[mrsorcerer:38157] နိုင်ငံသား


နိုင်ငံသား
ရေးသားသူ- ဒေါက်တာမင်းဇော်ဦး

၂၀၀၇ ခုနှစ် လောက်ကကျွန်တော် Georgetown University မှာ အမျိုးသားလုံခြုံရေးဘာသာရပ်နဲ့ ကျောင်းတက်စဉ်အခါက အတန်းထဲက လူ
တစ်ယောက်ကို သတိထားမိတယ်။ အဲဒီလူက အရပ်မြင့်မြင့် ကိုယ်ကာယတောင့်တောင့်တင်းတင်း အာရပ်ပုံမျက်နှာပေါက်နဲ့သူဆိုတော့ လူဖြူကြီးစိုးတဲ့ အတန်းထဲမှာ ထင်ထင်သာသာဖြစ်နေတယ်။ ဒါထက်ပိုပြီး သတိထားမိတာက သူ့ခြေထောက်မှာ သေနတ်အတိုတစ် လက်အမြဲ ပတ်ထားတာတွေ့တော့
အစိုးရလုံခြုံရေးအရာရှိတစ်ယောက်ဖြစ်မယ်ဆိုတာတော့ ခန့်မှန်းလို့ရနေတယ်။ နောင်ရင်းနှီးလာတဲ့အခါ သိရတာက သူကလက်ဘနွန် နိုင်ငံမှာမွေးပြီး
အမေရိကန်မှာ ကြီးပြင်းခဲ့တဲ့ အမေရိကန်နိုင်ငံသားဆိုတာတင်မက FBI မှာ အထူးစုံစမ်းရေးအရာရှိတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်နေတယ်ဆိုတာတော့
သိရတယ်။ နောက်တစ်လလောက်ကြာတော့ အီရတ်ကဆက်ဒမ်ဟူစိန်ကိုဖမ်းမိစဉ်က ဘယ်လိုစစ်ဆေးခဲ့တယ်။ ဆက်ဒမ်က ဘယ်လိုဝန်ခံခဲ့တယ်ဆိုတဲ့အ
ကြောင်းကို တီဗီမှာပြတယ်။ အဲဒီမှာသိရတာက ဆက်ဒမ်ကိုအဓိကစစ်ခဲ့ သူကကျွန်တော့်အတန်းဖော် FBI က အာရပ်ကြီးဆိုတာပါပဲ။

အမေရိကန်ရဲ့စစ်တပ်ထဲမှာတင်မက အမျိုးသားလုံခြုံရေးနဲ့ သက်ဆိုင်တဲ့ ရဲ၊ ထောက်လှမ်းရေးစတဲ့ ဌာနတွေမှာ လူဖြူတွေသာမကဘဲ လူမည်း၊ အာရှသား၊
အရှေ့အလယ်ပိုင်းစတဲ့ လူမျိုးစုံ၊ မွတ်ဆလင်၊ ခရစ်ယာန်၊ ဗုဒ္ဓဘာသာစတဲ့ ကိုးကွယ်ယုံကြည်မှုပေါင်းစုံတွေပါဝင်ကြတယ်။ အမေရိကန်နိုင်ငံက မွတ်ဆလင်
အစွန်းရောက်အကြမ်းဖက်နှိမ်နင်းရေးစီမံချက်တွေမှာ ပါဝင်ဆောင်ရွက်ကြသူထဲမှာ လူဖြူမဟုတ်တဲ့ မွတ်ဆလင်ဘာသာ ကိုးကွယ်သူတွေ အများကြီးပါခဲ့ပါ
တယ်။ အိုစမာဘင်လာဒင်ကို အသေရခဲ့တဲ့ လျှပ်တစ်ပြက်စစ်ဆေးရေးလုပ်တော့ Navy Seals ကွန်မန်ဒိုအဖွဲ့နဲ့အတူ လူဖြူမဟုတ်တဲ့ ပါကစ္စတန်အူဒူ စကားပြော
မွတ်ဆလင်တစ်ဦး လိုက်ပါခဲ့တယ်လို့ ဖတ်ခဲ့ရပါတယ်။ ကျွန်တော့်အတန်းဖော်တွေထဲမှာ ပါကစ္စတန်မှာမွေး၊ အမေရိကန်ကြီး မွတ်ဆလင်သူငယ် ချင်းတွေရှိပါတယ်။

သူတို့ ကျောင်းပြီးသွားတဲ့အခါမှာ အရေးကြီးတဲ့ လုံခြုံရေးဌာနတွေမှာ အမေရိကန်နိုင်ငံနဲ့ ပြည်သူတွေကိုအကြမ်းဖက် သမားတွေရန်က ကာကွယ်ဖို့တာဝန်
ထမ်းဆောင်နေတာ တွေ့ရတယ်။ ဒါနဲ့ စိတ်ထဲမှာ တွေးကြည့်မိတယ်။ အမေရိကန်မှာကြီးစိုးတဲ့ လူများစုလူဖြူမဟုတ်ဘဲ ဒီမှာမမွေးဘဲနဲ့တောင် ဒီနိုင်ငံအပေါ်မှာ
ဘာကြောင့်များ သစ္စာခံကြတာလဲဆိုတာ စဉ်းစားစရာဖြစ်လာတယ်။

နိုင်ငံသား ဖြစ်ခြင်းဆိုတာ ဥပဒေအကြောင်း တစ်ခုတည်းနဲ့ တိုင်းတာယုံနဲ့ မပြည်စုံနိုင်ပါဘူး။ နိုင်ငံသားဥပဒေ ဆိုတာကတော့ နိုင်ငံတိုင်းမှာရှိပါတယ်။ Jus sanguinis လို့ ခေါ်တဲ့ သွေးသား တော်စပ်မှုနဲ့ဆိုင်တဲ့ နိုင်ငံသားဖြစ်ခြင်းဆို တာကို ဂရိ၊ အီတလီ၊ တူရကီစတဲ့နိုင်ငံတွေမှာ တွေ့ရတယ်။ တချို့က
တရားဝင် ရွှေ့ပြောင်းနေထိုင် အလုပ်လုပ်ကိုင်တဲ့ အချိန်သတ် မှတ်ချက်တွေအပေါ်မူတည်ပြီး Naturalization လို့ခေါ်တဲ့ နိုင်ငံသားပြုခံခွင်ဆိုတာလည်း နိုင်ငံ
အတော်များများမှာရှိပါတယ်။ ဘာသာရေးကို အခြေခံပြီး နိုင်ငံသားပေးတဲ့ အစ္စရေးလိုနိုင်ငံမျိုးလည်းရှိပါတယ်။ ဘယ်လိုရေးဆွဲထားတဲ့ ဥပဒေတွေနဲ့ပဲ နိုင်ငံသား
ဖြစ်ဖြစ် နိုင်ငံသားတစ်ယောက်ရဲ့ အခြေခံဝတ္တရားက ကိုယ့်နိုင်ငံအပေါ်မှာ သစ္စာရှိဖို့ဖြစ်တယ်။ ဒါကြောင့် တိုင်းတစ်ပါးက၀င်ရောက်လာသူတွေ ဥပဒေနဲ့ညီလို့ နိုင်ငံ
သားမဖြစ်မီမှာ နိုင်ငံသစ်ကို သစ္စာခံတဲ့ သစ္စာဆိုပွဲတွေ လုပ်ရတယ်။

ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေကို ဆင်းရဲတဲ့ နိုင်ငံတွေက ရေကြည်ရာ မြက်နုရာ အဖြစ်နည်းမျိုးစုံနဲ့ဝင်ရောက်လာကြပါတယ်။ ဒါပေမဲ့ ဒီလူတွေက အလိုအလျောက်
သစ္စာခံဆိုတာဖြစ်သွားတာမဟုတ်ဘူး။ လက်ရှိအမေရိကန်နဲ့ ဗြိတိသျှလုံ ခြုံရေးဌာနတွေမှာ တာဝန်ထမ်း ဆောင်နေတဲ့ လူဖြူမဟုတ်တဲ့ ဘာ သာခြားတွေဟာ
အများစုက အဲဒီ နိုင်ငံမှာမွေးတဲ့ ကြီးတဲ့သူတွေဖြစ် တယ်။ နိုင်ငံသားချင်းတူတာတောင် မှ အသက်ကြီးမှ အခြေလာချပြီးနိုင်ငံသား ဖြစ်လာတဲ့သူတွေထက် စာရင်
ဒီမြေဒီရေမှာမွေးဒီယဉ်ကျေးမှုနဲ့ ဆက်စပ်ကြီးပြင်းတဲ့သူတွေကို လုံခြုံရေးအရ ပိုယုံကြည်လေ့ရှိတယ်။ နိုင်ငံသားနှစ်ခု လက်ခံတဲ့ အမေရိကန်လို နိုင်ငံမှာတောင်
လုံခြုံရေးအရ အရေးကြီးတဲ့ တာဝန်မျိုးတွေယူတော့မယ်ဆိုရင် အခြားနိုင်ငံသားအဖြစ်ကိုစွန့်ရတယ်။

နိုင်ငံတစ်ခုကို သစ္စာခံတယ်ဆိုတာ အဲဒီနိုင်ငံနဲ့ နိုင်ငံသားတစ်ယောက်ရဲ့ကြားထဲမှာ တည်ဆောက်ထားတဲ့ တွယ်တာမှု မြတ်နိုးမှုတစ်ခုဖြစ်တယ်။ ဒီတွယ်တာမှု
ကြီးလေလေ နိုင်ငံသားရဲ့ သစ္စာကြီးလေလေဖြစ်တယ်။ ဒီတွယ်တာမှုရဲ့ အခြေခံက National Identity လို့ ပြောတဲ့ အမျိုးသားအမှတ်လက္ခဏာ ရှိမှုပါပဲ။

နိုင်ငံသားတစ်ယောက်အဖြစ် နိုင်ငံတော်ကို သစ္စာခံဖို့ ဆိုတာ "မြန်မာနိုင်ငံသား "ပါဆိုတဲ့ အမျိုး သား လက္ခဏာကို နှစ်နှစ်ကာကာခံ ယူထားဖို့လိုတယ်။
ဥပဒေကြောင်း အရ နိုင်ငံသားဖြစ်ရုံမက ရင်ထဲကလာတဲ့ အမျိုးသားလက္ခဏာသတ် မှတ်ချက်တစ်ခုရှိဖို့လိုတယ်။ အမျိုးသားလက္ခဏာဆိုတာ "သင်ယူရ
တဲ့ဖြစ်စဉ်" ဖြစ်တယ်လို့ မနုဿဗေဒလေ့လာတဲ့ပညာရှင်တွေပြော လေ့ရှိတယ်။ လူတစ်ယောက်ကြီး ပြင်းလာတဲ့ဖြစ်စဉ်မှာ သူ့ရဲ့ပတ်ဝန်းကျင်နဲ့
ထိတွေ့ဆက်ဆံမှုတွေကနေ အမျိုးသားလက္ခဏာကို လက်ခံခဲ့ကြတာဖြစ်တယ်။ တိုင်းပြည်ရဲ့ ပညာရေးစနစ်၊ ယဉ်ကျေးမှု၊ အများနဲ့ထိတွေ့တဲ့ ဆက်ဆံရေး တွေ၊
အမျိုးသားရေး လက္ခဏာဆောင်တဲ့ လူမှုရေးတည်ဆောက်မှုတွေပေါ်မှာမူတည်ပြီး အမျိုးသားလက္ခဏာတစ်ခုဖြစ်လာတယ်။ ဒီဖြစ်စဉ်အတွင်းမှာပဲ ဒီလက္ခဏာ က ဘယ်လောက်ခိုင်တယ်၊ မခိုင်ဘူးဆိုတာလည်း တာသွားပြန်တယ်။

နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ကြားမှာ သစ္စာစောင့်သိမှုကို တံတားထိုးပေးထားတာက "စနစ်" ဖြစ်တယ်။ စနစ်က နိုင်ငံသားဆိုတဲ့ အသိကိုသင်ကြားပေးသလို ဒီနိုင်ငံ
က ငါ့ကို ဘယ်လောက်ထိလက်ခံ သလဲဆိုတဲ့ လက်ခံခြင်းနဲ့ ငြင်းပယ် ခြင်းဆိုတဲ့ အသိကိုလည်း ဖန်တီးပေးတယ်။ လူမျိုးဘာသာကွဲပြားမှုအပေါ်မှာ
ခွဲခြားဆက်ဆံတဲ့စနစ် ဆိုရင် ခွဲခြားခံရသူတွေရဲ့ကြားမှာ နိုင်ငံသားဆိုတဲ့အမျိုးသား လက္ခဏာကို သစ္စာစောင့်သိမှုလျော့သွားရော။ စနစ်ကငြင်းပယ်ခံရတဲ့
နိုင်ငံသားမှာ နိုင်ငံအပေါ် သစ္စာရှိမှုဆိုတာလည်း လျော့သွားရော။ ဒီမိုကရေစီကျတဲ့ အနောက် နိုင်ငံတွေမှာ အမျိုးသားလက္ခဏာ တစ်ရပ်ကိုခံယူပြီး နိုင်ငံအပေါ်
သစ္စာရှိကြတယ်ဆိုတာ စနစ်ကိုယ်တိုင်က ခွဲခြားဆက်ဆံမှုတွေကို နည်းနိုင်သမျှနည်းအောင် လုပ်ထားလို့ဖြစ်တယ်။ လက်တွေ့မှာ အားလုံးတစ်ပြေးတည်း
မဖြစ်နိုင်ရင်တောင် တန်းတူညီမျှရေးဆိုတာ အနည်းဆုံးမူအားဖြင့် ရှိဖို့လိုတယ်။ ဒါကတော့နိုင်ငံတော်ဘက်က နိုင်ငံသားဖြစ်မှုအတွက် ချီးမြှောက်ပေးတဲ့ အသိ
အမှတ်ပြုမှုလို့ ယူဆလို့ရတယ်။

နိုင်ငံတော်ဘက်က စနစ်အရ တာဝန်ကျေရုံနဲ့လည်း မလုံလောက်ပါဘူး။ ဒီမိုကရေစီ လူ့အခွင့်အရေး တွေ ပေးတဲ့ အနောက်နိုင်ငံတွေမှာလည်း
နိုင်ငံသားအတုတွေတင်မက ကိုယ်နေတဲ့ တိုင်းပြည် ကိုယ်ပြန်ရန် ရှာသူတွေ ရှိပါတယ်။ ၂၀၀၅ လန်ဒန်မှာ ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက်ပိုင်း အိမ်မွေးခြံပေါက် မွတ်ဆလင်အစွန်း ရောက် အကြမ်းဖက်သမားတွေရဲ့ အန္တရာယ်ကို အနောက်နိုင်ငံတွေမှာ စိုးရိမ်လာကြတယ်။ အမေရိကန်နဲ့ ဥရောပမှာရှိတဲ့ မွတ်
ဆလင်တွေကို ယှဉ်တွဲလေ့လာပြီး သုတေသနတွေ ပြုလုပ်တဲ့အခါမှာ ဥရောပက မွတ်ဆလင်တွေက ပိုပြီး အစွန်းရောက်တဲ့သဘောကို တွေ့ရှိ
ရတယ်။ အဓိကကတော့ လစ်ဘရယ်ဖြစ်လွန်းတဲ့ ဥရောပမှာ Multiculturalism လို့ခေါ်တဲ့ ယဉ်ကျေးမှုပေါင်းစုံဝါဒကို ကျင့်သုံးခဲ့တာကြောင့်ပါ။ ယဉ်ကျေးမှုမျိုးစုံ
ထွန်းကားဖို့က ဘုံအမျိုးသားရေး လက္ခဏာပေါ်ဖို့ထက် ပိုအရေးကြီးတယ်ဆိုတဲ့ ချည်းကပ်မှုမျိုးကို သုံးခဲ့တာ ကြောင့်ပါပဲ။ ဒါကြောင့် အင်္ဂလန်မှာ မွေးပြီးကြီးတဲ့
ဒုတိယမျိုးဆက် မွတ်ဆလင်တွေထဲမှာတောင်ပင်မ ဗြိတိသျှယဉ်ကျေးမှုနဲ့ ဝေးကွာနေသူတွေ အများကြီးပဲ။ သူ့တို့ဘာသာ သူတို့သီးသန့်နေကြတယ်။ ကျင့်ကြံကြ
တယ်။ ဗြိတိသျှအမျိုးသားလက္ခဏာကို မခံယူကြဘူး။

အမေရိကန်မှာ မွတ်ဆလင် တွေ အစုအဝေးလိုက်နေတဲ့ မြို့တွေ ရှိပေမယ့် အားလုံးလိုလိုက တခြား လူမျိုးတွေနဲ့ ရောထွေးနေထိုင်ကြ တယ်။ ဥရောပထက်စာရင်
အမေရိကန်မှာ ပိုပြီး ရောထွေးယှက်တင်ရှိ တယ်။ အမျိုးသား လက္ခဏာဖြစ်တဲ့"အမေရိကန်နိုင်ငံသား"ဆိုတာကို နှစ်နှစ်ကာကာ ခံယူကြတယ်။ ဒါ ကြောင့်
အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်သွယ်လှုပ်ရှားတဲ့ အမေရိကန် နိုင်ငံသား မွတ်ဆလင်ဘာသာဝင် အချို့ရှိပေမယ့် အမေရိကန်နိုင်ငံ လုံ ခြုံရေးအတွက် လုပ်နေတဲ့
မွတ်ဆ လင်တွေနဲ့ ယှဉ်လိုက်ရင် အကြမ်းဖက်သမားဆိုတာ အစွန်းထွက်သက်သက်လောက်ပါပဲ။ ကိုးကွယ်တဲ့ ဘာသာကွဲပြားရုံနဲ့ အမျိုးသား လက္ခဏာ မပျောက်သွားပါဘူး။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ဒီမြေမှာမွေး ဒီမြေမှာ ကြီးပြီး အတူတကွ ယှဉ်တွဲနေထိုင်ခဲ့တဲ့ မွတ်ဆလင်ဘာသာဝင်တွေရှိပါတယ်။ သူတို့အထဲမှာ
မြန်မာနိုင်ငံသားဆိုတဲ့ အမျိုးသားလက္ခဏာကို နှစ်နှစ်ခြိုက်ခြိုက်လက်ခံထားသူတွေ အများကြီးပါ။ ဒီအမျိုးသား လက္ခဏာကို ပိုခိုင်မာလာ ဖို့ဆိုရင် သူတို့တွေ
ကို နိုင်ငံတော်က ကျောသားရင်သားမခွဲခြားတဲ့ စနစ်တစ်ခုနဲ့ ဆက်ဆံပေးနိုင်ဖို့ လိုပါတယ်။ ဘာသာရေးကွဲပြားမှုသက်သက်ကြောင့်အကြမ်းဖက်ခံရမှုတွေက
ကာကွယ်ပေးနိုင်ဖို့ လိုပါတယ်။ နိုင်ငံသားလက္ခဏာ ခိုင်မာလာတာနဲ့အမျှ ဘာသာရေးကွဲပြားမှုဆိုတာ အမျိုးသားအကျိုးစီးပွားအတွက် အတားအဆီး
မဟုတ်တော့ပါဘူး။ ကျောသားရင်သား မခွဲခြားတဲ့ စနစ်တစ်ခု ခိုင်ခန့်လာတဲ့အချိန်၊ ဘုံအမျိုးသားလက္ခဏာဆောင်တဲ့ နိုင်ငံသားစိတ်ဓာတ်တွေ ရင့်ကျက်လာတဲ့
တစ်နေ့မှာတော့ ကျွန်တော်တို့ တိုင်းပြည်မှာလည်း အက်ဖ်ဘီအိုင်က အာရပ်သူငယ်ချင်းလို လူမျိုးဘာသာ မကွဲပြားဘဲ ကိုယ့်နိုင်ငံကို သစ္စာရှိတဲ့သူတွေ တိုင်းပြည်
ကာကွယ်ရေးအတွက် တာဝန်ထမ်း ဆောင်လာကြမှာပါ။

(ဆောင်းပါးရှင် ဒေါက်တာ မင်းဇော်ဦးသည် ကမ္ဘာတစ်ဝန်းမှ ဒီမိုကရေစီအပြောင်းအလဲ ၁၁၅ ခုအား လေ့လာသုံးသပ်ကျမ်းပြုစုခဲ့ပြီး George Mason
တက္ကသိုလ်မှ ပါရဂူဘွဲ့ရရှိခဲ့သူဖြစ်သည်။ Georgetown တက္ကသိုလ်မှ အမျိုးသားလုံခြုံရေးဆိုင်ရာ မဟာဝိဇာဘွဲ့နှင့် George Mason တက္ကသိုလ်မှ
ပဋိပက္ခသုံးသပ်ဖြေရှင်းမှု မဟာသိပ္ပံဘွဲ့တို့ရရှိခဲ့သည်။ လက်ရှိ Myanmar Peace Center အပစ်အခတ်ရပ်စဲရေး ဒါရိုက်တာအဖြစ်နှင့်
ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေသူဖြစ်သည်။(ယခုဆောင်းပါးသည် ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပြီး မည်သည့် အဖွဲ့အစည်းကိုမျှ ကိုယ်စားမပြုပါ)။

Credit @ 7Day News Journal

--

May Peace Be Upon You
Regards,
Ruby

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.