ရွှေပြည်စိုး မေ ၅၊ ၂၀၁၃ သရုပ်ဖော်ပန်းချီ - ပေါ်ဦးသက် လူသေသော်လည်း နာမည်မသေသော ဆရာတော်များတွင် မစိုးရိမ်ဆရာတော် ဦးကောဝိဒါဘိဝံသ လည်းပါဝင်ပါသည်။ ဆရာတော်သည် သက်တော် ၈၀၊ ၂၀၀၈ခု ဧပြီလ ၂၉ရက်နေ့ တွင် ပျံလွန်တော်မူသည်မှာ ၅နှစ်ပြည့်ပြီးဖြစ်သော်လည်း ဆရာတော်၏ ဘွဲ့ နာမကို ဆရာတော်နှင့် သက်တူဝါတူ၊ သက်ငယ်ဝါငယ် ဆရာတော်များ၊ တပည့် စာသင်သားများနှင့် ဆရာတော်၏ တပည့်ဒါယကာ ဒါယကာမများ၊ သာသနာပြုဖော်ပြုဖက်များက ယနေ့ တိုင် လွမ်းဆွတ် သတိရခြင်း အထိန်းအမှတ်ပွဲများ ယနေ့ တိုင် နှစ်စဉ် ကျင်းပလျက် ရှိကြပါသည်။ ထိုသို့  အမှတ်တရပွဲများ ကျင်းပရခြင်းမှာ ဆရာတော်၏ အများသူငါထက် သာလွန်ထက်မြက်သော ပညာအရည်အချင်းနှင့်ပြည့်စုံခြင်း၊ အများအကျိုးဆောင်ရွက်ခြင်း၊ သာသနာ့အန္တရာယ်ကာကွယ်ရာတွင် ရှေ  [...]

Read more of this post