုများကြောင့် အသက်အိုးအိမ်များ ပျက်ဆီးဆုံးရှုံးခဲ့ရသည့်အပြင်ပိုမိုပြင်းထန်ဆိုးရွားစွာ ဆက်လက်တိုက်ခိုက်ဦးမည့် အခြေအနေများ နိုင်ငံအနှံ့တိုးတက်များပြားလာနေသဖြင့် မြန်မာမွတ်စလင်များသည် နေ့စဉ်နှင့်အမျှလုံခြုံမှုကင်းမဲ့ပြီး စိုးရိမ်သောကများ ဖိစီးနေသော်လည်းပုဂ္ဂိုလ်အနည်းငယ်မျှလောက်ကလွဲ၍ နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးနယ်ပါယ်ကခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလည်များထံမှစိတ်ပိုင်းဆိုင်ရာ စာနာမှုများကိုပင် ပြည့်ဝလုံလောက်စွာ မရရှိခြင်းတို့ကြောင့်မြန်မာမွတ်စလင်များသည် ကြီးမားသော စိတ်ဒါဏ်ရာများကို ခံစားလျှက်ရှိနေကြောင်းကိုလည်းအတိအလင်း မှတ်တမ်းတင်အပ်သည်။

 

၈။ မြန်မာမွတ်စလင်ဆယ်ဦး တောင်ကုတ်တွင်နေ့ခင်းကြောင်တောင် သွေးအေးအေးနှင့် သတ်ဖြတ်မှုကို မဖေါ်ထုတ်နိုင်ခြင်း၊ရိုဟင်ဂျာလူမျိုးများကို လူဆိုး၊ နိုင်ငံမဲ့၊ လူလိမ်၊ ခိုးဝင်လာသူများအဖြစ် စော်ကားရေးသားခြင်း၊ရခိုင်ပဋိပက္ခ၏ လက်သည်တရားခံ လူမျိုးရေး ဘာသာရေးမုန်းတီးမှုလှုံ့ဆော်သူ ရခိုင်အစွန်းရောက်များကိုလစ်လျူရှုထားခြင်းစသည်တို့ကြောင့် ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေးကော်မရှင်၏အစီရင်ခံစာကိုလည်း ပြင်းထန်စွာ ရှုံ့ချသည်။

 

၉။ မြန်မာမွတ်စလင်များ၏ အကျိုးစီးပွါးသည်နိုင်ငံတော်၏ အကျိုးစီးပွါးဖြစ်၏။ မြန်မာမွတ်စလင်များ၏ လုံခြုံမှုသည် နိုင်ငံတော်၏လုံခြုံမှုဖြစ်၏။ ထို့ကြောင့် မြန်မာမွတ်စလင်များ၏ အသက်အိုးအိမ်များကိုအကာအကွယ်ပေးရန် နိုင်ငံတော်အစိုးရတွင် အပြည့်အဝ တာဝန်ရှိသည်။လူမျိုးကိုစွဲ၍လည်းကောင်း၊ ကိုးကွယ်သော သာသနာကိုစွဲ၍လည်းကောင်း  အုပ်စုဖွဲ့ တိုက်ခိုက်ခြင်းသည် နိုင်ငံတကာရာဇဝတ်မှုဆောင်သော ပြစ်မှုကြီးဖြစ်သဖြင့် အချိန်မီထိရောက်စွာ မတားဆီးပေးနိုင်ပါကနိုင်ငံတော်အစိုးရတွင်သာ တာဝန်ရှိသွားမည်ဖြစ်ကြောင်းကို လေးနက်စွာ သတိပေးလိုက်သည်။

 

မြန်မာမွတ်စလင် အစည်းအရုံး                                                                                    မေလ ၄၊ ၂၀၁၃



--

May Peace Be Upon You
Regards,
Ruby

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.