သန်းဝင်းလှိုင်  မေ ၅၊ ၂၀၁၃ ပြည်ထောင်စုမြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးစု အသီးသီးဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသော နိုင်ငံတနိုင်ငံဖြစ် ပေသည်။             သို့သော် မြန်မာနိုင်ငံ၌ အဓိကလူမျိုးကြီး ရှစ် မျိုးရှိပြီး မျိုးနွယ်စုပေါင်း ( ၁၃၅ )မျိုးရှိသည်ဟု ပြောဆိုသုံးနှုန်းနေမှု ကို တိုင်းရင်းသားပါတီ ခုနစ်ပါတီဖြင့် စုဖွဲ့ထားသော "ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း" က ကန့်ကွက်ကြောင်း ၂၀၁၃ ခုနှစ်၊မတ်လ ၂ ရက်နှင့် ၃ ရက်နေ့က ပြုလုပ်ခဲ့သော နှစ်လတကြိမ် ပုံမှန်လွှတ်တော် အစည်းအဝေးအပြီးတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။             ၂၀၁၃ ခုနှစ်၊ဖေဖော်ဝါရီလ ၂၈ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမြင့်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်း(ရွာငံ) [...]

Read more of this post