[mrsorcerer:38164] Fwd: [လူဗိုလ်ဟူသည် ...] သစ်ထူးလွင် သတင်းစုစည်းမှု (၅-၅)



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/5/5
Subject: [လူဗိုလ်ဟူသည် ...] သစ်ထူးလွင် သတင်းစုစည်းမှု (၅-၅)
To: lubo601@gmail.com


သစ်ထူးလွင်



Posted: 05 May 2013 04:23 AM PDT
Messenger သတင်းစာ ကိုလာမယ့် မေလ ၇ ရက် နေ့က စတင်ပြီး ထုတ်ဝေမှာ ဖြစ်သလို အခမဲ့ ဖြန့်ချိ သွားမှာ လည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒါဟာ ပထမဆုံး အခမဲ့ ဖြန့်ချိမယ့်သတင်းစာ ဖြစ်ပြီးMessenger သတင်းစာ ရဲ့ တာဝန်ခံ အယ်ဒီတာ ဦးသူရအောင် က ပရိဿတ် အများဆုံး လက်ထဲကို သူတို့ရဲ့ သတင်းစာ တွေ ကို ထည့်ပေးနိုင်အောင် ရည်ရွယ်တယ် လို့ ဘီဘီစီ ကို ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
Messenger သတင်းစာ အခမဲ့ ရမယ် တဲ့

Posted: 05 May 2013 01:59 AM PDT
ရန်ကုန်၊ မေ ၎

စစ်ရေးခြိမ်းခြောက်မှု များကြောင့် ကမ္ဘာ့နိုင်ငံ ကြီးများက သတိထား စောင့်ကြည့် နေသော မြောက် ကိုရီးယား နိုင်ငံနှင့် စစ်ရေးအရ ဆက်ဆံမှုလုံးဝမရှိဟု နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ငြင်းဆိုလိုက်သည်။

မြန်မာနိုင်ငံသည် ယခင်တပ်မတော် အစိုးရလက်ထက် တွင် မြောက်ကိုရီးယား နှင့် စစ်ရေးအရ ဆက်ဆံရေးရှိခဲ့သော်လည်း သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရ သစ်လက်ထက်တွင် ကုလသမဂ္ဂက ထုတ်ပြန် သော စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုက်နာဆောင်ရွက်နေပြီး ယင်းနိုင်ငံနှင့် စစ်ရေးအရ ဆက်ဆံမှုတစ်စုံတစ်ရာ မရှိကြောင်း ၄င်းကဆိုသည်။
"စစ်ရေးအရ ဆက်ဆံရေးတော့ လုံးဝမရှိတော့ဘူး။ သံတမန်အရတော့ ဆက်ဆံရေးတွေ ဆက်ရှိနေဦးမှာပါ" ဟု ၄င်းက မှတ်ချက်ပြုသည်။

မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်း ရေး နောက်ကြောင်းပြန် မလှည့်နိုင်ရေးကို အမေရိကန်ပြည်ထောင်စုက အစဉ်တစိုက် ပံ့ပိုးသွားမည် ဖြစ်ကြောင်း၊ သို့သော် လက်ရှိ မြန်မာနိုင်ငံ တွင် ပြည်တွင်းလုံခြုံရေး အခြေအနေ စိတ်မချရခြင်း၊ အမေရိကန်နိုင်ငံခြား ရေး မူဝါဒများနှင့် ဆန့်ကျင်သည့် အခြေအနေ အချို့ ဆက်လက်တည်ရှိ နေခြင်း၊ နိုင်ငံရေးအကျဉ်းသား များနှင့် တိုင်းရင်းသား လူနည်းစုများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဒေသ အချို့တွင် အနည်းနှင့် အများရှိနေခြင်း၊ မြောက်ကိုရီးယား နိုင်ငံနှင့် စစ်ရေးအရ ပတ်သက်မှုများ ရှိနေခြင်းတို့ ရှိနေသေး ကြောင်း အမေရိကန်သမ္မတ ဘားရက် အိုဘားမားက မေလ ၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာ ထားသည်။

"ကျွန်တော်တို့ဘက်က မြောက်ကိုရီးယားနဲ့ စစ်ရေးအရ ဆက်ဆံရေးတွေ မရှိတော့ဘူးဆိုတာ အကြိမ်ကြိမ်ချပြ ခဲ့ပြီးပါပြီ။ မယုံရင်လည်း စစ်ဆေးမှုတွေ ပြုလုပ်လို့ ရပါတယ်" ဟု ဦးရဲထွဋ်ကဆိုသည်။

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ပိတ်ဆို့မှုများ အနက် ၁၉၉၆ ခုနှစ်တွင် စတင်ခဲ့သော ယခင်တပ်မတော် အစိုးရနှင့် ပတ်သက်သည့် အစိုးရအရာရှိများ၊ ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်များကို ပြည်ဝင်ခွင့် ပိတ်ပင်ထားမှုကို ဖြေလျှော့ပေး ခဲ့ပြီး၊ စီးပွားရေး၊ နိုင်ငံရေး၊ ဘဏ္ဍာရေးအရ ချမှတ်ထားသော အရေးယူပိတ်ဆို့မှု များကို လည်း နောက်ထပ်တစ်နှစ် ဆိုင်းငံ့ပေး ကြောင်း မေလ ၂ ရက်နေ့တွင် အမေရိကန် သမ္မတ ဘားရက်အိုဘားမားက ထုတ်ပြန် ကြေညာခဲ့သည်။

မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံသည် သမိုင်းချီ၍ လက်နက်ရောင်းဝယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေကြ သော်လည်း ရန်ကုန်တွင် တောင်ကိုရီးယားသမ္မတကို မြောက်ကိုရီးယား အကြမ်းဖက်သမား များ၏ လုပ်ကြံမှုဖြစ်ပြီးနောက် ၁၉၈၃ ခုနှစ်တွင် နှစ်နိုင်ငံဆက်ဆံရေးတွင် အဟန့်အတားများ ဖြစ်လာခဲ့သည်။

သို့သော်လည်း မြန်မာတပ်မတော် အစိုးရလက်ထက် အစိုးရကိုယ်စားလှယ် များက မြောက်ကိုရီးယားနိုင်ငံသို့ ၂၀၀၃ ခုနှစ်တွင် သွားရောက်ခဲ့ပြီး မြောက်ကိုရီးယား ထံမှ အကန့်အသတ်မရှိ လက်နက်ဝယ်ယူရန် နှစ်နိုင်ငံအစိုးရ အဆင့် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြကြောင်း US-Korea Institute at SAIS သတင်း စာမျက်နှာတွင် ဖော်ပြထားသည်။

သို့သော် ပြီးခဲ့သည့်နှစ် နှစ်ကုန်ပိုင်းတွင် တောင်ကိုရီးယားအစိုးရ၏ ဖိတ်ကြားချက်ဖြင့် ပထမဦးဆုံး သွားရောက်လည်ပတ် ခဲ့သော သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့် စစ်ရေးအရ ဆက်ဆံရေး လုံးဝဖြတ်တောက်လိုက်ပြီ ဖြစ်ကြောင်း ကတိပေးပြောကြားခဲ့သည်။

မြန်မာနိုင်ငံ အပါအဝင် အန်ဂိုလာ၊ မြောက်ကိုရီးယား၊ အီဂျစ်၊ အစ္စရေး၊ ဆိုမာလီးယား၊ တောင်ဆူဒန်နှင့် ဆီရီးယား နိုင်ငံများသည် စစ်ပွဲများတွင် အသုံးပြုသော အဆိပ်အတောက် ဖြစ်စေသည့် ဓာတုလက်နက်များ လုံးဝကင်းစင်ရေးအတွက် ဓာတုလက်နက် ဆိုင်ရာ သဘောတူညီချက် စာချုပ် (Chemical Weapon Convetion) တွင် လက်မှတ်ရေးထိုးရန် ကျန်ရှိနေကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့တွင် ဧပြီလ ၈ ရက်နေ့က ကျင်းပခဲ့သည့် ဓာတု လက်နက်ဆိုင်ရာ သဘောတူညီချက်နှင့် ပတ်သက်၍ ပြန်လည် စမ်းစစ်မည့် တတိယ အကြိမ်ညီလာခံတွင် ပြောကြားခဲ့သည်။

The Voice Weekly

ယခင်အစိုးရလက်ထက်က ဗိုလ်ချုပ်ကြီး သူရရွှေမန်း နှင့် အဖွဲ့ မြောက်ကိုရီးယား ရောက်ရှိစဉ်

Posted: 05 May 2013 01:26 AM PDT
စစ်ကိုင်းတိုင်း ဒေသကြီး ၀န်းသို မြို့နယ် အတွင်းရှိ ကျေးရွာအချို့တွင် ရိုးရာ တောင်ယာခင်း လုပ်ငန်းအသက် မွေးနေကြ သူများ အတွက် ကျားဆိုး  တစ်ကောင် သောင်းကျန်း မူကို ခံနေကြ ရသည်။
အဆိုပါ ၀န်းသိုမြို့နယ်အတွင်း  အာမခံကျေးရွာ တက္ကသိုလ်ဝန်း ကျောင်းသား  နှစ်ဦးနွားကျောင်းနေ စဉ်ကျားဆိုး ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 05 May 2013 01:06 AM PDT
၁-၅-၂၀၁၃ ရက်နေ့ ၂၀၀၀ အချိန် မကွေးတိုင်း ဒေသကြီး၊ ရေနံချောင်း မြို့နယ်၊ ယာကြီး
 ပြင်ရပ်နေ မြင့်ဇော်အောင်(ခ)ဘိုဝင်း (၂၅) နှစ်သည် တစ်ရပ်ကွက် တည်းနေ မမီမီထွန်း(၂၂)နှစ်နှင့် အမျိုးသမီး(၃)ဦးအား မန္တလေးမြို့ရှိ လက်ဖက်ရည်ဆိုင်တွင် အလုပ်ရမည်ဟု ပြောဆိုကာ ရေနံချောင်းမြို့မှ မန္တလေးမြို့သို့ ""ပန်တော်ဦး"" ခရီးသည်တင်ယာဉ်ဖြင့် ခေါ်ဆောင်ခဲ့ပြီး ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 05 May 2013 12:59 AM PDT
နေပြည်တော်၊ မေ ၎

၃-၅-၂၀၁၃ ရက်နေ့ ၁၀၃၀ အချိန် ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့၊ BLO နယ်စပ်ဆက်ဆံရေးရုံးသို့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ လုံချွမ်ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ကျောက်ကြိမ်ရိနှင့် အဖွဲ့ရောက်ရှိလာပြီး တရုတ်နိုင်ငံ၊ ကျန်းဖုန်းမြို့နယ်၊ ဆိုင်ကြိုင်းရဲစခန်းမှ ဆိုင်ကယ်ခိုးမှုဖြင့် အလိုရှိသော တရုတ်နိုင်ငံ၊ ကျန်းဖုန်းမြို့နယ်၊ နန့်လန်ကျေးရွာနေ လောပ(ခ)ကျန်ပ(၁၆)နှစ်သည် လွယ်ဂျယ်မြို့အတွင်းရောက်ရှိနေေ
ကြာင်းနှင့် ကူညီစုံစမ်းဖမ်းဆီးပေးရန် အကူအညီတောင်းခံ ခဲ့ပါသည်။

ထို့ကြောင့် လွယ်ဂျယ်ရဲစခန်းမှတပ်ဖွဲ့ဝင်မျာ
း၊ လူကုန်ကူးအထူးအဖွဲ့မှတပ်ဖွဲ့ဝင်များက မြို့ပေါ်နှင့်နယ်စပ် ၀င်/ထွက်ပေါက်နေရာများအား လိုက်လံစုံစမ်းရှာဖွေခဲ့ရာ ၁၂၃၀ အချိန်တွင် နယ်စပ်ဝင်/ထွက်ပေါက်အနီးမှ လောပအား ဖမ်းဆီးရမိခဲ့သဖြင့် ၁၃၃၀ အချိန် ဒုရဲမှူးကြီး ကျောက်ကြိမ်ရိထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ရဲဇာနည် (Facebook)


Posted: 05 May 2013 12:56 AM PDT
စစ်ကိုင်း-မေ ၅

စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့နယ် ရာဇဂြိုဟ် ကျေးရွာ အနီးတွင်တည်ရှိပြီး နေရဉ္စရာမြစ်ကို အခြေပြုမည့် ရာဇဂြိုဟ်ဆည် ရေအား လျှပ်စစ် စက်ရုံကို တရုတ်မှ တာဝန်ယူ တည်ဆောက်မည်ဟု
၎င်းဆည် စီမံကိန်း တာဝန်ခံ ဦးစီး အရာရှိ တစ်ဦး မှပြောသည်။

ရာဇဂြိုဟ်ဆည်လုပ်ငန်းတွေက ပြီးဆုံးဖို့ နီးနေပါပြီ။ ကြီးတာလေး တစ်ခုဆိုလို့ ဓာတ်အားပေး စက်ရုံတည်ဆောက်ဖို့လောက်ပဲ ကျန်တော့တာပါ။ ဓာတ်အားပေး စက်ရုံကိုတော့ တရုတ်ပညာရှင်တွေ လာဆောက်မှာ သူတို့အတွက် နေစရာ လိုင်းခန်းတွေတောင် ကျွန်တော်တို့ ဆောက်ထားပြီးပါပြီ
လို့ ဆည်စီမံကိန်း တာဝန်ခံ ဦးစီးအရာရှိတစ်ဦးမှ popular news journal သို့ ပြောသည်။

ချစ်သူမောင် - Popular Myanmar News Journal


Posted: 05 May 2013 12:54 AM PDT
သိမ်းဆည်းခံ ထားရသော သင်္ဃန်းကျွန်း မြို့နယ်၊ မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ ရပ်ကွက်အား ပြန်လည် ရရှိရန် သိမ်းဆည်းခံ ရသူများက ယနေ့နံနက် ၈ နာရီတွင် လေးဒေါင့် ကန်လမ်းမှ ဘောက်ထော် ပြည် သာယာ လမ်းအထိ စီတန်းလှည့် လည်ဆန္ဒ ထုတ်ဖော်ခဲ့ ကြသည်။ ``ကျွန်တော်တို့နေရာတွေကို ဥပဒေမဲ့ သိမ်းယူထားတဲ့ အတွက် ဆန္ဒထုတ်ဖော် ကြတာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 






Posted: 05 May 2013 12:42 AM PDT
မြန်မာသမ္မတ ဦးသိန်းစိန်ဟာ အမေရိကန်သမ္မတ ဘာရတ် အိုဘားမား Barack Obama နဲ့ အိမ်ဖြူတော်မှာ လာမယ့် မေလ ၂ဝ ရက်နေ့မှာ ဝါရှင်တန် ဒီစီမြို့တော်က အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။ သမ္မတဦးသိန်းစိန်နဲ့ အတူ နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်း နဲ့ တခြား ထိပ်တန်း ခေါင်းဆောင်တွေ လိုက်ပါမှာ ဖြစ်ပြီး၊ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်က အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် ကျင်းပသော အာဆီယံ အစည်းအဝေး၌ အမေရိကန် ပြည်ထောင်စု သမ္မတ Mr. Barack Obama နှင့် သမ္မတ ဦးသိန်းစိန်တို့ တက်ရောက်စဉ်က မှတ်တမ်းပုံ ဖြစ်ပါသည်။ AFP

Posted: 05 May 2013 12:16 AM PDT
မေလ (၁)ရက်နေ့ ထုတ် Good Health ကျန်းမာရေးနှင့် အလှအပ ဂျာနယ် အမှတ် ၄၃၄

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 05 May 2013 12:14 AM PDT
မေလ (၂)ရက်နေ့ ထုတ် ပြည်မြန်မာ သတင်း ဂျာနယ် အမှတ် ၈၆၈
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 05 May 2013 12:12 AM PDT
မေလ (၂)ရက်နေ့ ထုတ် အိုင်တီတိုင်းမ် ဂျာနယ် အမှတ် ၆၆

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 04 May 2013 11:51 PM PDT
မြန်မာနိုင်ငံ အနေဖြင့် အစ္စလာမ်နိုင်ငံများ တွင်ရှိသည့် မြန်မာ သံရုံးများနှင့် သံရုံး ၀န်ထမ်းများ၏ လုံခြုံရေး အပါအ၀င် ပြည်ပရောက် နိုင်ငံသားများ လုံခြုံရေး ကာကွယ်ပေးရန် သံတမန်နည်းလမ်း အရ ညှိနှိုင်း ဆောင်ရွက်ထားပြီ ဖြစ်ကြောင်း နိုင်ငံတော် သမ္မတပြောရေး ဆိုခွင့်ရှိသူက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ တစ်ဆင့် ထုတ်ပြန်သည်။ "သက်ဆိုင်ရာ နိုင်ငံတွေကလည်း လုံခြုံရေးအတွက် အပြည့်အ၀ ပူးပေါင်း ဆောင်ရွက် ပေးမည်ဟု ကတိပေးထားပြီးဖြစ်သည်"ဟု ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Photo- Bay ISMOYO/AFP

Posted: 04 May 2013 11:44 PM PDT
မြန်မာနိုင်ငံ ပညာရေး ကဏ္ဍ၏ ပြုပြင် ပြောင်းလဲ မှုများတွင် တက္ကသိုလ် ၀င်ခွင့် ရွေးချယ်ရေး စနစ် ပြင်ဆင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယ သမ္မတဒေါက်တာ စိုင်းမောက်ခမ်းက ယနေ့ပြောကြားသည်။ ပြည်တွင်း၊ ပြည်ပ ပညာရှင်များ နှင့် လွှတ်တော်ကိုယ်စားလှယ်များ က ဝေဖန်ထောက်ပြလျက်ရှိသော တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ရေးစနစ်နှင့် ပတ်သက်၍ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓါတ်ပုံ - သမ္မတရုံး ၀က်ဆိုက်

Posted: 04 May 2013 02:40 PM PDT
နယ်စပ် ဒေသတွေမှာ နေထိုင်တဲ့ ဘင်္ဂလားဒေ့ရှ် ဘက်က ဗုဒ္ဓဘာသာဝင်တွေ မြန်မာဘက်ကို ပြောင်းရွှေ့ အခြေချ နေထိုင် လာရာမှာ အခုအခါ လူဦးရေအားဖြင့် ၈၀၀ ထိ တောင် ရှိလာပြီ ဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကနေ မြန်မာနိုင်ငံထဲကို ထွက်ပြေး လာတဲ့ သူ အရေအတွက်ဟာ တဖြည်းဖြည်း တိုးပွားလာ နေရာမှာ အခုအခါ မိသားစု ၁၇၃ စု၊ လူဦးရေအားဖြင့် ဆိုရင် ၈၀၀ ခန့်ရှိနေပါပြီ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ရခိုင် နယ်စပ်က ဒုက္ခသည်တွေ

Posted: 04 May 2013 11:08 AM PDT
ဆီးရီးယား နိုင်ငံမှာ မကြာသေးခင် ရက်ပိုင်းက လူအစုလိုက် အပြုံလိုက် သတ်ဖြတ် ခံရမှု ဖြစ်ပွား ခဲ့တယ် ဆိုတဲ့ တက်ကြွ လှုပ်ရှားသူ တွေရဲ့ ဖေါ်ပြ ပြောဆို မှုတွေ နဲ့ ပတ်သက်ပြီး နောက်ထပ် အသေးစိတ် သတင်းတွေ ထပ်မံ ထွက်ရှိ လာခဲ့ ပါတယ်။ ဆွန်နီ မွတ်ဆလင် ကျေးရွာ ဖြစ်တဲ့ al-Bayda ရွာကို အစိုးရ တပ်တွေ ကြာသပတေး နေ့က ဝင်လာပြီး နောက်  ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဆီးရီးယား အစိုးရကတော့ အဲဒီ ဒေသဘက်မှာ အကြမ်းဖက် သမားတွေ ကို မောင်းထုတ်ခဲ့ တယ်လို့ ဆို

Posted: 04 May 2013 10:59 AM PDT
မိတ္ထီလာ ခရိုင် အတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ လူမျိုးရေး ပဋိပက္ခ တွေကြောင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး အရေးပေါ် အခြေအနေ ကြေညာ ထားတာကို လွှတ်တော်ရဲ့ အတည်ပြုချက် ရယူဖို့အတွက် အထူးအစည်း အဝေးတရပ်ကို မေလ ၂၀ ရက် နေ့မှာ ကျင်းပဖို့ ခေါ်ယူ လိုက်ပါတယ်။ ပြည်ထောင်စု လွှတ်တော်ရဲ့ ပထမ အထူး အစည်းအဝေး ခေါ်ရတဲ့ အကြောင်း ကတော့ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မိတ္ထီလာမှာ အဓိကရုဏ်း တွေကြောင့် ပုဒ်မ၁၄၄ ထုတ်ခဲ့ရ

Posted: 04 May 2013 10:49 AM PDT
အမေရိကန် ပြည်ထောင်စုမှာ ဆွစ်ဇာလန် နိုင်ငံသား လေယာဉ်မှူး တယောက်က နေရောင်ခြည် စွမ်းအင်ကိုသာ အသုံးပြုတဲ့ လေယာဉ်ငယ်တစီးကို ပထမဆုံးအကြိမ် မှောင်းနှင်ပြီး အနောက်အလယ်ပိုင်း အယ်ရီဇိုးနားပြည်နယ်၊ Phoenix မြို့ကို အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပါတယ်။ လေယာဉ်မှူး Bertrand Piccard ဟာ ပထမဆုံးအကြိမ် လူကိုယ်တိုင် မောင်းနှင်တဲ့ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်ကို စမ်းသပ်မောင်းနှင်နေစဉ်။

Posted: 04 May 2013 10:43 AM PDT
အစ္စရေးနိုင်ငံက ဆီးရီးယားနိုင်ငံကို ဒီရက်ပိုင်း လေကြောင်းကနေ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ အမေရိကန် အရာရှိတွေက ပြောဆိုပါတယ်။ အစ္စရေးကတော့ ဒီသတင်းနဲ့ ပတ်သက်ပြီး သူတို့မှာ မှတ်ချက်ပေးစရာ တစုံတရာ မရှိဘူးလို့ ပြောပါတယ်။ အစ္စရေးရဲ့တိုက်ခိုက်မှုဟာ ကြာသပတေးနေ့နှောင်းပိုင်း၊ ဒါမှမဟုတ် သောကြာနေ့ စောစောပိုင်းမှာ ပြုလုပ်ခဲ့ပြီး ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 04 May 2013 10:37 AM PDT
ရှမ်းပြည်နယ်၊ ကလောမြို့မှာ မေ ၁ ရက်နေ့က မိုးသည်းထန်ပြီး တောင်ကျချောင်းရေတွေ ကျဆင်းမှုကြောင့် ရွှေတွင်းထဲ ပိတ်မိနေသူတွေကို ကူညီ ကယ်ဆယ်နေရာမှာ ဒီကနေ့ မနက်ပိုင်းက အလောင်းနှစ်လောင်းကို ထပ်မံထုတ်ယူနိုင်ခဲ့ကြောင်း RFA က စုံစမ်းသိရပါတယ်။ မနေ့ကရရှိခဲ့တဲ့ သတင်းတွေအရ သေဆုံးခဲ့တဲ့သူ ၁၆ ဦး ရှိခဲ့တဲ့အတွက် အခုဆိုရင် သေဆုံးသူစုစုပေါင်း ၁၈ ဦးရဲ့ ရုပ်အလောင်းတွေ ရရှိထားပြီဖြစ်ကြောင်း ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 04 May 2013 10:32 AM PDT
လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ လွှတ်တော်အမတ် နေရာအများစုကို NLD ပါတီက
ကိုယ်စားလှယ်တွေ အနိုင်ရရင် အစိုးရအဖွဲ့ကို ညွှန့်ပေါင်း အစိုးရပုံစံ ဦးတည်ဖွဲ့စည်းဖို့ သဘောထားရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အ မှုဆောင်အဖွဲ့ဝင် ဦးကျော်ခင်က သူတို့ပါတီရဲ့သဘောထားကို ဒီကနေ့ ထုတ်ဖော်ပြောဆို လိုက်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 04 May 2013 10:22 AM PDT
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားချက်အရ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေဟာ လာမယ့် သီတင်းပတ်အတွင်း တရုတ်ပြည်ကို လေ့လာရေးခရီး သွားရောက်ကြမယ်လို့ သတင်းရရှိပါတယ်။ ပါတီနှစ်ခု ချစ်ကြည်ရင်းနှီးဖို့ ရည်ရွယ်ပြီး ဒီခရီးစဉ်ကို စေလွှတ်မှာဖြစ်တယ်လို့ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





--
Posted By Blogger to လူဗိုလ်ဟူသည် ... at 5/05/2013 11:34:00 PM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.