[mrsorcerer:38159] ရခိုင်ပြည်နယ်တွင် အစိုးရခွင့်ပြုလို့ လ၀ကတွေ လူပါးဝနေတာလား?


ရခိုင်ပြည်နယ်တွင် အစိုးရခွင့်ပြုလို့ လ၀ကတွေ လူပါးဝနေတာလား?

၂၀၁၃ ခုနှစ်၊ မေလ (၄) ရက် | TEOL

ရခိုင်ပြည်နယ်၊စစ်တွေမြို့တွင် ဧပြီလ ၂၆ ရက်နေ့က ဖြစ်ပျက်ခဲ့တဲ့ စစ်တွေမြို့ သက္ကေပြင် ဒုက္ခသည် စခန်းများရှိရာနေရာတွင် လ၀ကမှ ရိုဟင်ဂျာများကို လူဦးရေစာရင်းကောက်ရာတွင် သူတို့ယူဆောင်လာသော ပုံစံတွင် ဘင်္ဂလီဟု အတင်းအဓမ္မ ဖြည့်ခိုင်းသောကြောင့် သက္ကေပြင်ရပ်ကွက်မှ လ၀က ရောက်ရှိနေသည့် အိမ်မှ အိမ်ရှင်ကို ဘင်္ဂလီဟုရေးရန် ပြောဆိုသောကြောင့် ၄င်းအိမ်တွင် အလုပ်လုပ်သည့် ဒုံပြင်ကျေးရွာမှ လူငယ်တစ်ဦးက မိမိတို့ ဘဂါင်္လီ မဟုတ်ကြောင်း၊ ရိုဟင်ဂျာပါလို့ ပြောကြားရာတွင် ၄င်းလူငယ်ကို လ၀ကမှ နှစ်ပွင့်ရာထူးရှိသူ လူတစ်ယောက်က ပါးရိုက်လိုက်ပါတယ်။

ထိုကဲ့သို့ ပါးရိုက်လိုက်သည်ကို ရိုဟင်ဂျာ လူငယ်တစ်စုမှ တွေ့သွားသောကြောင့် အိမ်တိုင်လာရောက် စော်ကားရမလားဆိုပြီး ၄င်း လ၀က အဖွဲ့နှင့် တင်းမာမှုတစ်ရပ်ဖြစ်ခဲ့ပြီး၊ ၄င်းလ၀ကအဖွဲ့ ထွက်ပြေးချိန်တွင် လုံခြုံရေးပေးနေသော စစ်တပ်မှ တပ်သားတစ်ဦး ခလုတ်တိုက် လဲကျသောကြောင့် မျက်နှာတွင် ဒါဏ်ရာ အနည်းငယ်ရရှိခဲ့ပါသည်။

တစ်ချို့သတင်းအရ လူငယ်များ ခဲဖြင့်ပေါက်ရာ ခဲကျရောက်ပြီး ဒါဏ်ရာရခဲ့သည် သိရှိရပြီး၊ ၄င်းကိစ္စနှင့် စပ်လျဉ်းပြီး သက္ကေပြင်မှ မူလတန်းကျောင်းတစ်ကျောင်းမှ ကလေးများ လ၀ကကို မိမိတို့ ဘင်္ဂါလီမဟုတ်ကြောင်း ရိုဟင်ဂျာသာ ဖြစ်ကြောင်းကို ဆန္ဒပြတောင်းဆိုခဲ့ပါသည်။

ထိုကိစ္စနှင့် ပက်သက်ပြီး ၄င်းနေ့မှာပင် စစ်တွေမြို့ သက္ကေပြင်မှ ဦးကျော်မြင့်၊ ဦးဘသာ အပါအ၀င် မွတ်စလင်မ် လူကြီးအချို့ကို ဆွေးနွေးစရာရှိတယ်ဆိုပြီး အာဏာပိုင်များမှ ခေါ်ဆောင်သွားရာ ယခုအချိန်ထိ မိသားစုနှင့် တွေ့ဆုံခွင့် မပေးဘဲ အာဏာပိုင်များမှ ထိန်းသိမ်းထားပါသည်။

တစ်ဖန် ဧပြီလ ၂၇ ရက်နေ့ မနက်ပိုင်းတွင် ရဲမင်းကြီးအပါအ၀င် ရဲကား Dina တစ်စီးအပြည့်နှင့် သက္ကေပြင်ကို ရောက်ရှိပြီး သက္ကေပြင်မှ အုပ်ချုပ်ရေးမှူးတစ်ယောက်နှင့် အရံမီးသတ်တပ်ဖွဲ့မှ ခေါင်းဆောင်တစ်ဦးလည် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။

ကျနော်တို့ ရွားသားတစ်ချို့ကို မေးကြည့်ရာ အခုလိုပြောပါတယ်။

"လ၀ကတွေ ပထမဆုံးရောက်တဲ့အိမ်က အမျိုးသမီးတစ်ယောက်နဲ့ အဲဒီမှာ ပါးရိုက်ခံရတဲ့ ကောင်လေးကို ဧပြီလ ၂၆ ရက်နေ့ နေ့ခင်းက လာပြီး ဖမ်းဆီးသွားပါတယ်။ ကောင်လေးကို ရဲတွေက ဘာတွေနှိပ်စက်လဲ မသိဘူး။ သူ့ဆီက ဒီကိစ္စကို ဦးစီးဦးဆောင်တဲ့သူတွေ စာရင်းရတယ်ဆိုပြီး လူ(၄၅)ယောက်စာရင်းနဲ့ ရဲမင်းကြီးအပါအ၀င် ရဲကားတစ်စီးနဲ့ ဧပြီ ၂၇ ရက်နေ့က သက္ကေပြင်ကို ဆင်းလာပါတယ်။ လုံခြုံရေးတွေလည်း အရင်ကထပ် နှစ်ဆ ချထားပါတယ်။ ပြီးတော့ လမ်းမှာသွားလာနေတဲ့ လူတွေကို ဖမ်းမလိုလိုနဲ့ ခြိမ်းခြောက်နေပါတယ်။ နောက်ပိုင်းမှာတော့ ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးကျော်ခင်နှင့် အရံမီးသတ်က ဦးစံလင်းကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။ နောက်ထပ်တစ်ခါ အာဏာပိုင်တွေဟာ ဧပြီ(၂၈) ရက်နေ့ ဆင်လားပြီး ရွာသားတွေကို ခြိမ်းခြောက်ပြောဆိုပါတယ်။ မင်တို့ဒီမှာ ပါဝင်တဲ့ လူဆယ်ယောက်ကို ဖမ်းပေးရမယ်။ ဖမ်းမပေးနိုင်ဘူးဆိုရင် မင်းတို့အိမ်တွေကိုဝင်ပြီး တွေ့တဲ့သူကို ဖမ်းဆီးခေါ်ဆောင်ရလိမ့်မယ်လို့ အာဏာပိုင်များဘက်မှ ခြိမ်းခြောက်ပြောဆိုမှုရှိခဲ့ပါတယ်"လို့ သက္ကေပြင် ဒေသခံတစ်ဦးမှ အခုလိုပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

သက္ကေပြင် ဒုက္ခသည်စခန်းက အသက်(၇၅)နှစ်အရွယ် ဦးစံရွှေကတော့ အခုလိုပြောပါတယ်။

"ကျနော်တို့ဟာ လူသားတွေပါ။ လ၀ကတွေက လူကို လူလို့ မဆက်ဆံတာလည်းပါတယ်။ အသက်ကြီးတဲ့သူတွေကိုတောင် မင်းနဲ့ငါနဲ့ ပြောတာ ရှိပါတယ်။ တော်တော်ရိုင်းစိုင်းပါတယ်။ နောက်ပြီး လ၀ကဆိုတာက သူတို့ဘာကိုမှ မသိဘဲ သူတို့ ပြောချင်တာ သူတို့လုပ်ချင်တာ လုပ်ကြပါတယ်။ ကျနောတို့ဆီက အမှန်ဆို အထောက်အထားတွေ အကုန်လုံးကြည့်နိုင်အောင် ကြိုးစားရမှာ။ သူတို့ ကျနော်တို့ကို ဘာတစ်ခုမှ မမေးဘဲ အစ္စလာမ်မှန်ရင် ဘင်္ဂလီလို့ ကောက်ချက်ချကြပါတယ်။ ကျနော်တို့ထဲမှာ ရခိုင်မွတ်စလင်မ်၊ ရိုဟင်ဂျာမွတ်စလင်၊ ကမန်မွတ်စလင်မ်တွေ ရှိပါတယ်။ ရခိုင်မွတ်စလင်မ်ဆိုတာက ရခိုင်နဲ့ရပြီး ကလေးတွေ မွေးလာတာက ရခိုင်မွတ်စလင်မ် ဖြစ်သလို ရခိုင်ကနေ အစ္စလာမ်ဘာသာပြောင်းတဲ့သူတွေလည်း ရှိပါတယ်။"

"ကျနော်တို့အမျိုးတွေဆို သန်းကောင်စာရင်း၊ မွေးစာရင်းမှာ ရခိုင်မွတ်စလင်မ်နဲ့ ရထားပါတယ်၊ တစ်ချို့ဆို မှတ်ပုံတင်တောင် ရခိုင်မွတ်စလင်မ်နဲ့ရခဲ့တာ ရှိပါသေးတယ်။ ခုမှ လာပြီး ရခိုင်မှာ မွတ်စလင်မ်၊ အစ္စလာမ်ဘာသာ မရှိဘူးဆိုပြီး ပြောနေကြတာတော့ လွန်ပါတယ်လို့ ကျနော်တော့ ယူဆ မိပါတယ်။ လ၀ကတွေ လုပ်ချင်တိုင်း ကျနော်တို့ မွတ်စလင်မ်တွေ သဘောမပါဘဲ လုပ်နေတာတွေ အများကြီးပါ။ လ၀ကကိုလည်း အစိုးရက လုပ်ဖို့ ခိုင်းထားတာလည်း ဖြစ်ပါလိမ့်မယ်။"

မြန်မာနိုင်ငံတော် သမ္မတကြီးကလည်း မျှမျှတတဆို ဘာမှမလုပ်ပေးပါဘူး။ အခုလို အသေးအမွှား ပြဿနာလေးကြောင့် မွတ်စလင်မ်တွေကိုပဲ ဖမ်းနေကြတယ်။ ရခိုင်တွေ တောင်ကုတ်မှာ မွတ်စလင်မ် ၁၀ ယောက်သတ်တာရော၊ ရခိုင်ပြည်တစ်ခုလုံးမှာ မွတ်စလင်မ်အိမ်တွေ မီးရှို့တာတွေအတွက် ဘာမှတရားခံရှာပြီး အရေးယူမှုမရှိတဲ့အပြင်၊ အစိုးရက ကျနော်တို့လို နစ်နာခံခဲ့ရတဲ့ မွတ်စလင်မ်တွေကိုပဲ ဖမ်းဆီးနေတာဟာ တော်တော် လူအခွင့်အရေး ချိုးဖောက်ရာ ရောက်ပါတယ်" လို့ ပြောသွားပါတယ်။

အထက်ပါကိစ္စနှင့် ပက်သက်ပြီး ဧပြီလ ၂၈ ရက်နေ့က ရဲတွေ သက္ကေပြင်ကိုလာပြီး ခြိမ်းခြောက်သွားသလို၊ ဘောဒူဖ ဒုက္ခသည် စခန်းဘက်မှ ဒေသခံတစ်ဦးဖြစ်တဲ့ ရှော်ဖိတ် (အသက် ၃၀ ခန့်) ကို လည်း အာဏာပိုင်များမှ ဧပြီလ ၂၈ နေ့လည်လောက်တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၄င်း မိသားစုဝင်များထဲမှ တစ်ဦးထံက သိရှိရပါသည်။ ဖမ်းဆီးခံရသည့် ရိုဟင်ဂျာများနှင့် မိသားစုဝင်များမှလည်း အဆက်အသွယ် မရရှိကြောင်း ၄င်းတို့မိသာစုဝင်များနှင့် နီးစပ်ရာများမှ သတင်းရရှိခြင်း ဖြစ်ပါသည်။

ပေးပို့သူ » ကိုကိုနိုင်

--

May Peace Be Upon You
Regards,
Ruby

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.