[mrsorcerer:38164] Fwd: [လူဗိုလ်ဟူသည် ...] သူ ထိုင်နေတယ်၊ ကျွန်တော် ထသွားတယ်။



---------- Forwarded message ----------
From: Blogger <no-reply@blogger.com>
Date: 2013/5/5
Subject: [လူဗိုလ်ဟူသည် ...] သူ ထိုင်နေတယ်၊ ကျွန်တော် ထသွားတယ်။
To: lubo601@gmail.com


by Myo Tha Htet (Notes) on Friday, May 3, 2013 at 4:02pm

အဲဒီလူကို ကျွန်တော် ကြည့်နေတာ ကြာပါပြီ၊ အတိုင်းတိုင်း ထိုင်နေတာ ကြာလွန်းလှပြီ။ ထိုင်ခုံကြီးကလည်း ကောင်းလွန်းလှတာမို့ မထနိုင် ဖြစ်လေသလားလို့ ကျွန်တော် ကြည့်လိုက်မိပါသေးတယ်။ သူကတော့ ထိုင်မြဲ၊ တယောက်ယောက်ကို ထိုင်ဆဲနေသလားလို့ မဆီမဆိုင် ကျွန်တော် တွေးလိုက်မိပါသေးတယ်။

ထိုင်ခုံကြီးမှာ ထိုင်ရင်း ရှေ့တူရူက ကျွန်တော်တို့ အိမ်က ရုပ်မြင်သံကြား ဖန်သားပြင်လောက်ရှိတဲ့ စကရင် တခုကို ကြည့်လို့ အလုပ်ရှုပ်နေပုံပါ။ ဒီလူ့ကြည့်ရတာတော့ သူ့ဟာနဲ့သူ ၀င်စားနေပုံ ရပါတယ်၊
ကျွန်တော် ကြည့်နေတာကိုလည်း သတိထားမိပုံ မရပါဘူး။ ဒီလို ကွန်ပျူတာနဲ့ အလုပ် လုပ်နေပုံထောက်ရင် ပညာတတ်ရင်လည်း ဖြစ်ရမယ်၊ ဒါမှမဟုတ် ကွန်ပျူတာပညာရပ်နဲ့ အသက်မွေးသူလား မသိပါဘူး။

ဒီနေ့ခေတ်မှာ လူတွေဟာ ကွန်ပျူတာတွေကို တော်တော်များများ သုံးလာကြပါတယ်။ အဲ... မသုံးကြတဲ့ သူတွေလည်း အများကြီးပါလေ။ အရင်ကထက် စာရင်တော့ ကွန်ပျူတာ သုံးစွဲသူတွေ များလာကြတယ်လို့ ကျွန်တော့်စကားကို ပြန်ပြင်ပြောရင် ကောင်းပါလိမ့်မယ်။ ဒါဆိုရင် မယုတ်မလွန်ဖြစ်ပြီး မမှားနိုင်တော့ဘူးပေါ့။

အဲဒီလူက နည်းနည်းတော့ ရယ်ဖို့ ကောင်းတယ်၊ ကွန်ပျူတာကို ကြည့်နေရင်း ငိုက်နေတာလည်း တွေ့ရပါတယ်။ ဘာတွေကိုများ သည်းကြီးမည်းကြီး ကြည့်နေတာလည်းတော့ မသိပါဘူး။ ကြည့်ရင်း ငိုက်နေပုံထောက်တော့... အဲ... သတင်းထောက်များလား မသိပါဘူး၊ သတင်းထောက်ဆိုတော့ သတင်းတွေ ဘာတွေ အတွက်များ ကွန်ပျူတာကို အသုံးချနေသလားတော့ မသိပါလေ။

သူ့ကြည့်ရတာက ဗိုက်ကလည်း ပူပူ၊ အသက်ကလည်း ကြီးနေပုံ ထောက်ပါပြီ၊ ဒီနေ့ခေတ် ကျွန်တော်တို့ မြင်နေတွေ့နေကျ သတင်းထောက်တွေလို ငယ်ငယ်သွက်သွက်မျိုးလည်း မဟုတ်ဘူးဗျ။ အင်း... အခုမှ စဉ်းစားမိတယ်၊ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီရှယ်ယာတွေ ဘာတွေ အရောင်းအ၀ယ် လုပ်တဲ့သူလား မသိဘူးဗျ၊ ဒီနေ့ခေတ်က ရှယ်ယာတွေ ဘာတွေကို အွန်လိုင်းကနေ ရောင်းဝယ်လို့ ရနေတာကိုး... ဖြစ်နိုင်တာပေါ့။

ဒါပေမဲ့ ခက်တာက ဒီလူ့ပုံ ကြည့်ရတာတော့ အလွန်ကို ပျင်းတိပျင်းရွဲ နိုင်နေပြန်တယ်။ ဒါကြောင့် သိပ်ထက်မြက်သူတော့ မဖြစ်နိုင်ဘူး။ သိပြီ... ဒီလူ ဖေ့စ်ဘုတ်ကနေ ကောင်မလေးတွေကို ကျူနေတာလား မသိဘူး။ အိုး မိုင် ဂေါ့... ဒီလို အသက်ကြီးကြီး ရုပ်ဆိုးဆိုးကြီးက မိန်းကလေးတွေ သဘောကျအောင် ပြောတတ်ဆိုတတ်ပါ့မလား။ မလွယ်ရေးချ... မလွယ်ပါဘဲ။

မဖြစ်နိုင်ဘူးလို့တော့ ကျွန်တော် အပြတ်မပြောနိုင်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အွန်လိုင်းက ပြောတာဆိုတာဆိုရင် ရုပ်မှ မြင်ရစရာ မလိုတာပဲ၊ စကားလေးတွေ ချောချောချိုချို ပြောနိုင်ရင်ပဲ အလုပ်ဖြစ်တာပဲ မဟုတ်လား။ ပြီးတော့ ဒီနေ့ခေတ် ဖေ့စ်ဘုတ်သုံးသူတချို့က ကျွန်တော်တို့လို နာမည်အမှန်၊ ဓာတ်ပုံအမှန်နဲ့ သုံးကြ၊ ပြောကြတာမှ မဟုတ်တာလေ။

အိုး အိုး... ကျွန်တော် မေ့တော့မလို့... အခုတလော ဖေ့စ်ဘုတ်မှာ ဖွနေဆွနေတဲ့ ဆရာသမားလား မသိဘူး။ အင်း... ဒါလည်း ဖြစ်နိုင်ပုံ မရပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့ကြည့်ရတာ အားမပါဘူး။ လုံးဝကို တက်တက်ကြွကြွ မရှိတာ...။ ဟိုလူတွေဆိုရင် အော်ကျယ်ဟစ်ကျယ်နဲ့ သဘောကျ ရယ်မောရင်း စာတွေ ရေးလိုက်၊ ဆဲလိုက် လုပ်နေကြမှာလေ...။

အင်း... သူ့ထိုင်ကြည့်ပြီး စဉ်းစားရတာတောင် နည်းနည်းခေါင်းခြောက်သွားပြီ။ တော်ပါသေးရဲ့... ခုနကပဲ ဖေ့စ်ဘုတ်ကနေ အနုပညာရှင်ပေါက်စနလေးတယောက်ရဲ့ ခပ်ရဲရဲ တင်ဆက်မှုတွေကို ကျွန်တော် ကြည့်ထားလို့ လူက အူသွက်နေတယ် ထင်ပါရဲ့...၊ တောင်တောင်အီအီတွေ လျှောက်စဉ်းစားနေတာတောင် လူက ဂေါက်သီးတော့ ဖြစ်မသွားသေးဘူး။

အိုး... ဒီလူ ဒီဘက် လှည့်လာပြီ၊ ကျွန်တော် ကြည့်နေတာကို သတိထားမိသွားပြီလား မသိပါဘူး။ ဘယ်လို လုပ်ရင် ကောင်းမလဲ။ အမလေး... ဒီလူက ဒီဘက် လှည့်သာ လာတာ... မျက်နှာလည်း မပါပါလား။ သူ့ရှေ့က တီဗီစကရင်ကနေ အရိပ်ကျနေတာလား။ ဒုက္ခပါပဲ...၊ ကျွန်တော် သရဲချောက်ခံထိပြီလား မသိပါဘူး။

ဘာမှ မဟုတ်တဲ့ လူကြီးကို ကျွန်တော် သွားကြည့်နေမိတာ ကိုယ့်ဘာသာ စိတ်အနှောင့်အယှက် ဖြစ်ရပြီ၊ လူက နည်းနည်းတောင် အူတူတူဖြစ်သွားတယ်။ သူ့ဘာသာ ထိုင်နေပါစေတော့... သရဲဖြစ်ဖြစ်၊ လူဖြစ်ဖြစ် ကိုယ့်အလုပ်မှ မဟုတ်တာပဲ။ ကျွန်တော် ထသွားလိုက်တာပဲ ကောင်းတယ်၊ ဟုတ်တယ်... ကျွန်တော် သွားလိုက်မယ်။ တယောက်ယောက်တော့ သူ့ကို ဆက်ကြည့်ချင် ကြည့်နေမှာပဲလေ...။

၂၀၁၃ မေ ၃၊ ညသန်းခေါင်။
စလစ္စဘူရီ။


--
Posted By Blogger to လူဗိုလ်ဟူသည် ... at 5/05/2013 11:40:00 PM

--
မှော်ဆရာအဖွဲ့မှ နေ့စဉ် Mail များရယူလိုပါက http://groups.google.com/group/mrsorcerer/subscribe?hl=en
Member များ မိမိတို.သိထားသည်များကို မျှဝေလိုပါက mrsorcerer@googlegroups.com သို့စာပို့နိုင်ပါသည်။
မှော်ဆရာအဖွဲ့ မှ နှုတ်ထွက်လိုလျှင် mrsorcerer+unsubscribe@googlegroups.com ကိုနှိပ်ပြီး စာပို့ပေးပါရန်။
စာလက်ခံလိုသည့်ပုံစံ ပြင်လိုလျှင် http://groups.google.com/group/mrsorcerer?hl=en
အဖွဲ့ ၏ စည်းကမ်းများကို သိလိုလျှင် http://groups.google.com/group/mrsorcerer/browse_thread/thread/af2f4a1d44d4d909?hl=en တွင် ဖတ်ရှုနိုင်ပါသည် ။
 
Facebook (FB) မှော်ဆရာအဖွဲ့သို့ Mail ပို့လိုလျှင် mrsorcerer2@groups.facebook.com
FB မှော်ဆရာအဖွဲ့သို့ ၀င်ရန် http://www.facebook.com/home.php?sk=group_173571176006981&ap=1
Facebook Page နှင့်ဆက်သွယ်လိုလျှင် www.facebook.com/mrsorcerergroup
 
မှော်ဆရာ အဖွဲ့ နှင့်ပက်သက်၍ ဝေဖန်အကြံပြုလိုပါက >>>
ဦးဦး မှော်ဆရာ ( mrsorcerer9@gmail.com, mrsorcerer27@gmail.com ) ထံသို.
ပေးပို.နိုင်ပါသည် ။
 
ခင်မင်စွာဖြင့်
ဦးဦး မှော်ဆရာ
---
You received this message because you are subscribed to the Google Groups "မှော်ဆရာ အဖွဲ့  ( Ѧя Ƨσяcɛяɛя )" group.
Visit this group at http://groups.google.com/group/mrsorcerer?hl=en.