[mrsorcerer:38158] ဗုဒ္ဓရဲ့လမ်းစဉ်နဲ့ ၀ီရသူရဲ့လမ်းစဉ် ကွဲမြင်အောင်ကြည့်ပါ


ဗုဒ္ဓရဲ့လမ်းစဉ်နဲ့ ၀ီရသူရဲ့လမ်းစဉ် ကွဲမြင်အောင်ကြည့်ပါ

၂၀၁၃ ခုနှစ်၊ မေလ (၄) ရက် | TEOL

ဤကဏ္ဍသို့ အလင်းမျက်ဝန်းပရိတ်သတ်များအနေဖြင့်
မိမိရင်တွင်းရှိ ခံစားချက်များအား ပေးပို့၍
အများပြည်သူများသို့ မျှဝေပေးနိုင်ပါပြီ။
ဝီရသူရဲ့ 969 ဖျက်၍ ဗုဒ္ဓတရားပျက် စစ်မှန်တဲ့ တရားနှလုံးသားမှာ ရှိနေရင် ဘယ်သူ ဘယ်လောက်ဖျက်ဖျက် ကိုယ့်တရားပျက်ဖို့ အကြောင်းမရှိပါ။ အရေးကြီးတာက မိမိယုံကြည်ထားတဲ့ ဘာသာတရားရဲ့ ဆုံးမလမ်းညွှန်မှုနဲ့ သွေဖီဆန့်ကျင်မသွားအောင် မိမိကိုယ်မိမိ ထိန်းသွားတတ်ဖို့ အထူးလိုအပ်ပါတယ်။

ဗုဒ္ဓဘာသာလို့ခံယူထားရင် ရှင်တော်ဗုဒ္ဓရဲ့လမ်းစဉ်ပေါ်မှာ တထပ်တည်းကျအောင် ဆောက်တည်ရပါမယ်။

ဆန့်ကျင်နေရင်တော့ ခေါင်းရိတ် သင်္ကန်းခြုံထားရုံကလွဲပြီး ဗုဒ္ဓရဲ့သားတော် (ရဟန်းသံဃာ) အစစ် လုံးဝ မဖြစ်နိုင်ပါ။

လက်ရှိဖြစ်ပျက်မူတွေကို မှန်မှန်ကန်ကန်လေ့လာပြီး ဗုဒ္ဓရှင်ရဲ့ကိုယ်တိုင်ကျင့်ကြံအားထုတ်ပြီး တပည့်သံဃာများကိုပြသခဲ့တဲ့ လမ်းစဉ်အမှန်နဲ့ ဝီရသူနဲ့ နောက်လိုက် 969 အဖွဲ့ရဲ့လုပ်ဆောင်ချက် ခံယူချက် လမ်းစဉ်ကို နှိုင်းယှဉ်ကြည့်ပါ။ လုံးလုံးကြီးဆန့်ကျင်နေကြောင်း တွေ့ရပါလိမ့်မယ်။ ဒါ့ကြောင့်လဲ စစ်မှန်သော သံဃာအဖွဲ့အစည်းမှ ဝီရသူအား သာသနာဖျက် ပုဂ္ဂိုလ်အဖြစ် သတ်မှတ်လိုက်ခြင်းပါ။

နှိုင်ယှဉ်မှု မြတ်ဗုဒ္ဓသည် မိမိနှင့် အယူဝါဒ ကွဲလွဲသူများအား မည်သည့် ပြစ်တင်ကဲ့ရဲ့ရှုတ်ချမှုမှမပြုခဲ့ မိမိ၏ တရားမှန်ကိုသာ အေးစေးတည်ငြိမ်စွာ ဟောကြားပြသခဲ့သည်။ (ဗုဒ္ဓရှင်နှင့်အရီးကြီးများကဏ္ဏတွင်ကြည့်ပါ)

969 (ဝီရသူအဖွဲ့)သည် ဘာသမတူသော ကွဲပြားသူများအပေါ် အချိန်ပြည့် အပုတ်ချ ပြောဆိုလျှက်ရှိပြီး မိမိအသာစီးရလိုမှုကို အစဉ်တစိုက် ပြောဟောနေသည်။ (ယနေ့တိုင်)

ဗုဒ္ဓရှင်သည် လူသားကိုမဆိုနှင့် တိရိစ္ဆာန်ကိုပင် မိမိ၏ တန်ခိုးအာဏာပါဝါတို့ကို အသုံးချပြီး အနိုင်မယူခဲ့ မေတ္တာတရားဖြင့်သာ အေးငြိမ်းစေခဲ့၏။ (ဏာဒါဂီရိအား အောင်နိုင်ခြင်း = အောင်ခြင်းရှစ်ပါး)တွင် လေ့လာပါ။ 969 သည် မိမိထက် အားအင်နဲပါးသူ တုန့်ပြန်ရန် မပြုနိုင်သူ   ကလေးငယ် မိန်းမများနှင့် သက်ကြီးရွယ်အိုများပါမကျန် နိုင့်ထက်စီးနင်း ပြုကျင့်လျက်ရှိသည်။

ဗုဒ္ဓရှင်သည် လူသားထုတရပ်လုံးအား ဘေးရန်ကင်းကွာ အေးချမ်းပါစေကြောင်း အစဉ်မေတ္တာပို့သလျက် သူတပါး၏အသက်အား ကိုယ်တိုင်လဲမသတ်/အားပေးခြင်းလဲမပြုရုံမက သတ်ဖြတ်မှုမပြုရန်ပင် တားမြစ်ခဲ့သည်။

ဝီရသူသည် 969 အဖွဲ့ဝင်များအား သူတပါးအသက်ကို သတ်ဖြတ်ရန် စီစဉ်ညွှန်ကြားလှုံ့ဆော်နေလျက်  အားပေးအားမြှောက်ပြုနေပြီး ထပ်မန်၍ လူသတ်မှုများ ကျူးလွန်ကြရန် ယနေ့ထိတိုင် အကြမ်းဖက်တရား ဟောလျက်ရှိသည်။

ဗုဒ္ဓရှင်သည် လိမ်လည်မှုကို ဘယ်သောအခါမှ မပြုခဲ့။ အမှန်တရားကိုသာမြတ်နိုးသည် လိမ်လည်မှုမပြုရန်လည်း တားမြစ်ခဲ့သည်။ ဝီရသူသည် မမှန်သတင်းများစွာလုပ်ကြံ၍ ၎င်း၏ facebook မှ တနိုင်ငံလုံးသို့ လွင့်တင်ပြီး ဘာသာရေးအကြမ်းဖက်မှုများ ဖြစ်လာစေရန် သွေးထိုးလှုံ့ဆော်နေ၏။

ဗုဒ္ဓရှင်သည် မိမိအားယုံကြည်ကိုးကွယ်လာစေရန် စစ်မှန်သောတရားကိုသာ ဟောကြားခဲ့၍ ကိုယ်တိုင် ကျင့်ကြံပြသခဲ့သည်။ မည်သူ့ကိုမျှ အကြမ်းဖက်စည်ရုံးခဲ့မှုမရှိခဲ့ ဝီရသူနင့် 969 တို့သည်ကား ဓါးမိုး၍ ဗုဒ္ဓဘာသာသို့ဝင်လျှင် အသက်ချမ်းသာပေးမည်ဟု ဆိုခဲ့ကြသည်။

သို့သော် ကတိမတည်ခဲ့သတ်ခဲ့၏။ မြတ်ဗုဒ္ဓ၏ လမ်းစဉ်နှင့် လုံးလုံးဖီလာဆန့်ကျင်လျက်ရှိသော သံဃာအတုအရောင် ဝီရသူနှင့် 969 တို့၏ လုပ်ရပ် အနည်းငယ်ကို ဖော်ပြခြင်းသာ ဖြစ်ပါသည်။

ဆက်လက်ဖေါ်ပြပါဦးမည် ဗုဒ္ဓဘာသာစစ်မှန်သူများ လမ်းမှားလိုက်မိ၍ အပါယ်လားရမည်ကို စိုးရိမ်သောကဖြင့် ဗုဒ္ဓ၏ တရားလမ်းမှန်မှ သွေဖီဆန့်ကျင်မသွားမိစေရန် နှိုင်းယှဉ်ပြသရခြင်း ဖြစ်ပါတယ်။

ပေးပို့သူ » Aung Chau

--

May Peace Be Upon You
Regards,
Ruby

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.